Dual Selfie ကင်မရာနဲ့ ထွက်လာမယ့် OPPO R19 Pro

0
153

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ OPPO အနေနဲ့ အလယ်အလတ် လူတန်းစားတွေ သုံးနိုင်ဖို့အတွက် စမတ်ဖုန်း ၂လုံး ထုတ်လုပ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြာပြီ။ အဲ့ဒီစမတ်ဖုန်းမော်ဒယ် ၂မျိုးကတော့ Oppo RX17 Pro နဲ့ Neo RX17 ဖုန်းတွေပဲဖြစ်ပါတယ်။ အခုတော့ လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Oppo R19 Pro နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ရှိလာ ပါတယ်။

လာမယ်နှစ် ဘာစီလိုနာ နည်းပညာပြပွဲမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲ့ဒီစမတ်ဖုန်းမှာ dual selfie ကင်မရာတပ်ဆင်လာမှာ ဖြစ်ပြီး hole-screen borderless display သုံးလာမယ်လို့ သိရပါတယ်။ လက်တလောသတင်းတွေအရ အဲ့ဒီဖုန်းမှာ in- display fingerprint sensor နဲ့အတူ အရှေ့ဘက်ကင်မရာကို Open hole camera ဒီဇိုင်းနဲ့လာဖို့များပါတယ်။ ဒီဖုန်းသစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေက ခန့်မှန်းအဆင့်လောက်သာ ရှိပါသေးတယ်။

ထွက်ရှိထားတဲ့ သတင်းတွေအရ ဒီဖုန်းမှာ 6.49 လက်မ Super AMOLED screen မျက်နှာပြင်နဲ့ဖြစ်ပြီး 1080 x 2340 pixels ရှိကာ Android 9 ကိုထည့်ပေးထားမယ်လို့ ဆိုပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ MediaTek P90 Octa နဲ့ဖြစ်ပြီး 10 GB RAM သုံးလာဖို့ များပါတယ်။ ဘက်ထရီပါဝင်မှုအတွက် 4500 mAh စွမ်းအားမှာ Vooc ထည့်ပေးနိုင်ပါတယ်။ လက်ရှိအချိန်ထိ ထွက်နေတဲ့ သတင်းတွေအရ ကင်မရာကို 16 MP + 5 MP နဲ့လို့ဆိုပေမယ့် ကင်မရာ ၃လုံးလည်း ဖြစ်လာနိုင်ပါတယ်။

zawgyi




LEAVE A REPLY

Please enter your comment!
Please enter your name here