MWC 2019 မွာ 5G ဖုန္းေတြျပသလာမယ့္ SAMSUNG နဲ႔ LG

0
171

ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူတွေ ဖြစ်တဲ့ SAMSUNG နဲ့ LG ကုမ္ပဏီတို့ဟာ MWC 2019 ပြပွဲမှာ ကုမ္ပဏီရဲ့ 5G ဖုန်းတွေကို မိတ်ဆက်ပြသနိုင်ဖု့ိပြင်နေတယ်လို့ သိရပါတယ်။ Samsung အနေနဲ့ Verizon ၊ AT&T တို့နဲ့ပူးပေါင်း လုပ်ကိုင်ထားတဲ့ 5G ဖုန်း ရှေ့ပြေးပုံစံကို snapdragon Technology Summit မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီပွဲမှာ Verizon နဲ့ AT&T ဟာ 5G ကွန်ရက်အသေးစားတွေကို ဖန်တီးခဲ့ပြီး ဖုန်းနဲ့ သရုပ်ပြသမှုတစ်ချို့ ပြုလုပ်ပြသခဲ့တာ ဖြစ်ပါတယ်။ လာမယ့်နှစ်စပိုင်းမှာ ထွက်လာမယ့် Samsung ရဲ့ S10 စီးရီးဖုန်းသစ်မှာ သုံးလာဖို့များပါတယ်။

LG ကလည်း အမေရိကန် မိုဘိုင်း အော်ပရေတာ Sprint နဲ့ ပူးပေါင်းပြီး လာမယ့်နှစ် အစောပိုင်း အမေရိကန် မှာ သူ့ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို ရောင်းချမယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် ဒီမတိုင်ခင် သူ့အနေနဲ့ MWC ပွဲမှာဝင်ရောက်ပြသနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ စွမ်းရည်မြင့် အမျိုးအစား ဖြစ်ပြီး နောက်ဆုံးထုတ် စွမ်းရည်မြင့် Qualcomm Snapdragon Chipset အသစ်ကိုလည်း အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါဟာ snapdragon 855 သုံးလာနိုင်ပါတယ်။

5G နည်းပညာကိုလာမယ့် ၂၀၁၉ခုနှစ် နှစ်လည်ပိုင်းလောက်မှာ စတင်အသုံးပြုလာနိုင်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ကမ္ဘာအဝန်းတွင် အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားတို့ဟာ 5G ကွန်ယက်ကို အစောဆုံး တပ်ဆင်နိုင်မယ့် နိုင်ငံများထဲမှာ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ဗြိတိန် အပါအဝင် အချို့နိုင်ငံများဟာ သူတို့နောက် သိပ်မကျန်ဘဲ အမှီလိုက်လာမှာ ဖြစ်ပါတယ်။ Sprint က လာမယ့်နှစ်မှာ အမေရိကန်ရဲ့ မြို့ကြီး ခြောက်မြို့မှာ 5G ကွန်ယက်ကို ဝန်ဆောင်မှုပေးမယ်လို့ အတည်ပြုထားပါတယ်။ LG ရဲ့ 5G စမတ်ဖုန်းကတော့ “G8 ThinQ” ဖြစ်နိုင်ပါတယ်။

zawgyi

ကိုရီးယား စမတ္ဖုန္း ထုတ္လုပ္သူေတြ ျဖစ္တဲ့ SAMSUNG နဲ႔ LG ကုမၸဏီတို႔ဟာ MWC 2019 ျပပြဲမွာ ကုမၸဏီရဲ႕ 5G ဖုန္းေတြကို မိတ္ဆက္ျပသႏုိင္ဖု႔ိျပင္ေနတယ္လို႔ သိရပါတယ္။ Samsung အေနနဲ႔ Verizon ၊ AT&T တို႔နဲ႔ပူးေပါင္း လုပ္ကိုင္ထားတဲ့ 5G ဖုန္း ေရွ႕ေျပးပုံစံကုိ snapdragon Technology Summit မွာ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဲဒီပြဲမွာ Verizon နဲ႔ AT&T ဟာ 5G ကြန္ရက္အေသးစားေတြကုိ ဖန္တီးခဲ့ၿပီး ဖုန္းနဲ႔ သ႐ုပ္ျပသမႈတစ္ခ်ိဳ႕ ျပဳလုပ္ျပသခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ႏွစ္စပိုင္းမွာ ထြက္လာမယ့္ Samsung ရဲ႕ S10 စီးရီးဖုန္းသစ္မွာ သုံးလာဖို႔မ်ားပါတယ္။

LG ကလည္း အေမရိကန္ မိုဘုိင္း ေအာ္ပေရတာ Sprint နဲ႔ ပူးေပါင္းၿပီး လာမယ့္ႏွစ္ အေစာပိုင္း အေမရိကန္ မွာ သူ႔ရဲ႕ ပထမဆံုး 5G စမတ္ဖုန္းကို ေရာင္းခ်မယ္လို႔ ေၾကညာထားပါတယ္။ ဒါေၾကာင့္ ဒီမတိုင္ခင္ သူ႕အေနနဲ႔ MWC ပြဲမွာဝင္ေရာက္ျပသႏိုင္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ စြမ္းရည္ျမင့္ အမ်ိဳးအစား ျဖစ္ၿပီး ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ Qualcomm Snapdragon Chipset အသစ္ကိုလည္း အသံုးျပဳထားမွာ ျဖစ္ပါတယ္။ ဒါဟာ snapdragon 855 သုံးလာႏိုင္ပါတယ္။

5G နည္းပညာကိုလာမယ့္ ၂၀၁၉ခုႏွစ္ ႏွစ္လည္ပိုင္းေလာက္မွာ စတင္အသုံးျပဳလာႏိုင္မွာျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ ကမာၻအ၀န္းတြင္ အသံုးျပဳႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ အေမရိကန္၊ တရုတ္၊ ေတာင္ကိုရီးယားတို႔ဟာ 5G ကြန္ယက္ကို အေစာဆံုး တပ္ဆင္ႏုိင္မယ့္ ႏုိင္ငံမ်ားထဲမွာ ပါ၀င္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ၿဗိတိန္ အပါအ၀င္ အခ်ိဳ႕ႏုိင္ငံမ်ားဟာ သူတို႔ေနာက္ သိပ္မက်န္ဘဲ အမွီလိုက္လာမွာ ျဖစ္ပါတယ္။ Sprint က လာမယ့္ႏွစ္မွာ အေမရိကန္ရဲ႕ ၿမိဳ႕ႀကီး ေျခာက္ၿမိဳ႕မွာ 5G ကြန္ယက္ကို ၀န္ေဆာင္မႈေပးမယ္လို႔ အတည္ျပဳထားပါတယ္။ LG ရဲ႕ 5G စမတ္ဖုန္းကေတာ့ “G8 ThinQ” ျဖစ္ႏိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here