အြန္လုိင္းလံုၿခံဳမႈႏွင့္ Browser

0
86

photo credit: BusinessEngineering,Inc.

လြန္ခဲ့သည့္ဆယ္ႏွစ္ကသာဆုိလွ်င္ အြန္လုိင္းလံုၿခံဳေရးဆုိေသာအရာသည္ လူတုိင္းႏွင့္မပတ္သက္ပါ။ ပညာရည္နိမ့္ပါးသူမ်ားအြန္လုိင္းမသံုးသလို အြန္လုိင္းသံုးမည္ဆုိလွ်င္လည္း PAC ဟုဆုိေသာ အင္တာနက္ဆိုင္မွာသြားသံုးဖုိ႔လုိေသာေၾကာင့္ျဖစ္သည္။ အင္တာနက္ဆုိင္မွာ အြန္လုိင္းသံုးလွ်င္ ကြန္ပ်ဴတာႏွင့္သံုးရမည္။ ပညာရည္နည္းသူမ်ား၊ ဥာဏ္ရည္နည္းသူမ်ားကြန္ပ်ဴတာကုိအေရလည္ေအာင္မသံုးတတ္။ ထို႔ေၾကာင့္ ၂၀၀၇ ပတ္၀န္းက်င္မွာအြန္လုိင္းသံုးစြဲသူတုိင္း ျပည္သူဦးေရ၏တစ္ရာခိုင္ႏႈန္းေအာက္မွာပဲရွိသည္။ ယခုမူစမတ္ဖုန္းႏွင့္မုိဘုိင္းစနစ္ေက်းဇူးေၾကာင့္ အတန္းပညာနည္းၿပီး ဥာဏ္ရည္နိမ့္သူအေတာ္မ်ားမ်ား အြန္လုိင္းသံုးေနၾကပါသည္။ စမတ္ဖုန္းကြၽမ္းကြၽမ္းက်င္က်င္သံုးတတ္ေအာင္ ေလ့က်င့္သည့္အလုပ္မွာ ကြန္ပ်ဴတာပညာသင္ရသလိုမၾကာ။ တစ္ရက္ႏွစ္ရက္အတြင္းမွာပင္ အြန္လုိင္းလူလည္ျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ မိုဘုိင္းဖုန္းသံုးသူ အေတာ္မ်ားမ်ားအနိမ့္ဆံုး Viber ေလာက္သံုးၾကပါသည္။ ပါးေရနပ္ေရအေတာ္အတန္ရွိလာသည့္အခါ facebook သံုးၾကသည္။ အေတာ္လူေရလည္လာသည့္အခါ အြန္လုိင္းမွေငြလႊဲၾကပါသည္။ ထုိ႔ေၾကာင့္ အြန္လုိင္းလံုၿခံဳမႈသည္ လူအမ်ားအတြက္ အေရးႀကီးပါသည္။

photo credit: psp solutions

မိုဘိုင္းဖုန္းေပၚမွေန၍ အြန္လုိင္းသံုးသည့္အခါ facebook, instagram, Pinterest စသည့္ နာမည္ႀကီး website အေတာ္မ်ားမ်ားကုိ app မွေန၍ တိုက္႐ိုက္သံုးႏိုင္သည္။ သို႔ေသာ္ ယင္းထက္မက အြန္လုိင္းႏွံ႔ႏွံ႔စပ္စပ္သံုးသည့္အခါ browser ကုိေရွာင္လႊဲ၍မရ။ ကြန္ပ်ဴတာေပၚမွာသံုးသံုး၊ မုိဘုိင္းဖုန္းေပၚမွာသံုးသံုး browser ၏ လံုၿခံဳေရးအေရးပါမႈမွာအတူတူျဖစ္ပါသည္။ ထို႔ေၾကာင့္ Antivirus software ေကာင္းေကာင္းသံုးၿပီး safe browsing အကာအကြယ္ရယူသင့္သလုိ မိမိဘာသာအကာအကြယ္လုပ္ရမည့္ကိစၥမ်ားကိုလည္း မပ်င္းမရိ ေဆာင္ရြက္ဖို႔လုိသည္။ အလြယ္ကူဆံုးေဆာင္ရြက္ႏိုင္သည့္ကိစၥမ်ားထဲတြင္ Do Not Track ပါ၀င္သည္။ မိမိ၏လုပ္ရပ္မ်ားအား Browser မွတစ္ဆင့္ေျခရာခံမည့္သူတို႔ကုိ Do Not Track လုပ္ငန္းစဥ္ျဖင့္ ဟန္႔တားျခင္းျဖစ္ပါသည္။ သူတစ္ပါးကိစၥကုိ မဆီမဆုိင္အေခ်ာင္းအေျမာင္းသန္သူတို႔အား ဟန္႔တားသည့္အလိုအေလ်ာက္လုပ္ငန္းစဥ္လည္း ျဖစ္ပါသည္။

Chrome browser တြင္ Do Not Track လုပ္ငန္းစဥ္ကုိအသံုးျပဳမည္ဆုိပါက အစက္သံုးစက္ပံုျပထားေသာေနရာတြင္ကလစ္ႏွိပ္ရပါမည္။ ၿပီးလွ်င္ setting>show advanced setting အတုိင္း၀င္ရပါမည္။ ၿပီးလွ်င္ send a Do Not Track Option အားေရြးေပးရပါမည္။ Firefox တြင္ျဖစ္ပါက menu>options အတုိင္းသြားရပါမည္။ သုိ႔တည္းမဟုတ္ address bar တြင္ about: preference ဟု႐ိုက္ထည့္ၿပီး enter ေခါက္ရပါမည္။ Options Window ေပၚလာသည့္အခါ privacy>manage Do Not Track Setting ကိုေရြးေပးရပါမည္။ Do Not Track ကုိေရြးျခင္းေၾကာင့္ browsing လုပ္ငန္းစဥ္ ေႏွးေကြးသြားမည္မဟုတ္သလို website မ်ားအလုပ္လုပ္ျခင္းလည္း ရပ္ဆုိင္းသြားမည္မဟုတ္ပါ။ အဘယ္ေၾကာင့္ဆုိေသာ္ ယင္းလုပ္ငန္းစဥ္သည္ လြန္စြာအစြမ္းမထက္လွျခင္းေၾကာင့္ ျဖစ္ပါသည္။

photo credit: DigitalTrends

Do Not Track သည္အေႏွာင့္အယွက္မေပၚရန္ ပန္ၾကားခ်က္တစ္ခုသာျဖစ္ပါသည္။ စည္းကမ္းသတ္မွတ္ခ်က္တစ္ခုမဟုတ္ပါ။ ထို႔ေၾကာင့္ မိမိ၏ identity ကုိကာကြယ္ရန္ browser တြင္ အျခားေသာလံုၿခံဳေရးအစီအမံမ်ားေဆာင္ရြက္သင့္ပါသည္။ အထူးသျဖင့္ ေၾကာ္ျငာမ်ားတားဆီးပိတ္ပင္ေသာ ad block လုပ္သင့္သည္။ မိုဘုိင္းဖုန္းသံုး browser အေတာ္မ်ားမ်ားတြင္ ad block လုပ္ငန္းစဥ္တစ္ပါတည္းပါ၀င္ၿပီးျဖစ္သည္။ ေၾကာ္ျငာတားဆီးလုပ္ငန္း အမွန္တကယ္အလုပ္လုပ္၏မလုပ္၏ကုိ Test Panopticlick ဟူေသာ online tool ကိုသံုးၿပီးစစ္ေဆးႏိုင္သည္။www.panopticlick.eff.org တြင္၀င္ၿပီးေဆာင္ရြက္ႏိုင္သည္။ ယင္း tool ကုိ Electronic Frontier Foundation မွေန၍ေရးဆြဲထားျခင္းျဖစ္သည္။ Panopticlick သည္ browser ရွိေၾကာ္ျငာတားဆီးမႈလုပ္ငန္းစဥ္အသက္၀င္ျခင္းရွိမရွိစစ္ေဆးေပးႏိုင္သည္။ မျမင္ႏိုင္ေသာ tracker မ်ားကုိ တားဆီးပိတ္ဆုိ႔ေပးႏိုင္သည္။ မိမိ၏ finger print data မ်ားကုိကာကြယ္ေပးႏိုင္သည္။

Browser ၏လံုၿခံဳမႈကိုေဆာင္ရြက္ရာတြင္ cookies ႏွင့္ plug in မ်ားကုိလည္း ေ၀းေ၀းမွာထားဖို႔လိုသည္။ Cookies သည္ မုန္႔မဟုတ္ပါ။ အြန္လုိင္းသံုးစြဲသူ၏အေလ့အထမ်ားအား မွတ္သားထားေပးျခင္းျဖစ္သည္။ Cookies ႏွင့္ plug in တုိ႔က browsing speed ကုိလ်င္ျမန္ေစသည္။ အြန္လုိင္းအသံုးျပဳရျခင္းကုိ ပုိမိုအဆင္ေျပလြယ္ကူေစသည္။ သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ မိမိ၏လုပ္ပံုကုိင္ပံုအ၀၀ကုိေနာက္ေယာင္ခံပါသည္။ Privacy သည္ဦးစားေပးရမည့္အဆင့္ျဖစ္လွ်င္ cookies ႏွင့္ plug in တုိ႔ကုိေရွာင္ရပါမည္။ ထိုသုိ႔ေရွာင္မည္ဆုိလွ်င္ Chrome browser ၌ setting>privacy အတုိင္း၀င္ရပါမည္။ သို႔တည္းမဟုတ္ address bar တြင္ chrome://settings/content ဟု႐ိုက္ထည့္ၿပီး enter ေခါက္၍လည္းရပါသည္။ ထိုေနရာမွေန၍ browser အသံုးျပဳမႈမရပ္မခ်င္း cookies မ်ားအလုပ္မလုပ္ေအာင္ထိန္းထားႏိုင္သည္။ Keep cookies until you quit your browser ႏွင့္ Block third party cookies and site data တို႔ကုိေရြးခ်ယ္ေပးရပါမည္။ ယင္းေနာက္တြင္ website သုိ႔မဟုတ္ ေၾကာ္ျငာရွင္မွေန၍လႊင့္ထုတ္ၿပီး ကြန္ပ်ဴတာထဲသုိ႔ေရာက္ရွိလာမည္ျဖစ္ေသာ data သုိေလွာင္သိမ္းဆည္းရာဖုိင္မ်ားအား လက္မခံဖို႔အတြက္ All cookies and site data ကုိေရြးခ်ယ္ေပးရမည္။

photo credit: DailyExpress

လက္သာခံခဲ့လွ်င္ ထိုဖုိင္မ်ားအားကြန္ပ်ဴတာထဲတြင္ရာခ်ီ၍ရွိေနမည္ျဖစ္သည္။ ယင္းသုိ႔ရွိေနေသာဖုိင္တစ္ဖုိင္ေပၚတြင္ cursor ျဖတ္တင္ပါ။ ၿပီးလွ်င္ ဖယ္ရွားရန္အတြက္ၾကက္ေျခခတ္အမွတ္အသားေနရာတြင္ ကလစ္ႏွိပ္ရပါမည္။ Remove all တြင္ ကလစ္ႏွိပ္ျခင္းျဖင့္ ယင္းဖုိင္အားလံုးကုိဖယ္ရွားႏိုင္သည္။ ေနာက္တစ္ဆင့္တြင္ content setting window အတုိင္း၀င္ၿပီးေအာက္ဘက္သို႔ဆင္းသြားပါ။ ၿပီးလွ်င္ Java Script ႏွင့္ Flash ကုိ disable လုပ္ပါ။ ပိတ္ပစ္လုိက္ေသာ tab မ်ားမွေန၍ data အပုိ႔အယူလုပ္ေနျခင္းကုိကာကြယ္ရန္ Background sync ကုိ disableလုပ္ႏုိင္သည္။ထိုသို႔ျပဳလုပ္ျခင္းေၾကာင့္ website မ်ားက မိမိ၏တည္ေနရာအားေျခရာခံျခင္းကုိ ကာကြယ္ႏိုင္သည္။ Pop-up ေၾကာ္ျငာအားလံုးကုိတားဆိးပိတ္ပင္ႏိုင္သည္။ အျပင္မွေန၍ ကြန္ပ်ဴတာရွိ webcam ႏွင့္ microphone အားလွမ္းၿပီး access လုပ္ျခင္းကိုလည္းပိတ္ဆုိ႔ႏုိင္သည္။ Firefox တြင္ cookies ႏွင့္ plugin မ်ားကုိတားဆီးရန္အတြက္ Options>privacy အတုိင္း၀င္ၿပီး Remember history ကိုေရြးရပါမည္။ ယင္းေနာက္ Use Custom Settings for history ကုိထပ္ေရြးရပါမည္။ Options မ်ားေပၚလာသည့္အနက္မွ Always to open the drop-down menu>Never to block third-party cookies တုိ႔ကုိဆက္၍ေရြးသြားရပါမည္။ IE browser တြင္မူ Internet Options ရွိ Privacy tab ေအာက္မွေန၍ cookies မ်ားကုိရွင္းထုတ္ႏိုင္သည္။ Edge browser တြင္ setting>Choose what to clear မွတစ္ဆင့္ေရြးခ်ယ္ႏိုင္သည္။

ေရွာင္ရွားရမည့္အထဲတြင္ browser မ်ားရွိ Auto-fill လည္းပါသည္။ Chrome ၏ setting ထဲတြင္ Enable Auto-fill to fill in web forms in a single click ဟူေသာ Option ကိုေတြ႕ရပါမည္။ ယင္း tool သည္ chrome, Opera ႏွင့္ Safari browser မ်ားတြင္ပါသည္။ ယင္းတို႔မွတစ္ဆင့္ ဟက္ကာမ်ားသည္အြန္လုိင္းသံုးသူ၏ဖုန္းနံပါတ္၊လိပ္စာႏွင့္ ဘဏ္ကတ္နံပါတ္မ်ားကုိရယူသြားႏိုင္သည္။ အတုအေယာင္ဖန္တီးထားေသာ website တစ္ခုတြင္ auto-fill သံုးၿပီး အီးေမးလိပ္စာျဖည့္႐ံုျဖင့္ ယင္းႏွင့္ဆက္စပ္ေသာ data မ်ား (ဥပမာ-ဘဏ္ကတ္)သည္ဖံုးကြယ္ထားေသာ text box မ်ားတြင္ အလိုအေလ်ာက္လာေပၚသည္။ ယင္းကုိဟက္ကာက အသာတၾကည္ေစာင့္ယူ႐ံုသာျဖစ္သည္။ ကုိယ္ေရးအခ်က္အလက္မ်ား၏ လံုၿခံဳေရးႏွင့္ privacy ကိုထိန္းလိုပါက Auto-fill ကုိ enable မလုပ္ထားရန္လိုပါသည္။

ဧဧသက္(ၿဖိဳးဓနဒစ္ဂ်စ္တယ္ဓာတ္ပံု)

(Unicode Version)

အွန်လိုင်းလုံခြုံမှုနှင့် Browser

လွန်ခဲ့သည့်ဆယ်နှစ်ကသာဆိုလျှင် အွန်လိုင်းလုံခြုံရေးဆိုသောအရာသည် လူတိုင်းနှင့်မပတ်သက်ပါ။ ပညာရည်နိမ့်ပါးသူများအွန်လိုင်းမသုံးသလို အွန်လိုင်းသုံးမည်ဆိုလျှင်လည်း PAC ဟုဆိုသော အင်တာနက်ဆိုင်မှာသွားသုံးဖို့လိုသောကြောင့်ဖြစ်သည်။ အင်တာနက်ဆိုင်မှာ အွန်လိုင်းသုံးလျှင် ကွန်ပျူတာနှင့်သုံးရမည်။ ပညာရည်နည်းသူများ၊ ဉာဏ်ရည်နည်းသူများကွန်ပျူတာကိုအရေလည်အောင်မသုံးတတ်။ ထို့ကြောင့် ၂၀၀၇ ပတ်ဝန်းကျင်မှာအွန်လိုင်းသုံးစွဲသူတိုင်း ပြည်သူဦးရေ၏တစ်ရာခိုင်နှုန်းအောက်မှာပဲရှိသည်။ ယခုမူစမတ်ဖုန်းနှင့်မိုဘိုင်းစနစ်ကျေးဇူးကြောင့် အတန်းပညာနည်းပြီး ဉာဏ်ရည်နိမ့်သူအတော်များများ အွန်လိုင်းသုံးနေကြပါသည်။ စမတ်ဖုန်းကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် လေ့ကျင့်သည့်အလုပ်မှာ ကွန်ပျူတာပညာသင်ရသလိုမကြာ။ တစ်ရက်နှစ်ရက်အတွင်းမှာပင် အွန်လိုင်းလူလည်ဖြစ်နိုင်သည်။ ထို့ကြောင့် မိုဘိုင်းဖုန်းသုံးသူ အတော်များများအနိမ့်ဆုံး Viber လောက်သုံးကြပါသည်။ ပါးရေနပ်ရေအတော်အတန်ရှိလာသည့်အခါ facebook သုံးကြသည်။ အတော်လူရေလည်လာသည့်အခါ အွန်လိုင်းမှငွေလွှဲကြပါသည်။ ထို့ကြောင့် အွန်လိုင်းလုံခြုံမှုသည် လူအများအတွက် အရေးကြီးပါသည်။

မိုဘိုင်းဖုန်းပေါ်မှနေ၍ အွန်လိုင်းသုံးသည့်အခါ facebook, instagram, Pinterest စသည့် နာမည်ကြီး website အတော်များများကို app မှနေ၍ တိုက်ရိုက်သုံးနိုင်သည်။ သို့သော် ယင်းထက်မက အွန်လိုင်းနှံ့နှံ့စပ်စပ်သုံးသည့်အခါ browser ကိုရှောင်လွှဲ၍မရ။ ကွန်ပျူတာပေါ်မှာသုံးသုံး၊ မိုဘိုင်းဖုန်းပေါ်မှာသုံးသုံး browser ၏ လုံခြုံရေးအရေးပါမှုမှာအတူတူဖြစ်ပါသည်။ ထို့ကြောင့် Antivirus software ကောင်းကောင်းသုံးပြီး safe browsing အကာအကွယ်ရယူသင့်သလို မိမိဘာသာအကာအကွယ်လုပ်ရမည့်ကိစ္စများကိုလည်း မပျင်းမရိ ဆောင်ရွက်ဖို့လိုသည်။ အလွယ်ကူဆုံးဆောင်ရွက်နိုင်သည့်ကိစ္စများထဲတွင် Do Not Track ပါဝင်သည်။ မိမိ၏လုပ်ရပ်များအား Browser မှတစ်ဆင့်ခြေရာခံမည့်သူတို့ကို Do Not Track လုပ်ငန်းစဉ်ဖြင့် ဟန့်တားခြင်းဖြစ်ပါသည်။ သူတစ်ပါးကိစ္စကို မဆီမဆိုင်အချောင်းအမြောင်းသန်သူတို့အား ဟန့်တားသည့်အလိုအလျောက်လုပ်ငန်းစဉ်လည်း ဖြစ်ပါသည်။

Chrome browser တွင် Do Not Track လုပ်ငန်းစဉ်ကိုအသုံးပြုမည်ဆိုပါက အစက်သုံးစက်ပုံပြထားသောနေရာတွင်ကလစ်နှိပ်ရပါမည်။ ပြီးလျှင် setting>show advanced setting အတိုင်းဝင်ရပါမည်။ ပြီးလျှင် send a Do Not Track Option အားရွေးပေးရပါမည်။ Firefox တွင်ဖြစ်ပါက menu>options အတိုင်းသွားရပါမည်။ သို့တည်းမဟုတ် address bar တွင် about: preference ဟုရိုက်ထည့်ပြီး enter ခေါက်ရပါမည်။ Options Window ပေါ်လာသည့်အခါ privacy>manage Do Not Track Setting ကိုရွေးပေးရပါမည်။ Do Not Track ကိုရွေးခြင်းကြောင့် browsing လုပ်ငန်းစဉ် နှေးကွေးသွားမည်မဟုတ်သလို website များအလုပ်လုပ်ခြင်းလည်း ရပ်ဆိုင်းသွားမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းလုပ်ငန်းစဉ်သည် လွန်စွာအစွမ်းမထက်လှခြင်းကြောင့် ဖြစ်ပါသည်။

Do Not Track သည်အနှောင့်အယှက်မပေါ်ရန် ပန်ကြားချက်တစ်ခုသာဖြစ်ပါသည်။ စည်းကမ်းသတ်မှတ်ချက်တစ်ခုမဟုတ်ပါ။ ထို့ကြောင့် မိမိ၏ identity ကိုကာကွယ်ရန် browser တွင် အခြားသောလုံခြုံရေးအစီအမံများဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ကြော်ငြာများတားဆီးပိတ်ပင်သော ad block လုပ်သင့်သည်။ မိုဘိုင်းဖုန်းသုံး browser အတော်များများတွင် ad block လုပ်ငန်းစဉ်တစ်ပါတည်းပါဝင်ပြီးဖြစ်သည်။ ကြော်ငြာတားဆီးလုပ်ငန်း အမှန်တကယ်အလုပ်လုပ်၏မလုပ်၏ကို Test Panopticlick ဟူသော online tool ကိုသုံးပြီးစစ်ဆေးနိုင်သည်။www.panopticlick.eff.org တွင်ဝင်ပြီးဆောင်ရွက်နိုင်သည်။ ယင်း tool ကို Electronic Frontier Foundation မှနေ၍ရေးဆွဲထားခြင်းဖြစ်သည်။ Panopticlick သည် browser ရှိကြော်ငြာတားဆီးမှုလုပ်ငန်းစဉ်အသက်ဝင်ခြင်းရှိမရှိစစ်ဆေးပေးနိုင်သည်။ မမြင်နိုင်သော tracker များကို တားဆီးပိတ်ဆို့ပေးနိုင်သည်။ မိမိ၏ finger print data များကိုကာကွယ်ပေးနိုင်သည်။

Browser ၏လုံခြုံမှုကိုဆောင်ရွက်ရာတွင် cookies နှင့် plug in များကိုလည်း ဝေးဝေးမှာထားဖို့လိုသည်။ Cookies သည် မုန့်မဟုတ်ပါ။ အွန်လိုင်းသုံးစွဲသူ၏အလေ့အထများအား မှတ်သားထားပေးခြင်းဖြစ်သည်။ Cookies နှင့် plug in တို့က browsing speed ကိုလျင်မြန်စေသည်။ အွန်လိုင်းအသုံးပြုရခြင်းကို ပိုမိုအဆင်ပြေလွယ်ကူစေသည်။ သို့သော် တစ်ချိန်တည်းမှာပင် မိမိ၏လုပ်ပုံကိုင်ပုံအ၀၀ကိုနောက်ယောင်ခံပါသည်။ Privacy သည်ဦးစားပေးရမည့်အဆင့်ဖြစ်လျှင် cookies နှင့် plug in တို့ကိုရှောင်ရပါမည်။ ထိုသို့ရှောင်မည်ဆိုလျှင် Chrome browser ၌ setting>privacy အတိုင်းဝင်ရပါမည်။ သို့တည်းမဟုတ် address bar တွင် chrome://settings/content ဟုရိုက်ထည့်ပြီး enter ခေါက်၍လည်းရပါသည်။ ထိုနေရာမှနေ၍ browser အသုံးပြုမှုမရပ်မချင်း cookies များအလုပ်မလုပ်အောင်ထိန်းထားနိုင်သည်။ Keep cookies until you quit your browser နှင့် Block third party cookies and site data တို့ကိုရွေးချယ်ပေးရပါမည်။ ယင်းနောက်တွင် website သို့မဟုတ် ကြော်ငြာရှင်မှနေ၍လွှင့်ထုတ်ပြီး ကွန်ပျူတာထဲသို့ရောက်ရှိလာမည်ဖြစ်သော data သိုလှောင်သိမ်းဆည်းရာဖိုင်များအား လက်မခံဖို့အတွက် All cookies and site data ကိုရွေးချယ်ပေးရမည်။

လက်သာခံခဲ့လျှင် ထိုဖိုင်များအားကွန်ပျူတာထဲတွင်ရာချီ၍ရှိနေမည်ဖြစ်သည်။ ယင်းသို့ရှိနေသောဖိုင်တစ်ဖိုင်ပေါ်တွင် cursor ဖြတ်တင်ပါ။ ပြီးလျှင် ဖယ်ရှားရန်အတွက်ကြက်ခြေခတ်အမှတ်အသားနေရာတွင် ကလစ်နှိပ်ရပါမည်။ Remove all တွင် ကလစ်နှိပ်ခြင်းဖြင့် ယင်းဖိုင်အားလုံးကိုဖယ်ရှားနိုင်သည်။ နောက်တစ်ဆင့်တွင် content setting window အတိုင်းဝင်ပြီးအောက်ဘက်သို့ဆင်းသွားပါ။ ပြီးလျှင် Java Script နှင့် Flash ကို disable လုပ်ပါ။ ပိတ်ပစ်လိုက်သော tab များမှနေ၍ data အပို့အယူလုပ်နေခြင်းကိုကာကွယ်ရန် Background sync ကို disableလုပ်နိုင်သည်။ထိုသို့ပြုလုပ်ခြင်းကြောင့် website များက မိမိ၏တည်နေရာအားခြေရာခံခြင်းကို ကာကွယ်နိုင်သည်။ Pop-up ကြော်ငြာအားလုံးကိုတားဆိးပိတ်ပင်နိုင်သည်။ အပြင်မှနေ၍ ကွန်ပျူတာရှိ webcam နှင့် microphone အားလှမ်းပြီး access လုပ်ခြင်းကိုလည်းပိတ်ဆို့နိုင်သည်။ Firefox တွင် cookies နှင့် plugin များကိုတားဆီးရန်အတွက် Options>privacy အတိုင်းဝင်ပြီး Remember history ကိုရွေးရပါမည်။ ယင်းနောက် Use Custom Settings for history ကိုထပ်ရွေးရပါမည်။ Options များပေါ်လာသည့်အနက်မှ Always to open the drop-down menu>Never to block third-party cookies တို့ကိုဆက်၍ရွေးသွားရပါမည်။ IE browser တွင်မူ Internet Options ရှိ Privacy tab အောက်မှနေ၍ cookies များကိုရှင်းထုတ်နိုင်သည်။ Edge browser တွင် setting>Choose what to clear မှတစ်ဆင့်ရွေးချယ်နိုင်သည်။

ရှောင်ရှားရမည့်အထဲတွင် browser များရှိ Auto-fill လည်းပါသည်။ Chrome ၏ setting ထဲတွင် Enable Auto-fill to fill in web forms in a single click ဟူသော Option ကိုတွေ့ရပါမည်။ ယင်း tool သည် chrome, Opera နှင့် Safari browser များတွင်ပါသည်။ ယင်းတို့မှတစ်ဆင့် ဟက်ကာများသည်အွန်လိုင်းသုံးသူ၏ဖုန်းနံပါတ်၊လိပ်စာနှင့် ဘဏ်ကတ်နံပါတ်များကိုရယူသွားနိုင်သည်။ အတုအယောင်ဖန်တီးထားသော website တစ်ခုတွင် auto-fill သုံးပြီး အီးမေးလိပ်စာဖြည့်ရုံဖြင့် ယင်းနှင့်ဆက်စပ်သော data များ (ဥပမာ-ဘဏ်ကတ်)သည်ဖုံးကွယ်ထားသော text box များတွင် အလိုအလျောက်လာပေါ်သည်။ ယင်းကိုဟက်ကာက အသာတကြည်စောင့်ယူရုံသာဖြစ်သည်။ ကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေးနှင့် privacy ကိုထိန်းလိုပါက Auto-fill ကို enable မလုပ်ထားရန်လိုပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)