Popup Dictionary

0
233

သင့္ရဲ႕ Android Smartphone နဲ႔ Tablet မ်ားမွာဘေရာက္စာ သို႔မဟုတ္ App တစ္ခုကေနႏိုင္ငံျခား website မ်ားကို ၾကည့္ရႈတဲ့အခါမ်ိဳး၊ Ebook ဖတ္ရႈေနတဲ့အခါမ်ိဳးမွာ  အဂၤလိပ္စကားလံုးတစ္ခုရဲ႕ အဓိပၸါယ္ကိုသိခ်င္ရင္ ျပဳလုပ္ရတဲ့အဆင့္ေတြမ်ားျပားၿပီး အလုပ္ရႈပ္္ပါတယ္။ ပထမဆံုးအသံုးျပဳေနတဲ့ App ကိုပိတ္ရပါတယ္။ Dictionary App ကိုလိုက္ရွာၿပီး ဖြင့္ရပါတယ္။ သိခ်င္တဲ့စကားလံုးကို ရိုက္ထည့္ရပါတယ္။ အဲဒီ အလုပ္ရႈပ္မႈေတြကို ေျဖရွင္းေပးၿပီးအဂၤလိပ္စကားလံုးတစ္လံုးရဲ႕အဓိပၸါယ္ကိုလ်င္ျမန္လြယ္ကူစြာသိခ်င္ရင္ေတာ့ Popup Dictionary ကိုအသံုးျပဳပါ။ Popup Dictionary က Facebook Messenger Chat Head လိုအျခား App မ်ားရဲ႕အေပၚမွာ Floating Window or Bubble အျဖစ္ရွိေနမွာျဖစ္ၿပီး လက္ရွိအသံုးျပဳေနတဲ့ App ကိုပိတ္စရာမလိုဘဲ စကားလံုးမ်ားရဲ႕အဓိပၸါယ္ကိုလ်င္ျမန္စြာျပသေပးႏုိင္ပါတယ္။ အသံုးျပဳေနတဲ့ App မွ စကားလံုးတစ္ခုကို Select လုပ္လိုက္တာနဲ႔ Dictionary က အဓိပၸါယ္ကိုျပသေပးမွာပါ။ အဲဒီအတြက္ Dictionary Window မွာစကားလံုးကိုရိုက္ထည့္စရာလည္းမလိုေတာ့ပါဘူး။ Popup Dictionary မွာ Dictionary အျပင္ Google Translate လည္းပါရွိပါတယ္။

Popup Dictionary ကို Phone ရဲ႕ Storage တစ္ခုခုထဲကိုထည့္ၿပီးတစ္ခ်က္ႏွိပ္လိုက္ပါမယ္။ ၿပီးရင္ Install ကို ဆက္ႏွိပ္ပါ။

အနည္းငယ္ၾကာလာတာနဲ႔ Application Install လုပ္ၿပီးေၾကာင္း Box ေပၚလာပါမယ္။ Done ကိုႏွိပ္ပါ။ ၿပီးရင္ All Application ထဲက Popup Dictionary ကို ရွာၿပီးဖြင့္ပါ။

ဒါဆိုရင္ စကရင္ေပၚမွာ Floating Window တစ္ခုေပၚလာမွာျဖစ္ပါတယ္။ ဘယ္ဘက္အေပၚထိပ္မွ ေဒါင္လိုက္အစက္သံုးစက္ကိုႏွိပ္ၿပီး Dictionaries ကို ေျပာင္းေပးပါ။ Default အားျဖင့္ Google Translate ကို ေရြးခ်ယ္ထားတာျဖစ္ပါတယ္။ အစက္သံုးစက္ရဲ႕ညာဘက္မွ Drop-Down Menu ကိုႏွိပ္၍ English Dictionary ကို ေရြးခ်ယ္ႏုိင္ပါတယ္။

App တစ္ခုကိုဖြင့္ၿပီးအဓိပၸါယ္သိခ်င္တဲ့စကားလံုးတစ္ခုကိုဖိထားျခင္းျဖင့္ Select လုပ္ပါ။ Select လုပ္လိုက္တာနဲ႔ Popup Dictionary မွာအဲဒီစကားလံုးရဲ႕အဓိပၸါယ္ကို ျပသေပးမွာျဖစ္ပါတယ္။ Popup Dictionary ကိုအသံုးျပဳရင္အင္တာနက္ခ်ိတ္ဆက္ထားဖို႔လိုပါတယ္။ ၾကက္ေျခခတ္ခလုတ္ကိုနွိပ္ရင္ Box ထဲမွစကားလံုးကို ဖ်က္ေပးမွာပါ။

Minimize Button ကိုႏွိပ္ရင္ Floating Bubble အေနျဖင့္ ျပသေပးမွာျဖစ္ပါတယ္။ Bubble ကိုတစ္ခ်က္နွိပ္ရင္ Floating Window ကိုျပန္လည္ျပသေပးမွာျဖစ္ပါတယ္။ မလိုအပ္တဲ့အခ်ိန္ေတြမွာ Minimize ျပဳလုပ္ထားျခင္းျဖင့္ စာဖတ္ရတာအျမင္ရွင္းလင္းေစပါတယ္။

Popup Dictionary ကိုဖြင့္ထားျခင္းမရွိတဲ့အခ်ိန္မွာ စကားလံုးတစ္ခုရဲ႕အဓိပၸါယ္ကိ္ုသိႏုိင္တဲ့ ေနာက္ထပ္နည္းတစ္ခုရွိပါတယ္။ Browser or App ကို ဖြင့္ပါ။

စကားလံုးတစ္ခုကိုဖိထားၿပီး Select လုပ္ပါ။ Share ကိုႏွိပ္ပါ။

ေနာက္အဆင့္မွာ Popup Dictionary ကို ေရြးေပးပါ။ ဒါဆိုရင္ Popup Dictionary ကို Floating Window အေနျဖင့္ဖြင့္ေပးၿပီး စကားလံုးရဲ႕အဓိပၸါယ္ကို ျပသေပးမွာျဖစ္ပါတယ္။

Floating Window ရဲ႕ ဘယ္ဘက္ထိပ္မွအစက္သံုးစက္ သို႔မဟုတ္ Menu ကိုႏွိပ္ပါ။ Quit Popup Dictionary ကိုႏွိပ္ရင္ App ကို ပိတ္ေပးမွာျဖစ္ပါတယ္။ Notification Bar ကေနလည္း App ကို ပိတ္ႏုိင္ပါတယ္။ Menu ကေန Settings ထဲသြားပါ။ Minimize က႑ေအာက္မွာ Minimize လုပ္ရင္ျပဳလုပ္ရမယ့္ Method ကိုေရြးခ်ယ္ႏိုင္ပါတယ္။ စမ္းသပ္္အသံုးျပဳခ်င္ရင္ေတာ့ File Size 425 KB ရွိၿပီး Android 2.2 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။ https://goo.gl/hX46ZM     မွာ  ရယူႏုိင္ပါတယ္။

<<သူရေနာင္>>


Popup Dictionary
သင့်ရဲ့ Android Smartphone နဲ့ Tablet များမှာ ဘရောက်စာ သို့မဟုတ် App တစ်ခုကနေ နိုင်ငံခြား ဝက်ဆိုက်များကို ကြည့်ရှုတဲ့အခါမျိုး၊ Ebook ဖတ်ရှုနေတဲ့အခါမျိုးမှာ အင်္ဂလိပ်စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ် ကိုသိချင်ရင် ပြုလုပ်ရတဲ့အဆင့်တွေများပြားပြီး အလုပ်ရှုပ်ပါတယ်။ ပထမဆုံးအသုံးပြုနေတဲ့ App ကို ပိတ်ရ ပါတယ်။ Dictionary App ကိုလိုက်ရှာပြီး ဖွင့်ရပါတယ်။ သိချင်တဲ့စကားလုံးကို ရိုက်ထည့်ရပါတယ်။ အဲဒီ အလုပ်ရှုပ်မှုတွေကို ဖြေရှင်းပေးပြီးအင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ်ကို လျင်မြန်လွယ်ကူစွာသိချင်ရင် တော့ Popup Dictionary ကို အသုံးပြုပါ။ Popup Dictionary က Facebook Messenger Chat Head လိုအခြား App များရဲ့အပေါ်မှာ Floating Window or Bubble အဖြစ်ရှိနေမှာဖြစ်ပြီး လက်ရှိအသုံးပြု နေတဲ့ App ကိုပိတ်စရာမလိုဘဲ စကားလုံးများရဲ့အဓိပ္ပါယ်ကိုလျင်မြန်စွာ ပြသပေးနိုင်ပါတယ်။ အသုံးပြုနေ တဲ့ App မှ စကားလုံးတစ်ခုကို Select လုပ်လိုက်တာနဲ့ Dictionary က အဓိပ္ပါယ်ကို ပြသပေးမှာပါ။ အဲဒီ အတွက် Dictionary Window မှာစကားလုံးကိုရိုက်ထည့်စရာလည်းမလိုတော့ပါဘူး။ Popup Dictionary မှာ Dictionary အပြင် Google Translate လည်းပါရှိပါတယ်။

ပုံ (၁)
Popup Dictionary ကို Phone ရဲ့ Storage တစ်ခုခုထဲကိုထည့်ပြီး တစ်ချက်နှိပ်လိုက်ပါမယ်။ ပြီးရင် Install ကို ဆက်နှိပ်ပါ။

ပုံ (၂)
အနည်းငယ်ကြာလာတာနဲ့ Application Install လုပ်ပြီးကြောင်း Box ပေါ်လာပါမယ်။ Done ကိုနှိပ်ပါ။ ပြီးရင် All Application ထဲက Popup Dictionary ကို ရှာပြီးဖွင့်ပါ။

ပုံ (၃)
ဒါဆိုရင် စကရင်ပေါ်မှာ Floating Window တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ ဘယ်ဘက်အပေါ်ထိပ်မှ ဒေါင် လိုက်အစက်သုံးစက်ကိုနှိပ်ပြီး Dictionaries ကို ပြောင်းပေးပါ။ Default အားဖြင့် Google Translate ကို ရွေးချယ်ထားတာဖြစ်ပါတယ်။ အစက်သုံးစက်ရဲ့ညာဘက်မှ Drop-Down Menu ကိုနှိပ်၍ English Dictionary ကို ရွေးချယ်နိုင်ပါတယ်။

ပုံ (၄)
App တစ်ခုကိုဖွင့်ပြီးအဓိပ္ပါယ်သိချင်တဲ့စကားလုံးတစ်ခုကို ဖိထားခြင်းဖြင့် Select လုပ်ပါ။ Select လုပ်လိုက် တာနဲ့ Popup Dictionary မှာအဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကို ပြသပေးမှာဖြစ်ပါတယ်။ Popup Dictionary ကို အသုံးပြုရင် အင်တာနက်ချိတ်ဆက်ထားဖို့လိုပါတယ်။ ကြက်ခြေခတ်ခလုတ်ကိုနှိပ်ရင် Box ထဲမှစကားလုံး ကို ဖျက်ပေးမှာပါ။

ပုံ (၅)
Minimize Button ကိုနှိပ်ရင် Floating Bubble အနေဖြင့် ပြသပေးမှာဖြစ်ပါတယ်။ Bubble ကို တစ်ချက် နှိပ်ရင် Floating Window ကိုပြန်လည်ပြသပေးမှာဖြစ်ပါတယ်။ မလိုအပ်တဲ့အချိန်တွေမှာ Minimize ပြုလုပ် ထားခြင်းဖြင့် စာဖတ်ရတာအမြင်ရှင်းလင်းစေပါတယ်။

ပုံ (၆)
Popup Dictionary ကို ဖွင့်ထားခြင်းမရှိတဲ့အချိန်မှာ စကားလုံးတစ်ခုရဲ့အဓိပ္ပါယ်ကိုသိနိုင်တဲ့ နောက်ထပ် နည်းတစ်ခုရှိပါတယ်။ Browser or App ကို ဖွင့်ပါ။

ပုံ (၇)
စကားလုံးတစ်ခုကို ဖိထားပြီး Select လုပ်ပါ။ Share ကို နှိပ်ပါ။

ပုံ (၈)
နောက်အဆင့်မှာ Popup Dictionary ကို ရွေးပေးပါ။ ဒါဆိုရင် Popup Dictionary ကို Floating Window အနေဖြင့်ဖွင့်ပေးပြီး စကားလုံးရဲ့အဓိပ္ပါယ်ကို ပြသပေးမှာဖြစ်ပါတယ်။

ပုံ (၉)
Floating Window ရဲ့ ဘယ်ဘက်ထိပ်မှအစက်သုံးစက် သို့မဟုတ် Menu ကိုနှိပ်ပါ။ Quit Popup Dictionary ကိုနှိပ်ရင် App ကို ပိတ်ပေးမှာဖြစ်ပါတယ်။ Notification Bar ကနေလည်း App ကို ပိတ်နိုင်ပါ တယ်။ Menu ကနေ Settings ထဲသွားပါ။ Minimize ကဏ္ဍအောက်မှာ Minimize လုပ်ရင် ပြုလုပ်ရမယ့် Method ကိုရွေးချယ်နိုင်ပါတယ်။
စမ်းသပ်အသုံးပြုချင်ရင်တော့ File Size 425 KB ရှိပြီး Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ https://goo.gl/hX46ZM မှာ ရယူနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here