Mango Group ကို လူ ၅ေယာက္ေလာက္နဲ႔ စတင္ခဲ့ၿပီးလက္ရွိမွာ Mango ကုမၸဏီခြဲ ၅ခုရဲ႕ CEO အျဖစ္ တာဝန္ထမ္းေဆာင္ေနၿပီျဖစ္သည့္ ေဒၚေအးႏွင္းေဆြ ႏွင့္ ေတြ႔ဆံုျခင္း

0
507

ေဒၚေအးႏွင္းေဆြက Mango Media Group ရဲ႕ လုပ္ငန္းခြဲ ၆ ခုအနက္ လုပ္ငန္းခြဲ ၅ ခုမွာ CEO အေနနဲ႔ တာဝန္ယူထားတဲ႔သူျဖစ္ပါတယ္။ ေၾကာ္ျငာလုပ္ငန္းပိုင္းကိုအားသာတဲ႔အတြက္ ဒီလုပ္ငန္းနဲ႔ပဲ ကိုယ္ပိုင္လုပ္ငန္းစတင္ခဲ႔တာျဖစ္ျပီး အျခားစီးပြားေရးအေနနဲ႔ ပညာေရးဝန္ေဆာင္မႈတစ္ခုျဖစ္တဲ႔ သာလြန္ေက်ာင္းေလးကိုလည္း တည္ေထာင္ထားပါေသးတယ္။ Mango Media ရယ္လို႔ စတင္ခ်ိန္ကလူ ၅ ေယာက္ပဲရွိခဲ႔ေပမယ့္ အခုအခ်ိန္မွာေတာ့ ဝန္ထမ္း ၂၀၀ ဝန္းက်င္နဲ႔ လည္ပတ္ေနတဲ႔ ကုမၸဏီႀကီးတစ္ခုျဖစ္လာေနပါၿပီ။ ေၾကာ္ျငာလုပ္ငန္းနဲ႔ပတ္သက္တဲ႔ ႏုိင္ငံျခားေအဂ်င္စီေတြကိုပဲ လူေတြကလက္ခံေနၾကခ်ိန္မွာ ျပည္တြင္းလုပ္ငန္းရွင္အေနနဲ႔ နာမည္တစ္ခုရေအာင္ ထုိးေဖာက္ႏုိင္ခဲ႔တဲ႔ ေဒၚအးႏွင္းေဆြနဲ႔ ေတြ႔ဆံုျပီး လုပ္ငန္းျဖတ္သန္းမႈအေတြ႔အၾကံဳေတြအေၾကာင္း ေတြ႔ဆံုေမးျမန္းျဖစ္ခဲ႔တာေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Mango မွာအစ္မတာဝန္ယူထားတဲ႔အပို္င္းေလးမိတ္ဆက္ေပးပါဦး။

Mango မွာလုပ္ငန္းခြဲ ၆ ခုရွိတဲ႔ထဲက ၅ ခုကိုအစ္မ Manage လုပ္ေနပါတယ္၊ အဲဒီ ၅ ခုစလံုးက Mango Media Group ေအာက္မွာရွိျပီးေတာ့ အစ္မက CEO တာဝန္ယူထားပါတယ္။

Mango Advertising ရယ္လို႔ုစျပီးတည္ေထာင္ျဖစ္ခဲ႔ပံုေလးမိတ္ဆက္ေပးပါဦး။

အစ္မ ဒီလုပ္ငန္းစမလုပ္ခင္တုန္းက Bates ဆိုတဲ႔ ေၾကာ္ျငာကုမၸဏီမွာလုပ္ခဲ႔တယ္။ Bates က ႏုိ္င္ငံျခား Advertising Agency ပါ ၊ ၇ ႏွစ္ေလာက္ Advertising ထဲမွာအလုပ္လုပ္ခဲ့တယ္။ ၂၀၀၂ ခုႏွစ္ေရာက္ေတာ့ ကေနဒါမွာ ေက်ာင္းသြားတက္ခဲ႔တယ္။ အဲဒီအခ်ိန္ ျမန္မာျပည္မွာက ႏုိင္ငံျခားကုမၸဏီေတြက ျပည္တြင္းကေန ျပန္ထြက္သြားၾကတယ္။ ဒါေၾကာင့္မို႔ အရင္ Bates က လုပ္ေဖာ္ကိုင္ဖက္ေတြကအလုပ္မရွိတဲ႔အတြက္ ေၾကာ္ျငာလုပ္ငန္းကို ကိုယ္ပိုင္အေနနဲ႔ စျပီးလုပ္ၾကဖို႔ တိုင္ပင္တယ္။ အဲဒီဟာလည္းလုပ္မယ္၊ Private ေက်ာင္းေလးလည္းလုပ္မယ္ဆုိတဲ့ ဆႏၵနဲ႔ ၂၀၀၄ ခုႏွစ္မွာ ျမန္မာႏုိင္ငံကိုျပန္လာၿပီးလုပ္ငန္း ႏွစ္ခုစလံုးတစ္ၿပိဳင္တည္းစလုပ္ျဖစ္ပါတယ္။

အဲဒါဆုိရင္ အခုအစ္မတည္ေထာင္ထားတဲ့ သာလြန္ေက်ာင္းကလည္း ၂၀၀၄ မွာပဲစခဲ႔တယ္ေပါ့။

အဲဒီအခ်ိန္တုန္းကသာလြန္ေတာ့မဟုတ္ေသးဘူး။ ရန္ကုန္အကယ္ဒမီအေနနဲ႔ စလုပ္ခဲ႔တာ၊ ၁၂ ႏွစ္ေလာက္လုပ္ခဲ႔တယ္။ ျပီးေတာ့ အဲဒီရန္ကုန္အကယ္ဒမီေက်ာင္းကိုအစ္မျပန္ေရာင္းလိုက္တယ္။ Mango Adv ကိုပဲဆက္တုိက္လုပ္ျဖစ္တယ္၊ ေနာက္ပိုင္းက်ေတာ့ ပညာေရးလုပ္ငန္းကိုလည္း အစတည္းကဝါသနာပါေတာ့ သာလြန္ဆိုတဲ႔ ေက်ာင္းေလးကိုစိတ္တူကိုယ္တူလူေတြနဲ႔ ပူးေပါင္းၿပီးအသစ္ျပန္ တည္ေထာင္ျဖစ္ခဲ႔ပါတယ္။

Marketing ပိုင္းလုပ္ေနရင္းနဲ႔ ပညာေရးပိုင္းကိုလုပ္ျဖစ္တာကေရာ ဘယ္လိုအေၾကာင္းေၾကာင့္ျဖစ္မလဲ၊

အစ္မအတြက္ကေတာ့ ႏွစ္ခုလံုးကကိုယ္ဝါသနာပါတဲ႔အရာလုပ္ခ်င္တဲ႔အရာေတြပါပဲ။ မာကက္တင္းလုပ္ေနေပမယ့္ အစ္မကအၿမဲတမ္းပညာေရးကို Quality ေကာင္းေကာင္းေလးေပးခ်င္တယ္။ ပညာလည္းတတ္၊ လူႀကီးေတြအေပၚလည္း သိတတ္၊ ယဥ္ေက်းမႈလည္းသိ၊ တုိင္းျပည္အေၾကာင္းလည္းေကာင္းေကာင္းသိၿပီး ဘယ္ေနရာသြားသြား ကိုယ့္ႏုိင္ငံ ကိုယ့္လူမ်ိဳးကို ကိုယ္စားျပဳႏုိင္တဲ႔ ကေလးမ်ိဳးေတြ ေမြးထုတ္ေပးခ်င္တာျဖစ္လို႔ ဒီပညာေရးဝန္ေဆာင္မႈကိုလုပ္ျဖစ္ခဲ႔တာပါ။

Mango ကုမၸဏီမွာအစ္မနဲ႔အတူရွယ္ယာပါဝင္တဲ႔သူေတြ ရွိခဲ႔ေသးလား။

မလင္းလင္းတင္ထြန္းဆုိတာကရွိတယ္။ သူကအရင္ Unilever မွာလုပ္လာေတာ့ မာကက္တင္းပိုင္းတတ္ကၽြမ္းတယ္၊ အစ္မကက်ေတာ့ Advertising ပိုင္းကၽြမ္းတယ္လုိ႔ေျပာလို႔ရတယ္။ Mango ကိုလည္း ႏွစ္ေယာက္အတူတူ ပူးေပါင္းလုပ္ခဲ႔တာပါ။ လုပ္ငန္းစတုန္းကဆိုလူေလး ၅ ေယာက္ေလာက္ပဲရွိတယ္။ အခုေတာ့လည္းဝန္ထမ္း ၂၀၀ ေက်ာ္ေလာက္ရွိလာပါျပီ။

ျပည္တြင္းမွာရိုးရိုးသာမန္ေၾကာ္ျငာေနတဲ႔အခ်ိန္မွာအစ္မတို႔ရဲ႕ Mango ေၾကာ္ျငာလုပ္ငန္းကိုစခဲ႔တယ္၊ ေျပာင္းလဲဖို႔အခ်ိန္တန္ၿပီလို႔လည္း ေျပာခဲ႔တယ္ဆုိေတာ့ ေၾကာ္ျငာနဲ႔ပတ္သက္ရင္ ဘယ္လိုအခ်က္ေတြေပၚ မူတည္ၿပီး လူေတြရဲ႕အႀကိဳက္ကေျပာင္းလဲတတ္တယ္လို႔ ျမင္ပါသလဲ။

ေျပာင္းသင့္ေနၿပီဆုိတာက ရိုးရိုး Traditional မင္းသမီး၊ မင္းသားေျပးတယ္၊ သီခ်င္းဆုိတယ္ဆုိတဲ႔ ေနရာကေနေျပာင္းဖို႔ေပါ့ေနာ္၊ ဘာလို႔လည္းဆိုေတာ့ Consumer ေတြေျပာင္းလဲမႈေၾကာင့္ပါ၊ အရင္ကိုယ္တားဂတ္ထားခဲ႔တဲ႔ လူတစ္စုကအခုလက္ရွိမွာအသက္ႀကီးသြားမယ္၊ သူတို႔ေနရာမွာ ေနာက္ထပ္ေၾကာ္ျငာၾကည့္ဖို႔ ဝင္လာမယ့္သူေတြက Generation က အသစ္ျဖစ္သြားၿပီ။ လူငယ္ေတြရဲ႕အႀကိဳက္ကမတူေတာ့ဘူး၊ အရင္အတုိင္းပဲဆက္ၿပီးေႀကာ္ျငာေနမယ္ဆုိရင္ Target Audience ကိုဆြဲေဆာင္ႏုိင္မွာမဟုတ္ဘူး၊ Market ရဲ႔ Trend အေျပာင္းအလဲကိုသိထားဖို႔လိုတယ္၊ Media မွာဘာေတြေျပာင္းေနျပီလဲ၊ ေျပာင္းေနတဲ႔ မီဒီယာကိုသံုးစြဲတဲ႔သူေတြရဲ႕အေတြးအျမင္ေတြကေရာ ဘယ္ဘက္ကိုသြားေနၿပီလဲဆိုတဲ႔ အေျပာင္းအလဲေနာက္ကိုအမီလိုက္ႏုိင္ဖို႔လိုတယ္။ မလုိက္ႏုိင္ရင္ ဆြဲေဆာင္မႈမရွိဘဲ Target လြဲေနတဲ႔ ေၾကာ္ျငာမ်ိဳးျဖစ္ေနမယ္၊ ဒါဆုိေၾကာ္ျငာခသံုးလိုက္တဲ႔ဟာကအလဟႆ     ကုန္သြားမွာေလ။ ျပည္တြင္းကလူေတြကသီခ်င္းလည္းႀကိဳက္တယ္၊ ဒရမ္မာလည္း ႀကိဳက္တယ္၊ ဒီေတာ့ သီခ်င္းဆုိမေနနဲ႔ ကမေနနဲ႔ေတာ့လို႔ မဟုတ္ဘူး၊ ဒီဟာကိုပဲပိုျပီးဆန္းသစ္တဲ႔နည္းနဲ႔ ဘယ္လိုျပန္ေျပာင္းမလဲဆုိတာကို နည္းလမ္းရွာခဲ႔တာပါ။

Marketing နဲ႔ Advertising ကေရာ ဘယ္လိုကြဲျပားမႈရွိတာပါလဲ။

Advertising က မာကက္တင္းလုပ္ငန္းထဲကတစ္စိတ္တစ္ေဒသေပါ့။ Marketing ဆုိတာထဲမွာ Advertising ပါတယ္၊ Promoting ေတြပါတယ္၊ Sales ပါတယ္ေလ။ Marketing ပံုစံမက်လို႔ Sales က်တယ္ဆုိရင္ Advertising ပိုင္းမွာလည္း ပိုက္ဆံမျဖဳန္းႏုိင္ေတာ့ဘူး။ အဲလိုပဲ Advertising မေကာင္းလို႔ရွိရင္ သူတို႔ Brand ကို Branding ေကာင္းေကာင္းမလုပ္ႏိုင္ဘူး၊ ဒါဆုိရင္ကုန္ပစၥည္းရဲ႕အေရာင္းက်တယ္၊ ဒါေတြကဆက္စပ္ေနတာေပါ့။

ျပည္တြင္းမွာလုပ္ငန္းရွင္ေတြေၾကာ္ျငာတဲ႔ပံုစံကေရာေျပာင္းလဲလာတာရွိေသးလား။

ျမန္မာႏုိင္ငံကလုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားကေၾကာ္ျငာဝင္ေငြကိုမသံုးခ်င္ၾကဘူး၊ ႏွေျမာတယ္၊ ေၾကာ္ျငာမွာသံုးမယ့္အစား တျခားဟာလုပ္လိုက္ခ်င္ၾကတယ္။ သူတို႔အေတြးမွားသလားဆုိေတာ့ မွားတယ္လို႔လည္းမေျပာလိုပါဘူး။ ေၾကာ္ျငာခကုန္မယ့္ပိုက္ဆံကိုပစၥည္းေကာင္းေကာင္းထုတ္လုိက္မယ္၊ Packaging ေကာင္းေကာင္းလုပ္လုိက္မယ္ေပါ့ေလ၊ ဒါေပမယ့္ ဒီဟာေတြေကာင္းပါတယ္ဆုိတာကို ေရာင္းခ်င္တဲ႔သူေတြဆီသိေအာင္မလုပ္ႏုိင္ရင္ ဘယ္လိုေရာင္းရမလဲဆုိတာ စဥ္းစားသင့္တယ္။ အခုေနာက္ပိုင္းဆိုရင္ အၿပိဳင္အဆိုင္ေတြကပိုမ်ားလာတယ္၊ ျပည္တြင္းအခ်င္းခ်င္းမွာေတာင္ ၿပိဳင္လာရတာေလ။ Packaging ေနရာမွာလည္းယွဥ္ရတယ္၊ လူေတြဆီေရာက္ေအာင္လုပ္တဲ႔ေနရာမွာလည္းယွဥ္လာရတာပါ။ ၿပီးေတာ့ လူေတြဆီေရာက္ရံုတင္မဟုတ္ဘူး၊ လူေတြရဲ႕ပါးစပ္ဖ်ားမွာစြဲေနတဲ႔ ထုတ္ကုန္တစ္ခုျဖစ္ဖို႔လည္း ယွဥ္ၿပိဳင္ရတယ္၊ အသစ္ဖန္တီးမႈေတြကအေရးပါလာတယ္၊ အခုေနာက္ပိုင္းဆုိရင္ Online ေတြပါလာၿပီ။ Ongroundလို႔ေခၚတဲ႔ Activities ေတြလုပ္တာပြဲေတြလုပ္တာပါလာၿပီ၊ တစ္ခုကံေကာင္းတာက ႏိုင္ငံျခားကုန္ပစၥည္းအသစ္ ထပ္ဝင္လာတဲ႔ ႏႈန္းကက်သြားတာပါ။ ရွိေနၿပီးသား ႏုိင္ငံျခားကုန္ပစၥည္းေတြကလည္း အရင္ေလာက္ဘတ္ဂ်က္အမ်ားႀကီးေၾကာ္ျငာအတြက္ မသုံုးၾကေတာ့ဘူး။ ဒါေၾကာင့္ ျပည္တြင္းကုန္ပစၥည္း အမွတ္တံဆိပ္တစ္ခုကို ပိုထိေရာက္ေအာင္ ေၾကာ္ျငာလုိ႔ရလာတဲ႔အခ်ိန္လို႔ ေျပာလို႔ရတယ္။ ႏိုင္ငံျခားကုန္ပစၥည္းေတြနဲ႔ ယွဥ္ၿပီးသူတုိ႔ထက္ေပါက္ေအာင္လုပ္ေနရတာက ပိုက္ဆံအမ်ားႀကီးကုန္တယ္ေလ။ ဒါဟာ ျပည္တြင္းလုပ္ငန္းေတြအတြက္ အခြင့္ေကာင္းလို႔ျမင္တယ္။ ဒီအခ်ိန္မွာ ကုိယ့္ျပည္တြင္းကုန္ပစၥည္းေတြကို သံုးစြဲသူေတြေခါင္းထဲမွာစြဲေနေအာင္ ေနရာရေအာင္ယူထားလိုက္ရင္ ေနာက္ထပ္ ႏုိင္ငံျခား Product ေတြ ထပ္ဝင္လာေပမယ့္ သိပ္စိတ္ပူစရာမလိုေတာ့ဘူးလို႔ ထင္ပါတယ္။

ေၾကာ္ျငာေတြမွာ ဘတ္ဂ်က္သိပ္မသံုးေတာ့ဘူးဆိုတာက ဘယ္ေလာက္ရာခုိင္ႏႈန္းေလာက္ ျဖစ္ႏုိင္မလဲရွင့္။

အစ္မျမင္တာ ႏုိင္ငံျခားကုန္ပစၥည္းေတြ ေၾကာ္ျငာမွာသံုးတဲ႔ႏႈန္းက ၁၅ % ေလာက္က်သြားတယ္၊ ေၾကာ္ျငာနႈန္းေလ်ာ့လိုက္တာ။ ဒါေပမယ့္ ဒီအက်ကအြန္လုိင္းဘက္ေရာက္သြားတာလည္း ျဖစ္ႏုိင္တယ္။ Local ကုုမၸဏီေတြကအရင္ကေၾကာ္ျငာအတြက္ သံုးရမယ့္ ဘတ္ဂ်က္က ၁၀၀ ဆိုရင္ အခု ၈၀ ဖိုးေလာက္သံုးရင္ ရေနၿပီ။ အရင္ကေတာ့ အစ္မတို႔ဆီမွာကုန္ပစၥည္းေတြက လက္ခ်ိဳးေရလို႔ရတယ္ေလ။ အခုဆုိရင္ အခ်ိဳရည္ေတြမ်ားလာတယ္၊ ေခါက္ဆြဲေျခာက္ေတြမ်ားလာတယ္၊ ေခါင္းေလွ်ာ္ရည္ေတြ၊ ေရႊဆုိင္ေတြရဲ႕ ေၾကာ္ျငာမ်ားလာတယ္၊ ေနာက္က်ေတာ့ တယ္လီကြန္းေတြအျပိဳင္အဆုိင္ျဖစ္လာတယ္၊ အဲဒီကေနေနာက္ဆက္တြဲမိုဘုိင္းဖုန္းေတြ ဆက္ေၾကာ္ျငာလာၾကတယ္၊ အဲဒီလိုေၾကာ္ျငာတဲ႔အခါမွာ ကုန္ပစၥည္းကိုလည္းေၾကာ္ျငာတယ္၊ ပရိုမိုးရွင္းေတြလည္းေပးၾကတယ္၊ ဒါေတြကသံုးစြဲသူေတြဆီကုိ အက်ိဳးသက္ေရာက္မႈ ျဖစ္ေစတယ္ဆုိတာကိုသတိထားၿပီးေၾကာ္ျငာကို Ethical ျဖစ္ျဖစ္ ေၾကာ္ျငာေစခ်င္တယ္။ တခ်ိဳ႕က Misused ျဖစ္ေစတာမ်ိဳး၊ Misleading ျဖစ္ေစတာမ်ိဳး ေၾကာ္ျငာေလ့ရွိတယ္။ ဒီကုန္ပစၥည္းသည္ ေကာင္း၏ မေကာင္း၏ ဘယ္အရြယ္ေတြ ဘယ္လိုသံုးသင့္တယ္ဆုိတာမ်ိဳး မျပေတာ့ဘဲ သူတို႔ကုန္ပစၥည္းသည္အကုန္အေကာင္း၊ လူတုိင္းသံုးလို႔အဆင္ေျပတယ္ဆုိတာမ်ိဳး ေၾကာ္ျငာၾကတယ္။ အဲဒီမွာကေလးမသံုးစြဲရတဲ႔ ပစၥည္းကိုကေလးေတြက သံုးျဖစ္သြားတယ္။ ေနာက္ၿပီးေတာ့ အားျဖည့္အခ်ိဳရည္ေတြဆုိရင္လည္း ဘယ္ေလာက္အတုိင္းအတာသံုးရင္ အက်ိဳးရွိတယ္၊ ဘယ္ေလာက္သံုးမိရင္ အက်ိဳးမရွိဘူးဆိုတာေတြ၊ ေနာက္ျပီးပစၥည္းအတုေတြ ဒါေတြကိုစိစစ္ဖို႔လိုတယ္၊ ဒါေတြက သံုးစြဲသူကို ထိခုိက္ႏုိင္တယ္ေလ။ ေၾကာ္ျငာရွင္ေတြအေနနဲ႔ေရာ၊ ေၾကာ္ျငာလုပ္ငန္းကိုလုပ္ကိုင္ေနတဲ႔ ေအဂ်င္စီေတြကေရာ သိကၡာရွိရွိအလုပ္လုပ္သင့္တယ္။ သံုးစြဲသူေတြကလည္း ဒါေတြကိုသိထားေအာင္ ေလ့လာသင့္တယ္၊ အခုဆုိရင္ ကုန္ပစၥည္းမွာ ဘာေတြပါတယ္၊ ဘယ္လိုလူေတြပဲ သံုးသင့္တယ္ဆုိတာ ေရးရေတာ့မယ္၊ ဒါေတြကိုလည္း သံုးစြဲသူေတြအေနနဲ႔ ဖတ္ၾကည့္ျပီးမွ သံုးေစခ်င္ပါတယ္။ ဥပမာေကာ္ဖီဆုိတာ ကေလးေသာက္ဖို႔ေကာင္းတဲ႔အရာ မဟုတ္ဘူး၊ ၿပီးေတာ့ အားျဖည့္အခ်ိဳရည္လိုမ်ိဳးကို ကေလးငယ္ေတြက မ်ားမ်ားေသာက္မိရင္ စိတ္က ထိန္းမရသိမ္းမရျဖစ္တတ္တာေလ။ အဲဒီအခါ စာသင္တဲ႔အခါမွာလည္း အေႏွာင့္အယွက္ျဖစ္တယ္ေလ၊ ကေလးမေသာက္ရတဲ႔ ေကာ္ဖီကိုကေလးနဲ႔ ေၾကာ္ျငာတာေတြလည္း ေတြ႔ရတယ္၊ မလုပ္သင့္ပါဘူး။ ၿပီးေတာ့ အရက္နာမည္ေတြကို တစ္ျခားပစၥည္းအေနနဲ႔ ေၾကာ္ျငာတာမ်ိဳးေတြကိုလည္း အစိုးရဘက္ကကိုင္တြယ္သင့္တယ္။

Mango ကုမၸဏီရယ္လို႔ စတင္ခဲ႔ခ်ိန္ကေနအခုအခ်ိန္အထိဘယ္လိုအေျပာင္းအလဲေတြ ၾကံဳခဲ႔ရပါေသးလဲ။

စစခ်င္းအစ္မတို႔ရဲ႕ကုမၸဏီနာမည္က Mango Marketing ပါ။ အဲဒီကေနမွ အစ္မကMango Media ဆိုၿပီး ခြဲထြက္လုိက္တယ္၊ Mango Marketing ကေတာ့ မလင္းလင္းတင္ထြန္းကပဲဆက္ၿပီးကိုင္တြယ္ေနတယ္၊ သူက Creative ပိုင္းေၾကာ္ျငာပိုင္းဖန္တီးတဲ႔အပိုင္းေတြလုပ္တယ္။ အစ္မတို႔ကေတာ့ Media Planning ပိုင္းေတြျဖစ္တဲ႔ တီဗီမွာေၾကာ္ျငာထည့္တာတုိ႔ Print မွာေၾကာ္ျငာထည့္တာတုိ႔ လုပ္တယ္။ ေနာက္ပိုင္းမွာ PR ေတြ စၿပီးလမ္းပြင့္လာေတာ့ Public Relation ဝန္ေဆာင္မႈေပးဖို႔ Mango Steen ဆိုတာကိုစတယ္၊ Mango Steen လုပ္ေနရင္းနဲ႔ တယ္လီကြန္းေတြေခတ္စားလာဒီဂ်စ္တယ္ဘက္အားသန္လာၾကတာနဲ႔ Wave Digital ကိုစျဖစ္တယ္၊ Wave Digital ၿပီးသြားေတာ့ ေနာက္ထပ္တစ္ခုထပ္လုပ္ျဖစ္တယ္၊ အဲဒါက Passion Point ဆုိတဲ႔ဟာပါ။ ဒါကိုဘာလုိ႔လုပ္လဲဆုိရင္ အစ္မတို႔ဆီမွာရွိေနတဲ႔ Client ေတြနဲ႔ လုပ္ငန္းတူအၿပိဳင္ျဖစ္ေနတဲ့ သူေတြကသူတို႔လည္း Mango ကိုသံုးခ်င္ပါတယ္၊ Mango Services လုိခ်င္ပါတယ္လို႔ ျဖစ္လာတဲ႔အခ်ိန္မွာ Mango အေနနဲ႔ကေတာ့ ၿပိဳင္ဖက္ကုမၸဏီႏွစ္ခုတစ္ျပိဳင္တည္းလက္ခံလို႔မရဘူး၊ ဒါေၾကာင့္ Mango ေအာက္မွာရွိေနေပမယ့္ သီးသန္႔ကိုယ့္အုပ္စုနဲ႔ကိုယ္ အလုပ္လုပ္တဲ႔  Passion Point ကိုစတယ္။ ဒီႏွစ္အစမွာေတာ့ M Extra ဆုိတာကိုအသစ္ထပ္စခဲ႔တယ္။ အဲဒါကမီဒီယာေတြနဲ႔ Trade လုပ္တဲ႔ပံုစံမ်ိဳးပါ၊ မီဒီယာေတြမွာ ဘာေတြလုပ္လို႔ရႏုိင္မလဲ၊ သူတို႔နဲ႔ Brand ေတြ ဘယ္လိုပူးေပါင္းႏုိင္မလဲ၊ အဲဒီလုိလုပ္ခ်င္းအားျဖင့္ Client ေတြမွာ ဘယ္လိုအက်ိဳးရွိမလဲဆိုတာကိုပဲဦးတည္ထားတယ္လို႔ ေျပာရမွာပါ။

ကုမၸဏီျဖတ္သန္းခဲ႔တဲ႔တစ္ေလွ်ာက္ ႀကံဳခဲ႔ရတဲ႔ အခက္အခဲမ်ိဳးေတြ ဘာေတြ ရွိပါေသးလား။

ကိုယ္ပိုင္ ကုမၸဏီေထာင္ခဲ႔တုန္းက ကိုယ့္မိဘလုပ္ငန္းကိုပဲ ဆက္လုပ္တာမဟုတ္ဘဲ  ကိုယ္ပိုင္သီးျခားစေထာင္ရတာျဖစ္လို႔ အခက္အခဲေတြ အမ်ားႀကီးရွိတယ္၊ ေငြေရးေၾကးေရးကအစ လုပ္ရကိုင္ရတာကအစ ခက္ခဲၿပီး အသစ္ကိုလက္မခံခ်င္တဲ႔ ျပိဳင္ဖက္ေတြကလည္းအမ်ားႀကီးတုိက္ခုိက္ၾကတယ္။ ၿပီးေတာ့ မိန္းကေလးငယ္ငယ္ႏွစ္ေယာက္လုပ္ရတာျဖစ္လို႔ ေျပာရဆုိရခက္ခဲတာေတြ ဘာေတြႀကံဳတယ္။ အဲဒီအခ်ိန္တုန္းကမိန္းကေလးငယ္ေသးတယ္ဆုိရင္ မခန္႔ေလးစားပုံစံဆက္ဆံခံရတယ္။ တစ္ျဖည္းျဖည္းလုပ္သက္ရလာျပီးအလုပ္အကိုင္ကၽြမ္းက်င္လာခ်ိန္မွာေတာ့ အဆင္ေျပလာတယ္လို႔ ေျပာလို႔ရတယ္။ အမ်ိဳးသမီးျဖစ္ေနလို႔ မိသားစုကိုအခ်ိန္ေပးရတဲ႔အခါ အလုပ္ခ်ိန္ၿပီးသြားတဲ႔အခါမွာ တျခားသူေတြလို Business Talk ေတြ ေတြ႔ဆံုမႈေတြအတြက္ အခက္အခဲရွိတယ္။ ၿပီးေတာ့ ေယာက္က်ားမိန္းမဆိုတဲ႔ ကြာျခားမႈေၾကာင့္ ကိုယ္ေျပာလုိက္တဲ႔ အေၾကာင္းအရာတစ္ခုအေပၚ သူတို႔ဘက္ကဘယ္လိုေတြးမလဲဆုိတာေတြလည္းထည့္စဥ္းစားရတယ္၊ အသက္ၾကီးလာတာနဲ႔အမွ်ေတာ့ ဒီအခက္အခဲကေလ်ာ့သြားတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ မိန္းမတစ္ေယာက္ေျပာတာ၊ မိန္းမတစ္ေယာက္ လႊမ္းမိုးမႈအေပၚ ခ်က္ခ်င္းႀကီးလက္ခံဖို႔ ခက္ခဲၾကတယ္။ ဒါက ျပည္တြင္းမွာေရာ ျပည္ပမွာေရာရွိေနတုန္းပဲေလ။ ျပီးေတာ့ မိန္းမျဖစ္ေနလို႔ အမ်ိဳးသားေတြနဲ႔ မတူတဲ႔အခ်က္ကခရီးေတြဘာေတြသြားရင္ေတာင္ စိတ္သြားတိုင္းကိုယ္မပါတာေတြရွိတယ္။ ဒါေပမယ့္ အစ္မကအခက္အခဲကိုေၾကာက္တဲ႔အထဲမပါဘူး၊ အခက္အခဲတစ္ခုရွိရင္ အျမဲထိပ္တုိက္ေတြ႔ျပီး ရင္ဆုိင္လုိက္တာပါပဲ။ ႏုိင္ငံျခားသားေတြအတြက္ အလုပ္လုပ္ေပးရတယ္ဆုိရင္ အခက္အခဲကသူတုိ႔ရဲ႔ Demand ပဲ၊ သူတို႔ေတာင္းဆုိမႈေတြကအရမ္းျမင့္တယ္။ ကိုယ့္ေစ်းကြက္ထဲမွာ လုပ္လုိ႔မရတာမ်ိဳးအထိ ေတာင္းဆုိတာရွိတယ္။

Client ေတြအတြက္ ႏႈန္းထားသီးသန္႔ လုပ္ေဆာင္ေပးတာမ်ိဳးေရာရွိေသးလားရွင့္။

လူမႈေရးလုပ္ငန္းေတြအတြက္ဆိုရင္ ႏႈန္းထားသီးသန္႔လုပ္ေပးတယ္၊ အခုဆုိရင္ Beautiful Rakhineဆုိတာေလးလုပ္တယ္၊ ရခုိင္ျပည္နယ္ရဲ႔ အလွအပေတြကိုတစ္ျခားသူေတြလည္းျမင္ေစခ်င္တယ္၊ ၿပီးေတာ့ အစ္မတို႔ရဲ႕ Team အေနနဲ႔လည္း အမႈိက္မပစ္ရတဲ႔ ကမ္ပိန္းေလးေတြဘာေတြလည္းလုပ္ေနပါတယ္။

ျပည္ပနဲ႔ ပူးေပါင္းလုပ္ကိုင္ေနတာမ်ိဳးေရာရွိပါသလား။

ျပည္ပကုမၸဏီေတြနဲ႔ ပူးေပါင္းလုပ္ကိုင္မႈအေနနဲ႔ကေတာ့ တကမၻာလံုးမွာရွိတဲ႔ ေအဂ်င္စီအႀကီးႀကီးေတြနဲ႔ ကူးလူးဆက္ဆံမႈရွိတယ္၊ ျပည္တြင္းကလိုအပ္ခ်က္ရွိရင္ သူတို႔ဆီကအကူအညီယူသလို သူတို႔ဘက္က ျပည္တြင္းနဲ႔ပတ္သက္ျပီး တစ္ခုခု သိခ်င္တာရွိရင္ အစ္မတို႔ဘက္က အကူအညီေပးပါတယ္။ သူတို႔ကေတာ့ အစ္မတို႔ကုမၸဏီထဲမွာ ရွယ္ယာပါတာမ်ိဳးေတြေတာ့ မရွိပါဘူး။

ျပည္တြင္းမွာအခု ႏုိင္ငံျခားက PR ကုမၸဏီေတြ၊ မာကက္တင္းလုပ္ငန္းေတြလည္းရွိေနေတာ့ ျပည္တြင္းကုမၸဏီအေနနဲ႔ လုပ္ကိုင္ရတဲ႔အခါအားသာခ်က္ အားနည္းခ်က္ေတြကဘာေတြျဖစ္မလဲ။

အစ္မတို႔က ကိုယ့္ႏုိင္ငံကလူေတြရဲ႕လိုအပ္ခ်က္၊ ထင္ျမင္ယူဆခ်က္ေတြကိုပိုသိတယ္၊ ၾကိဳခန္႔မွန္းလို႔ရတယ္။ ျပႆနာတစ္ခုေပၚလာရင္ ျမန္မာနည္းျမန္မာဟန္နဲ႔ ဘယ္လိုကိုင္တြယ္ရမလဲဆိုတာေတြကို Culture ပိုင္းဆိုင္ရာအရပိုသိတယ္၊ တစ္ခ်ိဳ႔ ႏိုင္ငံျခား Client ေတြဆုိလည္းျမန္မာေတြကို Target ထားခ်င္တာျဖစ္လို႔ အစ္မတို႔က ျမန္မာ Culture အားသာတဲ႔အတြက္ အစ္မတို႔ကုမၸဏီန႔ဲ လက္တြဲရတာ ပိုသေဘာက်တာလည္း ေတြ႔ရပါတယ္။

သာလြန္ေက်ာင္းဘက္မွာေရာ ထပ္ၿပီးတိုးခ်ဲ႔ဖို႔ အစီအစဥ္ေတြရွိပါေသးလား။

သာလြန္မွာေလာေလာဆယ္ေတာ့ Pre schoolကေန Grade 11 အထိရွိေနတယ္၊ ေနာက္ႏွစ္ၾကရင္ Grade 12 အထိထားသြားဖို႔ရွိတယ္။ ႏိုင္ငံျခားပညာေရးဆုိင္ရာအဖြဲ႔အစည္းေတြရဲ႕အသိအမွတ္ျပဳတာရဖို႔လည္း ၾကိဳးစားေနပါတယ္။

ျဖည့္စြက္ေျပာခ်င္တာရွိပါေသးလား။

ေျပာခ်င္တာကလူငယ္ေတြကိုပါ။ အခုေခတ္ လူငယ္ေတြကအရမ္းစိတ္ေလာတယ္လုိ႔ ျမင္တယ္၊ လူငယ္ေတြအေနနဲ႔ သင္ယူေစခ်င္တယ္၊ အရင္လိုေလ့လာဖုိ႔ခက္ခဲတဲ႔ ေခတ္မဟုတ္ေတာ့ဘူးေလ၊ အြန္လုိင္းမွာတင္ပဲ ေလ့လာစရာေတြ အမ်ားႀကီးရွိတယ္ေလ။ ဒါေတြကိုတစ္ေန႔ ၁ နာရီေလာက္ပဲ အခ်ိန္ေပးေလ့လာရံုနဲ႔ အဆင္ေျပတယ္။ ၿပီးေတာ့ တခ်ိဳ႕ရွိတယ္။ ရာထူးႀကီးမွလုပ္ခ်င္တာ၊ ျဖည္းျဖည္းခ်င္းပဲသြားေစခ်င္တယ္၊ ေအာက္သက္ေက်သြားရင္ ကိုယ္ကအားလံုးလည္းတတ္သြားတယ္၊ ကိုယ္ေရာက္တဲ႔ေနရာနဲ႔ တန္တဲ႔အရည္အခ်င္းလည္း ရွိလာမယ္လို႔ ျမင္တယ္။ တအားေလာေလာနဲ႔ Demand လုပ္ၿပီး ရာထူးႀကီးႀကီးယူလုိက္ရင္ ဒီရာထူးနဲ႔တန္တဲ႔ ဗဟုသုတမ်ိဳးမရွိရင္ အဆင္မေျပဘူးေလ။ လူငယ္ေတြ အဲဒီလိုမျဖစ္ခ်င္ပါနဲ႔ ေအာက္သက္ေက်ပါ၊ စိတ္ရွည္ပါ၊ ျဖည္းျဖည္းခ်င္းတက္ပါလို႔ ေျပာခ်င္ပါတယ္။ က်ရံႈးမႈ အခက္အခဲၾကံဳတုိင္း လက္မေလ်ာ့ဖို႔ ေနာက္ျပန္မေျပးဖို႔လည္းလိုသလိုလုပ္ၾကည့္ၿပီး ၃ ႏွစ္ေက်ာ္လို႔မွ မေအာင္ျမင္ဘူးဆိုရင္ ဒီေနရာတစ္ခုက ကိုယ္မရွိသင့္ေတာ့တဲ႔ေနရာတစ္ခုျဖစ္ေနၿပီလို႔လည္း သိဖို႔လိုပါတယ္။ ဒီေန႔ေခတ္မွာက Business Plan ေကာင္းေကာင္းတစ္ခုဆဲြႏိုင္ရင္ Invest လုပ္ေပးမယ့္ စီးပြားေရးသမားေတြက အမ်ားႀကီးရွိေနပါတယ္။ ၿပီးေတာ့ ေနာက္တစ္ခုရွိတာကလုပ္ငန္းရွင္ျဖစ္မွ ေအာင္ျမင္တယ္ဆုိတာမဟုတ္ပါဘူး၊ တခ်ိဳ႕ေတြဆုိလုပ္ငန္းခြင္ေတြမွာ သူ႔ရဲ႕ရာထူးတစ္ခုနဲ႔ လခေတြအမ်ားႀကီးရၿပီး လုပ္ငန္းေတြက သူမရွိရင္မျဖစ္ေလာက္ေအာင္ ေနရာတစ္ခုရေနရင္လည္း ေအာင္ျမင္တာပါပဲလို႔ ေျပာခ်င္ပါတယ္။

အခုလိုေျဖေပးတာေက်းဇူးတင္ပါတယ္။

(Unicode Version)

မအေးနှင်းဆွေက Mango Media Group ရဲ့ လုပ်ငန်းခွဲ ၆ ခုအနက် လုပ်ငန်းခွဲ ၅ ခုမှာ CEO အနေနဲ့ တာဝန်ယူထားတဲ့သူဖြစ်ပါတယ်။ ကြော်ငြာလုပ်ငန်းပိုင်းကိုအားသာတဲ့အတွက် ဒီလုပ်ငန်းနဲ့ပဲ ကိုယ်ပိုင်လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး အခြားစီးပွားရေးအနေနဲ့ ပညာရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ သာလွန်ကျောင်းလေးကိုလည်း တည်ထောင်ထားပါသေးတယ်။ Mango Media ရယ်လို့ စတင်ချိန်ကလူ ၅ ယောက်ပဲရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ဝန်ထမ်း ၂၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်လာနေပါပြီ။ ကြော်ငြာလုပ်ငန်းနဲ့ ပတ်သက်တဲ့ နိုင်ငံခြားအေဂျင်စီတွေကိုပဲ လူတွေကလက်ခံနေကြချိန်မှာ ပြည်တွင်းလုပ်ငန်းရှင်အနေနဲ့ နာမည်တစ်ခုရအောင် ထိုးဖောက်နိုင်ခဲ့တဲ့ မအေးနှင်းဆွေနဲ့ တွေ့ဆုံပြီး လုပ်ငန်းဖြတ်သန်းမှုအတွေ့အကြုံတွေအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Mango မှာအစ်မတာဝန်ယူထားတဲ့အပိုင်းလေးမိတ်ဆက်ပေးပါဦး။

Mango မှာလုပ်ငန်းခွဲ ၆ ခုရှိတဲ့ထဲက ၅ ခုကိုအစ်မ Manage လုပ်နေပါတယ်၊ အဲဒီ ၅ ခုစလုံးက Mango Media Group အောက်မှာရှိပြီးတော့ အစ်မက CEO တာဝန်ယူထားပါတယ်။

Mango Advertising ရယ်လို့စပြီးတည်ထောင်ဖြစ်ခဲ့ပုံလေးမိတ်ဆက်ပေးပါဦး။

အစ်မ ဒီလုပ်ငန်းစမလုပ်ခင်တုန်းက Bates ဆိုတဲ့ ကြော်ငြာကုမ္ပဏီမှာလုပ်ခဲ့တယ်။ Bates က နိုင်ငံခြား Advertising Agency ပါ ၊ ၇ နှစ်လောက် Advertising ထဲမှာအလုပ်လုပ်ခဲ့တယ်။ ၂၀၀၂ ခုနှစ်ရောက်တော့ ကနေဒါမှာ ကျောင်းသွားတက်ခဲ့တယ်။ အဲဒီအချိန် မြန်မာပြည်မှာက နိုင်ငံခြားကုမ္ပဏီတွေက ပြည်တွင်းကနေ ပြန်ထွက်သွားကြတယ်။ ဒါကြောင့်မို့ အရင် Bates က လုပ်ဖော်ကိုင်ဖက်တွေကအလုပ်မရှိတဲ့အတွက် ကြော်ငြာလုပ်ငန်းကို ကိုယ်ပိုင်အနေနဲ့ စပြီးလုပ်ကြဖို့ တိုင်ပင်တယ်။ အဲဒီဟာလည်းလုပ်မယ်၊ Private ကျောင်းလေးလည်းလုပ်မယ်ဆိုတဲ့ ဆန္ဒနဲ့ ၂၀၀၄ ခုနှစ်မှာ မြန်မာနိုင်ငံကိုပြန်လာပြီးလုပ်ငန်း နှစ်ခုစလုံးတစ်ပြိုင်တည်းစလုပ်ဖြစ်ပါတယ်။

အဲဒါဆိုရင် အခုအစ်မတည်ထောင်ထားတဲ့ သာလွန်ကျောင်းကလည်း ၂၀၀၄ မှာပဲစခဲ့တယ်ပေါ့။

အဲဒီအချိန်တုန်းကသာလွန်တော့မဟုတ်သေးဘူး။ ရန်ကုန်အကယ်ဒမီအနေနဲ့ စလုပ်ခဲ့တာ၊ ၁၂ နှစ်လောက်လုပ်ခဲ့တယ်။ ပြီးတော့ အဲဒီရန်ကုန်အကယ်ဒမီကျောင်းကိုအစ်မပြန်ရောင်းလိုက်တယ်။ Mango Adv ကိုပဲဆက်တိုက်လုပ်ဖြစ်တယ်၊ နောက်ပိုင်းကျတော့ ပညာရေးလုပ်ငန်းကိုလည်း အစတည်းကဝါသနာပါတော့ သာလွန်ဆိုတဲ့ ကျောင်းလေးကိုစိတ်တူကိုယ်တူလူတွေနဲ့ ပူးပေါင်းပြီးအသစ်ပြန် တည်ထောင်ဖြစ်ခဲ့ပါတယ်။

Marketing ပိုင်းလုပ်နေရင်းနဲ့ ပညာရေးပိုင်းကိုလုပ်ဖြစ်တာကရော ဘယ်လိုအကြောင်းကြောင့်ဖြစ်မလဲ၊

အစ်မအတွက်ကတော့ နှစ်ခုလုံးကကိုယ်ဝါသနာပါတဲ့အရာလုပ်ချင်တဲ့အရာတွေပါပဲ။ မာကက်တင်းလုပ်နေပေမယ့် အစ်မကအမြဲတမ်းပညာရေးကို Quality ကောင်းကောင်းလေးပေးချင်တယ်။ ပညာလည်းတတ်၊ လူကြီးတွေအပေါ်လည်း သိတတ်၊ ယဉ်ကျေးမှုလည်းသိ၊ တိုင်းပြည်အကြောင်းလည်းကောင်းကောင်းသိပြီး ဘယ်နေရာသွားသွား ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကိုယ်စားပြုနိုင်တဲ့ ကလေးမျိုးတွေ မွေးထုတ်ပေးချင်တာဖြစ်လို့ ဒီပညာရေးဝန်ဆောင်မှုကိုလုပ်ဖြစ်ခဲ့တာပါ။

Mango ကုမ္ပဏီမှာအစ်မနဲ့အတူရှယ်ယာပါဝင်တဲ့သူတွေ ရှိခဲ့သေးလား။

မလင်းလင်းတင်ထွန်းဆိုတာကရှိတယ်။ သူကအရင် Unilever မှာလုပ်လာတော့ မာကက်တင်းပိုင်းတတ်ကျွမ်းတယ်၊ အစ်မကကျတော့ Advertising ပိုင်းကျွမ်းတယ်လို့ပြောလို့ရတယ်။ Mango ကိုလည်း နှစ်ယောက်အတူတူ ပူးပေါင်းလုပ်ခဲ့တာပါ။ လုပ်ငန်းစတုန်းကဆိုလူလေး ၅ ယောက်လောက်ပဲရှိတယ်။ အခုတော့လည်းဝန်ထမ်း ၂၀၀ ကျော်လောက်ရှိလာပါပြီ။

ပြည်တွင်းမှာရိုးရိုးသာမန်ကြော်ငြာနေတဲ့အချိန်မှာအစ်မတို့ရဲ့ Mango ကြော်ငြာလုပ်ငန်းကိုစခဲ့တယ်၊ ပြောင်းလဲဖို့အချိန်တန်ပြီလို့လည်း ပြောခဲ့တယ်ဆိုတော့ ကြော်ငြာနဲ့ပတ်သက်ရင် ဘယ်လိုအချက်တွေပေါ် မူတည်ပြီး လူတွေရဲ့အကြိုက်ကပြောင်းလဲတတ်တယ်လို့ မြင်ပါသလဲ။

ပြောင်းသင့်နေပြီဆိုတာက ရိုးရိုး Traditional မင်းသမီး၊ မင်းသားပြေးတယ်၊ သီချင်းဆိုတယ်ဆိုတဲ့ နေရာကနေပြောင်းဖို့ပေါ့နော်၊ ဘာလို့လည်းဆိုတော့ Consumer တွေပြောင်းလဲမှုကြောင့်ပါ၊ အရင်ကိုယ်တားဂတ်ထားခဲ့တဲ့ လူတစ်စုကအခုလက်ရှိမှာအသက်ကြီးသွားမယ်၊ သူတို့နေရာမှာ နောက်ထပ်ကြော်ငြာကြည့်ဖို့ ဝင်လာမယ့်သူတွေက Generation က အသစ်ဖြစ်သွားပြီ။ လူငယ်တွေရဲ့အကြိုက်ကမတူတော့ဘူး၊ အရင်အတိုင်းပဲဆက်ပြီးကြော်ငြာနေမယ်ဆိုရင် Target Audience ကိုဆွဲဆောင်နိုင်မှာမဟုတ်ဘူး၊ Market ရဲ့ Trend အပြောင်းအလဲကိုသိထားဖို့လိုတယ်၊ Media မှာဘာတွေပြောင်းနေပြီလဲ၊ ပြောင်းနေတဲ့ မီဒီယာကိုသုံးစွဲတဲ့သူတွေရဲ့အတွေးအမြင်တွေကရော ဘယ်ဘက်ကိုသွားနေပြီလဲဆိုတဲ့ အပြောင်းအလဲနောက်ကိုအမီလိုက်နိုင်ဖို့လိုတယ်။ မလိုက်နိုင်ရင် ဆွဲဆောင်မှုမရှိဘဲ Target လွဲနေတဲ့ ကြော်ငြာမျိုးဖြစ်နေမယ်၊ ဒါဆိုကြော်ငြာခသုံးလိုက်တဲ့ဟာကအလဟဿ     ကုန်သွားမှာလေ။ ပြည်တွင်းကလူတွေကသီချင်းလည်းကြိုက်တယ်၊ ဒရမ်မာလည်း ကြိုက်တယ်၊ ဒီတော့ သီချင်းဆိုမနေနဲ့ ကမနေနဲ့တော့လို့ မဟုတ်ဘူး၊ ဒီဟာကိုပဲပိုပြီးဆန်းသစ်တဲ့နည်းနဲ့ ဘယ်လိုပြန်ပြောင်းမလဲဆိုတာကို နည်းလမ်းရှာခဲ့တာပါ။

Marketing နဲ့ Advertising ကရော ဘယ်လိုကွဲပြားမှုရှိတာပါလဲ။

Advertising က မာကက်တင်းလုပ်ငန်းထဲကတစ်စိတ်တစ်ဒေသပေါ့။ Marketing ဆိုတာထဲမှာ Advertising ပါတယ်၊ Promoting တွေပါတယ်၊ Sales ပါတယ်လေ။ Marketing ပုံစံမကျလို့ Sales ကျတယ်ဆိုရင် Advertising ပိုင်းမှာလည်း ပိုက်ဆံမဖြုန်းနိုင်တော့ဘူး။ အဲလိုပဲ Advertising မကောင်းလို့ရှိရင် သူတို့ Brand ကို Branding ကောင်းကောင်းမလုပ်နိုင်ဘူး၊ ဒါဆိုရင်ကုန်ပစ္စည်းရဲ့အရောင်းကျတယ်၊ ဒါတွေကဆက်စပ်နေတာပေါ့။

ပြည်တွင်းမှာလုပ်ငန်းရှင်တွေကြော်ငြာတဲ့ပုံစံကရောပြောင်းလဲလာတာရှိသေးလား။

မြန်မာနိုင်ငံကလုပ်ငန်းရှင်တော်တော်များများကကြော်ငြာဝင်ငွေကိုမသုံးချင်ကြဘူး၊ နှမြောတယ်၊ ကြော်ငြာမှာသုံးမယ့်အစား တခြားဟာလုပ်လိုက်ချင်ကြတယ်။ သူတို့အတွေးမှားသလားဆိုတော့ မှားတယ်လို့လည်းမပြောလိုပါဘူး။ ကြော်ငြာခကုန်မယ့်ပိုက်ဆံကိုပစ္စည်းကောင်းကောင်းထုတ်လိုက်မယ်၊ Packaging ကောင်းကောင်းလုပ်လိုက်မယ်ပေါ့လေ၊ ဒါပေမယ့် ဒီဟာတွေကောင်းပါတယ်ဆိုတာကို ရောင်းချင်တဲ့သူတွေဆီသိအောင်မလုပ်နိုင်ရင် ဘယ်လိုရောင်းရမလဲဆိုတာ စဉ်းစားသင့်တယ်။ အခုနောက်ပိုင်းဆိုရင် အပြိုင်အဆိုင်တွေကပိုများလာတယ်၊ ပြည်တွင်းအချင်းချင်းမှာတောင် ပြိုင်လာရတာလေ။ Packaging နေရာမှာလည်းယှဉ်ရတယ်၊ လူတွေဆီရောက်အောင်လုပ်တဲ့နေရာမှာလည်းယှဉ်လာရတာပါ။ ပြီးတော့ လူတွေဆီရောက်ရုံတင်မဟုတ်ဘူး၊ လူတွေရဲ့ပါးစပ်ဖျားမှာစွဲနေတဲ့ ထုတ်ကုန်တစ်ခုဖြစ်ဖို့လည်း ယှဉ်ပြိုင်ရတယ်၊ အသစ်ဖန်တီးမှုတွေကအရေးပါလာတယ်၊ အခုနောက်ပိုင်းဆိုရင် Online တွေပါလာပြီ။ Ongroundလို့ခေါ်တဲ့ Activities တွေလုပ်တာပွဲတွေလုပ်တာပါလာပြီ၊ တစ်ခုကံကောင်းတာက နိုင်ငံခြားကုန်ပစ္စည်းအသစ် ထပ်ဝင်လာတဲ့ နှုန်းကကျသွားတာပါ။ ရှိနေပြီးသား နိုင်ငံခြားကုန်ပစ္စည်းတွေကလည်း အရင်လောက်ဘတ်ဂျက်အများကြီးကြော်ငြာအတွက် မသုံးကြတော့ဘူး။ ဒါကြောင့် ပြည်တွင်းကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုကို ပိုထိရောက်အောင် ကြော်ငြာလို့ရလာတဲ့အချိန်လို့ ပြောလို့ရတယ်။ နိုင်ငံခြားကုန်ပစ္စည်းတွေနဲ့ ယှဉ်ပြီးသူတို့ထက်ပေါက်အောင်လုပ်နေရတာက ပိုက်ဆံအများကြီးကုန်တယ်လေ။ ဒါဟာ ပြည်တွင်းလုပ်ငန်းတွေအတွက် အခွင့်ကောင်းလို့မြင်တယ်။ ဒီအချိန်မှာ ကိုယ့်ပြည်တွင်းကုန်ပစ္စည်းတွေကို သုံးစွဲသူတွေခေါင်းထဲမှာစွဲနေအောင် နေရာရအောင်ယူထားလိုက်ရင် နောက်ထပ် နိုင်ငံခြား Product တွေ ထပ်ဝင်လာပေမယ့် သိပ်စိတ်ပူစရာမလိုတော့ဘူးလို့ ထင်ပါတယ်။

ကြော်ငြာတွေမှာ ဘတ်ဂျက်သိပ်မသုံးတော့ဘူးဆိုတာက ဘယ်လောက်ရာခိုင်နှုန်းလောက် ဖြစ်နိုင်မလဲရှင့်။

အစ်မမြင်တာ နိုင်ငံခြားကုန်ပစ္စည်းတွေ ကြော်ငြာမှာသုံးတဲ့နှုန်းက ၁၅ % လောက်ကျသွားတယ်၊ ကြော်ငြာနှုန်းလျော့လိုက်တာ။ ဒါပေမယ့် ဒီအကျကအွန်လိုင်းဘက်ရောက်သွားတာလည်း ဖြစ်နိုင်တယ်။ Local ကုမ္ပဏီတွေကအရင်ကကြော်ငြာအတွက် သုံးရမယ့် ဘတ်ဂျက်က ၁၀၀ ဆိုရင် အခု ၈၀ ဖိုးလောက်သုံးရင် ရနေပြီ။ အရင်ကတော့ အစ်မတို့ဆီမှာကုန်ပစ္စည်းတွေက လက်ချိုးရေလို့ရတယ်လေ။ အခုဆိုရင် အချိုရည်တွေများလာတယ်၊ ခေါက်ဆွဲခြောက်တွေများလာတယ်၊ ခေါင်းလျှော်ရည်တွေ၊ ရွှေဆိုင်တွေရဲ့ ကြော်ငြာများလာတယ်၊ နောက်ကျတော့ တယ်လီကွန်းတွေအပြိုင်အဆိုင်ဖြစ်လာတယ်၊ အဲဒီကနေနောက်ဆက်တွဲမိုဘိုင်းဖုန်းတွေ ဆက်ကြော်ငြာလာကြတယ်၊ အဲဒီလိုကြော်ငြာတဲ့အခါမှာ ကုန်ပစ္စည်းကိုလည်းကြော်ငြာတယ်၊ ပရိုမိုးရှင်းတွေလည်းပေးကြတယ်၊ ဒါတွေကသုံးစွဲသူတွေဆီကို အကျိုးသက်ရောက်မှု ဖြစ်စေတယ်ဆိုတာကိုသတိထားပြီးကြော်ငြာကို Ethical ဖြစ်ဖြစ် ကြော်ငြာစေချင်တယ်။ တချို့က Misused ဖြစ်စေတာမျိုး၊ Misleading ဖြစ်စေတာမျိုး ကြော်ငြာလေ့ရှိတယ်။ ဒီကုန်ပစ္စည်းသည် ကောင်း၏ မကောင်း၏ ဘယ်အရွယ်တွေ ဘယ်လိုသုံးသင့်တယ်ဆိုတာမျိုး မပြတော့ဘဲ သူတို့ကုန်ပစ္စည်းသည်အကုန်အကောင်း၊ လူတိုင်းသုံးလို့အဆင်ပြေတယ်ဆိုတာမျိုး ကြော်ငြာကြတယ်။ အဲဒီမှာကလေးမသုံးစွဲရတဲ့ ပစ္စည်းကိုကလေးတွေက သုံးဖြစ်သွားတယ်။ နောက်ပြီးတော့ အားဖြည့်အချိုရည်တွေဆိုရင်လည်း ဘယ်လောက်အတိုင်းအတာသုံးရင် အကျိုးရှိတယ်၊ ဘယ်လောက်သုံးမိရင် အကျိုးမရှိဘူးဆိုတာတွေ၊ နောက်ပြီးပစ္စည်းအတုတွေ ဒါတွေကိုစိစစ်ဖို့လိုတယ်၊ ဒါတွေက သုံးစွဲသူကို ထိခိုက်နိုင်တယ်လေ။ ကြော်ငြာရှင်တွေအနေနဲ့ရော၊ ကြော်ငြာလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အေဂျင်စီတွေကရော သိက္ခာရှိရှိအလုပ်လုပ်သင့်တယ်။ သုံးစွဲသူတွေကလည်း ဒါတွေကိုသိထားအောင် လေ့လာသင့်တယ်၊ အခုဆိုရင် ကုန်ပစ္စည်းမှာ ဘာတွေပါတယ်၊ ဘယ်လိုလူတွေပဲ သုံးသင့်တယ်ဆိုတာ ရေးရတော့မယ်၊ ဒါတွေကိုလည်း သုံးစွဲသူတွေအနေနဲ့ ဖတ်ကြည့်ပြီးမှ သုံးစေချင်ပါတယ်။ ဥပမာကော်ဖီဆိုတာ ကလေးသောက်ဖို့ကောင်းတဲ့အရာ မဟုတ်ဘူး၊ ပြီးတော့ အားဖြည့်အချိုရည်လိုမျိုးကို ကလေးငယ်တွေက များများသောက်မိရင် စိတ်က ထိန်းမရသိမ်းမရဖြစ်တတ်တာလေ။ အဲဒီအခါ စာသင်တဲ့အခါမှာလည်း အနှောင့်အယှက်ဖြစ်တယ်လေ၊ ကလေးမသောက်ရတဲ့ ကော်ဖီကိုကလေးနဲ့ ကြော်ငြာတာတွေလည်း တွေ့ရတယ်၊ မလုပ်သင့်ပါဘူး။ ပြီးတော့ အရက်နာမည်တွေကို တစ်ခြားပစ္စည်းအနေနဲ့ ကြော်ငြာတာမျိုးတွေကိုလည်း အစိုးရဘက်ကကိုင်တွယ်သင့်တယ်။

Mango ကုမ္ပဏီရယ်လို့ စတင်ခဲ့ချိန်ကနေအခုအချိန်အထိဘယ်လိုအပြောင်းအလဲတွေ ကြုံခဲ့ရပါသေးလဲ။

စစချင်းအစ်မတို့ရဲ့ကုမ္ပဏီနာမည်က Mango Marketing ပါ။ အဲဒီကနေမှ အစ်မကMango Media ဆိုပြီး ခွဲထွက်လိုက်တယ်၊ Mango Marketing ကတော့ မလင်းလင်းတင်ထွန်းကပဲဆက်ပြီးကိုင်တွယ်နေတယ်၊ သူက Creative ပိုင်းကြော်ငြာပိုင်းဖန်တီးတဲ့အပိုင်းတွေလုပ်တယ်။ အစ်မတို့ကတော့ Media Planning ပိုင်းတွေဖြစ်တဲ့ တီဗီမှာကြော်ငြာထည့်တာတို့ Print မှာကြော်ငြာထည့်တာတို့ လုပ်တယ်။ နောက်ပိုင်းမှာ PR တွေ စပြီးလမ်းပွင့်လာတော့ Public Relation ဝန်ဆောင်မှုပေးဖို့ Mango Steen ဆိုတာကိုစတယ်၊ Mango Steen လုပ်နေရင်းနဲ့ တယ်လီကွန်းတွေခေတ်စားလာဒီဂျစ်တယ်ဘက်အားသန်လာကြတာနဲ့ Wave Digital ကိုစဖြစ်တယ်၊ Wave Digital ပြီးသွားတော့ နောက်ထပ်တစ်ခုထပ်လုပ်ဖြစ်တယ်၊ အဲဒါက Passion Point ဆိုတဲ့ဟာပါ။ ဒါကိုဘာလို့လုပ်လဲဆိုရင် အစ်မတို့ဆီမှာရှိနေတဲ့ Client တွေနဲ့ လုပ်ငန်းတူအပြိုင်ဖြစ်နေတဲ့ သူတွေကသူတို့လည်း Mango ကိုသုံးချင်ပါတယ်၊ Mango Services လိုချင်ပါတယ်လို့ ဖြစ်လာတဲ့အချိန်မှာ Mango အနေနဲ့ကတော့ ပြိုင်ဖက်ကုမ္ပဏီနှစ်ခုတစ်ပြိုင်တည်းလက်ခံလို့မရဘူး၊ ဒါကြောင့် Mango အောက်မှာရှိနေပေမယ့် သီးသန့်ကိုယ့်အုပ်စုနဲ့ကိုယ် အလုပ်လုပ်တဲ့  Passion Point ကိုစတယ်။ ဒီနှစ်အစမှာတော့ M Extra ဆိုတာကိုအသစ်ထပ်စခဲ့တယ်။ အဲဒါကမီဒီယာတွေနဲ့ Trade လုပ်တဲ့ပုံစံမျိုးပါ၊ မီဒီယာတွေမှာ ဘာတွေလုပ်လို့ရနိုင်မလဲ၊ သူတို့နဲ့ Brand တွေ ဘယ်လိုပူးပေါင်းနိုင်မလဲ၊ အဲဒီလိုလုပ်ချင်းအားဖြင့် Client တွေမှာ ဘယ်လိုအကျိုးရှိမလဲဆိုတာကိုပဲဦးတည်ထားတယ်လို့ ပြောရမှာပါ။

ကုမ္ပဏီဖြတ်သန်းခဲ့တဲ့တစ်လျှောက် ကြုံခဲ့ရတဲ့ အခက်အခဲမျိုးတွေ ဘာတွေ ရှိပါသေးလား။

ကိုယ်ပိုင် ကုမ္ပဏီထောင်ခဲ့တုန်းက ကိုယ့်မိဘလုပ်ငန်းကိုပဲ ဆက်လုပ်တာမဟုတ်ဘဲ  ကိုယ်ပိုင်သီးခြားစထောင်ရတာဖြစ်လို့ အခက်အခဲတွေ အများကြီးရှိတယ်၊ ငွေရေးကြေးရေးကအစ လုပ်ရကိုင်ရတာကအစ ခက်ခဲပြီး အသစ်ကိုလက်မခံချင်တဲ့ ပြိုင်ဖက်တွေကလည်းအများကြီးတိုက်ခိုက်ကြတယ်။ ပြီးတော့ မိန်းကလေးငယ်ငယ်နှစ်ယောက်လုပ်ရတာဖြစ်လို့ ပြောရဆိုရခက်ခဲတာတွေ ဘာတွေကြုံတယ်။ အဲဒီအချိန်တုန်းကမိန်းကလေးငယ်သေးတယ်ဆိုရင် မခန့်လေးစားပုံစံဆက်ဆံခံရတယ်။ တစ်ဖြည်းဖြည်းလုပ်သက်ရလာပြီးအလုပ်အကိုင်ကျွမ်းကျင်လာချိန်မှာတော့ အဆင်ပြေလာတယ်လို့ ပြောလို့ရတယ်။ အမျိုးသမီးဖြစ်နေလို့ မိသားစုကိုအချိန်ပေးရတဲ့အခါ အလုပ်ချိန်ပြီးသွားတဲ့အခါမှာ တစ်ခြားသူတွေလို Business Talk တွေ တွေ့ဆုံမှုတွေအတွက် အခက်အခဲရှိတယ်။ ပြီးတော့ ယောက်ကျားမိန်းမဆိုတဲ့ ကွာခြားမှုကြောင့် ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာတစ်ခုအပေါ် သူတို့ဘက်ကဘယ်လိုတွေးမလဲဆိုတာတွေလည်းထည့်စဉ်းစားရတယ်၊ အသက်ကြီးလာတာနဲ့အမျှတော့ ဒီအခက်အခဲကလျော့သွားတယ်။ လူတော်တော်များများကတော့ မိန်းမတစ်ယောက်ပြောတာ၊ မိန်းမတစ်ယောက် လွှမ်းမိုးမှုအပေါ် ချက်ချင်းကြီးလက်ခံဖို့ ခက်ခဲကြတယ်။ ဒါက ပြည်တွင်းမှာရော ပြည်ပမှာရောရှိနေတုန်းပဲလေ။ ပြီးတော့ မိန်းမဖြစ်နေလို့ အမျိုးသားတွေနဲ့ မတူတဲ့အချက်ကခရီးတွေဘာတွေသွားရင်တောင် စိတ်သွားတိုင်းကိုယ်မပါတာတွေရှိတယ်။ ဒါပေမယ့် အစ်မကအခက်အခဲကိုကြောက်တဲ့အထဲမပါဘူး၊ အခက်အခဲတစ်ခုရှိရင် အမြဲထိပ်တိုက်တွေ့ပြီး ရင်ဆိုင်လိုက်တာပါပဲ။ နိုင်ငံခြားသားတွေအတွက် အလုပ်လုပ်ပေးရတယ်ဆိုရင် အခက်အခဲကသူတို့ရဲ့ Demand ပဲ၊ သူတို့တောင်းဆိုမှုတွေကအရမ်းမြင့်တယ်။ ကိုယ့်ဈေးကွက်ထဲမှာ လုပ်လို့မရတာမျိုးအထိ တောင်းဆိုတာရှိတယ်။

Client တွေအတွက် နှုန်းထားသီးသန့် လုပ်ဆောင်ပေးတာမျိုးရောရှိသေးလားရှင့်။

လူမှုရေးလုပ်ငန်းတွေအတွက်ဆိုရင် နှုန်းထားသီးသန့်လုပ်ပေးတယ်၊ အခုဆိုရင် Beautiful Rakhineဆိုတာလေးလုပ်တယ်၊ ရခိုင်ပြည်နယ်ရဲ့ အလှအပတွေကိုတစ်ခြားသူတွေလည်းမြင်စေချင်တယ်၊ ပြီးတော့ အစ်မတို့ရဲ့ Team အနေနဲ့လည်း အမှိုက်မပစ်ရတဲ့ ကမ်ပိန်းလေးတွေဘာတွေလည်းလုပ်နေပါတယ်။

ပြည်ပနဲ့ ပူးပေါင်းလုပ်ကိုင်နေတာမျိုးရောရှိပါသလား။

ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုအနေနဲ့ကတော့ တကမ္ဘာလုံးမှာရှိတဲ့ အေဂျင်စီအကြီးကြီးတွေနဲ့ ကူးလူးဆက်ဆံမှုရှိတယ်၊ ပြည်တွင်းကလိုအပ်ချက်ရှိရင် သူတို့ဆီကအကူအညီယူသလို သူတို့ဘက်က ပြည်တွင်းနဲ့ပတ်သက်ပြီး တစ်ခုခု သိချင်တာရှိရင် အစ်မတို့ဘက်က အကူအညီပေးပါတယ်။ သူတို့ကတော့ အစ်မတို့ကုမ္ပဏီထဲမှာ ရှယ်ယာပါတာမျိုးတွေတော့ မရှိပါဘူး။

ပြည်တွင်းမှာအခု နိုင်ငံခြားက PR ကုမ္ပဏီတွေ၊ မာကက်တင်းလုပ်ငန်းတွေလည်းရှိနေတော့ ပြည်တွင်းကုမ္ပဏီအနေနဲ့ လုပ်ကိုင်ရတဲ့အခါအားသာချက် အားနည်းချက်တွေကဘာတွေဖြစ်မလဲ။

အစ်မတို့က ကိုယ့်နိုင်ငံကလူတွေရဲ့လိုအပ်ချက်၊ ထင်မြင်ယူဆချက်တွေကိုပိုသိတယ်၊ ကြိုခန့်မှန်းလို့ရတယ်။ ပြဿနာတစ်ခုပေါ်လာရင် မြန်မာနည်းမြန်မာဟန်နဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာတွေကို Culture ပိုင်းဆိုင်ရာအရပိုသိတယ်၊ တစ်ချို့ နိုင်ငံခြား Client တွေဆိုလည်းမြန်မာတွေကို Target ထားချင်တာဖြစ်လို့ အစ်မတို့က မြန်မာ Culture အားသာတဲ့အတွက် အစ်မတို့ကုမ္ပဏီနဲ့ လက်တွဲရတာ ပိုသဘောကျတာလည်း တွေ့ရပါတယ်။

သာလွန်ကျောင်းဘက်မှာရော ထပ်ပြီးတိုးချဲ့ဖို့ အစီအစဉ်တွေရှိပါသေးလား။

သာလွန်မှာလောလောဆယ်တော့ Pre schoolကနေ Grade 11 အထိရှိနေတယ်၊ နောက်နှစ်ကြရင် Grade 12 အထိထားသွားဖို့ရှိတယ်။ နိုင်ငံခြားပညာရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့အသိအမှတ်ပြုတာရဖို့လည်း ကြိုးစားနေပါတယ်။

ဖြည့်စွက်ပြောချင်တာရှိပါသေးလား။

ပြောချင်တာကလူငယ်တွေကိုပါ။ အခုခေတ် လူငယ်တွေကအရမ်းစိတ်လောတယ်လို့ မြင်တယ်၊ လူငယ်တွေအနေနဲ့ သင်ယူစေချင်တယ်၊ အရင်လိုလေ့လာဖို့ခက်ခဲတဲ့ ခေတ်မဟုတ်တော့ဘူးလေ၊ အွန်လိုင်းမှာတင်ပဲ လေ့လာစရာတွေ အများကြီးရှိတယ်လေ။ ဒါတွေကိုတစ်နေ့ ၁ နာရီလောက်ပဲ အချိန်ပေးလေ့လာရုံနဲ့ အဆင်ပြေတယ်။ ပြီးတော့ တချို့ရှိတယ်။ ရာထူးကြီးမှလုပ်ချင်တာ၊ ဖြည်းဖြည်းချင်းပဲသွားစေချင်တယ်၊ အောက်သက်ကျေသွားရင် ကိုယ်ကအားလုံးလည်းတတ်သွားတယ်၊ ကိုယ်ရောက်တဲ့နေရာနဲ့ တန်တဲ့အရည်အချင်းလည်း ရှိလာမယ်လို့ မြင်တယ်။ တအားလောလောနဲ့ Demand လုပ်ပြီး ရာထူးကြီးကြီးယူလိုက်ရင် ဒီရာထူးနဲ့တန်တဲ့ ဗဟုသုတမျိုးမရှိရင် အဆင်မပြေဘူးလေ။ လူငယ်တွေ အဲဒီလိုမဖြစ်ချင်ပါနဲ့ အောက်သက်ကျေပါ၊ စိတ်ရှည်ပါ၊ ဖြည်းဖြည်းချင်းတက်ပါလို့ ပြောချင်ပါတယ်။ ကျရှုံးမှု အခက်အခဲကြုံတိုင်း လက်မလျော့ဖို့ နောက်ပြန်မပြေးဖို့လည်းလိုသလိုလုပ်ကြည့်ပြီး ၃ နှစ်ကျော်လို့မှ မအောင်မြင်ဘူးဆိုရင် ဒီနေရာတစ်ခုက ကိုယ်မရှိသင့်တော့တဲ့နေရာတစ်ခုဖြစ်နေပြီလို့လည်း သိဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာက Business Plan ကောင်းကောင်းတစ်ခုဆွဲနိုင်ရင် Invest လုပ်ပေးမယ့် စီးပွားရေးသမားတွေက အများကြီးရှိနေပါတယ်။ ပြီးတော့ နောက်တစ်ခုရှိတာကလုပ်ငန်းရှင်ဖြစ်မှ အောင်မြင်တယ်ဆိုတာမဟုတ်ပါဘူး၊ တချို့တွေဆိုလုပ်ငန်းခွင်တွေမှာ သူ့ရဲ့ရာထူးတစ်ခုနဲ့ လခတွေအများကြီးရပြီး လုပ်ငန်းတွေက သူမရှိရင်မဖြစ်လောက်အောင် နေရာတစ်ခုရနေရင်လည်း အောင်မြင်တာပါပဲလို့ ပြောချင်ပါတယ်။

အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here