Red Dot ကုမၸဏီပိတ္သိမ္းလိုက္ျခင္းေၾကာင့္ ေငြေၾကးဆံုးရံႈးသြားၾကသည့္ ကိုယ္စားလွယ္မ်ား၏ အသံမ်ား

0
6887

(Zawgyi Version)

ဖုန္းေငြျဖည့္တာ၊ ဂိမ္းေတြမွာ လိုအပ္တာေလးေတြ ဝယ္တာ အစရွိတဲ႔ ေငြေၾကးဝန္ေဆာင္မႈပိုင္းေတြအတြက္ နာမည္ႀကီး ကုမၸဏီတစ္ခုျဖစ္တဲ့ Red Dot ကေတာ့ ပိတ္သိမ္းသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခု ထူးဆန္းတာက ကုမၸဏီပိတ္သိမ္းမယ္ဆုိတဲ႔ အေၾကာင္းကို ဝန္ထမ္းေတာ္ေတာ္မ်ားမ်ား မသိၾကသလို ကိုယ္စားလွယ္ေတြကလည္း မသိလိုက္ၾကဘူးဆိုတာပါပဲ၊ ဒီလိုမသိလိုက္တဲ႔ ကိုယ္စားလွယ္ေတြအေနနဲ႔ လက္ထဲမွာ Red Dot စက္က်န္ရွိေနခဲ႔ျပီး စက္ထဲမွာ ထည့္ထားတဲ႔ ေငြေၾကး သိန္းေပါင္းမ်ားစြာကေတာ့ ဆံုးရံႈးသြားၾကတာပဲ ျဖစ္ပါတယ္။

ကိုယ္စားလွယ္တစ္ေယာက္ကို ပ်မ္းမွ် အနည္းဆံုး က်ပ္ ၁သိန္း ဝန္းက်င္ဆံုးရံႈးသြားတာျဖစ္ၿပီး သိန္း ၃၀၊ သိန္း ၅၀ စသျဖင့္ ေငြပမာဏ မ်ားမ်ား ဆံုးရံႈးၾကသူေတြလည္း ပါဝင္ေနတာျဖစ္ပါတယ္။ စက္ျပန္အပ္ျပီး ေငြျပန္ထုတ္ခြင့္ ရလိုက္သူေတြ ရွိေပမယ့္ မထုတ္လုိက္ရသူေတြကေတာ့ အမ်ားအျပားရွိေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ လတ္တေလာ ေငြေၾကးဆံုးရံႈးသြားတဲ႔ Red Dot ကိုယ္စားလွယ္ေတြထဲကတခ်ိဳ႕နဲ႔ ဝန္ထမ္းေဟာင္းတစ္ဦးရဲ႕ စကားသံေတြကို Mobile Guide ကေန ေမးျမန္းေဖာ္ျပေပးလိုက္ပါတယ္။

Red dot Network မႏၱေလးရံုးခြဲမွ ဝန္ထမ္းတစ္ဦး

ကၽြန္ေတာ္တုိ႔က ေလာေလာဆယ္ in service ဝန္ထမ္းေတာ့ မဟုတ္ေတာ့ဘူး၊ ေဖေဖာ္ဝါရီလမွာ ကၽြန္ေတာ္တုိ႔ကို ရံုးက နားထားတာေပါ့။ အရင္တုန္းကေတာ့ ကၽြန္ေတာ္တုိ႔ ေဟာ့လိုင္း နံပါတ္ေလးေပးထားေတာ့ အဲဒီကုိဆက္လို႔ရတယ္။ Customer complain က အစေပါ့၊ ဆုိင္ေတြကို စက္လာဆင္ေပးထားတဲ႔ ဝန္ထမ္းေတြက်ေတာ့လည္း ရံုးကထုတ္လုိက္တဲ႔အခါက်ေတာ့ စာခ်ဳပ္ျပည့္လို႔ထြက္တဲ႔သူေတြက Personal ဖုန္းေတြက မသံုးေတာ့လို႔ ပိတ္သြားတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ဆုိ ကၽြန္ေတာ္တုိ႔ဆီဆက္တယ္၊ ကၽြန္ေတာ္တုိ႔ကိုယ္တုိင္လည္း ဘယ္ကို ဖုန္းလႊဲေပးရမွန္းမသိဘူးေလ၊ ၿပီးခဲ႔တဲ႔ ရက္ပိုင္းကမွ Reddot ရံုးခ်ဳပ္ေရွ႕မွာ စာကပ္ထားတယ္ဆိုျပီး သိရတယ္။ အဲဒီဖုန္းနံပါတ္ကေတာ့ ဒါရိုက္တာရဲ႕ ဖုန္းလို႔ေျပာတယ္ဗ်၊ ကၽြန္ေတာ္လည္း ဆက္လာတဲ႔သူေတြကို အဲဒီဖုန္းပဲ ျပန္ညႊန္းေပးရတာေပါ့။ အခုေတာ့ တစ္ႏိုင္ငံလံုးက ဆက္ေနၾကေတာ့ သူလည္း ေလာေလာဆယ္ဖုန္းပိတ္ထားလားေတာ့ ကၽြန္ေတာ္လည္း မသိဘူး။ ကုမၸဏီအတြင္းမွာ စျဖစ္တာက ကၽြန္ေတာ္တုိ႔ဝန္ေဆာင္မႈက Top up တစ္မ်ိဳးတည္းမဟုတ္ဘူး၊ တစ္ျခား Canal+ တို႔ Pay Pin တို႔လည္းေရာင္းလို႔ရတယ္။ တကယ္တမ္း ဆုိင္ေတြသံုးတာမ်ားတာက ေငြျဖည့္ကတ္ေပါ့။ Top up သံုးလို႔မရတာက ျပီးခဲ႔တဲ႔ ၂၀၁၈ ၁၀ လပိုင္းေလာက္ကပါ။ အဲဒီကစျပီး Top up က ရလိုက္မရလိုက္မွာ ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနျပီး ၁၂ လပိုု္င္းေလာက္က်ေတာ့ Top up လံုးဝျပတ္သြားတယ္၊ မရေတာ့ဘူး။ တစ္ျခား other services ကေတာ့ သံုးလို႔ရတယ္။ အခုရံုးပိတ္သြားတယ္လို႔ၾကားတယ္။ ဘာေၾကာင့္ဆုိတာေတာ့ CEO တို႔ဘာတို႔ပဲ သိမယ္။ ဝန္ထမ္းေတြရပ္တယ္ဆုိတာကလည္း အမ်ားၾကီးတစ္ျပိဳင္တည္းမဟုတ္ဘူး၊  ၄၊ ၅ ေယာက္ေလာက္ ရပ္လိုက္၊ စာခ်ဳပ္ျပည့္လို႔နားလိုက္ အဲလိုေလ်ာ့သြားတာ။ ျပီးေတာ့ေလ လုပ္ငန္းရပ္လုိက္တဲ႔အတြက္ ကၽြန္ေတာ္တုိ႔ကို ေလ်ာ္ေၾကးေပးလိုက္တယ္ဆုိတာ မဟုတ္ဘူး၊ ဇန္နဝါရီလမွာ ကၽြန္ေတာ္တုိ႔ကို လစာေပးတယ္၊ ဒါေပမယ့္ ႏွစ္အလိုက္လုပ္ထားတဲ႔ ဝန္ထမ္းလုပ္သက္အလိုက္ နစ္နာေၾကးေပးထားတယ္လို႔ေျပာတာကေတာ့ မဟုတ္ဘူးဗ် မရဘူး၊  ျပီးေတာ့ ေဖေဖာ္ဝါရီမွာ ျဖဳတ္ခ်င္တယ္ဆုိရင္ ဇန္နဝါရီလထဲက တစ္လ ၾကိဳအသိေပးရမယ္၊ ဒါလည္း ၾကိဳမေျပာဘူး၊ ျပီးေတာ့ ဇန္နဝါရီလစာပဲ ရတာပါ၊ ေဖေဖာ္ဝါရီလမွာလည္း ၁ရက္၊ ၂ရက္ေတာ့ အလုပ္ဆင္းလုိက္ေသးတယ္။ ျပီးေတာ့ အလုပ္နားတယ္ဆုိျပီး ျဖစ္တာ။ ေဖေဖာ္ဝါရီလစာလည္း မရပါဘူး။

ကိုမ်ိဳးမင္းထိုက္

တြံေတးၿမိဳ႕နယ္ ၊ Red dot Network ကိုယ္စားလွယ္

ျပႆနာက ၁၀ လပိုင္းက စျဖစ္တယ္၊ ၁၀ လပိုင္းမွာ ရေနတဲ႔ service ေတြက တစ္ဝက္ေလာက္ ေလ်ာ့သြားတယ္၊ ဥပမာ အူရီဒူး e-load မရေတာ့ဘူးတုိ႔ ကတ္ျပားပဲထုတ္လို႔ရတယ္တို႔ Mytel မရေတာ့ဘူးတို႔ ျဖစ္လာတယ္။ အဲဒါနဲ႔ Customer service ကို ဖုန္းဆက္ေတာ့ Network Error ျဖစ္ေနလို႔ပါ ခဏေလးေစာင့္ေပးပါလို႔ေျပာတယ္၊ အဲဒါနဲ႔ ေနရင္းနဲ႔ ၁၁ လပိုင္း၊ ၁၂ လပိုင္းေတြေရာက္လာတယ္၊ အဲဒီမွာ ေငြလာေကာက္တဲ႔သူကိုဖုန္းဆက္ျပီး အေျခအေနဒီလိုျဖစ္ေနတယ္၊ ဘာဆက္လုပ္ရမလဲဆုိျပီးေမးၾကည့္ေတာ့ သူကအလုပ္ထြက္သြားျပီေျပာတယ္။ အတြင္းသတင္းအရေတာ့ ကုမၸဏီမွာ ေငြေၾကးျပႆနာတက္ေနတယ္လို႔ ၾကားတယ္ဆုိျပီးေျပာတယ္၊ ဒီကုမၸဏီမဟန္ေတာ့တဲ႔အတြက္ ညီေလး စက္ကို ရံုးသြားျပန္အပ္လုိက္ပါလို႔ အၾကံေပးတယ္၊ စာခ်ဳပ္အရဆုိရင္ စက္ဖိုးေငြနဲ႔ စက္ထဲကေငြ ျပန္ထုတ္ခ်င္ရင္ တစ္လၾကိဳအပ္ရတယ္၊ အပ္ျပီးေတာ့ တစ္လျပည့္မွ ေငြျပန္ထုတ္လို႔ရမွာ၊ ကၽြန္ေတာ္ ၁၂လပိုင္း လဆန္းမွာ သြားအပ္ေတာ့ ကုမၸဏီအဖြဲ႔ဝင္ေတြက လာအပ္တဲ႔ Customer ေတြကို တစ္ေယာက္ခ်င္းေခၚေတြ႔တယ္၊ သူတို႔ေတြက အခုက ၁၂ လပိုင္း ျဖစ္ေနျပီ၊ ၁လေစာင့္ရမွာျဖစ္လို႔ ေနာက္ႏွစ္ ၁လပိုင္းဆုိပိုက္ဆံရမယ္၊ ဒါေပမယ့္ စက္ေတြက ၁လပိုင္းက်ရင္ျပန္ေကာင္းေတာ့မွာ၊ ျပီးေတာ့ ဝန္ေဆာင္မႈေတြလည္း ထပ္တုိးဦးမွာ၊ ဥပမာအားျဖင့္ သုဝဏၰကြင္းမွာ ေဘာလံုးကန္တယ္ဆုိ ေဘာလံုးပြဲလက္မွတ္တို႔၊ ရုပ္ရွင္လက္မွတ္တို႔ဒါေတြပါ ေရာင္းလို႔ရလာမွာ၊ ဒီအစီအစဥ္ေတြလုပ္လို႔ရလာမယ္၊ ျပန္မအပ္နဲ႔ဦး၊ စက္ကိုျပန္ယူသြား၊ အခုလာေတြ႔တယ္ဆုိတာကိုေတာ့ record လုပ္ထားမယ္၊ ၁လပိုင္းက် မရရင္ ထပ္ျပန္လာခဲ႔ ခ်က္ခ်င္းေငြထုတ္ေပးမယ္ဆုိျပီးေျပာတယ္။ ကၽြန္ေတာ္က အဲဒါဆုိ ဒီကိစၥျဖစ္လာမျဖစ္လာဆုိတာကရွိေသးေတာ့ မျဖစ္လာရင္ဆုိတဲ႔အေပၚမွာ ဘယ္သူကတာဝန္ယူမွာလဲလို႔ေမးတယ္၊ အဲဒီမွာ Area Manager မယမင္းႏြယ္က ဖုန္းနံပါတ္ေပးတယ္၊ သူတာဝန္ယူတယ္လို႔ေျပာတယ္။ ၁လပိုင္း ပထမပတ္ထိ နက္ေဝါ့က ေကာင္းမလာဘူး၊ အဲဒီအခါက်ေတာ့ ကၽြန္ေတာ္မယမင္းကိုဖုန္းဆက္ျပီး အမေရ ပိုက္ဆံခ်က္ခ်င္းထုတ္ေပးမယ္ဆိုတာ ထုတ္ေပးေတာ့လို႔ေျပာလိုက္တယ္၊ အဲဒီမွာ သူက စက္ျပန္အပ္မယ့္စာရင္းထဲထည့္ေပးတယ္၊ ၁လပိုင္း ၁၅ ရက္ေန႔က်ေတာ့ ၂လပိုင္း ၈ ရက္ေန႔ ရမယ္ဆုိျပီး ျပန္ေျပာေပးတယ္။ ၾကားထဲမွာ Reddot ကလူက ဖုန္းဆက္လာတယ္၊ ေဖေဖာ္ဝါရီ ၈ရက္ေန႔ကို စက္ျပန္အပ္ျပီး ေငြလာထုတ္ပါဆုိျပီးေတာ့၊ ကၽြန္ေတာ္လည္း စိတ္ခ်ေနတာေပါ့၊ အခု ေဖေဖာ္ဝါရီ ၂ရက္ေန႔လည္းက်ေရာ ထပ္ဆက္လာတယ္၊ စက္ျပန္အပ္ျပီး ေငြထုတ္မယ့္ေန႔ကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ ထုတ္လို႔ရလားတဲ႔။ ၈ရက္ေန႔က အဆင္မေျပလို႔ပါတဲ႔၊ အဲဒါနဲ႔ ကၽြန္ေတ္ာေျပာလိုက္တယ္၊ ကၽြန္ေတာ္တုိ႔က နယ္ကေနလာရတာ၊ ရက္ေျပာင္းဖို႔ အဆင္မေျပဘူးလို႔ျပန္ေျပာလုိက္တယ္။ ဒါဆုိရင္လည္း ၈ရက္ေန႔ပဲ အဆင္ေျပေအာင္လုပ္ေပးမယ္ဆုိျပီး သူတုိ႔ဘက္ကေျပာသြားတယ္၊ အခု ေဖေဖာ္ဝါရီ ၄ရက္ေန႔လည္း က်ေရာ ကုမၸဏီပိတ္ျပီဆုိတဲ႔ သတင္းၾကားေတာ့တာပါပဲ။ ျဖစ္စဥ္ကေတာ့ အဲဒါပါပဲဗ်ာ၊ ကၽြန္ေတာ့္ဆီမွာ မူရင္းစာခ်ဳပ္လည္း ရွိတယ္၊ စက္လည္း ရွိတယ္၊ စက္ဖိုးကေတာ့ ကၽြန္ေတာ္လုပ္တဲ႔အခ်ိန္က ၅၀၀၀၀ က်ပ္ Deposit တင္ထားရတာပါ။ စက္ထဲမွာက က်ပ္ ၁၈၀၀၀၀ ရွိေနတယ္။ ကၽြန္ေတာ့္ကို မယမင္းကေျပာတာက အခုသူတို႔ေ၇ွ႔ေနေတြကို အပ္ထားတယ္၊ ျပန္ထုတ္ေပးလိမ့္မယ္လုိ႔ေျပာတာပဲ။ ကၽြန္ေတာ့နံပါတ္ဆုိရင္ ၄ေသာင္းေက်ာ္ေနျပီ၊ ကၽြန္ေတာ္လုပ္ေနတာ တစ္ႏွစ္ခြဲဆိုေတာ့ ကၽြန္ေတာ့ေနာက္မွာ ထပ္ယူတဲ႔လူေတြ သိန္းဂဏန္းေတာ့ရွိမွာပဲ။ စက္တစ္လံုးကို က်ပ္တစ္သိန္းပဲ အၾကမ္းမ်ဥ္းထား အားလံုးဆို သိန္းေပါင္း ၁သိန္းေက်ာ္ပဲ နည္းတဲ႔ေငြမဟုတ္ဘူးေလ။

မေသာ္မြန္မြန္ေက်ာ္

လႈိင္သာယာ Red dot Network ကိုယ္စားလွယ္

အစ္မက ရန္ကုန္ လိႈင္သာယာကပါ။ red dot စက္က ၁၁လပိုင္းကုန္ခါနီးေလာက္မွာ ေငြကတ္ထုတ္လို႔မရေတာ့တာပါ။ pay pinတစ္မ်ိဳးကေတာ့ ၁၁လပိုင္းကုန္ေလာက္အထိရေသးတယ္။ ရံုးကိုphဆက္ေတာ့လည္း network errorျဖစ္ေနလို႔ ျပင္ဆင္ေနပါတယ္။ ျပန္ေကာင္းေတာ့မွာပါဆိုလို႔ စက္ကိုျပန္မအပ္ဘဲ ထားထားတာ ၁လပိုင္းေလာက္မွာဝန္ထမ္းေတြအလုပ္ထြက္ကုန္ျပီလို႔ ႀကားတယ္။ အမဆိုင္ကို စက္လာဆင္ေပးတဲ့ဝန္ထမ္းကို phဆက္ႀကည့္ေတာ့ သူကအလုပ္ထြက္လိုက္ျပီတဲ့။ ဆိုင္မွာစက္လာဆင္တုန္းကလည္း အမတို႔က ဝန္ထမ္းေတြနဲ႔ပဲအလုပ္လုပ္ရတာေလ ပိုင္ရွင္ဘယ္သူမွန္းေတာင္သိရတာမဟုတ္ဘူး။ အမဆီမွာစာရြက္စာတန္းေတြလည္းအစံုရွိတယ္ အခုသူတို႔ကအလုပ္ထြက္လိုက္ျပီဆိုေတာ့ သူတို႔တာဝန္ကင္းသြားျပီေလ။ အမစက္ထဲမွာဆို ေငြက ၁၇၉၀၀၀ စက္အေပါင္ဖိုးက ၅၀၀၀၀ စုစုေပါင္း၂၀၀၀၀၀ေက်ာ္ေလာက္က်န္ေသးတာ တိုင္ဖို႔က်ေတာ့လည္း တစ္ေယာက္တည္းအင္အားနဲ႔ဆိုမလြယ္ဘူးေလ။ အခုလိုgroupဖြဲ႔ျပီး စည္းလံုးႀကမယ္ဆိုရင္ေတာ့ ေမ်ွာ္လင့္နိုင္ေသးတာေပါ့။ ထည့္ထားတဲ့ပိုက္ဆံေတြကေတာ့ ျပန္လိုခ်င္တာေပါ့ညီမရယ္ ဒါေပမယ့္လည္း ေမ်ွာ္လင့္ခ်က္ကေတာ့ နည္းပါတယ္။

မေမသက္လြင္

မရမ္းကုန္းၿမိဳ႕နယ္ Red dot Network ကိုယ္စားလွယ္

Red dot ကို 12.08.2015 က စတင္လုပ္ကိုင္ခဲ့ပါတယ္ ၾကားကာလေတြမွာေတာ့ ႀကီးႀကီးမားမား complain မ႐ွိခဲ့ပါဘူး 2018 October ထဲမွာ သူတို္ဆီက ဝန္ထမ္းေတြ marketing သေဘာမ်ိဳးထပ္လာပါတယ္။ RDN PPV သေဘာတူစာခ်ဳပ္ထပ္မံခ်ဳပ္ဖို႔ ႐ွင္းလင္းေျပာျပခဲ့ပါတယ္။ RDN PPV စာခ်ဳပ္ရဲ႕ အဓိက ရည္ရြယ္ခ်က္ကေတာ့ Pre. Paid Visa Card လုပ္ဖို႔ပါ။ October 2018 လကုန္ပိုင္းေလာက္ကစၿပီး Ph bill slip ကအဆင္ေျပေျပနဲ႔ ထုတ္ရတခ်က္ မရတခ်က္ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းကို Eload စနစ္ နဲ႔ အနည္းငယ္ပဲထုတ္လို႔ရပါတယ္။ 15.11.2018 ေနာက္ဆံုးထုတ္လို႔ရၿပီး ေနာက္ပိုင္းလံုးဝမရေတာ့ပါ။ ကၽြန္မတို႔ customer service Ph No. 01370050 ကို အပတ္စဥ္ ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။ အျမဲတမ္း Network error နဲ႔ အျမန္ဆံုးလုပ္ေဆာင္ေပးပါမယ္ဆိုတဲ့ ေျဖၾကားခ်က္ကိုု ရခဲ့ပါတယ္။ 04.02.2019 ph မကိုင္ေတာ့ ကိုယ္တိုင္လိုက္သြားၾကည့္မွ သူတို္ရံုးေ႐ွ႕မွာ စာကပ္တာကိုျမင္ခဲ့ပါတယ္စက္ထဲမွာ Bill လက္က်န္အေနနဲ႔ 356,995 kyats နဲ႔ စက္ဖိုး 75,000.kyats ႐ွိပါတယ္။ ကၽြန္မတို႔ဆုိင္အေနနဲ႔ ဆက္လက္လုပ္ေဆာင္ဖို႔ကေတာ့ Online က Group မွာတျခားကိုယ္စားလွယ္မ်ားနည္းတူ ေစာင့္ၾကည့္ပါဝင္ဖို႔ စီစဥ္ထားပါတယ္က်မအေနနဲ႔ သိခ်င္တာကေတာ့ ျမန္မာျပည္မွာ ဒီလိုအလြယ္တကူနဲ႔ ဖ်က္သိမ္းလိုက္ရံုနဲ႔ ကိစၥ ၿပီးပ်က္သြားႏိုင္သလား?
Red dot အေနနဲ႔ လုပ္ေဆာင္တယ္ဆိုတာ Trading ပံုစံမ်ိဳးမဟုတ္ပဲ Operator ေတြ network လုပ္ရတာပါ။ တျခားထက္ လူပါးဝတယ္လို႔ခံစားရပါတယ္။ ပိုက္ဆံ ဆိုတာထက္ေပါ့။ အခုက ေသြးပူၾကတုန္းၾကာလာရင္ အမူ႔တခု အတြက္ ေပးရမယ့္အခ်ိန္နဲ႔ ေငြအတြက္ မရင္းႏိုင္ၾကေတာ့ဘူးေလ။ ဒီလိုပံုစံမ်ဳိးဆို တျခားေသာ mobile & network
စနစ္ေတြကို စိတ္ခ်လက္ခ် ဆက္လက္သံုးႏိုင္ပါ့မလားဆုိတာ ေမးခြန္းထုတ္စရာပါပဲ။

မသီသီခိုင္

ေရႊသစၥာ စာေရးကိရိယာဆိုင္ ၿမိတ္ၿမိဳ႕ Red dot Network ကိုယ္စားလွယ္

Red dot ေတြအဆင္မေျပစျဖစ္တာက ေငြျဖည့္တာေတြ  ရလိုက္မရလိုက္နဲ႔ စျဖစ္တာကေနစတာပါ။၂၀၁၈ ၁၀ လပိုင္းတုန္းကေပါ့။ အစ္မတို႔ဆီမွာ ေငြလာေကာက္တဲ႔ ေကာင္ေလးကို ေဘလ္ေရာင္းလို႔ အဆင္မေျပတဲ႔အေၾကာင္း ေမးဖို႔ ဖုန္းေခၚေတာ့ သူ႔ဖုန္းက စက္ပိတ္ထားၿပီ။ အဲဒါလည္း မရိပ္မိေသးဘူး၊ ၁၂ လပိုင္းေလာက္ကစၿပီး  ဘာကတ္မွထုတ္လုိ႔၊ ေရာင္းလို႔မရေတာ့ဘူး။ အဲဒီက်ေတာ့ ရံုးကိုဖုန္းဆက္ေမးေတာ့ update လုပ္ေနလို႔ တစ္ပတ္ ၂ပတ္ၾကာမယ္ေျပာတယ္၊ ၁ပတ္ေလာက္က် ထပ္ဆက္ေတာ့လည္း ေနာက္ထပ္ ၁ပတ္၊ ၂ပတ္ၾကာမယ္ေျပာျပန္ေရာ၊ အဲဒီ ၁ပတ္၊ ၂ပတ္က မၿပီးေတာ့ဘူး၊ အစ္မက၁၂လပိုင္းကတည္းက စက္ကိုလံုးဝပစ္ထားလိုက္တာ၊ လက္က်န္ေငြက က်ပ္ ၇ေသာင္းေက်ာ္ရွိတယ္၊ စက္ဖိုးကေတာ့ က်ပ္ငါးေသာင္းေပါ့။ အမလိုပဲ ပါသြားတဲ႔သူေတြ အမ်ားႀကီးပဲ ျမိတ္မွာ ၁သိန္းေက်ာ္၊ ရွိတယ္ ေသာင္းေက်ာ္ပါသြားတာေတြရွိတယ္၊ အခုလိုစျဖစ္တည္းက ကုမၸဏီဘက္က ဘယ္သူမွမလာဘူး၊ ရံုးကိုဖုန္းဆက္တာေတာင္ အခုလံုးဝမကိုင္ေတာ့ဘူးေလ။ ရံုးက ဝန္ထမ္းအသိေလးတစ္ေယာက္ကို ဖုန္းဆက္ေမးေတာ့ အစ္မေရတဲ႔ ဒါကိုေျဖသိမ့္လိုက္ဖုိ႔႔ပဲရွိေတာ့တယ္တဲ႔၊ သူတို႔ကိုဆုိရင္ ၁၁ လပိုင္းထဲက အလုပ္ရပ္စဲ ထားတာတဲ႔။ အခုကေတာ့ လံုးဝရံုးပါပိတ္သြားျပီတဲ႔၊ သူတို႔ကုမၸဏီလည္း သူတို႔အခက္အခဲနဲ႔သူတုိ႔ ရွိမယ္ဆုိေပမယ့္ ခံရတာကေတာ့ အစ္မတို႔ေပါ့။

ကိုခ်စ္သူေအာင္

မဂၤလာဒံု  ၾကံခင္းစုရပ္ကြက္ Red dot Network ကိုယ္စားလွယ္

စျဖစ္တဲ႔ ရက္အတိက် မမွတ္မိဘူး။ ဒါေပမယ့္ မွတ္မိသေလာက္ဆုိရင္ ၂၀၁၈ ခုနွစ္ ၁၀ လပိုင္း လဝက္ေလာက္ကစၿပီး စေန၊ တနဂၤေႏြရံုးပိတ္ရက္ေတြမွာ ooredoo eload မရဘူး ၊ Mytel eload မရဘူး ျဖစ္တယ္၊ ေနာက္တစ္ပတ္က်ေတာ့ မျဖစ္ေတာ့ျပန္ဘူး၊ ေနာက္တစ္ပတ္ေက်ာ္ေလာက္ ထပ္ျဖစ္ျပန္တယ္။ အဲဒီေန႔ကေတာ့ တနလၤာေရာက္တဲ႔အထိ အူရီဒူး e-load မရေတာ့ဘူး၊ အဲဒီေန႔ကစျပီး ရလုိက္မရလိုက္ျဖစ္တာ ရက္စိပ္လာၿပီး အခုဆို လံုးဝမရေတာ့တဲ႔အထိပါပဲ။ ဆံုးရံႈးတာကေတာ့ စက္ဖိုးက ၅ ေသာင္းနဲ႔ အထဲမွာ ေငြက်န္တာက က်ပ္ ၉၆၀၀၀ ဆုိေတာ့ က်ပ္ ၁သိန္းဝန္းက်င္ပါပဲ။ သူတို႔ေတြ ရံုးပိတ္မယ္လို႔ေတာ့ မၾကားမိလိုက္ဘူးခင္ဗ် ၊ ခုသတင္းေတြ တက္လာမွသိတာ၊ တိုင္ၾကားတာေတြလည္း မလုပ္ရေသးပါဘူး။ ဒါေပမယ့္ တိုင္ၾကားထားသူေတြနဲ႕ ပူးေပါင္းပါဝင္သြားမွာပါ။

ေဒါက္တာေကာင္းထြဋ္

ေတာင္ငူျမိဳ႔ Red dot Network ကိုယ္စားလွယ္

Red dot ကိုယ္စားလွယ္အေနနဲ႔ အဆင္မေျပစျဖစ္တာ ႏိုဝင္ဘာလ ကတည္းကပါ။ စက္အဆင္မေျပျဖစ္ေတာ့ ေဒသခံ ပိုက္ဆံလာေကာက္တဲ့ ေကာင္ေလးကို ေျပာျဖစ္တယ္ စက္ျပန္အပ္မယ္ေပါ့ သူေပးတဲ့ ဖုန္းနံပါတ္ကို စက္ၿပီးေျပာေတာ့ တစ္လခြဲၾကာတဲ့အခါ ပိုက္ဆံျပန္ေပးပါမယ္ေျပာတယ္။ ဒါေပမယ့္ တစ္လခြဲ ႏွစ္လေက်ာ္လာတဲ့အထိ အဆက္အသြယ္မလုပ္ဘူး၊ ပိုက္ဆံလာေကာက္တဲ့ေကာင္ေလးဖုန္းဆက္ေတာ့လည္း သူကတစ္ျခားအလုပ္ေျပာင္းလုပ္ေနၿပီေျပာတယ္ ရန္ကုန္႐ုံးခ်ဳပ္ကို ဖုန္းဆက္ေတာ့ မေဟမာ တဲ့ ရံုးကတာဝန္ရိွ အမ်ိဳးသမီး ဖုန္းေျပာတယ္ဗ်။ ရန္ကုန္႐ုံးကို စက္ယူလာၿပီး မွတ္ပုံတင္နဲ႔ လူကိုယ္တိုင္ လာေတြ႔ခိုင္းတယ္၊ လူကိုယ္တိုင္လာရင္ ပိုက္ဆံ ခ်က္ခ်င္းရမွာလားေမးေတာ့ အဆင္ေျပတဲ့ရက္ျပန္ခ်ိန္းေပးမယ္လို႔ေျပာပါတယ္ နယ္ကလာရမွာမို႔ စရိတ္နဲ႔ အဆင္မေျပဘူးေျပာလိုက္တယ္။ ဒါေပမယ့္ သူတို႔ဘက္ကလည္း ရန္ကုန္႐ုံးလာဖို႔ပဲ ေျပာခဲ႔ပါတယ္။ အဲဒီေနာက္ပိုင္း အခုလို ရံုးပိတ္တယ္ဆုိတဲ႔အထိ ၾကားရတာပါပဲ။

ရဲလင္းလင္းသန္း

=====

(Unicode Version)

Red Dot ကုမ္ပဏီပိတ်သိမ်းလိုက်ခြင်းကြောင့် ငွေကြေးဆုံးရှုံးသွားကြသည့် ကိုယ်စားလှယ်များ၏ အသံများ

ဖုန်းငွေဖြည့်တာ၊ ဂိမ်းတွေမှာ လိုအပ်တာလေးတွေ ဝယ်တာ အစရှိတဲ့ ငွေကြေးဝန်ဆောင်မှုပိုင်းတွေအတွက် နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Red Dot ကတော့ ပိတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခု ထူးဆန်းတာက ကုမ္ပဏီပိတ်သိမ်းမယ်ဆိုတဲ့ အကြောင်းကို ဝန်ထမ်းတော်တော်များများ မသိကြသလို ကိုယ်စားလှယ်တွေကလည်း မသိလိုက်ကြဘူးဆိုတာပါပဲ၊ ဒီလိုမသိလိုက်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လက်ထဲမှာ Red Dot စက်ကျန်ရှိနေခဲ့ပြီး စက်ထဲမှာ ထည့်ထားတဲ့ ငွေကြေး သိန်းပေါင်းများစွာကတော့ ဆုံးရှုံးသွားကြတာပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တစ်ယောက်ကို ပျမ်းမျှ အနည်းဆုံး ကျပ် ၁သိန်း ဝန်းကျင်ဆုံးရှုံးသွားတာဖြစ်ပြီး သိန်း ၃၀၊ သိန်း ၅၀ စသဖြင့် ငွေပမာဏ များများ ဆုံးရှုံးကြသူတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ စက်ပြန်အပ်ပြီး ငွေပြန်ထုတ်ခွင့် ရလိုက်သူတွေ ရှိပေမယ့် မထုတ်လိုက်ရသူတွေကတော့ အများအပြားရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လတ်တလော ငွေကြေးဆုံးရှုံးသွားတဲ့ Red Dot ကိုယ်စားလှယ်တွေထဲကတချို့နဲ့ ဝန်ထမ်းဟောင်းတစ်ဦးရဲ့ စကားသံတွေကို Mobile Guide ကနေ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

Red dot Network မန္တလေးရုံးခွဲမှ ဝန်ထမ်းတစ်ဦး
ကျွန်တော်တို့က လောလောဆယ် in service ဝန်ထမ်းတော့ မဟုတ်တော့ဘူး၊ ဖေဖော်ဝါရီလမှာ ကျွန်တော်တို့ကို ရုံးက နားထားတာပေါ့။ အရင်တုန်းကတော့ ကျွန်တော်တို့ ဟော့လိုင်း နံပါတ်လေးပေးထားတော့ အဲဒီကိုဆက်လို့ရတယ်။ Customer complain က အစပေါ့၊ ဆိုင်တွေကို စက်လာဆင်ပေးထားတဲ့ ဝန်ထမ်းတွေကျတော့လည်း ရုံးကထုတ်လိုက်တဲ့အခါကျတော့ စာချုပ်ပြည့်လို့ထွက်တဲ့သူတွေက Personal ဖုန်းတွေက မသုံးတော့လို့ ပိတ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တချို့ဆို ကျွန်တော်တို့ဆီဆက်တယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ဘယ်ကို ဖုန်းလွှဲပေးရမှန်းမသိဘူးလေ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Reddot ရုံးချုပ်ရှေ့မှာ စာကပ်ထားတယ်ဆိုပြီး သိရတယ်။ အဲဒီဖုန်းနံပါတ်ကတော့ ဒါရိုက်တာရဲ့ ဖုန်းလို့ပြောတယ်ဗျ၊ ကျွန်တော်လည်း ဆက်လာတဲ့သူတွေကို အဲဒီဖုန်းပဲ ပြန်ညွှန်းပေးရတာပေါ့။ အခုတော့ တစ်နိုင်ငံလုံးက ဆက်နေကြတော့ သူလည်း လောလောဆယ်ဖုန်းပိတ်ထားလားတော့ ကျွန်တော်လည်း မသိဘူး။ ကုမ္ပဏီအတွင်းမှာ စဖြစ်တာက ကျွန်တော်တို့ဝန်ဆောင်မှုက Top up တစ်မျိုးတည်းမဟုတ်ဘူး၊ တစ်ခြား Canal+ တို့ Pay Pin တို့လည်းရောင်းလို့ရတယ်။ တကယ်တမ်း ဆိုင်တွေသုံးတာများတာက ငွေဖြည့်ကတ်ပေါ့။ Top up သုံးလို့မရတာက ပြီးခဲ့တဲ့ ၂၀၁၈ ၁၀ လပိုင်းလောက်ကပါ။ အဲဒီကစပြီး Top up က ရလိုက်မရလိုက်မှာ ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး ၁၂ လပိုင်းလောက်ကျတော့ Top up လုံးဝပြတ်သွားတယ်၊ မရတော့ဘူး။ တစ်ခြား other services ကတော့ သုံးလို့ရတယ်။ အခုရုံးပိတ်သွားတယ်လို့ကြားတယ်။ ဘာကြောင့်ဆိုတာတော့ CEO တို့ဘာတို့ပဲ သိမယ်။ ဝန်ထမ်းတွေရပ်တယ်ဆိုတာကလည်း အများကြီးတစ်ပြိုင်တည်းမဟုတ်ဘူး၊  ၄၊ ၅ ယောက်လောက် ရပ်လိုက်၊ စာချုပ်ပြည့်လို့နားလိုက် အဲလိုလျော့သွားတာ။ ပြီးတော့လေ လုပ်ငန်းရပ်လိုက်တဲ့အတွက် ကျွန်တော်တို့ကို လျော်ကြေးပေးလိုက်တယ်ဆိုတာ မဟုတ်ဘူး၊ ဇန်နဝါရီလမှာ ကျွန်တော်တို့ကို လစာပေးတယ်၊ ဒါပေမယ့် နှစ်အလိုက်လုပ်ထားတဲ့ ဝန်ထမ်းလုပ်သက်အလိုက် နစ်နာကြေးပေးထားတယ်လို့ပြောတာကတော့ မဟုတ်ဘူးဗျ မရဘူး၊  ပြီးတော့ ဖေဖော်ဝါရီမှာ ဖြုတ်ချင်တယ်ဆိုရင် ဇန်နဝါရီလထဲက တစ်လ ကြိုအသိပေးရမယ်၊ ဒါလည်း ကြိုမပြောဘူး၊ ပြီးတော့ ဇန်နဝါရီလစာပဲ ရတာပါ၊ ဖေဖော်ဝါရီလမှာလည်း ၁ရက်၊ ၂ရက်တော့ အလုပ်ဆင်းလိုက်သေးတယ်။ ပြီးတော့ အလုပ်နားတယ်ဆိုပြီး ဖြစ်တာ။ ဖေဖော်ဝါရီလစာလည်း မရပါဘူး။

ကိုမျိုးမင်းထိုက်
တွံတေးမြို့နယ် ၊ Red dot Network ကိုယ်စားလှယ်

ပြဿနာက ၁၀ လပိုင်းက စဖြစ်တယ်၊ ၁၀ လပိုင်းမှာ ရနေတဲ့ service တွေက တစ်ဝက်လောက် လျော့သွားတယ်၊ ဥပမာ အူရီဒူး e-load မရတော့ဘူးတို့ ကတ်ပြားပဲထုတ်လို့ရတယ်တို့ Mytel မရတော့ဘူးတို့ ဖြစ်လာတယ်။ အဲဒါနဲ့ Customer service ကို ဖုန်းဆက်တော့ Network Error ဖြစ်နေလို့ပါ ခဏလေးစောင့်ပေးပါလို့ပြောတယ်၊ အဲဒါနဲ့ နေရင်းနဲ့ ၁၁ လပိုင်း၊ ၁၂ လပိုင်းတွေရောက်လာတယ်၊ အဲဒီမှာ ငွေလာကောက်တဲ့သူကိုဖုန်းဆက်ပြီး အခြေအနေဒီလိုဖြစ်နေတယ်၊ ဘာဆက်လုပ်ရမလဲဆိုပြီးမေးကြည့်တော့ သူကအလုပ်ထွက်သွားပြီပြောတယ်။ အတွင်းသတင်းအရတော့ ကုမ္ပဏီမှာ ငွေကြေးပြဿနာတက်နေတယ်လို့ ကြားတယ်ဆိုပြီးပြောတယ်၊ ဒီကုမ္ပဏီမဟန်တော့တဲ့အတွက် ညီလေး စက်ကို ရုံးသွားပြန်အပ်လိုက်ပါလို့ အကြံပေးတယ်၊ စာချုပ်အရဆိုရင် စက်ဖိုးငွေနဲ့ စက်ထဲကငွေ ပြန်ထုတ်ချင်ရင် တစ်လကြိုအပ်ရတယ်၊ အပ်ပြီးတော့ တစ်လပြည့်မှ ငွေပြန်ထုတ်လို့ရမှာ၊ ကျွန်တော် ၁၂လပိုင်း လဆန်းမှာ သွားအပ်တော့ ကုမ္ပဏီအဖွဲ့ဝင်တွေက လာအပ်တဲ့ Customer တွေကို တစ်ယောက်ချင်းခေါ်တွေ့တယ်၊ သူတို့တွေက အခုက ၁၂ လပိုင်း ဖြစ်နေပြီ၊ ၁လစောင့်ရမှာဖြစ်လို့ နောက်နှစ် ၁လပိုင်းဆိုပိုက်ဆံရမယ်၊ ဒါပေမယ့် စက်တွေက ၁လပိုင်းကျရင်ပြန်ကောင်းတော့မှာ၊ ပြီးတော့ ဝန်ဆောင်မှုတွေလည်း ထပ်တိုးဦးမှာ၊ ဥပမာအားဖြင့် သုဝဏ္ဏကွင်းမှာ ဘောလုံးကန်တယ်ဆို ဘောလုံးပွဲလက်မှတ်တို့၊ ရုပ်ရှင်လက်မှတ်တို့ဒါတွေပါ ရောင်းလို့ရလာမှာ၊ ဒီအစီအစဉ်တွေလုပ်လို့ရလာမယ်၊ ပြန်မအပ်နဲ့ဦး၊ စက်ကိုပြန်ယူသွား၊ အခုလာတွေ့တယ်ဆိုတာကိုတော့ record လုပ်ထားမယ်၊ ၁လပိုင်းကျ မရရင် ထပ်ပြန်လာခဲ့ ချက်ချင်းငွေထုတ်ပေးမယ်ဆိုပြီးပြောတယ်။ ကျွန်တော်က အဲဒါဆို ဒီကိစ္စဖြစ်လာမဖြစ်လာဆိုတာကရှိသေးတော့ မဖြစ်လာရင်ဆိုတဲ့အပေါ်မှာ ဘယ်သူကတာဝန်ယူမှာလဲလို့မေးတယ်၊ အဲဒီမှာ Area Manager မယမင်းနွယ်က ဖုန်းနံပါတ်ပေးတယ်၊ သူတာဝန်ယူတယ်လို့ပြောတယ်။ ၁လပိုင်း ပထမပတ်ထိ နက်ဝေါ့က ကောင်းမလာဘူး၊ အဲဒီအခါကျတော့ ကျွန်တော်မယမင်းကိုဖုန်းဆက်ပြီး အမရေ ပိုက်ဆံချက်ချင်းထုတ်ပေးမယ်ဆိုတာ ထုတ်ပေးတော့လို့ပြောလိုက်တယ်၊ အဲဒီမှာ သူက စက်ပြန်အပ်မယ့်စာရင်းထဲထည့်ပေးတယ်၊ ၁လပိုင်း ၁၅ ရက်နေ့ကျတော့ ၂လပိုင်း ၈ ရက်နေ့ ရမယ်ဆိုပြီး ပြန်ပြောပေးတယ်။ ကြားထဲမှာ Reddot ကလူက ဖုန်းဆက်လာတယ်၊ ဖေဖော်ဝါရီ ၈ရက်နေ့ကို စက်ပြန်အပ်ပြီး ငွေလာထုတ်ပါဆိုပြီးတော့၊ ကျွန်တော်လည်း စိတ်ချနေတာပေါ့၊ အခု ဖေဖော်ဝါရီ ၂ရက်နေ့လည်းကျရော ထပ်ဆက်လာတယ်၊ စက်ပြန်အပ်ပြီး ငွေထုတ်မယ့်နေ့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ထုတ်လို့ရလားတဲ့။ ၈ရက်နေ့က အဆင်မပြေလို့ပါတဲ့၊ အဲဒါနဲ့ ကျွန်တေ်ာပြောလိုက်တယ်၊ ကျွန်တော်တို့က နယ်ကနေလာရတာ၊ ရက်ပြောင်းဖို့ အဆင်မပြေဘူးလို့ပြန်ပြောလိုက်တယ်။ ဒါဆိုရင်လည်း ၈ရက်နေ့ပဲ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး သူတို့ဘက်ကပြောသွားတယ်၊ အခု ဖေဖော်ဝါရီ ၄ရက်နေ့လည်း ကျရော ကုမ္ပဏီပိတ်ပြီဆိုတဲ့ သတင်းကြားတော့တာပါပဲ။ ဖြစ်စဉ်ကတော့ အဲဒါပါပဲဗျာ၊ ကျွန်တော့်ဆီမှာ မူရင်းစာချုပ်လည်း ရှိတယ်၊ စက်လည်း ရှိတယ်၊ စက်ဖိုးကတော့ ကျွန်တော်လုပ်တဲ့အချိန်က ၅၀၀၀၀ ကျပ် Deposit တင်ထားရတာပါ။ စက်ထဲမှာက ကျပ် ၁၈၀၀၀၀ ရှိနေတယ်။ ကျွန်တော့်ကို မယမင်းကပြောတာက အခုသူတို့ရှေ့နေတွေကို အပ်ထားတယ်၊ ပြန်ထုတ်ပေးလိမ့်မယ်လို့ပြောတာပဲ။ ကျွန်တော့နံပါတ်ဆိုရင် ၄သောင်းကျော်နေပြီ၊ ကျွန်တော်လုပ်နေတာ တစ်နှစ်ခွဲဆိုတော့ ကျွန်တော့နောက်မှာ ထပ်ယူတဲ့လူတွေ သိန်းဂဏန်းတော့ရှိမှာပဲ။ စက်တစ်လုံးကို ကျပ်တစ်သိန်းပဲ အကြမ်းမျဉ်းထား အားလုံးဆို သိန်းပေါင်း ၁သိန်းကျော်ပဲ နည်းတဲ့ငွေမဟုတ်ဘူးလေ။

မသော်မွန်မွန်ကျော်
လှိုင်သာယာ Red dot Network ကိုယ်စားလှယ်

အစ်မက ရန်ကုန် လှိုင်သာယာကပါ။ red dot စက်က ၁၁လပိုင်းကုန်ခါနီးလောက်မှာ ငွေကတ်ထုတ်လို့မရတော့တာပါ။ pay pinတစ်မျိုးကတော့ ၁၁လပိုင်းကုန်လောက်အထိရသေးတယ်။ ရုံးကိုphဆက်တော့လည်း network errorဖြစ်နေလို့ ပြင်ဆင်နေပါတယ်။ ပြန်ကောင်းတော့မှာပါဆိုလို့ စက်ကိုပြန်မအပ်ဘဲ ထားထားတာ ၁လပိုင်းလောက်မှာဝန်ထမ်းတွေအလုပ်ထွက်ကုန်ပြီလို့ ကြားတယ်။ အမဆိုင်ကို စက်လာဆင်ပေးတဲ့ဝန်ထမ်းကို phဆက်ကြည့်တော့ သူကအလုပ်ထွက်လိုက်ပြီတဲ့။ ဆိုင်မှာစက်လာဆင်တုန်းကလည်း အမတို့က ဝန်ထမ်းတွေနဲ့ပဲအလုပ်လုပ်ရတာလေ ပိုင်ရှင်ဘယ်သူမှန်းတောင်သိရတာမဟုတ်ဘူး။ အမဆီမှာစာရွက်စာတန်းတွေလည်းအစုံရှိတယ် အခုသူတို့ကအလုပ်ထွက်လိုက်ပြီဆိုတော့ သူတို့တာဝန်ကင်းသွားပြီလေ။ အမစက်ထဲမှာဆို ငွေက ၁၇၉၀၀၀ စက်အပေါင်ဖိုးက ၅၀၀၀၀ စုစုပေါင်း၂၀၀၀၀၀ကျော်လောက်ကျန်သေးတာ တိုင်ဖို့ကျတော့လည်း တစ်ယောက်တည်းအင်အားနဲ့ဆိုမလွယ်ဘူးလေ။ အခုလိုgroupဖွဲ့ပြီး စည်းလုံးကြမယ်ဆိုရင်တော့ မျှော်လင့်နိုင်သေးတာပေါ့။ ထည့်ထားတဲ့ပိုက်ဆံတွေကတော့ ပြန်လိုချင်တာပေါ့ညီမရယ် ဒါပေမယ့်လည်း မျှော်လင့်ချက်ကတော့ နည်းပါတယ်။

မမေသက်လွင်
မရမ်းကုန်းမြို့နယ် Red dot Network ကိုယ်စားလှယ်

Red dot ကို 12.08.2015 က စတင်လုပ်ကိုင်ခဲ့ပါတယ် ကြားကာလတွေမှာတော့ ကြီးကြီးမားမား complain မရှိခဲ့ပါဘူး 2018 October ထဲမှာ သူတိုဆီက ဝန်ထမ်းတွေ marketing သဘောမျိုးထပ်လာပါတယ်။ RDN PPV သဘောတူစာချုပ်ထပ်မံချုပ်ဖို့ ရှင်းလင်းပြောပြခဲ့ပါတယ်။ RDN PPV စာချုပ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Pre. Paid Visa Card လုပ်ဖို့ပါ။ October 2018 လကုန်ပိုင်းလောက်ကစပြီး Ph bill slip ကအဆင်ပြေပြေနဲ့ ထုတ်ရတချက် မရတချက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကို Eload စနစ် နဲ့ အနည်းငယ်ပဲထုတ်လို့ရပါတယ်။ 15.11.2018 နောက်ဆုံးထုတ်လို့ရပြီး နောက်ပိုင်းလုံးဝမရတော့ပါ။ ကျွန်မတို့ customer service Ph No. 01370050 ကို အပတ်စဉ် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အမြဲတမ်း Network error နဲ့ အမြန်ဆုံးလုပ်ဆောင်ပေးပါမယ်ဆိုတဲ့ ဖြေကြားချက်ကို ရခဲ့ပါတယ်။ 04.02.2019 ph မကိုင်တော့ ကိုယ်တိုင်လိုက်သွားကြည့်မှ သူတိုရုံးရှေ့မှာ စာကပ်တာကိုမြင်ခဲ့ပါတယ်စက်ထဲမှာ Bill လက်ကျန်အနေနဲ့ 356,995 kyats နဲ့ စက်ဖိုး 75,000.kyats ရှိပါတယ်။ ကျွန်မတို့ဆိုင်အနေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ကတော့ Online က Group မှာတခြားကိုယ်စားလှယ်များနည်းတူ စောင့်ကြည့်ပါဝင်ဖို့ စီစဉ်ထားပါတယ်ကျမအနေနဲ့ သိချင်တာကတော့ မြန်မာပြည်မှာ ဒီလိုအလွယ်တကူနဲ့ ဖျက်သိမ်းလိုက်ရုံနဲ့ ကိစ္စ ပြီးပျက်သွားနိုင်သလား?
Red dot အနေနဲ့ လုပ်ဆောင်တယ်ဆိုတာ Trading ပုံစံမျိုးမဟုတ်ပဲ Operator တွေ network လုပ်ရတာပါ။ တခြားထက် လူပါးဝတယ်လို့ခံစားရပါတယ်။ ပိုက်ဆံ ဆိုတာထက်ပေါ့။ အခုက သွေးပူကြတုန်းကြာလာရင် အမူ့တခု အတွက် ပေးရမယ့်အချိန်နဲ့ ငွေအတွက် မရင်းနိုင်ကြတော့ဘူးလေ။ ဒီလိုပုံစံမျိုးဆို တခြားသော mobile & network
စနစ်တွေကို စိတ်ချလက်ချ ဆက်လက်သုံးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။

မသီသီခိုင်
ရွှေသစ္စာ စာရေးကိရိယာဆိုင် မြိတ်မြို့ Red dot Network ကိုယ်စားလှယ်

Red dot တွေအဆင်မပြေစဖြစ်တာက ငွေဖြည့်တာတွေ  ရလိုက်မရလိုက်နဲ့ စဖြစ်တာကနေစတာပါ။၂၀၁၈ ၁၀ လပိုင်းတုန်းကပေါ့။ အစ်မတို့ဆီမှာ ငွေလာကောက်တဲ့ ကောင်လေးကို ဘေလ်ရောင်းလို့ အဆင်မပြေတဲ့အကြောင်း မေးဖို့ ဖုန်းခေါ်တော့ သူ့ဖုန်းက စက်ပိတ်ထားပြီ။ အဲဒါလည်း မရိပ်မိသေးဘူး၊ ၁၂ လပိုင်းလောက်ကစပြီး  ဘာကတ်မှထုတ်လို့၊ ရောင်းလို့မရတော့ဘူး။ အဲဒီကျတော့ ရုံးကိုဖုန်းဆက်မေးတော့ update လုပ်နေလို့ တစ်ပတ် ၂ပတ်ကြာမယ်ပြောတယ်၊ ၁ပတ်လောက်ကျ ထပ်ဆက်တော့လည်း နောက်ထပ် ၁ပတ်၊ ၂ပတ်ကြာမယ်ပြောပြန်ရော၊ အဲဒီ ၁ပတ်၊ ၂ပတ်က မပြီးတော့ဘူး၊ အစ်မက၁၂လပိုင်းကတည်းက စက်ကိုလုံးဝပစ်ထားလိုက်တာ၊ လက်ကျန်ငွေက ကျပ် ၇သောင်းကျော်ရှိတယ်၊ စက်ဖိုးကတော့ ကျပ်ငါးသောင်းပေါ့။ အမလိုပဲ ပါသွားတဲ့သူတွေ အများကြီးပဲ မြိတ်မှာ ၁သိန်းကျော်၊ ရှိတယ် သောင်းကျော်ပါသွားတာတွေရှိတယ်၊ အခုလိုစဖြစ်တည်းက ကုမ္ပဏီဘက်က ဘယ်သူမှမလာဘူး၊ ရုံးကိုဖုန်းဆက်တာတောင် အခုလုံးဝမကိုင်တော့ဘူးလေ။ ရုံးက ဝန်ထမ်းအသိလေးတစ်ယောက်ကို ဖုန်းဆက်မေးတော့ အစ်မရေတဲ့ ဒါကိုဖြေသိမ့်လိုက်ဖို့ပဲရှိတော့တယ်တဲ့၊ သူတို့ကိုဆိုရင် ၁၁ လပိုင်းထဲက အလုပ်ရပ်စဲ ထားတာတဲ့။ အခုကတော့ လုံးဝရုံးပါပိတ်သွားပြီတဲ့၊ သူတို့ကုမ္ပဏီလည်း သူတို့အခက်အခဲနဲ့သူတို့ ရှိမယ်ဆိုပေမယ့် ခံရတာကတော့ အစ်မတို့ပေါ့၊

ကိုချစ်သူအောင်
မင်္ဂလာဒုံ  ကြံခင်းစုရပ်ကွက် Red dot Network ကိုယ်စားလှယ်

စဖြစ်တဲ့ ရက်အတိကျ မမှတ်မိဘူး။ ဒါပေမယ့် မှတ်မိသလောက်ဆိုရင် ၂၀၁၈ ခုနှစ် ၁၀ လပိုင်း လဝက်လောက်ကစပြီး စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ ooredoo eload မရဘူး ၊ Mytel eload မရဘူး ဖြစ်တယ်၊ နောက်တစ်ပတ်ကျတော့ မဖြစ်တော့ပြန်ဘူး၊ နောက်တစ်ပတ်ကျော်လောက် ထပ်ဖြစ်ပြန်တယ်။ အဲဒီနေ့ကတော့ တနင်္လာရောက်တဲ့အထိ အူရီဒူး e-load မရတော့ဘူး၊ အဲဒီနေ့ကစပြီး ရလိုက်မရလိုက်ဖြစ်တာ ရက်စိပ်လာပြီး အခုဆို လုံးဝမရတော့တဲ့အထိပါပဲ။ ဆုံးရှုံးတာကတော့ စက်ဖိုးက ၅ သောင်းနဲ့ အထဲမှာ ငွေကျန်တာက ကျပ် ၉၆၀၀၀ ဆိုတော့ ကျပ် ၁သိန်းဝန်းကျင်ပါပဲ။ သူတို့တွေ ရုံးပိတ်မယ်လို့တော့ မကြားမိလိုက်ဘူးခင်ဗျ ၊ ခုသတင်းတွေ တက်လာမှသိတာ၊ တိုင်ကြားတာတွေလည်း မလုပ်ရသေးပါဘူး။ ဒါပေမယ့် တိုင်ကြားထားသူတွေနဲ့ ပူးပေါင်းပါဝင်သွားမှာပါ။

ဒေါက်တာကောင်းထွဋ်
တောင်ငူမြို့ Red dot Network ကိုယ်စားလှယ်

Red dot ကိုယ်စားလှယ်အနေနဲ့ အဆင်မပြေစဖြစ်တာ နိုဝင်ဘာလ ကတည်းကပါ။ စက်အဆင်မပြေဖြစ်တော့ ဒေသခံ ပိုက်ဆံလာကောက်တဲ့ ကောင်လေးကို ပြောဖြစ်တယ် စက်ပြန်အပ်မယ်ပေါ့ သူပေးတဲ့ ဖုန်းနံပါတ်ကို စက်ပြီးပြောတော့ တစ်လခွဲကြာတဲ့အခါ ပိုက်ဆံပြန်ပေးပါမယ်ပြောတယ်။ ဒါပေမယ့် တစ်လခွဲ နှစ်လကျော်လာတဲ့အထိ အဆက်အသွယ်မလုပ်ဘူး၊ ပိုက်ဆံလာကောက်တဲ့ကောင်လေးဖုန်းဆက်တော့လည်း သူကတစ်ခြားအလုပ်ပြောင်းလုပ်နေပြီပြောတယ် ရန်ကုန်ရုံးချုပ်ကို ဖုန်းဆက်တော့ မဟေမာ တဲ့ ရုံးကတာဝန်ရှိ အမျိုးသမီး ဖုန်းပြောတယ်ဗျ။ ရန်ကုန်ရုံးကို စက်ယူလာပြီး မှတ်ပုံတင်နဲ့ လူကိုယ်တိုင် လာတွေ့ခိုင်းတယ်၊ လူကိုယ်တိုင်လာရင် ပိုက်ဆံ ချက်ချင်းရမှာလားမေးတော့ အဆင်ပြေတဲ့ရက်ပြန်ချိန်းပေးမယ်လို့ပြောပါတယ် နယ်ကလာရမှာမို့ စရိတ်နဲ့ အဆင်မပြေဘူးပြောလိုက်တယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း ရန်ကုန်ရုံးလာဖို့ပဲ ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အခုလို ရုံးပိတ်တယ်ဆိုတဲ့အထိ ကြားရတာပါပဲ။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here