Myanmar Esports Federation ျဖစ္ေျမာက္လာဖို႔ ဦးေဆာင္ေနတဲ႔ တုိင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာညီမင္းဟန္ႏွင့္ ေတြ႔ဆံုျခင္း

0
6684

(Zawgyi Version)

မၾကာခင္က်င္းပေတာ့မယ့္ ဖိလစ္ပိုင္ဆီးဂိမ္းျပိဳင္ပြဲမွာ Mobile Legend အပါအဝင္ ဂိမ္းအမ်ိဳးအစား ၆မ်ိဳးကို Esports အားကစားနည္းအေနနဲ႔ ထည့္သြင္းယွဥ္ျပိဳင္ခြင့္ျပဳသြားမွာျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာႏုိင္ငံက ဒီျပိဳင္ပြဲကိုဝင္ဖုိ႔ အဆင္သင့္မျဖစ္ေသးလို႔ ဒီႏွစ္ဝင္မျပိဳင္ဘူးလို႔လည္း သတင္းေတြထြက္ေပၚေနတာပါ။ တကယ္တမ္းက ျမန္မာႏုိင္ငံကိုယ္စားျပဳ Esports အဖြဲ႔ခ်ဳပ္ရယ္လို႔ တာဝန္ခံမယ့္ အဖြဲ႔အစည္းမရွိတာေၾကာင့္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာပဲ ျမန္မာပါဝင္ခြင့္ရဖို႔ ျမန္မာႏုိင္ငံကိုယ္စားျပဳ Esports အဖြဲ႔ခ်ဳပ္ျဖစ္လာဖို႔ဦးေဆာင္ေနတဲ႔ တုိင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာညီမင္းဟန္နဲ႔ ေတြ႔ဆံုေမးျမန္းျဖစ္ခဲ႔ပံုကို ေဖာ္ျပေပးလိုက္ပါတယ္။

ဆရာ့ရဲ႕ နာမည္နဲ႔လုပ္ငန္းတာဝန္ကို မိတ္ဆက္ေပးပါဦး။

မႏၱေလးတုိင္းေဒသၾကီး ၊ ေအာင္ေျမသာဇံၿမိဳ႕နယ္ တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ညီမင္းဟန္ပါ။

အခုအသစ္ဖြဲ႔လိုက္တဲ႔ Myanmar Esports အဖြဲ႔ခ်ဳပ္ ျဖစ္ေျမာက္ေရးေကာ္မတီ ဆုိတာေလး ဘယ္ကေန ဘယ္လိုစျဖစ္တယ္ ဆိုတာေလး ေျပာျပေပးပါဦး။

အခုဖြဲ႔လိုက္တဲ႔ျဖစ္ေျမာက္ေရးေကာ္မတီက ဆီးဂိမ္းမွာ Esports နဲ႔ ပတ္သက္တဲ႔ အားကစားနည္းေတြပါဝင္လာမွာျဖစ္တယ္ဆုိေတာ့ ကၽြန္ေတာ္တုိ႔ျမန္မာကလည္း ပါဝင္ႏုိင္ဖို႔ လုပ္ေဆာင္ေပးခ်င္တာနဲ႔ စတင္ျဖစ္တာပါ။ အဖြဲ႔ခ်ဳပ္ရွိမွ ျပိဳင္ပြဲကို ဝင္လို႔ရမယ္ဆုိတာလည္း ရွိတယ္၊  လူငယ္ေတြကလည္း အစိုးရကပါဝင္ျပီးေထာက္ပံ႔ေပးတာမ်ိဳး သူတို႔က လိုခ်င္တယ္ေလ။ ကိုယ္တုိင္ကလည္း အရင္က ဂိမ္းေတြေဆာ့တယ္ေလ၊ အခုလူငယ္ေတြကိုလည္း ျဖစ္ေျမာက္ေစခ်င္တဲ႔သေဘာပါ။

အစိုးရဘက္က ဆီးဂိမ္းမွာျပိဳင္ဖို႔အဆင္မေျပလို႔ ဒီႏွစ္မျပိဳင္ေတာ့ဘူး ဆုိတဲ႔သတင္းၾကားရေတာ့ အဲဒါက ဘယ္လိုေၾကာင့္ပါလဲ။

အဖြဲ႔ခ်ဳပ္မရွိလို႔သာ မျပိဳင္ရဘူးျဖစ္ေနတာကိုး၊ အခုအဲဒါေၾကာင့္ အဖြဲ႔ခ်ဳပ္ျဖစ္လာဖို႔ အဓိက လုပ္ေဆာင္ေနတာပါ။ ဥပမာ ျခင္းလံုးဆိုရင္ ျခင္းလံုးအဖြဲ႔ခ်ဳပ္ရွိတယ္ေလ၊ ေဘာလံုးဆိုလည္း ေဘာလံုးအဖြဲ႔ခ်ဳပ္ရွိတယ္ေလ၊ အခု Esports မွာလည္း အဖြဲ႔ခ်ဳပ္ရွိမွ ျပိဳင္ပြဲဝင္လို႔ရမွာေပါ့။ ျပည္တြင္းက အစိုးရ အေနနဲ႔ကလည္း ဒါကို အားကစားတစ္ခုအေနနဲ႔ သိပ္ျပီးမျမင္ေသးဘူး၊ ဒါကိုဂိမ္းလို႔ပဲ ျမင္တာမ်ိဳးျဖစ္ေနတယ္၊ ဒါကို အားကစားတစ္ခုအေနနဲ႔ျမင္လာေအာင္၊ ဖိလစ္ပိုင္ဘက္ကသတ္မွတ္ထားတဲ႔ အခ်ိန္အတိုင္းအတာအတြင္း အမီျဖစ္ေအာင္ လုပ္ေနပါတယ္။

အခုေလာေလာဆယ္ ျဖစ္ေျမာက္ေရးေကာ္မတီအေနနဲ႔ အစည္းအေဝး ၂ရက္လုပ္ျပီးျပီလို႔ၾကားတယ္၊ အဲဒီကေနဘာေတြဆက္လုပ္သြားမယ္ဆုိတာသိရျပီလား။

အရင္ဆံုး အဖြဲ႔ခ်ဳပ္ျဖစ္လာဖုိ႔ကိုပဲ ဦးတည္လုပ္ေဆာင္ေနတာပါ။

ဝန္ၾကီးဌာနဘက္က တာဝန္ရွိသူေတြက ဒီကိစၥနဲ႔ပတ္သက္ျပီး ဘယ္လိုအေၾကာင္းျပန္ပါသလဲ။

ဝန္ၾကီးဌာနဘက္ကလူေတြကလည္း ဒီအဖြဲ႔ခ်ဳပ္ျဖစ္လာဖုိ႔အတြက္ Proposal တင္ေပးဖို႔ ေျပာထားတယ္ ဒါေၾကာင့္ Proposal အခ်ိန္မီတင္ႏို္င္ဖို႔ အခု Esports Federation ျဖစ္ေျမာက္ေရးေကာ္မတီ ကို အရင္ဖြဲ႔ထားတယ္၊ ဒီေကာ္မတီကေနစုေပါင္းျပီး Proposal တင္မယ္၊ Proposal ကို သူတို႔လက္ခံတယ္ဆုိရင္ အဖြဲ႔ခ်ဳပ္အခ်ိန္မီဖြဲ႔ျပီး လုပ္ရမွာပါပဲ။

Myanmar Esports Federation ျဖစ္ေျမာက္ေရးေကာ္မတီရဲ႔ အစည္းအေဝးကို လာတက္တဲ႔သူေတြထဲမွာ ဘယ္သူေတြပါလဲ။ ျဖစ္ေျမာက္ေရးေကာ္မတီဝင္ေတြကိုေရာ ဘယ္လိုေရြးခ်ယ္တာပါလဲ။

ဆုိင္ေတြရွိမယ္၊ ဂိမ္းေဆာ့တဲ႔သူေတြပါတယ္၊ ျပီးေတာ့ ျပည္တြင္းမွာ Esports အဖြဲ႔ခ်ဳပ္ဆုိျပီးေတာ့ အရင္ဖြဲ႔ထားျပီးသား အဖြဲ႔တစ္ခုက လူေတြလည္း ပါတယ္၊ သူတို႔ေတြက အရင္ဖြဲ႔ထားတာသာရွိတာေလ၊ အခုတကယ္တမ္း ျမန္မာႏုိင္ငံကိုု္ယ္စားျပဳရယ္လို႔ ေပၚေပါက္လာဖို႔ လိုအပ္လာျပီ ။ ဒါဆုိရင္ေတာ့ တစ္ႏုိင္ငံလံုး Community အားလံုးက အသိအမွတ္ျပဳတဲ႔ အဖြဲ႔အစည္းတစ္ခုျဖစ္ဖို႔လိုလာျပီ၊ ဒါေၾကာင့္ ျပန္ျပီးဖြဲ႔စည္းမယ္ဆိုျပီး Myanmar Esports Federation ျဖစ္ေျမာက္ေရးေကာ္မတီဆိုျပီး ဖြဲ႔လိုက္တယ္၊ ဒီထဲမွာ တကယ့္ကို အဖြဲ႔အစည္းအလႊာေပါင္းစံုကလူေတြပါတယ္၊ သူ႔က႑နဲ႔သူ community က လက္ခံျပီးသားသူေတြပါပဲ။ ဒါေပမယ့္ အခုဖြဲ႔စည္းလိုက္တဲ႔ Myanmar Esports Federation ျဖစ္ေျမာက္ေရးေကာ္မတီမွာ ပါတဲ႔သူေတြ အကုန္လံုး အဖြဲ႔ခ်ဳပ္မွာ ျပန္ပါမယ္လို႔ မေျပာဘူး၊ အဖြဲ႔ခ်ဳပ္ျဖစ္လာဖုိ႔အဖြဲ႔ခ်ဳပ္မွာ ပါဝင္ဖို႔ လူေတြကို ျပန္ျပီးမဲခြဲ ေရြးခ်ယ္ဦးမွာပါ။ အဓိကကေတာ့ တုိင္းျပည္အတြက္ အက်ိဳးရိွလာဖို႔ပဲ လုပ္ေဆာင္ၾကတာပါပဲ။

ေက်းဇူးတင္ပါတယ္။

ရဲလင္းလင္းသန္း

=====

(Unicode Version)

Myanmar Esports Federation ဖြစ်မြောက်လာဖို့ ဦးဆောင်နေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်နှင့် တွေ့ဆုံခြင်း

မကြာခင်ကျင်းပတော့မယ့် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ Mobile Legend အပါအဝင် ဂိမ်းအမျိုးအစား ၆မျိုးကို Esports အားကစားနည်းအနေနဲ့ ထည့်သွင်းယှဉ်ပြိုင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဒီပြိုင်ပွဲကိုဝင်ဖို့ အဆင်သင့်မဖြစ်သေးလို့ ဒီနှစ်ဝင်မပြိုင်ဘူးလို့လည်း သတင်းတွေထွက်ပေါ်နေတာပါ။ တကယ်တမ်းက မြန်မာနိုင်ငံကိုယ်စားပြု Esports အဖွဲ့ချုပ်ရယ်လို့ တာဝန်ခံမယ့် အဖွဲ့အစည်းမရှိတာကြောင့်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ်မှာပဲ မြန်မာပါဝင်ခွင့်ရဖို့ မြန်မာနိုင်ငံကိုယ်စားပြု Esports အဖွဲ့ချုပ်ဖြစ်လာဖို့ဦးဆောင်နေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။

ဆရာ့ရဲ့ နာမည်နဲ့လုပ်ငန်းတာဝန်ကို မိတ်ဆက်ပေးပါဦး။

မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာဇံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်ပါ။

အခုအသစ်ဖွဲ့လိုက်တဲ့ Myanmar Esports အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ ဆိုတာလေး ဘယ်ကနေ ဘယ်လိုစဖြစ်တယ် ဆိုတာလေး ပြောပြပေးပါဦး။

အခုဖွဲ့လိုက်တဲ့ဖြစ်မြောက်ရေးကော်မတီက ဆီးဂိမ်းမှာ Esports နဲ့ ပတ်သက်တဲ့ အားကစားနည်းတွေပါဝင်လာမှာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့မြန်မာကလည်း ပါဝင်နိုင်ဖို့ လုပ်ဆောင်ပေးချင်တာနဲ့ စတင်ဖြစ်တာပါ။ အဖွဲ့ချုပ်ရှိမှ ပြိုင်ပွဲကို ဝင်လို့ရမယ်ဆိုတာလည်း ရှိတယ်၊  လူငယ်တွေကလည်း အစိုးရကပါဝင်ပြီးထောက်ပံ့ပေးတာမျိုး သူတို့က လိုချင်တယ်လေ။ ကိုယ်တိုင်ကလည်း အရင်က ဂိမ်းတွေဆော့တယ်လေ၊ အခုလူငယ်တွေကိုလည်း ဖြစ်မြောက်စေချင်တဲ့သဘောပါ။

အစိုးရဘက်က ဆီးဂိမ်းမှာပြိုင်ဖို့အဆင်မပြေလို့ ဒီနှစ်မပြိုင်တော့ဘူး ဆိုတဲ့သတင်းကြားရတော့ အဲဒါက ဘယ်လိုကြောင့်ပါလဲ။

အဖွဲ့ချုပ်မရှိလို့သာ မပြိုင်ရဘူးဖြစ်နေတာကိုး၊ အခုအဲဒါကြောင့် အဖွဲ့ချုပ်ဖြစ်လာဖို့ အဓိက လုပ်ဆောင်နေတာပါ။ ဥပမာ ခြင်းလုံးဆိုရင် ခြင်းလုံးအဖွဲ့ချုပ်ရှိတယ်လေ၊ ဘောလုံးဆိုလည်း ဘောလုံးအဖွဲ့ချုပ်ရှိတယ်လေ၊ အခု Esports မှာလည်း အဖွဲ့ချုပ်ရှိမှ ပြိုင်ပွဲဝင်လို့ရမှာပေါ့။ ပြည်တွင်းက အစိုးရ အနေနဲ့ကလည်း ဒါကို အားကစားတစ်ခုအနေနဲ့ သိပ်ပြီးမမြင်သေးဘူး၊ ဒါကိုဂိမ်းလို့ပဲ မြင်တာမျိုးဖြစ်နေတယ်၊ ဒါကို အားကစားတစ်ခုအနေနဲ့မြင်လာအောင်၊ ဖိလစ်ပိုင်ဘက်ကသတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်း အမီဖြစ်အောင် လုပ်နေပါတယ်။

အခုလောလောဆယ် ဖြစ်မြောက်ရေးကော်မတီအနေနဲ့ အစည်းအဝေး ၂ရက်လုပ်ပြီးပြီလို့ကြားတယ်၊ အဲဒီကနေဘာတွေဆက်လုပ်သွားမယ်ဆိုတာသိရပြီလား။

အရင်ဆုံး အဖွဲ့ချုပ်ဖြစ်လာဖို့ကိုပဲ ဦးတည်လုပ်ဆောင်နေတာပါ။

ဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းပြန်ပါသလဲ။

ဝန်ကြီးဌာနဘက်ကလူတွေကလည်း ဒီအဖွဲ့ချုပ်ဖြစ်လာဖို့အတွက် Proposal တင်ပေးဖို့ ပြောထားတယ် ဒါကြောင့် Proposal အချိန်မီတင်နိုင်ဖို့ အခု Esports Federation ဖြစ်မြောက်ရေးကော်မတီ ကို အရင်ဖွဲ့ထားတယ်၊ ဒီကော်မတီကနေစုပေါင်းပြီး Proposal တင်မယ်၊ Proposal ကို သူတို့လက်ခံတယ်ဆိုရင် အဖွဲ့ချုပ်အချိန်မီဖွဲ့ပြီး လုပ်ရမှာပါပဲ။

Myanmar Esports Federation ဖြစ်မြောက်ရေးကော်မတီရဲ့ အစည်းအဝေးကို လာတက်တဲ့သူတွေထဲမှာ ဘယ်သူတွေပါလဲ။ ဖြစ်မြောက်ရေးကော်မတီဝင်တွေကိုရော ဘယ်လိုရွေးချယ်တာပါလဲ။

ဆိုင်တွေရှိမယ်၊ ဂိမ်းဆော့တဲ့သူတွေပါတယ်၊ ပြီးတော့ ပြည်တွင်းမှာ Esports အဖွဲ့ချုပ်ဆိုပြီးတော့ အရင်ဖွဲ့ထားပြီးသား အဖွဲ့တစ်ခုက လူတွေလည်း ပါတယ်၊ သူတို့တွေက အရင်ဖွဲ့ထားတာသာရှိတာလေ၊ အခုတကယ်တမ်း မြန်မာနိုင်ငံကိုယ်စားပြုရယ်လို့ ပေါ်ပေါက်လာဖို့ လိုအပ်လာပြီ ။ ဒါဆိုရင်တော့ တစ်နိုင်ငံလုံး Community အားလုံးက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့လိုလာပြီ၊ ဒါကြောင့် ပြန်ပြီးဖွဲ့စည်းမယ်ဆိုပြီး Myanmar Esports Federation ဖြစ်မြောက်ရေးကော်မတီဆိုပြီး ဖွဲ့လိုက်တယ်၊ ဒီထဲမှာ တကယ့်ကို အဖွဲ့အစည်းအလွှာပေါင်းစုံကလူတွေပါတယ်၊ သူ့ကဏ္ဍနဲ့သူ community က လက်ခံပြီးသားသူတွေပါပဲ။ ဒါပေမယ့် အခုဖွဲ့စည်းလိုက်တဲ့ Myanmar Esports Federation ဖြစ်မြောက်ရေးကော်မတီမှာ ပါတဲ့သူတွေ အကုန်လုံး အဖွဲ့ချုပ်မှာ ပြန်ပါမယ်လို့ မပြောဘူး၊ အဖွဲ့ချုပ်ဖြစ်လာဖို့အဖွဲ့ချုပ်မှာ ပါဝင်ဖို့ လူတွေကို ပြန်ပြီးမဲခွဲ ရွေးချယ်ဦးမှာပါ။ အဓိကကတော့ တိုင်းပြည်အတွက် အကျိုးရှိလာဖို့ပဲ လုပ်ဆောင်ကြတာပါပဲ။

ကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here