LG G8 နဲ႔ LG Q9 ဖုန္းေတြကို လာမယ့္ႏွစ္စပိုင္းမွာ မိတ္ဆက္ဖုိ႔ျပင္ဆင္ေနတဲ့ LG

0
90

ဒီနေ့မှာတော့ LG ဖုန်းတွေနဲ့ ပတ်သတ်ပြီး ကိုရီးယား သတင်းစာကနေ သတင်းတခုထွက်လာပါတယ်။ အဲ့ဒါကတော့ LG အနေနဲ့ ၂၀၁၉ ပထမ၃လပတ်အတွင်းမှာ ဖုန်းအသစ်တွေ မိတ်ဆက်ဖို့ ပြင်ဆင် နေတယ်ဆိုတာပါ။ အနီးစပ်ဆုံးအနေနဲ့ မိတ်ဆက်လာမယ့် ဖုန်းတွေကတော့ LG G8 နဲ့ LG Q9 ဖုန်းတွေပဲ ဖြစ်ပါတယ်။ LG G8 ဟာလာမယ့်နှစ်မှာ ထွက်လာမယ့် Samsung ရဲ့ Galaxy S10 စီရီးစမတ်ဖုန်းတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ရပါလိမ့်မယ်။

Image result for LG Q9

Ice Universe ကနေသူ့ရဲ့ Twitter ကနေတစ်ဆင့် LG G8 မှာ 4K Resolution LCD Screen သုံးလာမယ်လို့ လွန်ခဲ့တဲ့ ၃ပတ်လောက်က တင်ထားပါတယ်။ တကယ်လို့ LG အနေနဲ့ G8 မှာသာ မျက်နှာပြင်နည်းပညာကို ဆန်းသစ်လာခဲ့မယ်ဆိုရင် ကုမ္ပဏီရဲ့ 4K Screen သုံးထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 855 ကိုသုံးလာဖို့ သေချာနေပြီး၊ ပိုစွမ်းအားမြင့်တဲ့ ဘက်ထရီ၊ စပီကာနဲ့ Android 9 Pie ကိုထည့်သွင်းလာမှာပါ။ နောက်ကျောဘက် ကင်မရာပိုင်းမှာတော့ ၃လုံး(သို့) ၄လုံးသုံးလာနိုင်ပါတယ်။

Image result for LG Q9

LG Q9 ဖုန်းကတော့ mid-range device ဖြစ်ပြီး သူ့မှာ 6.1″ screen နဲ့အတူ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 660 ကိုသုံးလာမယ်လို့ သိရပါတယ်။ 4GB RAM, 32GB storage နဲ့အတူ ဘက်ထရီစွမ်းအား အတွက် 3,000mAh ကိုတပ်ဆင်လာမယ့်လို့ သတင်းထွက်နေပါတယ်။ LG G8 ဖုန်းကတော့ 5G စမတ်ဖုန်း ဖြစ်လာမှာပါ။

zawgyi

ဒီေန႔မွာေတာ့ LG ဖုန္းေတြနဲ႔ ပတ္သတ္ၿပီး ကိုရီးယား သတင္းစာကေန သတင္းတခုထြက္လာပါတယ္။ အဲ့ဒါကေတာ့ LG အေနနဲ႔ ၂၀၁၉ ပထမ၃လပတ္အတြင္းမွာ ဖုန္းအသစ္ေတြ မိတ္ဆက္ဖို႔ ျပင္ဆင္ ေနတယ္ဆိုတာပါ။ အနီးစပ္ဆုံးအေနနဲ႔ မိတ္ဆက္လာမယ့္ ဖုန္းေတြကေတာ့ LG G8 နဲ႔ LG Q9 ဖုန္းေတြပဲ ျဖစ္ပါတယ္။ LG G8 ဟာလာမယ့္ႏွစ္မွာ ထြက္လာမယ့္ Samsung ရဲ႕ Galaxy S10 စီရီးစမတ္ဖုန္းေတြနဲ႔ ေဈးကြက္ယွဥ္ၿပိဳင္ရပါလိမ့္မယ္။

Ice Universe ကေနသူ႔ရဲ႕ Twitter ကေနတစ္ဆင့္ LG G8 မွာ 4K Resolution LCD Screen သုံးလာမယ္လို႔ လြန္ခဲ့တဲ့ ၃ပတ္ေလာက္က တင္ထားပါတယ္။ တကယ္လို႔ LG အေနနဲ႔ G8 မွာသာ မ်က္ႏွာျပင္နည္းပညာကို ဆန္းသစ္လာခဲ့မယ္ဆိုရင္ ကုမၸဏီရဲ႕ 4K Screen သုံးထားတဲ့ ပထမဆုံးစမတ္ဖုန္းျဖစ္လာပါတယ္။

ပ႐ိုဆက္ဆာပိုင္းမွာေတာ့ Snapdragon 855 ကိုသုံးလာဖို႔ ေသခ်ာေနၿပီး၊ ပိုစြမ္းအားျမင့္တဲ့ ဘက္ထရီ၊ စပီကာနဲ႔ Android 9 Pie ကိုထည့္သြင္းလာမွာပါ။ ေနာက္ေက်ာဘက္ ကင္မရာပိုင္းမွာေတာ့ ၃လုံး(သို႔) ၄လုံးသုံးလာႏိုင္ပါတယ္။

LG Q9 ဖုန္းကေတာ့ mid-range device ျဖစ္ၿပီး သူ႔မွာ 6.1″ screen နဲ႔အတူ ပ႐ိုဆက္ဆာပိုင္းအတြက္ Snapdragon 660 ကိုသုံးလာမယ္လို႔ သိရပါတယ္။ 4GB RAM, 32GB storage နဲ႔အတူ ဘက္ထရီစြမ္းအား အတြက္ 3,000mAh ကိုတပ္ဆင္လာမယ့္လို႔ သတင္းထြက္ေနပါတယ္။ LG G8 ဖုန္းကေတာ့ 5G စမတ္ဖုန္း ျဖစ္လာမွာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here