ဆီးခ်ိဳသမားေတြအတြက္ သတိျပဳရန္အခ်က္မ်ား

0
79

photo – healthline

ေနမေကာင္းျဖစ္ေနတာ ဆီးခ်ိဳေရာဂါျဖစ္ေနလို႔ဆိုၿပီး၊ မက္ေဖာ္မင့္ မနက္တစ္လံုးညတစ္လံုး ေသာက္တယ္ဆိုေနၾကတာေတြကို အျပင္မွာေရာ၊ လိုင္းေပၚမွာဖတ္ေန၊ေတြ႔ေနရေလေတာ့ ေခတ္ကိုက ဆီးခ်ိဳေခတ္လို႔မ်ားေတာင္ တင္စားလုိက္ခ်င္ပါတယ္။ ဆီးခ်ိဳဆိုတာက လူ႔ရဲ႕ ခႏၶာကိုယ္ထဲမွာ အစကတည္းက ရွိေနတာမ်ိဳးပါ။ မိမိတို႔ရဲ႕ မဆင္မျခင္ အစားအေသာက္ေတြပို ကဲစားသံုးမိတဲ့အတြက္ေၾကာင့္ ဆီးခ်ိဳျမင့္တက္လာတာမ်ိဳးေတြျဖစ္လာတာကို ေဆးနဲ႔လည္းထိန္းလို႔ရသလို၊ အစားအေသာက္၊ အားကစားလုပ္ျခင္းမ်ားျဖင့္လည္း ထိန္းႏိုင္တယ္ဆိုတာေလးအႀကံေပးခ်င္ပါတယ္။

photo -News Indianexpress.com

ဆီးခ်ိဳေရာဂါေ၀ဒနာရွင္ေတြ မ်ားလာသေလာက္ လကၡဏာေတြကလည္း တစ္ဦးနဲ႔တစ္ဦးဟာ မတူညီၾကတာကို အမ်ားႀကီးေတြ႔ေနရပါတယ္။ ဒီေလာက္မ်ားျပားေနတဲ့ အထဲမွာကိုပဲ ေဆးကို မနက္တစ္ခါ ညတစ္ခါေသာက္ရံုနဲ႔ ေရာဂါေတြ ေမြးေနၾကတဲ့သူေတြ ေနာက္ထပ္ ဘယ္ႏွေယာက္ေလာက္ရွိေနမလဲဆုိတာ ေတြးၾကည့္လိုက္တာနဲ႔တင္ ရင္ေလးေနမိပါတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕ကလည္းဆရာ၀န္ညႊန္ၾကားလို႔ ေသာက္ေနေပမယ့္၊ တခ်ိ႕ကေတာ့ မိတ္ေဆြအခ်င္းခ်င္း လမ္းညႊန္ေပးမိတာမ်ိဳးကစလို႔ ေသာက္ေနၾကတာလည္းရွိပါတယ္။

photo – pleinevie.fr

တျခားလူ လမ္းညႊန္ေပးလို႔ တစ္ေန႔ ၂လံုးေသာက္သံုးေနၾကတဲ့ မိတ္ေဆြတို႔အတြက္ သတိေပးစကားေလးေျပာျပေပးခ်င္ပါတယ္။ ကိုယ္တိုင္လည္း ဆီးခ်ိဳသမားျဖစ္ေနတာမို႔  ဒီေဆးအေၾကာင္းေလးေျပာထားေပးတဲ့ သတင္းေလးကို ဖတ္မိၿပီးတဲ့ေနာက္မွာေတာ့ ရင္းႏွီးတဲ့ သူနာျပဳ ဆရာမတစ္ေယာက္ကို ေမးၾကည့္ခဲ့ဖူးပါတယ္။ ကိုယ္တိုင္ကလည္း တျခားေဆးေတြနဲ႔ အတူ ေန႔တိုင္းေသာက္ေနရတာဆိုေတာ့ ေက်ာက္ကပ္နဲ႔ ပတ္သက္တာ ဘယ္လိုလုပ္ရမလဲဆိုတာမ်ိဳးေမးမိတဲ့အခါ  ကိုယ္ျပေနက်ဆရာ၀န္က ဘာမွမညႊန္ၾကားရင္မလိုအပ္လို႔ မေျပာတာမို႔ ေက်ာက္ကပ္ျဖစ္မွာ မပူပါနဲ႔လို႔ ေျပာသြားပါတယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕ က်န္းမာေရးကိုေတာ့လည္း ေန႔တိုင္းစစ္ေဆးဖို႔လိအပ္တာကိုေတာ့ ေမ့မေနပါနဲ႔လို႔ေတာ့ ေျပာခ်င္ပါတယ္။ ဆီးခ်ိဳေန႔တိုင္းစစ္ရပါမယ္။ မွတ္တမ္းေလးထားရင္ အေကာင္းဆံုးျဖစ္ပါတယ္။

photo – VerywellHealth

သူမ်ားေတြေျပာတိုင္းေသာက္တတ္တဲ့ အင်င့္ေလးေတြကေတာ့ လံုး၀မေကာင္းတာမို႔ ကိုယ့္စိတ္ထဲမွာ သံသယျဖစ္ေနရင္ အရင္ဆံုး နီးစပ္ရာေဆးရံုေဆးခန္းကိုသာ အေျခအေနလးေျပာျပၿပီး၊ ေဆးစစ္ၾကည့္ၿပီးမွလိုအပ္တာေလးေတြဆက္လုပ္ပါလို႔ေျပာခ်င္ပါတယ္။ ဆီးခ်ိဳသမားခ်င္းပဲ ငါလည္းေသာက္လို႔ ရတယ္မလုပ္မိဖို႔ သတိေပးခ်င္ပါတယ္။ ဆီးခ်ိဳသမားခ်င္းတူေပမယ့္ ေသာက္ရတဲ့ ေဆးေတြက မတူတာေတြ အမ်ားႀကီးရွိေနတာမို႔ မိမိဘာသာ ျပလို႔ ညႊန္ၾကားထားတဲ့ေဆးကိုပဲေသာက္ပါလို႔ ေျပာခ်င္ပါတယ္။ ေဆးေသာက္ေနတာပဲဆိုၿပီးေတာ့လည္း အစားအေသာက္ေသာင္းက်န္းမိရင္ ကိုယ္ပဲခံရမွာျဖစ္တာမို႔ ဆင္ျခင္သင့္ပါတယ္။ ေဆးလည္းေသာက္၊ အစားလည္းဆင္ျခင္၊ ေန႔တိုင္းလည္း စစ္ေဆးမႈေတြလုပ္မယ္ဆိုပါက အႏၱရာယ္ကင္းေစမွာျဖစ္ပါတယ္။ ဆယ္ႏွစ္ေလာက္ ဒီေဆးတစ္မ်ိဳးပဲေသာက္ေနၿပီးကာမွ ေက်ာက္ကပ္ပ်က္စီးခ်ိ္န္မ်ားမွ ေဆးရံုေဆးခန္းကို ေရာက္လာၾကတဲ့သူေတြမ်ားလာတာေၾကာင့္ ေစတနာထားေရးသားတင္ျပေပးတဲ့စာေရးသူမ်ားကိုလည္းေက်းဇူးတင္မိပါတယ္။ ကိုယ္လည္း အဲဒီလိုစာရင္းထဲမ်ားပါေနၿပီလားလို႔ ခဏခဏ ဆန္းစစ္ေနမိပါတယ္။ ကာကြယ္ေရးက ကုသေရးအတြက္ပိုေကာင္းပါတယ္။ ဒါေၾကာင့္ တစ္ေန႔ႏွစ္လံုး ေသာက္ေနရံုနဲ႔ မၿပီးတာကို သိၾကၿပလို႔ ထင္ပါတယ္။ မိမိရဲ႕ က်န္းမာေရးအေျခအေနကို မိမိဘာသာလည္း ဂရုစိုက္ဖို႔ လိုအပ္တာမို႔ ဘာထူးျခားလဲဆိုတာ ေန႔တိုင္း မွတ္တမ္းေလးနဲ႔ မွတ္သားထားႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးပါတယ္။

photo – inutryfy.com

(Unicode Version)

ဆီးချိုသမားတွေအတွက် သတိပြုရန်အချက်များ

နေမကောင်းဖြစ်နေတာ ဆီးချိုရောဂါဖြစ်နေလို့ဆိုပြီး၊ မက်ဖော်မင့် မနက်တစ်လုံးညတစ်လုံး သောက်တယ်ဆိုနေကြတာတွေကို အပြင်မှာရော၊ လိုင်းပေါ်မှာဖတ်နေ၊တွေ့နေရလေတော့ ခေတ်ကိုက ဆီးချိုခေတ်လို့များတောင် တင်စားလိုက်ချင်ပါတယ်။ ဆီးချိုဆိုတာက လူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အစကတည်းက ရှိနေတာမျိုးပါ။ မိမိတို့ရဲ့ မဆင်မခြင် အစားအသောက်တွေပို ကဲစားသုံးမိတဲ့အတွက်ကြောင့် ဆီးချိုမြင့်တက်လာတာမျိုးတွေဖြစ်လာတာကို ဆေးနဲ့လည်းထိန်းလို့ရသလို၊ အစားအသောက်၊ အားကစားလုပ်ခြင်းများဖြင့်လည်း ထိန်းနိုင်တယ်ဆိုတာလေးအကြံပေးချင်ပါတယ်။

ဆီးချိုရောဂါဝေဒနာရှင်တွေ များလာသလောက် လက္ခဏာတွေကလည်း တစ်ဦးနဲ့တစ်ဦးဟာ မတူညီကြတာကို အများကြီးတွေ့နေရပါတယ်။ ဒီလောက်များပြားနေတဲ့ အထဲမှာကိုပဲ ဆေးကို မနက်တစ်ခါ ညတစ်ခါသောက်ရုံနဲ့ ရောဂါတွေ မွေးနေကြတဲ့သူတွေ နောက်ထပ် ဘယ်နှယောက်လောက်ရှိနေမလဲဆိုတာ တွေးကြည့်လိုက်တာနဲ့တင် ရင်လေးနေမိပါတယ်လို့ ဆိုပါတယ်။ တချို့ကလည်းဆရာဝန်ညွှန်ကြားလို့ သောက်နေပေမယ့်၊ တချိ့ကတော့ မိတ်ဆွေအချင်းချင်း လမ်းညွှန်ပေးမိတာမျိုးကစလို့ သောက်နေကြတာလည်းရှိပါတယ်။

တခြားလူ လမ်းညွှန်ပေးလို့ တစ်နေ့ ၂လုံးသောက်သုံးနေကြတဲ့ မိတ်ဆွေတို့အတွက် သတိပေးစကားလေးပြောပြပေးချင်ပါတယ်။ ကိုယ်တိုင်လည်း ဆီးချိုသမားဖြစ်နေတာမို့  ဒီဆေးအကြောင်းလေးပြောထားပေးတဲ့ သတင်းလေးကို ဖတ်မိပြီးတဲ့နောက်မှာတော့ ရင်းနှီးတဲ့ သူနာပြု ဆရာမတစ်ယောက်ကို မေးကြည့်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်ကလည်း တခြားဆေးတွေနဲ့ အတူ နေ့တိုင်းသောက်နေရတာဆိုတော့ ကျောက်ကပ်နဲ့ ပတ်သက်တာ ဘယ်လိုလုပ်ရမလဲဆိုတာမျိုးမေးမိတဲ့အခါ  ကိုယ်ပြနေကျဆရာဝန်က ဘာမှမညွှန်ကြားရင်မလိုအပ်လို့ မပြောတာမို့ ကျောက်ကပ်ဖြစ်မှာ မပူပါနဲ့လို့ ပြောသွားပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေးကိုတော့လည်း နေ့တိုင်းစစ်ဆေးဖို့လိအပ်တာကိုတော့ မေ့မနေပါနဲ့လို့တော့ ပြောချင်ပါတယ်။ ဆီးချိုနေ့တိုင်းစစ်ရပါမယ်။ မှတ်တမ်းလေးထားရင် အကောင်းဆုံးဖြစ်ပါတယ်။

သူများတွေပြောတိုင်းသောက်တတ်တဲ့ အငျင့်လေးတွေကတော့ လုံးဝမကောင်းတာမို့ ကိုယ့်စိတ်ထဲမှာ သံသယဖြစ်နေရင် အရင်ဆုံး နီးစပ်ရာဆေးရုံဆေးခန်းကိုသာ အခြေအနေလးပြောပြပြီး၊ ဆေးစစ်ကြည့်ပြီးမှလိုအပ်တာလေးတွေဆက်လုပ်ပါလို့ပြောချင်ပါတယ်။ ဆီးချိုသမားချင်းပဲ ငါလည်းသောက်လို့ ရတယ်မလုပ်မိဖို့ သတိပေးချင်ပါတယ်။ ဆီးချိုသမားချင်းတူပေမယ့် သောက်ရတဲ့ ဆေးတွေက မတူတာတွေ အများကြီးရှိနေတာမို့ မိမိဘာသာ ပြလို့ ညွှန်ကြားထားတဲ့ဆေးကိုပဲသောက်ပါလို့ ပြောချင်ပါတယ်။ ဆေးသောက်နေတာပဲဆိုပြီးတော့လည်း အစားအသောက်သောင်းကျန်းမိရင် ကိုယ်ပဲခံရမှာဖြစ်တာမို့ ဆင်ခြင်သင့်ပါတယ်။ ဆေးလည်းသောက်၊ အစားလည်းဆင်ခြင်၊ နေ့တိုင်းလည်း စစ်ဆေးမှုတွေလုပ်မယ်ဆိုပါက အန္တရာယ်ကင်းစေမှာဖြစ်ပါတယ်။ ဆယ်နှစ်လောက် ဒီဆေးတစ်မျိုးပဲသောက်နေပြီးကာမှ ကျောက်ကပ်ပျက်စီးချိန်များမှ ဆေးရုံဆေးခန်းကို ရောက်လာကြတဲ့သူတွေများလာတာကြောင့် စေတနာထားရေးသားတင်ပြပေးတဲ့စာရေးသူများကိုလည်းကျေးဇူးတင်မိပါတယ်။ ကိုယ်လည်း အဲဒီလိုစာရင်းထဲများပါနေပြီလားလို့ ခဏခဏ ဆန်းစစ်နေမိပါတယ်။ ကာကွယ်ရေးက ကုသရေးအတွက်ပိုကောင်းပါတယ်။ ဒါကြောင့် တစ်နေ့နှစ်လုံး သောက်နေရုံနဲ့ မပြီးတာကို သိကြပြလို့ ထင်ပါတယ်။ မိမိရဲ့ ကျန်းမာရေးအခြေအနေကို မိမိဘာသာလည်း ဂရုစိုက်ဖို့ လိုအပ်တာမို့ ဘာထူးခြားလဲဆိုတာ နေ့တိုင်း မှတ်တမ်းလေးနဲ့ မှတ်သားထားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။