Samsung Galaxy S10+ မှာ In-Display Selfie Camera နှစ်လုံး ပါဝင်လာမည်

0
238

Samsung ဟာ Galaxy S10 စီးရီးကို ဗားရှင်းလေးမျိုးနှင့် ထုတ်လုပ်ရောင်းချလာပါမယ်။ Samsung Galaxy S10 ၊ Samsung Galaxy S10+ ၊ Samsung Galaxy S10 5G နှင့် Samsung Galaxy S10 Lite တို့ ဖြစ်ပါတယ်။ Samsung ဟာ Galaxy S10 စီးရီးမှာ Infinity-O Display အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။ ယနေ့မှာ Samsung Galaxy S10+ နဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်လာပါတယ်။ ဒီကနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Samsung Galaxy S10+ မှာ In-Display Selfie Camera နှစ်လုံး ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ရှေ့ကင်မရာနှစ်လုံးကို ကွဲပြားတဲ့နေရာများမှာ ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ဒုတိယကင်မရာဆင်ဆာက မြင်ကွင်းကျယ်ရိုက်ကူးဖို့ ထောက်ပံ့လာပါမယ်။ အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းများအရ Samsung Galaxy S10+ မှာ ကျောဘက်ကင်မရာသုံးလုံး၊ ဘက်ထရီ 4000 mAh ၊ Eynos 9820 Chipset သုံးလာပါမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here