Redmi flagship ဖုန္းရဲ႕နာမည္ကို K20 လုိ႔မွည့္ေခၚ

0
353

အေစာပိုင္းကာလေတြတုန္းက Snapdragon 855 ထည့္သြင္းေပးမယ့္ အဲဒီဖုန္းရဲ႕နာမည္ကို Redmi X လို႔ေခၚေနၾကေပမယ့္ အဲလုိမေခၚဖုိ႔ Redmi brand ရဲ႕ general manager Mr.Lu Weibing ကေျပာခဲ့ၿပီး အခုအခါမွာေတာ့ Redmi K20 လို႔အမည္ေပးလိုက္ၿပီျဖစ္ပါတယ္။

ဘာလုိ႔ Kပါေအာင္မွည့္တာလဲဆုိေတာ့ flagship killer ဖုန္းတစ္လုံးျဖစ္တာေၾကာင့္လို႔ Lu Weibing ကဆုိပါတယ္။ 20 ရဲ႕အဓိပၸါယ္ကိုေတာ့ မရွင္းသြားပါဘူး။ 6.39-inch AMOLED full screen ဖုန္းျဖစ္ႏိုင္တဲ့ အဲဒီဖုန္းမွာ Sony 48MP ultra-clear camera , 4000 mAh ဘက္ထရီေတြပါပါမယ္။ pop-up camera နဲ႔ on-screen fingerprint sensor ေတြလည္းသုံးလာမယ္လုိ႔ေမွ်ာ္လင့္ရပါတယ္။ Redmi ဖုန္းေတြက နဂိုကတည္းက ေစ်းႏႈန္းသိပ္မမ်ားပါဘူး။ ဒါ့အျပင္ အခုဖုန္းကို Killer လုိ႔ထပ္အမႊမ္းတင္ထားတာေၾကာင့္ ေစ်းႏႈန္းေရာ၊စြမ္းရည္ကိုပါ သုံးစြဲသူေတြ လုံး၀ ႀကိဳက္ႏွစ္သက္မယ့္ အေနအထားရိွပါလိမ့္မယ္။

(Unicode Version)

Redmi flagship ဖုန်းရဲ့နာမည်ကို K20 လို့မှည့်ခေါ်

အစောပိုင်းကာလတွေတုန်းက Snapdragon 855 ထည့်သွင်းပေးမယ့် အဲဒီဖုန်းရဲ့နာမည်ကို Redmi X လို့ခေါ်နေကြပေမယ့် အဲလိုမခေါ်ဖို့ Redmi brand ရဲ့ general manager Mr.Lu Weibing ကပြောခဲ့ပြီး အခုအခါမှာတော့ Redmi K20 လို့အမည်ပေးလိုက်ပြီဖြစ်ပါတယ်။

ဘာလို့ Kပါအောင်မှည့်တာလဲဆိုတော့ flagship killer ဖုန်းတစ်လုံးဖြစ်တာကြောင့်လို့ Lu Weibing ကဆိုပါတယ်။ 20 ရဲ့အဓိပ္ပါယ်ကိုတော့ မရှင်းသွားပါဘူး။ 6.39-inch AMOLED full screen ဖုန်းဖြစ်နိုင်တဲ့ အဲဒီဖုန်းမှာ Sony 48MP ultra-clear camera , 4000 mAh ဘက်ထရီတွေပါပါမယ်။ pop-up camera နဲ့ on-screen fingerprint sensor တွေလည်းသုံးလာမယ်လို့မျှော်လင့်ရပါတယ်။ Redmi ဖုန်းတွေက နဂိုကတည်းက ဈေးနှုန်းသိပ်မများပါဘူး။ ဒါ့အပြင် အခုဖုန်းကို Killer လို့ထပ်အမွှမ်းတင်ထားတာကြောင့် ဈေးနှုန်းရော၊စွမ်းရည်ကိုပါ သုံးစွဲသူတွေ လုံးဝကြိုက်နှစ်သက်မယ့် အနေအထားရှိပါလိမ့်မယ်။