Online Streaming ႏွင့္စပ္လ်ဥ္း၍

0
91

photo credit: Hacker Noon

ႏိုင္ငံတကာတြင္ online streaming အရွိန္ရသည္မွာအတန္ၾကာၿပီ။ မ်ားေသာအားျဖင့္ ႐ုပ္ရွင္ႏွင့္သီခ်င္းမ်ားကုိ online streaming လုပ္ၾကသည္။ အဘယ္ေၾကာင့္နည္း။ အသစ္ထြက္သမွ်ေသာ႐ုပ္ရွင္၊ သီခ်င္းႏွင့္႐ုပ္သံဇာတ္လမ္းတြဲမ်ားေကာင္းမည္၊ မေကာင္းမည္ကုိမသိႏိုင္ေသာေၾကာင့္ အင္တာနက္ေပၚမွာ ျမည္းၾကည့္ျခင္းျဖစ္သည္။ ႐ုုပ္ရွင္လိုကိစၥမွာဖုိင္အရြယ္အစားႀကီးေသာေၾကာင့္ ကုိယ္ႀကိဳက္သမွ်႐ုပ္ရွင္ကုိသိမ္းမည္ဆုိလွ်င္ storage space မ်ားစြာလိုသည္။ ထို႔ျပင္႐ုပ္ရွင္ကားဆုိသည္မွာ သီခ်င္းလိုထပ္တလဲလဲလုိသည္မဟုတ္။ ထုိ႔ေၾကာင့္ ႐ုပ္ရွင္ကုိ streaming နည္းျဖင့္ အၾကည့္မ်ားၾကျခင္းျဖစ္ပါသည္။

Streaming လုပ္မည္ဆုိလွ်င္ အင္တာနက္အျမန္ႏႈန္းေကာင္းဖို႔လိုသည္။ မ်ားေသာအားျဖင့္ အင္တာနက္အျမန္ႏႈန္း 1Mbps မွအထက္ရမွအဆင္ေျပသည္။ online streaming အရည္အေသြးမီ၏။ မမီ၏ကုိဆံုးျဖတ္ေသာအျခားအေၾကာင္းအရာမ်ားလည္းရွိသည္။ ယင္းတုိ႔ကုိ ေအာက္ပါအတုိင္းေတြ႕ရပါမည္။

photo credit: LiberalDictionary

Bandwidth

နာမည္အရ Bandwidth ဟုဆုိေသာ္လည္း လက္ေတြ႕မွာမူ အင္တာနက္အျမန္ႏႈန္းကုိ ဆုိလိုရင္းျဖစ္ပါသည္။Bandwidth အေကာင္းဆံုးရလိုလွ်င္ အင္တာနက္လိုင္းမွာdeviceတစ္ခုတည္းသံုးျခင္းက အေကာင္းဆံုးျဖစ္သည္။ မိုဘုိင္းအက္တာနက္ wifi အင္တာနက္တုိ႔ကုိ တစ္ခ်ိန္တည္းတြင္ device တစ္ခုမကသံုးစြဲျခင္းသည္ အင္တာနက္အျမန္ႏႈန္းကုိက်ဆင္းေစသည္။ Streaming အရည္အေသြးကုိက်ဆင္းေစသည္။ ေနာင္ေသာကာလတြင္ Iot ဟုဆုိေသာအင္တာနက္ခ်ိတ္ဆက္မည့္အ၀တ္ေလွ်ာ္စက္၊ ေရခဲေသတၱာမ်ားလည္းရွိလာမည္ျဖစ္ရာ ဤကိစၥမွာလ်စ္လ်ဴမ႐ႈသင့္ေသာကိစၥျဖစ္ပါသည္။ Streaming နည္းျဖင့္ ခ်ိတ္ဆက္ထားစဥ္တြင္ အရြယ္အစားႀကီးေသာဖုိင္မ်ားကုိ download, upload မလုပ္ေစဖို႔ကုိလည္း သတိထားရပါမည္။ ISP တုိ႔ယူထားေသာ Bandwidth သည္မၾကာခဏဆုိသလုိပံုေသျဖစ္ေနေလ့ရွိၿပီးသံုးစြဲသူဦးေရတက္သလို Bandwidth ခ်က္ခ်င္းလိုက္မတက္သျဖင့္ Streaming ေလာကတြင္အ႐ုပ္အသံထစ္ပါကမသံုးသင့္ပါ။

Wired Streaming

Streaming ျပဳလုပ္ရန္အတြက္ အင္တာနက္ခ်ိတ္ဆက္ရာ၌ႀကိဳးမဲ့ကြန္ရက္ခ်ိတ္၍ ျပဳလုပ္ေလ့ရွိပါသည္။ မုိဘုိင္းအင္တာနက္ သုိ႔မဟုတ္ wi-fi အင္တာနက္ကဲ့သုိ႔ေသာ ကြန္ရက္မ်ဳိးျဖစ္သည္။ အကယ္၍ ျဖစ္ႏုိင္မည္ဆုိလွ်င္ႀကိဳးသြယ္အင္တာနက္သံုးျခင္းက streaming အတြက္ပုိမိုေကာင္းမြန္ေသာ အျမန္ႏႈန္းကုိရႏိုင္သည္။ လုိင္းတည္ၿငိမ္မႈအပိုင္းတြင္ ပုိ၍ေကာင္းမြန္သည္။ Data ယိုစိမ့္မႈအားနည္းေသာဖုိင္ဘာကြန္ရက္မ်ားတြင္ ထိုအခ်က္မွာပို၍သိသာသည္။ Streaming အတြက္ရည္ရြယ္ေရာင္းခ်ေသာ TV ႏွင့္ device အခ်ဳိ႕တြင္ ႀကိဳးသြယ္အင္တာနက္ရယူႏိုင္ေသာ Ethernet port အသင့္ပါၿပီး ျဖစ္သည္။

photo credit: Driver Easy

Wi-Fi upgrade

Streaming အတြက္ Ethernet သံုးဖို႔အေျခအေနမေပးဟုဆုိလွ်င္ ျမန္ဆန္သည့္ wi-fi အျမန္ႏႈန္းကုိေပးႏိုင္ေသာ Wireless router ကုိေရြးခ်ယ္သံုးစြဲရေတာ့မည္။ ယင္း router သည္ IEEE 802.11ac ကုိအေထာက္အပံ့ေပးသင့္သည္။ ယင္းထုတ္လႊင့္မႈစံသည္ ပုိမိုကြာေ၀းေသာေနရာမ်ားသုိ႔ ပုိမိုျမန္ဆန္ေသာႏႈန္းျဖင့္ data မ်ားကုိပုိ႔ေပးႏိုင္သည္။ အျမန္ႏႈန္းေကာင္းေသာ router ကုိ၀ယ္သည့္နည္းတူ streaming ကုိလက္ခံယူမည့္ မိမိ၏ device သည္လည္း IEEE 802.11ac ကုိအေထာက္အပံ့ေပးသင့္ပါသည္။

Wireless Speed Testing

မိမိသံုးစြဲေနေသာ ႀကိဳးမဲ့ကြန္ရက္၏အျမန္ႏႈန္းကုိေသာ္လည္းေကာင္း၊ မိမိအိမ္တြင္း၌ wi-fi အားနည္းေသာေနရာတို႔ကုိေသာ္လည္းေကာင္း၊ OOKLA speed test ကုိသံုး၍စစ္ေဆးႏုိင္သည္။ ယင္းစစ္ေဆးမႈအတြက္ www.speedtest.net မွေန၍ app ရယူရပါမည္။ ဖုန္းႏွင့္တက္ဘလက္အတြက္ app ကိုရႏိုင္ၿပီးကြန္ပ်ဴတာမွသံုးမည္ဆုိလွ်င္ web version ကိုအသံုးျပဳရပါမည္။ OOKLA ျဖင့္ အျမန္ႏႈန္းစစ္ေဆးႏိုင္သည္။ အိမ္တြင္း၌ျဖစ္ကေနရာအမ်ဳိးမ်ဳိးေရႊ႕၍စမ္းသပ္ရပါမည္။အားကုိးေလာက္ေသာအင္တာနက္အျမန္ႏႈန္းကုိရရွိရန္ျဖစ္သည္။ ကြန္ရက္အျမန္ႏႈန္းကုိ အလ်င္အျမန္စစ္ေဆးလိုပါက Netflix မွထုတ္ေသာ Fast Tool ကုိသံုးႏိုင္သည္။ယင္းကို www.fast.com မွေန၍ရရွိႏိုင္သည္။ ယင္းက အလိုအေလ်ာက္အလုပ္လုပ္ၿပီး ကြန္ရက္အျမန္ႏႈန္းကုိခ်က္ခ်င္းတုိင္းတာေပးႏုိင္ပါသည္။

Wireless Channel

အကယ္၍ wi-fi အင္တာနက္သံုးၿပီး streaming လုပ္ခြင့္ရမည္ဆုိလွ်င္ channel ေရြးၿပီးသံုးတတ္ဖုိ႔လိုသည္။ Router တု႔ိသည္ channel တစ္ခုမကလႊင့္ထုတ္ေပးႏိုင္ေသာေၾကာင့္ျဖစ္သည္။ မိမိအသံုးျပဳေသာ channel ႏွင့္မိမိအိမ္နီးခ်င္းသံုးေသာ channel တုိ႔တူညီေနမည္ဆုိလွ်င္မိမိ၏ wi-fi ကြန္ရက္တြင္လာ၍ အေႏွာင့္အယွက္ျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ လုိင္းအားအေကာင္းဆံုး၊ လုိင္းၾကပ္မႈအနည္းဆံုး channel ကုိ scan လုပ္ကာရွာေဖြၿပီးသံုးသင့္သည္။ယင္းအတြက္အသံုး၀င္သည္မွာ Acrylic Wi-Fi Home ျဖစ္သည္။ ယင္းကုိ www.acrylicwifi.com မွေန၍ရႏိုင္ပါသည္။

Streaming Configuration

Netflix တို႔လုိ Amazon Prime တုိ႔လို streaming ၀န္ေဆာင္မႈမ်ားသည္ အင္တာနက္အျမန္ႏႈန္းအေပၚမူတည္ၿပီး ႐ုပ္ထြက္အရည္အေသြးကုိ အလိုအေလ်ာက္ညႇိယူေလ့ရွိသည္။ သုိ႔ေသာ္ အလိုအေလ်ာက္ညိႇေပးသည့္႐ုပ္ထြက္အေပၚစိတ္ေက်နပ္မႈမရွိလွ်င္ မိမိစိတ္ႀကိဳက္ setting ခ်ိန္ခြင့္ကုိရရွိသင့္သည္။ Youtube တြင္ setting ခ်ိန္မည္ဆုိပါက video setting ေအာက္ရွိစက္သြားပံုေလးကုိႏွိပ္ရပါမည္။ ယင္းေနရာမွတစ္ဆင့္ ႐ုပ္ထြက္အရည္အေသြးကုိေျပာင္းႏုိင္သည္။ အျခားေသာ streaming ၀န္ေဆာင္မႈတုိ႔တြင္လည္း setting မွတစ္ဆင့္ ႐ုပ္ထြက္အရည္အေသြးကုိ ခ်ိန္ညႇိႏိုင္ျခင္းရွိမရွိႀကိဳတင္ေလ့လာထားသင့္ပါသည္။

ဧဧသက္(ၿဖိဳးဓနဒစ္ဂ်စ္တယ္ဓာတ္ပံု)

photo credit: StreamHash

(Unicode Version)

Online Streaming နှင့်စပ်လျဉ်း၍

နိုင်ငံတကာတွင် online streaming အရှိန်ရသည်မှာအတန်ကြာပြီ။ များသောအားဖြင့် ရုပ်ရှင်နှင့်သီချင်းများကို online streaming လုပ်ကြသည်။ အဘယ်ကြောင့်နည်း။ အသစ်ထွက်သမျှသောရုပ်ရှင်၊ သီချင်းနှင့်ရုပ်သံဇာတ်လမ်းတွဲများကောင်းမည်၊ မကောင်းမည်ကိုမသိနိုင်သောကြောင့် အင်တာနက်ပေါ်မှာ မြည်းကြည့်ခြင်းဖြစ်သည်။ ရုပ်ရှင်လိုကိစ္စမှာဖိုင်အရွယ်အစားကြီးသောကြောင့် ကိုယ်ကြိုက်သမျှရုပ်ရှင်ကိုသိမ်းမည်ဆိုလျှင် storage space များစွာလိုသည်။ ထို့ပြင်ရုပ်ရှင်ကားဆိုသည်မှာ သီချင်းလိုထပ်တလဲလဲလိုသည်မဟုတ်။ ထို့ကြောင့် ရုပ်ရှင်ကို streaming နည်းဖြင့် အကြည့်များကြခြင်းဖြစ်ပါသည်။

Streaming လုပ်မည်ဆိုလျှင် အင်တာနက်အမြန်နှုန်းကောင်းဖို့လိုသည်။ များသောအားဖြင့် အင်တာနက်အမြန်နှုန်း 1Mbps မှအထက်ရမှအဆင်ပြေသည်။ online streaming အရည်အသွေးမီ၏။ မမီ၏ကိုဆုံးဖြတ်သောအခြားအကြောင်းအရာများလည်းရှိသည်။ ယင်းတို့ကို အောက်ပါအတိုင်းတွေ့ရပါမည်။

Bandwidth
နာမည်အရ Bandwidth ဟုဆိုသော်လည်း လက်တွေ့မှာမူ အင်တာနက်အမြန်နှုန်းကို ဆိုလိုရင်းဖြစ်ပါသည်။Bandwidth အကောင်းဆုံးရလိုလျှင် အင်တာနက်လိုင်းမှာdeviceတစ်ခုတည်းသုံးခြင်းက အကောင်းဆုံးဖြစ်သည်။ မိုဘိုင်းအက်တာနက် wifi အင်တာနက်တို့ကို တစ်ချိန်တည်းတွင် device တစ်ခုမကသုံးစွဲခြင်းသည် အင်တာနက်အမြန်နှုန်းကိုကျဆင်းစေသည်။ Streaming အရည်အသွေးကိုကျဆင်းစေသည်။ နောင်သောကာလတွင် Iot ဟုဆိုသောအင်တာနက်ချိတ်ဆက်မည့်အဝတ်လျှော်စက်၊ ရေခဲသေတ္တာများလည်းရှိလာမည်ဖြစ်ရာ ဤကိစ္စမှာလျစ်လျူမရှုသင့်သောကိစ္စဖြစ်ပါသည်။ Streaming နည်းဖြင့် ချိတ်ဆက်ထားစဉ်တွင် အရွယ်အစားကြီးသောဖိုင်များကို download, upload မလုပ်စေဖို့ကိုလည်း သတိထားရပါမည်။ ISP တို့ယူထားသော Bandwidth သည်မကြာခဏဆိုသလိုပုံသေဖြစ်နေလေ့ရှိပြီးသုံးစွဲသူဦးရေတက်သလို Bandwidth ချက်ချင်းလိုက်မတက်သဖြင့် Streaming လောကတွင်အရုပ်အသံထစ်ပါကမသုံးသင့်ပါ။

Wired Streaming
Streaming ပြုလုပ်ရန်အတွက် အင်တာနက်ချိတ်ဆက်ရာ၌ကြိုးမဲ့ကွန်ရက်ချိတ်၍ ပြုလုပ်လေ့ရှိပါသည်။ မိုဘိုင်းအင်တာနက် သို့မဟုတ် wi-fi အင်တာနက်ကဲ့သို့သော ကွန်ရက်မျိုးဖြစ်သည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင်ကြိုးသွယ်အင်တာနက်သုံးခြင်းက streaming အတွက်ပိုမိုကောင်းမွန်သော အမြန်နှုန်းကိုရနိုင်သည်။ လိုင်းတည်ငြိမ်မှုအပိုင်းတွင် ပို၍ကောင်းမွန်သည်။ Data ယိုစိမ့်မှုအားနည်းသောဖိုင်ဘာကွန်ရက်များတွင် ထိုအချက်မှာပို၍သိသာသည်။ Streaming အတွက်ရည်ရွယ်ရောင်းချသော TV နှင့် device အချို့တွင် ကြိုးသွယ်အင်တာနက်ရယူနိုင်သော Ethernet port အသင့်ပါပြီး ဖြစ်သည်။

Wi-Fi upgrade
Streaming အတွက် Ethernet သုံးဖို့အခြေအနေမပေးဟုဆိုလျှင် မြန်ဆန်သည့် wi-fi အမြန်နှုန်းကိုပေးနိုင်သော Wireless router ကိုရွေးချယ်သုံးစွဲရတော့မည်။ ယင်း router သည် IEEE 802.11ac ကိုအထောက်အပံ့ပေးသင့်သည်။ ယင်းထုတ်လွှင့်မှုစံသည် ပိုမိုကွာဝေးသောနေရာများသို့ ပိုမိုမြန်ဆန်သောနှုန်းဖြင့် data များကိုပို့ပေးနိုင်သည်။ အမြန်နှုန်းကောင်းသော router ကိုဝယ်သည့်နည်းတူ streaming ကိုလက်ခံယူမည့် မိမိ၏ device သည်လည်း IEEE 802.11ac ကိုအထောက်အပံ့ပေးသင့်ပါသည်။

Wireless Speed Testing
မိမိသုံးစွဲနေသော ကြိုးမဲ့ကွန်ရက်၏အမြန်နှုန်းကိုသော်လည်းကောင်း၊ မိမိအိမ်တွင်း၌ wi-fi အားနည်းသောနေရာတို့ကိုသော်လည်းကောင်း၊ OOKLA speed test ကိုသုံး၍စစ်ဆေးနိုင်သည်။ ယင်းစစ်ဆေးမှုအတွက် www.speedtest.net မှနေ၍ app ရယူရပါမည်။ ဖုန်းနှင့်တက်ဘလက်အတွက် app ကိုရနိုင်ပြီးကွန်ပျူတာမှသုံးမည်ဆိုလျှင် web version ကိုအသုံးပြုရပါမည်။ OOKLA ဖြင့် အမြန်နှုန်းစစ်ဆေးနိုင်သည်။ အိမ်တွင်း၌ဖြစ်ကနေရာအမျိုးမျိုးရွှေ့၍စမ်းသပ်ရပါမည်။အားကိုးလောက်သောအင်တာနက်အမြန်နှုန်းကိုရရှိရန်ဖြစ်သည်။ ကွန်ရက်အမြန်နှုန်းကို အလျင်အမြန်စစ်ဆေးလိုပါက Netflix မှထုတ်သော Fast Tool ကိုသုံးနိုင်သည်။ယင်းကို www.fast.com မှနေ၍ရရှိနိုင်သည်။ ယင်းက အလိုအလျောက်အလုပ်လုပ်ပြီး ကွန်ရက်အမြန်နှုန်းကိုချက်ချင်းတိုင်းတာပေးနိုင်ပါသည်။

Wireless Channel
အကယ်၍ wi-fi အင်တာနက်သုံးပြီး streaming လုပ်ခွင့်ရမည်ဆိုလျှင် channel ရွေးပြီးသုံးတတ်ဖို့လိုသည်။ Router တု့ိသည် channel တစ်ခုမကလွှင့်ထုတ်ပေးနိုင်သောကြောင့်ဖြစ်သည်။ မိမိအသုံးပြုသော channel နှင့်မိမိအိမ်နီးချင်းသုံးသော channel တို့တူညီနေမည်ဆိုလျှင်မိမိ၏ wi-fi ကွန်ရက်တွင်လာ၍ အနှောင့်အယှက်ဖြစ်နိုင်သည်။ ထို့ကြောင့် လိုင်းအားအကောင်းဆုံး၊ လိုင်းကြပ်မှုအနည်းဆုံး channel ကို scan လုပ်ကာရှာဖွေပြီးသုံးသင့်သည်။ယင်းအတွက်အသုံးဝင်သည်မှာ Acrylic Wi-Fi Home ဖြစ်သည်။ ယင်းကို www.acrylicwifi.com မှနေ၍ရနိုင်ပါသည်။

Streaming Configuration
Netflix တို့လို Amazon Prime တို့လို streaming ဝန်ဆောင်မှုများသည် အင်တာနက်အမြန်နှုန်းအပေါ်မူတည်ပြီး ရုပ်ထွက်အရည်အသွေးကို အလိုအလျောက်ညှိယူလေ့ရှိသည်။ သို့သော် အလိုအလျောက်ညှိပေးသည့်ရုပ်ထွက်အပေါ်စိတ်ကျေနပ်မှုမရှိလျှင် မိမိစိတ်ကြိုက် setting ချိန်ခွင့်ကိုရရှိသင့်သည်။ Youtube တွင် setting ချိန်မည်ဆိုပါက video setting အောက်ရှိစက်သွားပုံလေးကိုနှိပ်ရပါမည်။ ယင်းနေရာမှတစ်ဆင့် ရုပ်ထွက်အရည်အသွေးကိုပြောင်းနိုင်သည်။ အခြားသော streaming ဝန်ဆောင်မှုတို့တွင်လည်း setting မှတစ်ဆင့် ရုပ်ထွက်အရည်အသွေးကို ချိန်ညှိနိုင်ခြင်းရှိမရှိကြိုတင်လေ့လာထားသင့်ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)