Redmi Y3 ကို ေလွကားေပၚကေန ပစ္ခ်ျပျပန္

0
760

Mi နဲ႔ Redmi ဖုန္းေတြအၾကမ္းခံတာကို ျပသတဲ့အေနနဲ႔ အေစာပိုင္းကာလတုန္းကလည္း စကိတ္အျဖစ္စီးျပတာမ်ဳိးေတြ၊ သစ္ၾကားသီးခြဲျပတာမ်ဳိးေတြ၊ ေလွကားေပၚကေနပစ္ခ်တာမ်ဳိးေတြ လုပ္ျပခဲ့ပါတယ္။ အခုလည္း ဖုန္းအသစ္ Redmi Y3 အၾကမ္းခံတာကို ျပသတဲ့အေနနဲ႔ ေလွကားေပၚကေန ပစ္ခ်ျပျပန္ပါၿပီ။

အခုဗီဒီယုိကုိေတာ့ Redmi India က ျပသခဲ့တာျဖစ္ပါတယ္။ လာမယ့္ 24 ရက္မွာ Redmi Y3 ကို အိႏိၵယမွာ မိတ္ဆက္ျပသမွာျဖစ္တာေၾကာင့္ ပြဲမတိုင္မီ ဖုန္းအသစ္ကို marketing ဆင္းတဲ့သေဘာမ်ဳိးျဖစ္ပါတယ္။ ဗီဒီယိုဖုိင္ကိုေဖာ္ျပေပးလိုက္ပါတယ္။

အဲဒီဖုန္းအသစ္ရဲ႕ အေရွ႕ဘက္ကင္မရာစြမ္းရည္ဟာ 32MP ရိွပါတယ္။ အားသြင္းရမယ့္ ဘက္ထရီအမ်ဳိးအစားကေတာ့ 4000mAh ျဖစ္ပါတယ္။ ဖုန္းအေနာက္ဘက္မွာ Dual ကင္မရာနဲ႔လက္ေဗြရာဆင္ဆာတုိ႔ကိုထည့္သြင္းေပးထားပါတယ္။ ဖုန္းအေရွ႕ဘက္မွာေတာ့ notch ဒီဇိုင္းပါရိွပါတယ္။

တန္ဖုိးသိပ္မမ်ားဘဲ အၾကမ္းခံတဲ့ဖုန္းတစ္လုံးလုိ႔ ဆုိႏိုင္တဲ့ ဟန္းဆက္ျဖစ္ပါတယ္။ မင္းရဲ႕ဖုန္းကို ဒီလုိမ်ဳိးေလွကား ကေနပစ္ခ်ျပႏိုင္လားဆိုၿပီး ဗီဒီယုိတင္ထားတဲ့ post မွာ Redmi India ကေတာ့ စာေရးထားပါတယ္။

(Unicode Version)

Redmi Y3 ကို လှေကားပေါ်ကနေ ပစ်ချပြပြန်

Mi နဲ့ Redmi ဖုန်းတွေအကြမ်းခံတာကို ပြသတဲ့အနေနဲ့ အစောပိုင်းကာလတုန်းကလည်း စကိတ်အဖြစ်စီးပြတာမျိုးတွေ၊ သစ်ကြားသီးခွဲပြတာမျိုးတွေ၊ လှေကားပေါ်ကနေပစ်ချတာမျိုးတွေ လုပ်ပြခဲ့ပါတယ်။ အခုလည်း ဖုန်းအသစ် Redmi Y3 အကြမ်းခံတာကို ပြသတဲ့အနေနဲ့ လှေကားပေါ်ကနေ ပစ်ချပြပြန်ပါပြီ။

အခုဗီဒီယိုကိုတော့ Redmi India က ပြသခဲ့တာဖြစ်ပါတယ်။ လာမယ့် 24 ရက်မှာ Redmi Y3 ကို အိန္ဒိယမှာမိတ်ဆက်ပြသမှာဖြစ်တာကြောင့် ပွဲမတိုင်မီ ဖုန်းအသစ်ကို marketing ဆင်းတဲ့သဘောမျိုးဖြစ်ပါ တယ်။ဗီဒီယိုဖိုင်ကိုဖော်ပြပေးလိုက်ပါတယ်။

အဲဒီဖုန်းအသစ်ရဲ့ အရှေ့ဘက်ကင်မရာစွမ်းရည်ဟာ 32MP ရှိပါတယ်။ အားသွင်းရမယ့် ဘက်ထရီအမျိုးအစားကတော့ 4000mAh ဖြစ်ပါတယ်။ ဖုန်းအနောက်ဘက်မှာ Dual ကင်မရာနဲ့လက်ဗွေရာဆင်ဆာတို့ကိုထည့်သွင်းပေးထားပါတယ်။ ဖုန်းအရှေ့ဘက်မှာတော့ notch ဒီဇိုင်းပါရှိပါတယ်။

တန်ဖိုးသိပ်မများဘဲ အကြမ်းခံတဲ့ဖုန်းတစ်လုံးလို့ ဆိုနိုင်တဲ့ ဟန်းဆက်ဖြစ်ပါတယ်။ မင်းရဲ့ဖုန်းကို ဒီလိုမျိုးလှေကားကနေပစ်ချပြနိုင်လားဆိုပြီး ဗီဒီယိုတင်ထားတဲ့ post မှာ Redmi India ကတော့ စာရေးထားပါတယ်။