အသက္ရွင္မႈစိတ္ခ်ဖို႔ Pereira ေကာ္ကိုသံုးၾကစို႔

0
215

photo credit: GirlTalkHQ

တီထြင္ဆန္းသစ္မႈတိုင္းမွာ တစ္ဦးနဲ႔တစ္ဦးစိတ္၀င္စားမႈပံုစံေတြဟာ ကြဲျပားျခားနားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ အမ်ိဳးမ်ိဳးေသာတီထြင္ဆန္းသစ္မႈမ်ားစြာရွိၾကတဲ့အထဲကမွ ေဆးပညာေလာကကို တုန္လႈပ္သြားေစမယ့္ တီထြင္မႈတစ္ခုကိုေတာ့ Pereira က လက္ေတြ႕အေကာင္အထည္ေဖာ္ျပသခဲ့တယ္လို႔သိရပါတယ္။ ပဲရစ္ အေျခစိုက္ Gecko Biomedical အဖြဲ႔ရဲ႕ သုေတသနေခါင္းေဆာင္ အေနနဲ႔ သိပၸံပညာရဲ႕ တီထြင္ဆန္းသစ္မႈမ်ား၏ အဓိကရည္ရြယ္ခ်က္ဟာ လူသားေတြရဲ႕ အသက္ရွင္သန္မႈတိုးတက္လံုျခံဳစိတ္ခ်ရေစဖို႔ ျဖစ္တယ္လို႔ သူမက ေျပာၾကားခဲ့ပါတယ္။  သူမဟာ ၂၀၁၃ ခုႏွစ္တုန္းက ေပၚတူဂီကေနထြက္လာခဲ့ၿပီးေနာက္ ပဲရစ္ကိုေရာက္လာခဲ့တာျဖစ္ၿပီး၊ ခြဲစိတ္မႈအတြက္ အလြန္အသံုး၀င္တဲ့ ‘ေကာ္’ ကိုသုေတသနလုပ္ႏိုင္ဖို႔အတြက္ ေဒၚလာ ၁၁ သန္းကို ဖန္ေငြအျဖစ္ရရွိခဲ့တယ္လို႔သိရပါတယ္။

photo credit: Time Megazine

ဒီလိုတီထြင္ႏိုင္ဖို႔အတြက္ သူမႀကိဳးစားခဲ့တာဟာ လြန္ခဲ့တဲ့ ခုနစ္ႏွစ္ ကတည္းကျဖစ္ေၾကာင္းလည္းသိရပါတယ္။ သူမအေနႏွင့္ MIT Portugal Program ကေန စေကာလားရွစ္ဆုရၿပီးတဲ့ေနာက္ ေဘာ္စတြန္ တကၠသိုလ္မွာတက္ေရာက္ခဲ့တယ္လို႔သိရပါတယ္။  သူမဟာ ဇီ၀အင္ဂ်င္နီယာဘာသာရပ္နဲ႔ Phd ဘြဲ႕ရေအာင္ႀကိဳးစားခဲ့သူလည္းျဖစ္ကာ သူမ၏ သုေတသန စူပါဗိုက္ဆာတစ္ဦးျဖစ္တဲ့ karp က သူမေလာက္ စာကို တက္တက္ၾကြၾကြ သင္ၾကားၿပီး မထင္မွတ္ေလာက္ေအာင္ ထူးခ်ြန္လာတဲ့ သူမလိုလူမ်ိဳး မေတြ႕ဖူးဘူးလို႔ေတာင္ ခ်ီးမြမ္းရတဲ့အထိျဖစ္တယ္လို႔သိရပါတယ္။ အေမရိကန္ႏိုင္ငံမွာေတာ့ ႏွစ္စဥ္ႏွစ္တိုင္း ေမြးဖြားတဲ့ ကေလး ၄၀၀၀၀ ဟာ ေမြးရာပါ ႏွလံုးခ်ိဳ႕တဲ့ေရာဂါမ်ားပါလာတာေၾကာင့္ ႏွလံုးရဲ႕Chamberခန္းေတြရဲ႕ အေပါက္ေတြကို ဖာေထးပူးကပ္ေပးဖို႔အတြက္ ခ်ဳပ္ရာမွာ တစ္ရႈးေတြ မဖြံ႔ၿဖိဳးေသးတာမို႔ ကေလးကို အႏၱရာယ္ျဖစ္ေစတယ္လို႔သိရပါတယ္။ အဲဒီအႏၱရာယ္ေတြကေနလြတ္ေအာင္ သူမ ဖန္တီးခဲ့တဲ့  “ေကာ္” နဲ႔ေျဖရွင္းေပးမွာျဖစ္ပါတယ္။  သူမအေနနဲ႔ ဒဏ္ရာေတြကို ခ်ဳပ္စရာမလိုေတာ့တဲ့အျပင္ အဲဒီေကာ္ဟာ တစ္ရႈးေတြကိုလည္း အေႏွာင့္အယွက္မေပးတာေၾကာင့္ ခြဲစိတ္ရာမွာ အႏၱရာယ္ မျဖစ္ႏိုင္ေတာ့ဘူးလို႔ သိရပါတယ္။

Photo Credit: TheKarpLab

သူမဖန္တီးခဲ့တဲ့ ေကာ္ကို ေဆးရံုေဆးခန္းေတြမွာ စမ္းသပ္သံုးစြဲၾကကာ ၂၀၁၇ခုႏွစ္ အစပိုင္းမွာေတာ့ က်ယ္ျပန္႔စြာထုတ္လုပ္လာခဲ့တယ္လို႔သိရပါတယ္။ အဲဒီစမ္းသပ္မႈေတြ အဆင္ေျပလာခဲ့ရင္ေတာ့ သူမရဲ႕တီထြင္မႈဟာ ေဆးေလာကကို တစ္ေခတ္ဆန္းေစမွာအမွန္ပဲျဖစ္ပါတယ္။  ဒီလိုထူးခ်ြန္ ထက္ျမက္တဲ့သူမဟာ ၂၀၁၅ ခုႏွစ္ အသက္ ၃၀ ေအာက္ ထူးခ်ြန္ထက္ျမက္သူမ်ားစာရင္းမွာေတာင္ ထည့္သြင္းေဖာ္ျပတာကိုခံခဲ့ရသူျဖစ္တယ္လို႔သိရပါတယ္။

photo credit: MITNEWS

(Unicode Version)

အသက်ရှင်မှုစိတ်ချဖို့ Pereira ကော်ကိုသုံးကြစို့

တီထွင်ဆန်းသစ်မှုတိုင်းမှာ တစ်ဦးနဲ့တစ်ဦးစိတ်ဝင်စားမှုပုံစံတွေဟာ ကွဲပြားခြားနားတာကို တွေ့ရမှာဖြစ်ပါတယ်။ အမျိုးမျိုးသောတီထွင်ဆန်းသစ်မှုများစွာရှိကြတဲ့အထဲကမှ ဆေးပညာလောကကို တုန်လှုပ်သွားစေမယ့် တီထွင်မှုတစ်ခုကိုတော့ Pereira ကလက်တွေ့အကောင်အထည်ဖော်ပြသခဲ့တယ်လို့သိရပါတယ်။ ပဲရစ် အခြေစိုက် Gecko Biomedical အဖွဲ့ရဲ့ သုတေသနခေါင်းဆောင် အနေနဲ့ သိပ္ပံပညာရဲ့ တီထွင်ဆန်းသစ်မှုများ၏ အဓိကရည်ရွယ်ချက်ဟာ လူသားတွေရဲ့ အသက်ရှင်သန်မှုတိုးတက်လုံခြုံစိတ်ချရစေဖို့ ဖြစ်တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။  သူမဟာ ၂၀၁၃ ခုနှစ်တုန်းက ပေါ်တူဂီကနေထွက်လာခဲ့ပြီးနောက် ပဲရစ်ကိုရောက်လာခဲ့တာဖြစ်ပြီး၊ ခွဲစိတ်မှုအတွက် အလွန်အသုံးဝင်တဲ့ ‘ကော်’ ကိုသုတေသနလုပ်နိုင်ဖို့အတွက် ဒေါ်လာ ၁၁ သန်းကို ဖန်ငွေအဖြစ်ရရှိခဲ့တယ်လို့သိရပါတယ်။

ဒီလိုတီထွင်နိုင်ဖို့အတွက် သူမကြိုးစားခဲ့တာဟာ လွန်ခဲ့တဲ့ ခုနစ်နှစ် ကတည်းကဖြစ်ကြောင်းလည်းသိရပါတယ်။ သူမအနေနှင့် MIT Portugal Program ကနေ စကောလားရှစ်ဆုရပြီးတဲ့နောက် ဘော်စတွန် တက္ကသိုလ်မှာတက်ရောက်ခဲ့တယ်လို့သိရပါတယ်။  သူမဟာ ဇီဝအင်ဂျင်နီယာဘာသာရပ်နဲ့ Phd ဘွဲ့ရအောင်ကြိုးစားခဲ့သူလည်းဖြစ်ကာ သူမ၏ သုတေသန စူပါဗိုက်ဆာတစ်ဦးဖြစ်တဲ့ karp က သူမလောက်စာကို တက်တက်ကြွကြွ သင်ကြားပြီး မထင်မှတ်လောက်အောင် ထူးချွန်လာတဲ့ သူမလိုလူမျိုး မတွေ့ဖူးဘူးလို့တောင် ချီးမွမ်းရတဲ့အထိဖြစ်တယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း မွေးဖွားတဲ့ ကလေး ၄၀၀၀၀ ဟာ မွေးရာပါ နှလုံးချို့တဲ့ရောဂါများပါလာတာကြောင့် နှလုံးရဲ့Chamberခန်းတွေရဲ့ အပေါက်တွေကို ဖာထေးပူးကပ်ပေးဖို့အတွက် ချုပ်ရာမှာ တစ်ရှုးတွေ မဖွံ့ဖြိုးသေးတာမို့ ကလေးကို အန္တရာယ်ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအန္တရာယ်တွေကနေလွတ်အောင် သူမ ဖန်တီးခဲ့တဲ့  “ကော်” နဲ့ဖြေရှင်းပေးမှာဖြစ်ပါတယ်။  သူမအနေနဲ့ ဒဏ်ရာတွေကို ချုပ်စရာမလိုတော့တဲ့အပြင် အဲဒီကော်ဟာ တစ်ရှုးတွေကိုလည်း အနှောင့်အယှက်မပေးတာကြောင့် ခွဲစိတ်ရာမှာ အန္တရာယ် မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

သူမဖန်တီးခဲ့တဲ့ ကော်ကို ဆေးရုံဆေးခန်းတွေမှာ စမ်းသပ်သုံးစွဲကြကာ ၂၀၁၇ခုနှစ် အစပိုင်းမှာတော့ ကျယ်ပြန့်စွာထုတ်လုပ်လာခဲ့တယ်လို့သိရပါတယ်။ အဲဒီစမ်းသပ်မှုတွေ အဆင်ပြေလာခဲ့ရင်တော့ သူမရဲ့တီထွင်မှုဟာ ဆေးလောကကို တစ်ခေတ်ဆန်းစေမှာအမှန်ပဲဖြစ်ပါတယ်။  ဒီလိုထူးချွန် ထက်မြက်တဲ့သူမဟာ ၂၀၁၅ ခုနှစ် အသက် ၃၀ အောက် ထူးချွန်ထက်မြက်သူများစာရင်းမှာတောင် ထည့်သွင်းဖော်ပြတာကိုခံခဲ့ရသူဖြစ်တယ်လို့သိရပါတယ်။