တကယ္ရွိေနတဲ့စူပါစြမ္းအားရွင္မ်ား

0
225

Crdphoto (poplyft.com)
စြမ္းအားရွိသူေတြဆိုတာဟာ သိပၸံဇာတ္လမ္းတို႔ အက္ရွင္ ရုပ္ရွင္ေတြထဲမွာပဲ ေတြ႕ဖူးၾကတာလို႔ သိထားၾကပါတယ္။ ဒီလို စြမ္းေဆာင္ခ်က္ေတြနဲ႔ ရွိေနတဲ့စူပါစြမ္းအားရွင္ဆိုတာ အျပင္မွာလံုး၀မရွိဘူးလို႔ ယံုၾကည္ထားၾကသူမ်ားျဖစ္ၾကပါတယ္။ လူစြမ္းေကာင္းေတြဆိုတာဟာ အျပင္မွာ ဘယ္လိုမွ ရွိႏိုင္တယ္လို႔ မထင္ခဲ့ၾကတာ အခုေနာက္ပိုင္းမွာ တကယ္ပင္ရွိလာေနၿပီလို႔ဆိုတဲ့ အမွန္တရားကိုေတာ့ သိၾကေစခ်င္ပါတယ္။

Crdphoto (Wiken.grid.id)
အျပင္ေလာကႀကီးထဲမွာ စြမ္းအားရွင္ေတြရွိေနတယ္ဆိုရင္ေတာ့ ရွားပါးလွတဲ့ လူတစ္ေယာက္ျဖစ္မယ္လို႔ ထင္ပါတယ္။ အဲဒီလူစြမ္းေကာင္းတစ္ေယာက္ကေတာ့ ရုရွားအမ်ိဳးသမီးတစ္ေယာက္ျဖစ္ကာ အသက္ကလည္း ၃၂ ႏွစ္ရွိၿပီလို႔ သိရၿပီး၊ သူမမွာ x-ray scan ဖတ္ႏိုင္တဲ့ မ်က္လံုးပါ၀ါအစြမ္းရွိသူျဖစ္ပါတယ္။ လူ႔ခႏၶာကိုယ္တြင္းအဂါၤကို အတိုင္းသားျမင္ႏိုင္တဲ့ အစြမ္းရွိသူ နာတာရွာကေတာ့ လူေတြရဲ႕ ခႏၶာကိုယ္အား အေသးစိတ္ျမင္ရတဲ့ လွ်ပ္စစ္သံလိုက္လွိဳင္းရွိေနတာေၾကာင့္ မ်က္လံုးနဲ႔ အကုန္ျမင္ႏိုင္တာျဖစ္ေပမယ့္၊ သူမရဲ႕ အျမင္ဟာ ေန႔ဘက္မွာသာ ၾကည့္လို႔ရတယ္လို႔လည္းသိရပါတယ္။ သူ႔ကိုယ္သူေတာ့ ၾကည့္လို႔ မရဘူးလို႔လည္းသိရပါတယ္။

Crdphoto (Hoax Or fact)
သူမဟာ အသက္၁၀ႏွစ္မွာမွ မ်က္လံုးအစြမ္းကို သတိထားမိခဲ့တာလို႔ သိရပါတယ္။ သူ႔ဆီကို လာေရာက္ စမ္းသပ္ခံၾကတဲ့ လူေတြရဲ႕ ေရာဂါစစ္တမ္းေတြဟာ တျခားစမ္းသပ္ စစ္ေဆးခ်က္ေတြထက္ ပိုၿပီးတိက်ေနတာကိုေတာ့ ျငင္းလို႔ မရႏိုင္ခဲ့ၾကဘူးလို႔ သိရပါတယ္။ ခႏၶာကိုယ္တြင္း အဂါၤေတြထိျမင္ႏိုင္တဲ့ အခ်က္ေတြအျပင္၊ တျခားေရာဂါေတြကိုပါ ရွာေဖြႏိုင္တယ္လို႔ဆိုပါတယ္။

Crdphoto (Kadoras.com)
၂၀၀၄ခုမွာေတာ့ နာတာရွာရဲ႕ အျမင္စြမ္းအားေတြေၾကာင့္ ကမၻာတစ္၀န္းပ်ံ႕ႏွံ႔သြားကာ ေဆးပညာေလာကနဲ႔ သိပၸံပညာရွင္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ အေမရိကန္ အေျခစိုက္သဘာ၀လြန္ျဖစ္ရပ္ေတြကိုေဖာ္ထုတ္တဲ့ အဖြဲ႕နဲ႔က်န္းမာေရးဌာနက နာတာရွာရဲ႕ အျမင္စြမ္းအားေတြနဲ႔ပတ္သက္ၿပီး၊ အေျဖရွာခဲ့ေသးေၾကာင္းသိရၿပီး၊ သူမအေနနဲ႔ ေဆးပညာဘက္မွာ တာ၀န္ထမ္းေဆာင္ခ်င္တာျဖစ္ေၾကာင္းသိရပါတယ္။

Crdphoto (Brain Bending fect)
အခုေနာက္ပိုင္းမွာ အလုပ္၀င္ေနၿပီျဖစ္ေၾကာင္းလည္း သိရပါတယ္။ စက္ေတြနဲ႔ ျဖတ္သန္းကာ ေရာဂါရွာေဖြတဲ့ ကိစၥေတြကို မႀကိဳက္တဲ့သူေတြအဖို႔ သူမကသာ စစ္ေဆးကုသေပးမယ္ဆိုပါက လက္မလည္ေအာင္ျဖစ္ေနမွာ ပဲလို႔ ႀကံဖန္ စဥ္းစားေနမိပါတယ္။ ဒါ့အျပင္ သူမအေနနဲ႔ အေကာက္ခြန္ဌာနေတြနဲ႔ ဆက္ၿပီးေတာ့လည္း ၊ တာ၀န္ထမ္းေဆာင္နိုင္မယ္ဆိုပါက အက်ိုးရွိတဲ့ လုပ္ငန္းေတြကို အကူအညီရေစမွာျဖစ္ပါတယ္။

(unicode)

တကယ်ရှိနေတဲ့စူပါစွမ်းအားရှင်များ
စွမ်းအားရှိသူတွေဆိုတာဟာ သိပ္ပံဇာတ်လမ်းတို့ အက်ရှင် ရုပ်ရှင်တွေထဲမှာပဲ တွေ့ဖူးကြတာလို့ သိထားကြပါတယ်။ ဒီလို စွမ်းဆောင်ချက်တွေနဲ့ ရှိနေတဲ့စူပါစွမ်းအားရှင်ဆိုတာ အပြင်မှာလုံးဝမရှိဘူးလို့ ယုံကြည်ထားကြသူများဖြစ်ကြပါတယ်။ လူစွမ်းကောင်းတွေဆိုတာဟာ အပြင်မှာ ဘယ်လိုမှ ရှိနိုင်တယ်လို့ မထင်ခဲ့ကြတာ အခုနောက်ပိုင်းမှာ တကယ်ပင်ရှိလာနေပြီလို့ဆိုတဲ့ အမှန်တရားကိုတော့ သိကြစေချင်ပါတယ်။
အပြင်လောကကြီးထဲမှာ စွမ်းအားရှင်တွေရှိနေတယ်ဆိုရင်တော့ ရှားပါးလှတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလူစွမ်းကောင်းတစ်ယောက်ကတော့ ရုရှားအမျိုးသမီးတစ်ယောက်ဖြစ်ကာ အသက်ကလည်း ၃၂ နှစ်ရှိပြီလို့ သိရပြီး၊ သူမမှာ x-ray scan ဖတ်နိုင်တဲ့ မျက်လုံးပါဝါအစွမ်းရှိသူဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်တွင်းအဂါၤကို အတိုင်းသားမြင်နိုင်တဲ့ အစွမ်းရှိသူ နာတာရှာကတော့ လူတွေရဲ့ ခန္ဓာကိုယ်အား အသေးစိတ်မြင်ရတဲ့ လျှပ်စစ်သံလိုက်လှိုင်းရှိနေတာကြောင့် မျက်လုံးနဲ့ အကုန်မြင်နိုင်တာဖြစ်ပေမယ့်၊ သူမရဲ့ အမြင်ဟာ နေ့ဘက်မှာသာ ကြည့်လို့ရတယ်လို့လည်းသိရပါတယ်။ သူ့ကိုယ်သူတော့ ကြည့်လို့ မရဘူးလို့လည်းသိရပါတယ်။
သူမဟာ အသက်၁၀နှစ်မှာမှ မျက်လုံးအစွမ်းကို သတိထားမိခဲ့တာလို့ သိရပါတယ်။ သူ့ဆီကို လာရောက် စမ်းသပ်ခံကြတဲ့ လူတွေရဲ့ ရောဂါစစ်တမ်းတွေဟာ တခြားစမ်းသပ် စစ်ဆေးချက်တွေထက် ပိုပြီးတိကျနေတာကိုတော့ ငြင်းလို့ မရနိုင်ခဲ့ကြဘူးလို့ သိရပါတယ်။ ခန္ဓာကိုယ်တွင်း အဂါၤတွေထိမြင်နိုင်တဲ့ အချက်တွေအပြင်၊ တခြားရောဂါတွေကိုပါ ရှာဖွေနိုင်တယ်လို့ဆိုပါတယ်။
၂၀၀၄ခုမှာတော့ နာတာရှာရဲ့ အမြင်စွမ်းအားတွေကြောင့် ကမ္ဘာတစ်ဝန်းပျံ့နှံ့သွားကာ ဆေးပညာလောကနဲ့ သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အမေရိကန် အခြေစိုက်သဘာဝလွန်ဖြစ်ရပ်တွေကိုဖော်ထုတ်တဲ့ အဖွဲ့နဲ့ကျန်းမာရေးဌာနက နာတာရှာရဲ့ အမြင်စွမ်းအားတွေနဲ့ပတ်သက်ပြီး၊ အဖြေရှာခဲ့သေးကြောင်းသိရပြီး၊ သူမအနေနဲ့ ဆေးပညာဘက်မှာ တာဝန်ထမ်းဆောင်ချင်တာဖြစ်ကြောင်းသိရပါတယ်။
အခုနောက်ပိုင်းမှာ အလုပ်ဝင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ စက်တွေနဲ့ ဖြတ်သန်းကာ ရောဂါရှာဖွေတဲ့ ကိစ္စတွေကို မကြိုက်တဲ့သူတွေအဖို့ သူမကသာ စစ်ဆေးကုသပေးမယ်ဆိုပါက လက်မလည်အောင်ဖြစ်နေမှာ ပဲလို့ ကြံဖန် စဉ်းစားနေမိပါတယ်။ ဒါ့အပြင် သူမအနေနဲ့ အကောက်ခွန်ဌာနတွေနဲ့ ဆက်ပြီးတော့လည်း ၊ တာဝန်ထမ်းဆောင်နိုင်မယ်ဆိုပါက အကျိုးရှိတဲ့ လုပ်ငန်းတွေကို အကူအညီရစေမှာဖြစ်ပါတယ်။