ယူႏုိက္တက္အတြက္ ေမြးဖြားလာတဲ့ မက္ဂြိဳင္းယား

0
78

photo – talksport

ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ လက္စတာအသင္းကေန စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀နဲ႔ ယူႏုိက္တက္ကုိေရာက္ရွိလာခဲ့တဲ့ မက္ဂြိဳင္းယားဟာ ခ်ဲလ္ဆီး ၄-၀ နဲ႔ ဂုိးျပတ္ႏုိင္ခဲ့တဲ့ပြဲမွာ အေကာင္းဆုံး ေျခစြမ္းေကာင္းေတြ ျပသႏုိင္ခဲ့တဲ့သူပါ။

ဂႏၱ၀င္ဂုိးသမားႀကီး ပီတာ ရွမုိက္ကယ္က မက္ဂြိဳင္းယားဟာ မန္ယူအသင္းကုိ ေအာင္ျမင္မႈေတြ ယူေဆာင္ေပးဖုိ႔ ေမြးဖြားလာခဲ့တဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္ လုိ႔ ဆုိလုိက္ပါတယ္။

photo – bong da 24h

“သူလက္စတာမွာ စကစားစဥ္ကတည္းက ကၽြန္ေတာ္သူ႔ကုိ ေစာင့္ၾကည့္ေနခဲ့တာပါ။  ကစားပြဲ ၁၀ ပြဲေလာက္ ၾကည့္အၿပီးမွာတင္ သူ႔ကုိႏွစ္ၿခိဳက္ သေဘာက်ခဲ့တာပါ” လို႔ The Mirror ကုိ ေျပာၾကားခဲ့တာပါ။

“သူ႔ရဲ႕ကစားဟန္ေတြကုိ ကၽြန္ေတာ္ ဘယ္တုန္းကမွ သံသယမျဖစ္ခ့ဲပါဘူး။ ကမၻာ့ဖလား အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ေနာက္တန္းမွာလည္း ထူးျခားတဲ့ေျခစြမ္းေတြျပသခဲ့တဲ့ အေကာင္းဆုံး ကစားသမားတစ္ေယာက္ပါ”

photo – supersport

“တခ်ဳိ႕လူေတြကေတာ့ သူ႔ရဲ႕ကစားပုံေတြကုိ သေဘာက်ခ်င္မွ က်ၾကလိမ့္မယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ယူႏုိက္တက္မွာ အေကာင္းဆုံးေျခစြမ္းျပႏုိင္လိမ့္မယ္လုိ႔ တထစ္ခ်ယုံၾကည္ထားၿပီးသားပါ”

“မက္ဂြိဳင္းယားဟာ တစ္ဘက္အသင္းက ထုိးစစ္ေတြကုိ စိတ္လႈပ္ရွား ပူပန္မႈမရွိဘဲ ေသြးေအးေအးနဲ႔ပဲ တုိက္ထုတ္ေပးခဲ့တာပါ။ သူ႔ရဲ႕ သူမတူတဲ့ ထူးျခားတဲ့စြမ္းေဆာင္ရည္ေတြနဲ႔ ကစားပုံေတြဟာ ယူႏုိက္တက္အတြက္ ေအာင္ျမင္မႈေတြ ရယူေပးႏုိင္မွာ မလြဲပါဘူး။ ခ်ဲလ္ဆီးကုိ ၄-၀ နဲ႔ ဂုိးျပတ္အႏုိင္ရခဲ့တဲ့ပြဲမွာလည္း သူ႔ရဲ႕ခံစစ္စြမ္းရည္ဟာ ထူးျခား ေကာင္းမြန္ေနတာကုိလည္း ခင္ဗ်ားတုိ႔ ျမင္ေတြ႕ၾကမွာပါ” လုိ႔ သုံးသပ္ ေ၀ဖန္သြားခဲ့တာပဲ ျဖစ္ပါတယ္။

photo – manchester evening news

(Unicode Version)

ယူနိုက်တက်အတွက် မွေးဖွားလာတဲ့ မက်ဂွိုင်းယား

ဒီနွေရာသီအပြောင်းအရွှေ့မှာ လက်စတာအသင်းကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀နဲ့ ယူနိုက်တက်ကိုရောက်ရှိလာခဲ့တဲ့ မက်ဂွိုင်းယားဟာ ချဲလ်ဆီး ၄-၀ နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့သူပါ။

ဂန္တဝင်ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က မက်ဂွိုင်းယားဟာ မန်ယူအသင်းကို အောင်မြင်မှုတွေ ယူဆောင်ပေးဖို့ မွေးဖွားလာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် လို့ ဆိုလိုက်ပါတယ်။

“သူလက်စတာမှာ စကစားစဉ်ကတည်းက ကျွန်တော်သူ့ကို စောင့်ကြည့်နေခဲ့တာပါ။  ကစားပွဲ ၁၀ ပွဲလောက် ကြည့်အပြီးမှာတင် သူ့ကိုနှစ်ခြိုက် သဘောကျခဲ့တာပါ” လို့ The Mirror ကို ပြောကြားခဲ့တာပါ။

“သူ့ရဲ့ကစားဟန်တွေကို ကျွန်တော် ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ပါဘူး။ ကမ္ဘာ့ဖလား အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နောက်တန်းမှာလည်း ထူးခြားတဲ့ခြေစွမ်းတွေပြသခဲ့တဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ”

“တချို့လူတွေကတော့ သူ့ရဲ့ကစားပုံတွေကို သဘောကျချင်မှ ကျကြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ယူနိုက်တက်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်လိမ့်မယ်လို့ တထစ်ချယုံကြည်ထားပြီးသားပါ”

“မက်ဂွိုင်းယားဟာ တစ်ဘက်အသင်းက ထိုးစစ်တွေကို စိတ်လှုပ်ရှား ပူပန်မှုမရှိဘဲ သွေးအေးအေးနဲ့ပဲ တိုက်ထုတ်ပေးခဲ့တာပါ။ သူ့ရဲ့ သူမတူတဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေနဲ့ ကစားပုံတွေဟာ ယူနိုက်တက်အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်မှာ မလွဲပါဘူး။ ချဲလ်ဆီးကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာလည်း သူ့ရဲ့ခံစစ်စွမ်းရည်ဟာ ထူးခြား ကောင်းမွန်နေတာကိုလည်း ခင်ဗျားတို့ မြင်တွေ့ကြမှာပါ” လို့ သုံးသပ် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။