ဘာစီလုိနာနဲ႔ ရီးရဲလ္အသင္းရဲ႕ လြန္ဆြဲပြဲၾကားက ေနမာ

0
53

photo – Sky sports

ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္မွာ က်႐ႈံးခဲ့ၿပီးေနာက္ အသင္းကေနထြက္ခြာဖုိ႔ အစီအစဥ္ရွိေနတဲ့ ေနမာကုိ အသင္းေဟာင္း ဘာစီလုိနာနဲ႔ ရီးရဲလ္အသင္းတုိ႔က ေခၚယူဖုိ႔ စိတ္၀င္စားေနခဲ့ၾကတာပါ။ တုိက္စစ္မွဴး ေနမာကုိ ပီအက္စ္ဂ်ီအသင္းတာ၀န္ရွိသူေတြက ေရာင္းခ်ဖို႔ စဥ္းစားလာၾကသလုိ ေနမာကလည္း အေျပာင္းအေရႊ႕မပိတ္သိမ္းမီ အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနပါတယ္။

ပီအက္စ္ဂ်ီ ပရိသတ္တခ်ဳိ႕ဟာ နီမက္စ္အသင္းနဲ႔ကစားတဲ့ပြဲစဥ္မွာ “ေနမာ ထြက္သြား” ဆုိတဲ့ ဆုိင္းဘုတ္ေတြနဲ႔ ဆႏၵျပမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ အဲဒီလုိ ဆႏၵျပမႈေတြအေပၚ ေနမာရဲ႕ညီမ ရာဖယ္လာက “အေတာ္ စိတ္ပ်က္ဖို႔ေကာင္းတဲ့ လူေတြပဲ။ အကုိ႔ကုိ အသင္းမွာဆက္ရွိဖို႔ေတာင္ ဆုေတာင္းေနရမွာ။ ေနမာမပါလည္း ပီအက္စ္ဂ်ီအသင္းႏုိင္ပြဲရႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနတယ္ဆုိရင္ေတာ့ လဲသာေသလုိက္” ဆုိၿပီး လူမႈကြန္ရက္ေပၚကေန အႀကီးအက်ယ္ ေပါက္ကြဲခဲ့တာပါ။

photo – daily express

သူ႔ရဲ႕ တြဲဖက္ကစားသမားေဟာင္း တုိက္စစ္မွဴး မက္ဆီကလည္း ရီးရဲလ္ကုိမသြားဘဲ ဘာစီလုိနာကုိပဲ ျပန္လာဖုိ႔ အႀကံေပးတုိက္တြန္းခဲ့တယ္လို႔ မာကာသတင္းစာက ေရးသားေဖာ္ျပထားပါတယ္။

ေနမာကေတာ့ ဘာစီလုိနာကုိ ေျပာင္းေရႊ႕ဖြယ္မ်ားေနတယ္လို႔ သတင္းေတြထြက္ေပၚေနေပမယ့္လည္း ရီးရဲအသင္းကလည္း ေနမာကုိေခၚယူဖုိ႔ သူ႔ရဲ႕ၿပိဳင္ဘက္အသင္းကုိ အႏုိင္ရယူႏုိင္မယ္လုိ႔ တထစ္ခ် ယုံၾကည္ေနပါတယ္။

Image result for neymar

photo – The Gurdian

ဘာစီလိုနာအသင္းက တုိက္စစ္မွဴး ေနမာကုိေခၚယူႏုိင္ဖုိ႔ ေကာ္တင္ညဳိကုိ အလုိက္ေပးကမ္းလွမ္းမႈနဲ႔အတူ ပီအက္စ္အဂ်ီအသင္းနဲ႔ ဒီေန႔မွာ ေဆြးေႏြး ညႇိႏႈိင္းမႈေတြျပဳလုပ္သြားမွာျဖစ္တယ္လုိ႔သိရပါတယ္။ ေနမာဟာ ဘာစီလိုနာအသင္းမွာ ၄ ရာသီၾကာကစားေပးခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား ဖီဖာကမၻာ့ကလပ္ဖလားနဲ႔ လာလီဂါ ခ်န္ပီယံဆုဖလား ၂ ႀကိမ္ ရယူပုိင္ဆုိင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္ကမွ ဘာစီလုိနာကေန ပီအက္စ္ဂ်ီအသင္းကုိ ကမၻာ့စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၉၈ သန္းနဲ႔ ေျပာင္းေရႊ႕လာတာျဖစ္ပါတယ္။

ရီးရဲလ္အသင္း ဥကၠဌ ပီရက္ဇ္ဟာ ေနမာကုိ ေခၚယူဖုိ႔ အႀကိမ္ႀကိမ္ႀကဳိးစားခဲ့ေပမယ့္ ေခၚယူႏုိင္ျခင္းမရွိခဲ့ပါဘူး။ နည္းျပႀကီး ဇီဒန္းကေတာ့ စပိန္အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္သိမ္းခင္ ၃ ပတ္အတြင္း ေနမာကုိ ေခၚယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ ေႏြရာသီေစ်းကြက္မွာ ရီးရဲလ္အသင္းက ဟာဇက္ကုိ ေခၚယူထားၿပီး ေနာက္ထပ္ နာမည္ႀကီး ကစားသမားေတြကုိ ထပ္ေခၚဖုိ႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

Related image

photo – Signal 1

ခ်န္ပီယံလိဂ္ရဲ႕ အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္သိမ္းခင္ တုိက္စစ္မွဴး ေနမာတစ္ေယာက္ အသင္းေဟာင္း ဘာစီလုိနာကုိပဲ ျပန္ေရာက္သြားမလား? ရီးရဲလ္ကုိပဲ ေရာက္သြားမလားဆုိတာကေတာ့…?

(Unicode Version)

ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းရဲ့ လွန်ဆွဲပွဲကြားက နေမာ

ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ကျရှုံးခဲ့ပြီးနောက် အသင်းကနေထွက်ခွာဖို့ အစီအစဉ်ရှိနေတဲ့ နေမာကို အသင်းဟောင်း ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ကြတာပါ။ တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေက ရောင်းချဖို့ စဉ်းစားလာကြသလို နေမာကလည်း အပြောင်းအရွှေ့မပိတ်သိမ်းမီ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ပီအက်စ်ဂျီ ပရိသတ်တချို့ဟာ နီမက်စ်အသင်းနဲ့ကစားတဲ့ပွဲစဉ်မှာ “နေမာ ထွက်သွား” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီလို ဆန္ဒပြမှုတွေအပေါ် နေမာရဲ့ညီမ ရာဖယ်လာက “အတော် စိတ်ပျက်ဖို့ကောင်းတဲ့ လူတွေပဲ။ အကို့ကို အသင်းမှာဆက်ရှိဖို့တောင် ဆုတောင်းနေရမှာ။ နေမာမပါလည်း ပီအက်စ်ဂျီအသင်းနိုင်ပွဲရနိုင်မယ်လို့ မျှော်လင့်နေတယ်ဆိုရင်တော့ လဲသာသေလိုက်” ဆိုပြီး လူမှုကွန်ရက်ပေါ်ကနေ အကြီးအကျယ် ပေါက်ကွဲခဲ့တာပါ။

သူ့ရဲ့ တွဲဖက်ကစားသမားဟောင်း တိုက်စစ်မှူး မက်ဆီကလည်း ရီးရဲလ်ကိုမသွားဘဲ ဘာစီလိုနာကိုပဲ ပြန်လာဖို့ အကြံပေးတိုက်တွန်းခဲ့တယ်လို့ မာကာသတင်းစာက ရေးသားဖော်ပြထားပါတယ်။

နေမာကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖွယ်များနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ရီးရဲအသင်းကလည်း နေမာကိုခေါ်ယူဖို့ သူ့ရဲ့ပြိုင်ဘက်အသင်းကို အနိုင်ရယူနိုင်မယ်လို့ တထစ်ချ ယုံကြည်နေပါတယ်။

ဘာစီလိုနာအသင်းက တိုက်စစ်မှူး နေမာကိုခေါ်ယူနိုင်ဖို့ ကော်တင်ညိုကို အလိုက်ပေးကမ်းလှမ်းမှုနဲ့အတူ ပီအက်စ်အဂျီအသင်းနဲ့ ဒီနေ့မှာ ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ ၄ ရာသီကြာကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဖီဖာကမ္ဘာ့ကလပ်ဖလားနဲ့ လာလီဂါ ချန်ပီယံဆုဖလား ၂ ကြိမ် ရယူပိုင်ဆိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။

ရီးရဲလ်အသင်း ဥက္ကဌ ပီရက်ဇ်ဟာ နေမာကို ခေါ်ယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။ နည်းပြကြီး ဇီဒန်းကတော့ စပိန်အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် ၃ ပတ်အတွင်း နေမာကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နွေရာသီဈေးကွက်မှာ ရီးရဲလ်အသင်းက ဟာဇက်ကို ခေါ်ယူထားပြီး နောက်ထပ် နာမည်ကြီး ကစားသမားတွေကို ထပ်ခေါ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် တိုက်စစ်မှူး နေမာတစ်ယောက် အသင်းဟောင်း ဘာစီလိုနာကိုပဲ ပြန်ရောက်သွားမလား? ရီးရဲလ်ကိုပဲ ရောက်သွားမလားဆိုတာကတော့…?