မူစတာဖီနဲ႔ အယ္နီနီတုိ႔ကုိ ေရာင္းခ်ႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနတဲ့ အာဆင္နယ္

0
46

photo – tribuna

ေဒးဗစ္လုဇ္နဲ႔ ဒါနီဆီဘယ္ေလာ့စ္တုိ႔ကုိ ယခုႏွစ္ေႏြရာသီမွာ ေခၚယူခဲ့တာေၾကာင့္ မူစတာဖီနဲ႔ အယ္နီနီတုိ႔ကုိ အရန္ကစားသမားအျဖစ္ေတာင္ မလုိအပ္ေတာ့တာေၾကာင့္ ေရာင္းထုတ္ခ်င္ေနတာလည္းျဖစ္ပါတယ္။

photo – youtube

အဂၤလန္အေျပာင္းအေရႊ႕ေစ်းကြက္ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညက ပိတ္သိမ္းသြားခဲ့ၿပီျဖစ္ေပမယ့္ ေနာက္ခံကစားသမား မူစတာဖီနဲ႔ ကြင္းလယ္ကစားသမား အယ္နီနီတုိ႔ကုိ အျခားလိဂ္ေတြရဲ႕ အေျပာင္းအေရႊ႕ ေစ်းကြက္ မပိတ္သိမ္းခင္အထိ အာဆင္နယ္အသင္းက အေရာင္းစာရင္းထဲမွာထည့္သြင္းသြားမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

Metro ရဲ႕ သတင္းအရ သူတုိ႔ႏွစ္ဦးဟာ အသင္းမွာ ေျခစြမ္းျပသႏုိင္ျခင္းမရွိတာေၾကာင့္ ေရာင္းထုတ္ႏုိင္ဖုိ႔ အာဆင္နယ္အသင္းက ေမွ်ာ္လင့္ေနတယ္လုိ႔ သိရပါတယ္။

photo – talkSPORT

ျပင္သစ္နဲ႔ ဂ်ာမနီကလပ္အသင္းေတြက မူစတာဖီကုိ ေခၚယူဖုိ႔ စိတ္၀င္စားမႈရွိေနတယ္လုိ႔သိရေပမယ့္ လာေရာက္ ညႇိႏႈိင္းမႈစုိးစဥ္းမွ်မရွိေသးဘူးလုိ႔ Evening Standard ရဲ႕ သတင္းအရ သိရပါတယ္။ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီက ၃၇ ပြဲပါ၀င္ကစားခဲ့ေပမယ့္ ခံစစ္အမွားအယြင္းေၾကာင့္ ျပစ္တင္ ေ၀ဖန္မႈေတြကုိ ရင္ဆုိင္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ လြိဳင္ယန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အိမ္ကြင္းပြဲမွာလည္း သူ႔ရဲ႕ အမွားကတစ္ဆင့္ေပးလုိက္ရတဲ့ ဂုိးဟာ လြိဳင္ယန္အသင္းအတြက္ အႏုိင္ဂုိးျဖစ္ေစခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ မူစတာဖီကုိ အသင္းကေန ထြက္ခြာသြားဖုိ႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒါ့အျပင္ နည္းျပ အူႏိုင္းအမ္မရီကလည္း အသင္းသစ္ရွာေဖြႏုိင္ေၾကာင္းေျပာဆုိထားတယ္လုိ႔ သူက ၀န္ခံထားပါတယ္။ လက္ရွိသတင္းမ်ားအရ မူစတာဖီမွာ ျပင္သစ္ကလပ္ မုိနာကုိသို႔ ေျပာင္းေရႊ႕ဖုိ႔ရွိေနတယ္လုိ႔လည္း သိရပါတယ္။

photo – dailystar

အယ္နီနီေျပာင္းေရႊ႕ဖုိ႔အေရးကေတာ့ ဂလာတာဆာေရးအသင္းနဲ႔ ေဆြးေႏြး ညႇိႏႈိင္းမႈေတြျပဳလုပ္ေနေပမယ့္လည္း သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ အလွမ္းေ၀းေနဆဲျဖစ္တယ္လုိ႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

(Unicode Version)

မူစတာဖီနဲ့ အယ်နီနီတို့ကို ရောင်းချနိုင်ဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်

ဒေးဗစ်လုဇ်နဲ့ ဒါနီဆီဘယ်လော့စ်တို့ကို ယခုနှစ်နွေရာသီမှာ ခေါ်ယူခဲ့တာကြောင့် မူစတာဖီနဲ့ အယ်နီနီတို့ကို အရန်ကစားသမားအဖြစ်တောင် မလိုအပ်တော့တာကြောင့် ရောင်းထုတ်ချင်နေတာလည်းဖြစ်ပါတယ်။

အင်္ဂလန်အပြောင်းအရွှေ့ဈေးကွက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့် နောက်ခံကစားသမား မူစတာဖီနဲ့ ကွင်းလယ်ကစားသမား အယ်နီနီတို့ကို အခြားလိဂ်တွေရဲ့ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းခင်အထိ အာဆင်နယ်အသင်းက အရောင်းစာရင်းထဲမှာထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Metro ရဲ့ သတင်းအရ သူတို့နှစ်ဦးဟာ အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ရောင်းထုတ်နိုင်ဖို့ အာဆင်နယ်အသင်းက မျှော်လင့်နေတယ်လို့ သိရပါတယ်။

ပြင်သစ်နဲ့ ဂျာမနီကလပ်အသင်းတွေက မူစတာဖီကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့သိရပေမယ့် လာရောက် ညှိနှိုင်းမှုစိုးစဉ်းမျှမရှိသေးဘူးလို့ Evening Standard ရဲ့ သတင်းအရ သိရပါတယ်။ ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ၃၇ ပွဲပါဝင်ကစားခဲ့ပေမယ့် ခံစစ်အမှားအယွင်းကြောင့် ပြစ်တင် ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ လွိုင်ယန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း သူ့ရဲ့ အမှားကတစ်ဆင့်ပေးလိုက်ရတဲ့ ဂိုးဟာ လွိုင်ယန်အသင်းအတွက် အနိုင်ဂိုးဖြစ်စေခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ မူစတာဖီကို အသင်းကနေ ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် နည်းပြ အူနိုင်းအမ်မရီကလည်း အသင်းသစ်ရှာဖွေနိုင်ကြောင်းပြောဆိုထားတယ်လို့ သူက ဝန်ခံထားပါတယ်။ လက်ရှိသတင်းများအရ မူစတာဖီမှာ ပြင်သစ်ကလပ် မိုနာကိုသို့ ပြောင်းရွှေ့ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

အယ်နီနီပြောင်းရွှေ့ဖို့အရေးကတော့ ဂလာတာဆာရေးအသင်းနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်နေပေမယ့်လည်း သဘောတူစာချုပ်ချုပ်ဆိုဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။