အေရာင္အမ်ိဳးအစား စုံလင္စြာထြက္လာမယ့္ Galaxy S10 Lite

0
171

Samsung ရဲ့ဖုန်းအသစ်တွေကိုတော့ ၂၀၁၉နှစ်စပိုင်းမှာ မိတ်ဆက်လာမှာပါ။ အဲ့ဒီထဲက Galaxy S10 Lite ဖုန်းကိုတော့ အရောင်အမျိုးအစား အစုံနဲ့ ထုတ်လုပ်လာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Samsung အနေနဲ့ စမတ်ဖုန်းဈေးကွက်အတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ Apple ရဲ့ iPhone XR ဖုန်းလိုမျိုး အရောင်စုံထုတ်လာဖို့ ရှိနေတာပါ။ XR ဖုန်းဟာ စွဲမက်လောက်စရာ အရောင်စုံနဲ့ထုတ်ထားပြီး သုံးစွဲသူအများစုလည်း ကြိုက်နှစ်သက်ကြပါတယ်။

S10 Lite ဖုန်းကိုလည်း အရောင်စုံလို့ ဆိုနိုင်မယ့် အစိမ်း, အနက်ရောင်, အဖြူရောင်, အဝါရောင် နဲ့ အပြာရောင် ဆိုပြီး ထုတ်လာမယ့် လို့ စာရင်းထွက်ရှိလာပါတယ်။ S10 နဲ့ S10+ ဖုန်းတွေကိုတော့ အစိမ်း, အနက်ရောင်, အဖြူရောင်, အပြာရောင်ဆိုပြီး ထုတ်လာမှာဖြစ်ကာ S10 Ceramic edition ကိုတော့ အဖြူ နဲ့အနက်ရောင်သာ သီးသန့် ထုတ်လာမှာဖြစ်ပါတယ်။ ceramic model ဖုန်းကတော့ 5G support လုပ်ပြီး ကင်မရာ ၆လုံးသုံးလာဖို့ များပါတယ်။

ဒီဖုန်းဟာ ပုံမှန် ဗားရှင်းဖုန်းတွေမှာပါဝင်လာနိုင်တဲ့ in-display fingerprint reader ကိုထည့်သွင်းပေးမှာတော့ မဟုတ်ပါဘူး။ သူ့မှာ flat screen ဒီဇိုင်းနဲ့ဖြစ်ပြီး နောက်ကျောဘက်မှာ Dual ကင်မရာတပ်ဆင်လာမယ်လို့ ဆိုပါတယ်။ ဒီဇိုင်းပုံရိပ်တွေမှာတော့ side-mounted လက်ဖွေဖတ်စနစ်ကို ဖုန်းရဲ့ဘေးဘောင်မှာ တပ်ဆင်ထားတာကို တွေရပါတယ်။ S10 Lite ဖုန်းရဲ့မျက်နှာပြင်ကတော့ 5.8 လက်မဖြစ်ပြီး အရှေ့ဘက်ကင်မရာကိုတေ့ infinity-O ပုံစံနဲ့လာမှာပါ။

zawgyi




LEAVE A REPLY

Please enter your comment!
Please enter your name here