Samsung Galaxy J6

0
134

(Unicode Version)

Samsung ရဲ့ အရည်အသွေးကောင်း Budget Series ထဲက Samsung Galaxy J6 ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလလောက်က ထုတ်လုပ်ပေးခဲ့ပြီး အခုဆိုရင်လည်း ဈေးကွက်ထဲမှာလည်း ဝယ်ယူနိုင်ပါသေးတယ်။ ဈေးနှုန်းသင့်တင့်တဲ့ အလယ်အလတ်တန်းစား ဖုန်းဖြစ်ပေမယ့် ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ Features တွေက အဆင့်မြင့်မားမှုရှိပါတယ်။ ဒီဇိုင်းပုံစံက Samsung ရဲ့ အလယ်အလတ် တန်းစားဖုန်းတွေအတိုင်းပဲဖြစ်ပြီး Bezel-free Screen Design ဖြစ်တဲ့အတွက် ပါရှိတဲ့အကျယ်နီးပါးအတိုင်း မြင်ကွင်းတွေကို ကြည်လင်ပြတ်သားစွာ တွေ့မြင်နိုင်မှာပါ။ စက်စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ အလွန်အသုံးဝင်တဲ့ Features တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို အဆင့်မြင့် ပလတ်စတစ်နဲ့ တည်ဆောက်ပေးထားပြီး အရှေ့မျက်နှာပြင်ကိုလည်း အဆင့်မြင့် Corning Gorilla Glass နဲ့ ထပ်မံဖုံးအုပ်ပေးထားတာကြောင့် အသင့်အတင့်လောက် အကြမ်းခံနိုင်ပါတယ်။ ဒီဇိုင်းပုံစံက ရိုးရိုးရှင်းရှင်းလေးနဲ့ လှပသေသပ်တဲ့ Curves လေးတွေကြောင့် ဆွဲဆောင်မှုလည်း ရှိနေပါတယ်။ ဖုန်းအရွယ်အစားက 149.3 x 70.2 x 8.2 mm ရှိပြီး အလေးချိန်က 154g လေးပါတယ်။ ဒါကြောင့် အနည်းငယ်ထူပြီး အလေးချိန်ကတော့ ကိုင်တွယ် အသုံးပြုရတာ ပေါ့ပေါ့ပါးပါးရှိပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အဆင်ပြေပြေအသုံးပြုနိုင်ပြီး Dual Nano SIM စနစ်ပါရှိတဲ့အတွက် Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ မျက်နှာပြင်အကျယ်က 5.6-inch ရှိပြီး Super AMOLED capacitive touchscreen, 16M colors display က 18.5:9 ratio မှာ 720 x 1480 pixels အရည်အသွေးရှိတဲ့ full HD မြင်ကွင်းတွေကိုပြသပေးနိုင်လို့ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်း စွမ်းအားတွေကို ရရှိနိုင်မှာပါ။ အထဲမှာ Android 8.0 (Oreo) ကို run ထားပြီး J Series တွေမှာ သုံးစွဲနေကျ User Interface ကိုပဲ သုံးပေးထားပါတယ်။ နောက်ကျောဘက်မှာ တပ်ဆင်ပေးထားတဲ့ လေးထောင့်ပုံစံ fingerprint sensor ကလည်း စက္ကန့်ပိုင်းအတွင်းမှာ ဖုန်းကို ချက်ချင်း unlock လုပ်ပေးနိုင်ပြီး ဖုန်းအတွင်းရှိ Data တွေကိုလည်း လုံခြုံစွာ ပိတ်ကာပေးထားနိုင်ပါတယ်။ ဒါ့အပြင် အခုခေတ်စားနေတဲ့ Face Unlock စနစ်တွေကို ထည့်သွင်းထားလို့ မျက်နှာကို Scan ဖတ်ပြီးလည်း ဖုန်းကို unlock လုပ်နိုင်ပါသေးတယ်။ ကိုယ့်အရေးကြီး Data တွေကို သူများတွေ အလွယ်တကူ ဝင်ရောက် ကြည့်ရှုလို့ မရအောင်လည်း Secure Folder တွေထဲ ထည့်သိမ်းထားနိုင်မှာပါ။ ကင်မရာစွမ်းအားပိုင်းမှာဆိုရင် အနောက်ကင်မရာက 13MP resolution ရှိပြီး f/1.9 aperture စွမ်းအားတွေပါရှိပြီး LED Flash, Panorama, HDR ဆိုတဲ့ features တွေကို အသုံးပြုနိုင်ပါတယ်။ အရှေ့ selfie ကင်မရာကလည်း 8MP, f/1.9 aperture စွမ်းအားပါရှိတဲ့အပြင် အလင်းရောင် အားနည်းတဲ့နေရာတွေမှာပါ အလှပဆုံး Selfie ဓာတ်ပုံတွေရိုက်ယူနိုင်ဖို့အတွက် အရှေ့ကင်မရာဘေးနားမှာ Brightness အဆင့် ၃ ဆင့်ထိ အလင်းရောင် အတိုးအလျှော့လုပ်နိုင်တဲ့ LED Flash မီးလုံးကို တပ်ဆင်ပေးထားပါသေးတယ်။ ဒါတင်မကသေးဘဲ Camera Features တွေနဲ့ Creative Filters တွေအများကြီးကိုလည်း ထောက်ပံ့ပေးထားလို့ Creative ဖြစ်တဲ့ ဓာတ်ပုံဆန်းဆန်းလေးတွေကို အမျိုးမျိုးရိုက်ယူနိုင်ပါတယ်။ ၎င်းဖုန်းကို Internal memory 32GB, RAM 3GB နဲ့  64GB, RAM 4GB ပါရှိတဲ့ version နှစ်မျိုးနဲ့ထုတ်လုပ်ထားပြီး ၎င်း version နှစ်မျိုးလုံးမှာ Micro SD card ကို 256GB အထိ ထပ်မံစိုက်ထည့် သုံးနိုင်တာကြောင့် ဖုန်းထဲမှာ Data တွေ တော်တော်များများကို ထည့်သွင်းသိမ်းဆည်းထားနိုင်ပါတယ်။ ဖုန်းလုပ်ဆောင်နိုင်စွမ်းတွေ အတွက်လည်း တန်းဝင်အဆင့်ရှိတဲ့ Processor နဲ့ Chipset တွေကို ထောက်ပံ့ထားပြီး ရုပ်ထွက်ပိုင်းအတွက်လည်း သင့်တင့်ကောင်းမွန်တဲ့ Graphics Card ကို ထည့်သုံးထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် Apps တွေ၊ ဂိမ်းတွေကို အဆင်ပြေပြေအသုံးပြုနိုင်ပြီး Multitasking တွေကိုလည်း အကောင်းဆုံးပြုလုပ်နိုင်ပါတယ်။ ၎င်းမှာ 4.2, A2DP နဲ့ LE Bluetooth စနစ်တွေလည်း ပါရှိပြီး USB 2.0, USB On-The-Go စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ၎င်းကို ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကတော့ လှပဆွဲဆောင်မှုရှိတဲ့ အနက်ရောင်၊ ရွှေရောင်နဲ့ အပြာရောင် ဆိုတဲ့ အရောင် ၃ မျိုးပဲဖြစ်ပါတယ်။

Samsung Galaxy J6

<Design & Display>

တည်ဆောက်ပုံဒီဇိုင်းက ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းခိုင်မာပြီး သစ်လွင်တောက်ပနေတဲ့ ကိုယ်ထည်ကြောင့်ဆွဲဆောင်မှုလည်း ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ရှင်းလင်းမှုရှိသလို နောက်ကျောဘက်ကလည်း အနောက်ကင်မရာတစ်လုံး၊ LED Flash မီးလုံးနဲ့ Fingerprint scanner တို့သာရှိပါတယ်။ ၎င်းဟာ  ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းတွေကို ပါရှိတဲ့ ဖုန်းမျက်နှာပြင်အကျယ်နီးပါးအတိုင်းပေးစွမ်း နိုင်ပါတယ်။

<Camera>

၎င်းမှာ 13MP ရှိတဲ့အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာတို့ကိုတပ်ဆင်ပေးထားပြီး အလွန်အသုံးဝင်တဲ့ features တွေနဲ့ effects တွေလည်း အများကြီး ပါရှိတာကြောင့် ကောင်းမွန်တဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုလည်း  အဆင်ပြေပြေရိုက်ကူးနိုင်ပါတယ်။

<Processor>

၎င်းမှာ RAM 3/4GB ပါရှိတဲ့ Octa-core 1.6 GHz Cortex-A53 processor, Exynos 7870 Octa Chipset နဲ့ Mali-T830 MP1 GPU တို့ကြောင့် အကောင်းဆုံးစက်စွမ်းဆောင်ရည်တွေကို အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်။ လျင်မြန် တိကျတဲ့ လုပ်ဆောင်ချက်တွေကို အကောင်းဆုံးပြုလုပ်နိုင်ပါတယ်။

<Performance>

Samsung Galaxy J6 ဟာ သုံးစွဲလို့ကောင်းတဲ့ အလယ်အလတ်တန်းစား အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး သူ့ရဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် Samsung ရဲ့ အဆင့်မြင့် budget ဖုန်းကို ဝယ်ယူမယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ ဖုန်းထဲမှာပါဝင်ပါတယ်။

<Battery Life>

၎င်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီစွမ်းအားက Non- removable Li-Ion 3000mAh battery ဖြစ်တာကြောင့် သာမန်သုံးစွဲသူတွေအတွက် တစ်နေ့တာလုံး အေးအေးဆေးဆေး သုံးစွဲနိုင်ပြီး ဖုန်းကို ပြန်လည် အားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။

<Technical Specs>

»        Network………………………   GSM/HSPA/LTE

»        Dimensions………………….   149.3 x 70.2 x 8.2 mm

»        Weight……………………….    154g

»        Display……………………….    5.6-inch, Capacitive Touchscreen

»        OS…………………………….    Android 8.0 (Oreo)

»        CPU…………………………..    Octa-core 1.6 GHz Cortex-A53

»        Memory……………………..    32GB, 64GB

»        Camera………………………    Back :13MP, Front: 8MP

»        Connectivity………………..    Wi-Fi 802.11 b/g/n, Wi-Fi Direct

»        Sensors……………………..    Fingerprint (rear-mounted),

Accelerometer, Proximity

»        Battery …………………….     Non-removable Li-Ion 3000mAh

»        Price ……………………….      355,000/- Ks

»        Contact …………………..      01-224502 (CTM Computer & Mobile)

=====

Samsung Galaxy J6

(Zawgyi Version)

Samsung ရ႕ဲ အရည္အေသြးေကာင္း Budget Series ထဲက Samsung Galaxy J6 ကို ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္၊ ေမလေလာက္က ထုတ္လုပ္ေပးခဲ့ၿပီး အခုဆိုရင္လည္း ေစ်းကြက္ထဲမွာလည္း ၀ယ္ယူႏုိင္ပါေသးတယ္။ ေစ်းႏႈန္းသင့္တင့္တဲ့ အလယ္အလတ္တန္းစား ဖုန္းျဖစ္ေပမယ့္ ထည့္သြင္းေပးထားတဲ့ Specs ေတြနဲ႔ Features ေတြက အဆင့္ျမင့္မားမႈရွိပါတယ္။ ဒီဇုိင္းပံုစံက Samsung ရဲ႕ အလယ္အလတ္ တန္းစားဖုန္းေတြအတိုင္းပဲျဖစ္ၿပီး Bezel-free Screen Design ျဖစ္တဲ့အတြက္ ပါရွိတဲ့အက်ယ္နီးပါးအတိုင္း ျမင္ကြင္းေတြကို ၾကည္လင္ျပတ္သားစြာ ေတြ႕ျမင္ႏိုင္မွာပါ။ စက္စြမ္းေဆာင္ရည္ေကာင္းေကာင္းနဲ႔ အလြန္အသံုး၀င္တဲ့ Features ေတြကိုလည္း လုပ္ေဆာင္ႏုိင္ပါတယ္။ ကိုယ္ထည္တစ္ခုလံုးကို အဆင့္ျမင့္ ပလတ္စတစ္နဲ႔ တည္ေဆာက္ေပးထားၿပီး အေရွ႕မ်က္ႏွာျပင္ကိုလည္း အဆင့္ျမင့္ Corning Gorilla Glass နဲ႔ ထပ္မံဖံုးအုပ္ေပးထားတာေၾကာင့္ အသင့္အတင့္ေလာက္ အၾကမ္းခံႏိုင္ပါတယ္။ ဒီဇိုင္းပံုစံက ႐ိုး႐ိုးရွင္းရွင္းေလးနဲ႔ လွပေသသပ္တဲ့ Curves ေလးေတြေၾကာင့္ ဆြဲေဆာင္မႈလည္း ရွိေနပါတယ္။ ဖုန္းအရြယ္အစားက 149.3 x 70.2 x 8.2 mm ရွိၿပီး အေလးခ်ိန္က 154g ေလးပါတယ္။ ဒါေၾကာင့္ အနည္းငယ္ထူၿပီး အေလးခ်ိန္ကေတာ့ ကိုင္တြယ္ အသံုးျပဳရတာ ေပါ့ေပါ့ပါးပါးရွိပါတယ္။ ၎ကို GSM, HSPA နဲ႔ LTE networks ေတြမွာ အဆင္ေျပေျပအသံုးျပဳႏိုင္ၿပီး Dual Nano SIM စနစ္ပါရွိတဲ့အတြက္ Nano SIM card 2 card ကို တစ္ၿပိဳင္နက္တည္း ထည့္သြင္းသံုးစြဲႏိုင္ပါတယ္။ မ်က္ႏွာျပင္အက်ယ္က 5.6-inch ရွိၿပီး Super AMOLED capacitive touchscreen, 16M colors display က 18.5:9 ratio မွာ 720 x 1480 pixels အရည္အေသြးရွိတဲ့ full HD ျမင္ကြင္းေတြကိုျပသေပးႏိုင္လုိ႔ ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္း စြမ္းအားေတြကို ရရွိႏုိင္မွာပါ။ အထဲမွာ Android 8.0 (Oreo) ကို run ထားၿပီး J Series ေတြမွာ သံုးစြဲေနက် User Interface ကိုပဲ သံုးေပးထားပါတယ္။ ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားတဲ့ ေလးေထာင့္ပံုစံ fingerprint sensor ကလည္း စကၠန္႔ပိုင္းအတြင္းမွာ ဖုန္းကို ခ်က္ခ်င္း unlock လုပ္ေပးႏုိင္ၿပီး ဖုန္းအတြင္းရွိ Data ေတြကိုလည္း လံုၿခံဳစြာ ပိတ္ကာေပးထားႏုိင္ပါတယ္။ ဒါ့အျပင္ အခုေခတ္စားေနတဲ့ Face Unlock စနစ္ေတြကို ထည့္သြင္းထားလုိ႔ မ်က္ႏွာကို Scan ဖတ္ၿပီးလည္း ဖုန္းကို unlock လုပ္ႏုိင္ပါေသးတယ္။ ကိုယ့္အေရးႀကီး Data ေတြကို သူမ်ားေတြ အလြယ္တကူ ၀င္ေရာက္ ၾကည့္ရႈလုိ႔ မရေအာင္လည္း Secure Folder ေတြထဲ ထည့္သိမ္းထားႏုိင္မွာပါ။ ကင္မရာစြမ္းအားပိုင္းမွာဆုိရင္ အေနာက္ကင္မရာက 13MP resolution ရွိၿပီး f/1.9 aperture စြမ္းအားေတြပါရွိၿပီး LED Flash, Panorama, HDR ဆိုတဲ့ features ေတြကို အသံုးျပဳႏိုင္ပါတယ္။ အေရွ႕ selfie ကင္မရာကလည္း 8MP, f/1.9 aperture စြမ္းအားပါရွိတဲ့အျပင္ အလင္းေရာင္ အားနည္းတဲ့ေနရာေတြမွာပါ အလွပဆံုး Selfie ဓာတ္ပံုေတြ႐ိုက္ယူႏိုင္ဖုိ႔အတြက္ အေရွ႕ကင္မရာေဘးနားမွာ Brightness အဆင့္ ၃ ဆင့္ထိ အလင္းေရာင္ အတိုးအေလွ်ာ့လုပ္ႏုိင္တဲ့ LED Flash မီးလံုးကို တပ္ဆင္ေပးထားပါေသးတယ္။ ဒါတင္မကေသးဘဲ Camera Features ေတြနဲ႔ Creative Filters ေတြအမ်ားႀကီးကိုလည္း ေထာက္ပံ့ေပးထားလုိ႔ Creative ျဖစ္တဲ့ ဓာတ္ပံုဆန္းဆန္းေလးေတြကို အမ်ိဳးမ်ိဳး႐ိုက္ယူႏိုင္ပါတယ္။ ၎ဖုန္းကို Internal memory 32GB, RAM 3GB နဲ႔  64GB, RAM 4GB ပါရွိတဲ့ version ႏွစ္မ်ိဳးနဲ႔ထုတ္လုပ္ထားၿပီး ၎ version ႏွစ္မ်ိဳးလံုးမွာ Micro SD card ကို 256GB အထိ ထပ္မံစိုက္ထည့္ သံုးႏိုင္တာေၾကာင့္ ဖုန္းထဲမွာ Data ေတြ ေတာ္ေတာ္မ်ားမ်ားကို ထည့္သြင္းသိမ္းဆည္းထားႏုိင္ပါတယ္။ ဖုန္းလုပ္ေဆာင္ႏိုင္စြမ္းေတြ အတြက္လည္း တန္း၀င္အဆင့္ရွိတဲ့ Processor နဲ႔ Chipset ေတြကို ေထာက္ပံ့ထားၿပီး ႐ုပ္ထြက္ပိုင္းအတြက္လည္း သင့္တင့္ေကာင္းမြန္တဲ့ Graphics Card ကို ထည့္သံုးထားတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ Apps ေတြ၊ ဂိမ္းေတြကို အဆင္ေျပေျပအသံုးျပဳႏုိင္ၿပီး Multitasking ေတြကိုလည္း အေကာင္းဆံုးျပဳလုပ္ႏုိင္ပါတယ္။ ၎မွာ 4.2, A2DP နဲ႔ LE Bluetooth စနစ္ေတြလည္း ပါရွိၿပီး USB 2.0, USB On-The-Go စနစ္ေတြကိုလည္း အသံုးျပဳႏိုင္ပါတယ္။ ၎ကို ထုတ္လုပ္ေပးထားတဲ့ အေရာင္ေတြကေတာ့ လွပဆြဲေဆာင္မႈရွိတဲ့ အနက္ေရာင္၊ ေရႊေရာင္နဲ႔ အျပာေရာင္ ဆိုတဲ့ အေရာင္ ၃ မ်ိဳးပဲျဖစ္ပါတယ္။

<Design & Display>

တည္ေဆာက္ပံုဒီဇုိင္းက က်စ္က်စ္လ်စ္လ်စ္နဲ႔ ေတာင့္တင္းခုိင္မာၿပီး သစ္လြင္ေတာက္ပေနတဲ့ ကိုယ္ထည္ေၾကာင့္ဆြဲေဆာင္မႈလည္း ရွိပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္က ရွင္းလင္းမႈရွိသလို ေနာက္ေက်ာဘက္ကလည္း အေနာက္ကင္မရာတစ္လံုး၊ LED Flash မီးလံုးနဲ႔ Fingerprint scanner တို႔သာရွိပါတယ္။ ၎ဟာ  ၾကည္လင္ျပတ္သားတဲ့ ျမင္ကြင္းေတြကုိ ပါရွိတဲ့ ဖုန္းမ်က္ႏွာျပင္အက်ယ္နီးပါးအတုိင္းေပးစြမ္း ႏိုင္ပါတယ္။

<Camera>

၎မွာ 13MP ရွိတဲ့အေနာက္ကင္မရာနဲ႔ 8MP ရွိတဲ့ အေရွ႕ကင္မရာတုိ႔ကိုတပ္ဆင္ေပးထားၿပီး အလြန္အသံုး၀င္တဲ့ features ေတြနဲ႔ effects ေတြလည္း အမ်ားႀကီး ပါရွိတာေၾကာင့္ ေကာင္းမြန္တဲ့ ဓာတ္ပံုေတြနဲ႔ဗီဒီယိုေတြကိုလည္း  အဆင္ေျပေျပ႐ိုက္ကူးႏုိင္ပါတယ္။

<Processor>

၎မွာ RAM 3/4GB ပါရွိတဲ့ Octa-core 1.6 GHz Cortex-A53 processor, Exynos 7870 Octa Chipset နဲ႔ Mali-T830 MP1 GPU တို႔ေၾကာင့္ အေကာင္းဆံုးစက္စြမ္းေဆာင္ရည္ေတြကို အျပည့္အ၀ေထာက္ပံ့ေပးႏိုင္ပါတယ္။ လ်င္ျမန္ တိက်တဲ့ လုပ္ေဆာင္ခ်က္ေတြကို အေကာင္းဆံုးျပဳလုပ္ႏုိင္ပါတယ္။

<Performance>

Samsung Galaxy J6 ဟာ သံုးစြဲလုိ႔ေကာင္းတဲ့ အလယ္အလတ္တန္းစား အဆင့္ျမင့္စမတ္ဖုန္းတစ္လံုး ျဖစ္ၿပီး သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ ထုိက္တန္တဲ့ ရလဒ္ေတြကို ေပးစြမ္းႏိုင္ပါတယ္။ ဒါေၾကာင့္ Samsung ရဲ႕ အဆင့္ျမင့္ budget ဖုန္းကို ၀ယ္ယူမယ္ဆိုရင္ ထည့္သြင္းစဥ္းစားသင့္တဲ့ ဖုန္းထဲမွာပါ၀င္ပါတယ္။

<Battery Life>

၎မွာ ထည့္သြင္းေပးထားတဲ့ ဘက္ထရီစြမ္းအားက Non- removable Li-Ion 3000mAh battery ျဖစ္တာေၾကာင့္ သာမန္သံုးစြဲသူေတြအတြက္ တစ္ေန႔တာလံုး ေအးေအးေဆးေဆး သံုးစြဲႏုိင္ၿပီး ဖုန္းကို ျပန္လည္ အားသြင္းရတာလည္း ျမန္ဆန္မႈရွိပါတယ္။

<Technical Specs>

»        Network………………………   GSM/HSPA/LTE

»        Dimensions………………….   149.3 x 70.2 x 8.2 mm

»        Weight……………………….    154g

»        Display……………………….    5.6-inch, Capacitive Touchscreen

»        OS…………………………….    Android 8.0 (Oreo)

»        CPU…………………………..    Octa-core 1.6 GHz Cortex-A53

»        Memory……………………..    32GB, 64GB

»        Camera………………………    Back :13MP, Front: 8MP

»        Connectivity………………..    Wi-Fi 802.11 b/g/n, Wi-Fi Direct

»        Sensors……………………..    Fingerprint (rear-mounted),

Accelerometer, Proximity

»        Battery …………………….     Non-removable Li-Ion 3000mAh

»        Price ……………………….      355,000/- Ks

»        Contact …………………..      01-224502 (CTM Computer & Mobile)

LEAVE A REPLY

Please enter your comment!
Please enter your name here