
0
112




(Unicode Version)

Mytel ၏ (၁)နှစ်ပြည့် ကံစမ်းမဲ အစီအစဉ်တွင် ဆုကြီးများစွာကို နောက်ဆုံးအကြိမ် တိုက်ရိုက် ထုတ်လုပ်ကြေညာပေးသွားမည်

Mytel ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ် “ဒေတာကြီးကြီး ဆုကြီးကြီး” မှ နောက်ဆုံးအကြိမ် ကံထူးရှင်များကို ဩဂုတ်လ (၄)ရက်နေ့ မနက်(၁၀)နာရီ အချိန် တွင် Mytel Myanmar Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်၍ ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ကျန်ရှိသည့် လိမ္မော်ရောင် SUZUKI SWIFT GLX ကား ၊ Samsung Smart TV ၊ Apple Airpods 2 ၊ MYTEL FTTH အင်တာနက်ဝန်ဆောင်မှုကို အကန့်သတ်မဲ့ (၁) နှစ် အခမဲ့ အသုံးပြုခွင့် နှင့် Bphone အဆင့်မြင့် စမတ်ဖုန်း တို့ကို တိုက်ရိုက် ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။ ကံထူးရှင်များကို (၃)ကြိမ် ဆက်တိုက် ဖုန်းခေါ်ဆိုပေးသွားမည် ဖြစ်ပြီး (၃)ကြိမ်ပြည့်သည့်တိုင် ဖြေကြားခြင်းမရှိပါက နောက်ထပ် ကံထူးရှင် အသစ်ကို အစားထိုး ရွေးချယ်သွားမည် ဖြစ်ပါသည်။ ကြည့်ရှုသူများအနေနှင့်လည်း တိုက်ရိုက်ထုတ်လွင့်၏ တစ်စိတ်တဒေသ ဖြစ်သည့် အပြန်အလှန်ပါဝင်လို့ရသည့် အစီအစဉ်တွင် ပါဝင်ကစားနိုင်သည့် အခွင့်အရေးအား ရရှိမည်ဖြစ်သည်။

မေလ (၂၉)ရက်နေ့မှ စတင်ခဲ့သော Mytel ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ် တွင် ပါဝင်ရန် သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ လစဉ် ဒေတာ pack နှင့် bundle pack များ ဝယ်ယူခြင်းဖြင့် ကံစမ်းမဲ ကုဒ်နံပါတ်တစ်ခု ရရှိမှာဖြစ်ပြီး အစီအစဉ်သို့ ဝင်ရောက်ဆင်နွှဲနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် 100 MB ၊ 1 GB ၊ 10 GB နှင့် 100 GB တို့ကို နေ့စဉ်ရရှိနိုင်မည့် အခွင့်အရေး ကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ပရိုမိုရှင်း ကာလမှာ၂၀၁၉ မေ ၂၉ ရက်မှစ၍ ဇူလိုင် ၃၁ ရက်နေ့အထိ ဖြစ်သည်။