တျခားဖုန္းမ်ားကို ႀကိဳးမဲ့အားသြင္းေပးတဲ့ နည္းပညာပါလာမယ့္ Samsung Galaxy S10 Series ဖုန္းမ်ား

0
222

မနေ့ကတော့ Samsung Galaxy S10 ဖုန်းတွေရဲ့ ဈေးနှုန်းတွေ ပေါက်ကြားထွက်ပေါ် ခဲ့ပါတယ်။ ဗြိတိန်မှာ ရောင်းချလာမယ့် ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒီနေ့နောက်ထပ် ထွက်ရှိလာတဲ့သတင်းကတော့ Galaxy S10 စီးရီးဖုန်းသစ် ၃မျိုးမှာ တခြားဖုန်းများကို ကြိုးမဲ့အားသွင်းပေးတဲ့ နည်းပညာ(reverse wireless charging) ပါဝင်လာမယ် ဆိုတာပဲ ဖြစ်ပါတယ်။ အခြားဖုန်းကို အားသွင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်ဟာ တရုတ်စမတ်ဖုန်း ကုမ္ပဏီ Huawei ရဲ့ Mate 20 Pro မှာတုန်းက စတင်ထည့်သွင်းလာခဲ့တာ ဖြစ်ပါတယ်။

“Powershare” လို့ နာမည်ပေးထားတဲ့ ဒီလုပ်ဆောင်ချက် Galaxy S10 devices အားလုံးမှာ ထည့်သွင်းပေးလာမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အဆင့်မြင့် နည်းလမ်းလို့ ဆိုပေမယ့် ပုံမှန် wireless charging နည်းလမ်းထက်တော့ နှေးကွေးမှာ ဖြစ်ပါတယ်။ Galaxy S10 lineup တွေအနေနဲ့ S10 Lite (5.8-inch ) သုံးထားပြီး၊ ပုံမှန်ဗားရှင်း S10 မှာတော့ 6.1-inch panel မှာ S10 Lite နဲ့တူတဲ့ အရှေ့ဘက်ကင်မရာ ဒီဇိုင်းတပ်ဆင်ထားတာကို တွေ့ရပါတယ်။

ဒီဖုန်း ၂လုံးမှာ သုံးလာမယ့် ကင်မရာတွေဟာ INFINITY-O NOTCH ဒီဇိုင်းပါ။ ကြီးမားတဲ့ S10+ version ဖုန်းမှာတော့ 6.4-inch display နဲ့အတူ TWO INFINITY-O NOTCH တပ်ဆင်ထားတာကို တွေ့ရပါတယ်။ Galaxy S10 Lite ဖုန်းကတော့ Flat Screen နဲ့အတူ ဘေးဘောင်မှာ Side fingerprint ဆင်ဆာတပ်ထားမှာဖြစ်ပြီး နောက်ကျောဘက်မှာ Dual ကင်မရာတပ်ဆင်လာဖို့ များနေပါတယ်။

zawgyi

မေန႔ကေတာ့ Samsung Galaxy S10 ဖုန္းေတြရဲ႕ ေစ်းႏႈန္းေတြ ေပါက္ၾကားထြက္ေပၚ ခဲ့ပါတယ္။ ၿဗိတိန္မွာ ေရာင္းခ်လာမယ့္ ေစ်းႏႈန္းေတြပဲ ျဖစ္ပါတယ္။ ဒီေန႔ေနာက္ထပ္ ထြက္ရွိလာတဲ့သတင္းကေတာ့ Galaxy S10 စီးရီးဖုန္းသစ္ ၃မ်ိဳးမွာ တျခားဖုန္းမ်ားကို ႀကိဳးမဲ့အားသြင္းေပးတဲ့ နည္းပညာ(reverse wireless charging) ပါဝင္လာမယ္ ဆိုတာပဲ ျဖစ္ပါတယ္။ အျခားဖုန္းကို အားသြင္းေပးႏုိင္တဲ့ လုပ္ေဆာင္ခ်က္ဟာ တရုတ္စမတ္ဖုန္း ကုမၸဏီ Huawei ရဲ႕ Mate 20 Pro မွာတုန္းက စတင္ထည့္သြင္းလာခဲ့တာ ျဖစ္ပါတယ္။

“Powershare” လုိ႔ နာမည္ေပးထားတဲ့ ဒီလုပ္ေဆာင္ခ်က္ Galaxy S10 devices အားလုံးမွာ ထည့္သြင္းေပးလာမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ အဆင့္ျမင့္ နည္းလမ္းလို႔ ဆိုေပမယ့္ ပုံမွန္ wireless charging နည္းလမ္းထက္ေတာ့ ေႏွးေကြးမွာ ျဖစ္ပါတယ္။ Galaxy S10 lineup ေတြအေနနဲ႔ S10 Lite (5.8-inch ) သုံးထားၿပီး၊ ပုံမွန္ဗားရွင္း S10 မွာေတာ့ 6.1-inch panel မွာ S10 Lite နဲ႔တူတဲ့ အေရွ႕ဘက္ကင္မရာ ဒီဇုိင္းတပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

ဒီဖုန္း ၂လုံးမွာ သုံးလာမယ့္ ကင္မရာေတြဟာ INFINITY-O NOTCH ဒီဇုိင္းပါ။ ႀကီးမားတဲ့ S10+ version ဖုန္းမွာေတာ့ 6.4-inch display နဲ႔အတူ TWO INFINITY-O NOTCH တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ Galaxy S10 Lite ဖုန္းကေတာ့ Flat Screen နဲ႔အတူ ေဘးေဘာင္မွာ Side fingerprint ဆင္ဆာတပ္ထားမွာျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ Dual ကင္မရာတပ္ဆင္လာဖို႔ မ်ားေနပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here