လူတစ္ေယာက္က ေအာ္ပေရတာတစ္ခုမွာ ဆင္းကတ္ႏွစ္ကတ္ပဲ ရမယ္ဆုိတဲ႔ စနစ္အေပၚ သူတို႔ဘယ္လိုျမင္ၾကသလဲ (၂)

0
305

သက္ေသခံကတ္ျပားတစ္ခုအတြက္ ေအာ္ပေရတာတစ္ခုဆီမွာ လူတစ္ေယာက္ဆင္းကတ္ ၂ကတ္ထက္ ပိုမေပးေတာ့ဘူးဆိုတဲ႔ ထုတ္ျပန္ခ်က္ေလးတစ္ခုကို ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္လုိက္ပါတယ္၊ ဒီစနစ္ကို လာမယ့္ ၂၀၁၉ ဧျပီလ ၁ရက္ေန႔ကေန စတင္သြားမွာလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ျပီး သံုးစြဲသူေတြရဲ႔ အျမင္ဘယ္လုိရွိတယ္ဆိုတာနဲ႔ ဒီလူေတြရဲ႕အျမင္နဲ႔ တစ္ျခား သံုးစြဲသူေတြရဲ႕အျမင္ ထပ္တူညီမႈ ရွိမရွိဆုိတာကို တစ္ခ်က္ေလာက္ ၾကည့္လိုက္ရေအာင္ပါေနာ္။

ကိုဟိန္းေက်ာ္စြာ

ဆင္းကတ္ေတြ လမ္းေဘးမွာေရာင္းတယ္ဆိုတာေတြကို ဘာလို႕၀ယ္ၾကတာလဲဆိုရင္ သူတို႕က တစ္ကတ္ကို ၁၀၀၀ နဲ႔ဖုန္းေျပာဖို႕ မိနစ္ဘယ္ေလာက္ အင္တာနက္ဘယ္ေလာက္ပါတယ္ဆိုေတာ႔ Plan ၀ယ္သံုးတာထက္ သက္သာလို႕လို႕ျမင္မိပါတယ္။ အခုထုတ္လိုက္တဲ႔ ထုတ္ျပန္ခ်က္က အသစ္ဝယ္မယ့္သူေတြကိုပဲ သက္ဆုိင္တယ္ဆုိရင္ေတာ့ ဘယ္ျဖစ္မလဲ ၊ အရင္ဟာေတြကိုပါ လုပ္မွအဆင္ေျပမွာေပါ႔။ မဟုတ္ရင္အရင္ကတ္ေတြက ဘယ္သူ႕နာမည္နဲ႕မွတ္ပံုတင္ျပီး ဘယ္သူသံုးေနလဲမွမသိတာ။ ဒီလိုမ်ိဳးဆင္းကတ္ စနစ္တက် မွတ္ပံုတင္ေရးလုပ္ေဆာင္မႈက လုပ္သင့္တယ္၊ သူမ်ားႏိုင္ငံေတြမွာလည္းဒီလိုပဲသံုးရတာဆင္းကတ္တစ္ခုကို ျဖစ္သလိုလြယ္လြယ္၀ယ္လို႕မွမရတာ မေတာ္တဆေပ်ာက္သြားလဲ ဒီကတ္ပဲျပန္ထုတ္သံုးရတာ အမွုခင္းကိစၥတစ္ခုခုျဖစ္ရင္ လိမ္လည္မွုေတြျဖစ္ရင္စံုစမ္းရပိုအဆင္ေျပတာေပါ႔ ။ လူတစ္ေယာက္တည္းက ဆင္းကတ္ေတြအမ်ားၾကီးမွတ္ပံုတင္ျပီး တစ္ဆင့္ျပန္ေရာင္းေနတာေတြက တကယ္ဆို Operator ေတြရဲ႕အားနည္းခ်က္ေၾကာင္႔ေပါ႔ သူတို႕ေရာင္းရျပီးေရာဆိုျပီး လုပ္လိုက္တဲ႔အခါက်ေတာ့ ခုလိုေနာက္ကျပန္လုပ္ရတဲ႔အခါအခက္ခဲေတြ႔တာလို႔ ျမင္ပါတယ္။

ကိုကိုရဲ – Founder ၊ Ubuntu Myanmar Loco Team

မွတ္ပံုမတင္ဘဲနဲ႔ ကိုင္ေနတဲ႔ ဆင္းကတ္ေတြကိုထိထိေရာက္ေရာက္လုပ္သင့္တယ္။ ေအာ္ပေရတာတစ္ခုမွာ မွတ္ပံုတင္တစ္ခုကိုဆင္းကတ္ ၂ကတ္ဆုိတာကေတာ့ တခ်ိဳ႕မွတ္ပံုတင္မရွိေသးတဲ႔ ကိုယ့္ကေလးေတြကိုဖုန္းေပးတာမ်ိဳး၊ GPS Tracker တပ္တာမ်ိဳး IOT Devices ေတြမွာ သံုးတာမ်ိဳးေတြဆိုရင္ ဆင္းကတ္ေတြ အမ်ားၾကီးလိုမွာေလ။ အခုလိုလုပ္လုိက္လို႔ လမ္းေဘးမွာ မွတ္ပံုတင္ျပီးသား ေရာင္းေနတာေတြ ရပ္သြားမယ္မထင္ဘူး၊ သူတုိ႔မွာ မွတ္ပံုတင္ေတြက နည္းအမ်ိဳးမ်ိဳးနဲ႔ ရွိေနျပီးသားဆိုေတာ့ ဆက္ေရာင္းေနဦးမယ္လို႔ ထင္တယ္။ ဧျပီ ၁ရက္ေန႔ စလုပ္မယ့္ဟာကအသစ္ေတြကိုပဲလုပ္မယ္။ ဆင္းကတ္အေဟာင္းသံုးျပီးသားသူေတြ မပါဘူးဆိုတာမ်ိဳးကေတာ့ မျဖစ္ဘူးထင္တယ္၊ လုပ္ရင္အကုန္လုပ္သင့္တယ္၊ ျပီးေတာ့ ဒီလိုမ်ိဳးဆင္းကတ္မွတ္ပံုတင္ကိုအရင္တည္းကေသခ်ာလုပ္ခဲ႔ရင္ လက္ရွိ ျပႆနာမ်ိဳးေတာင္ ရွိမွာမဟုတ္ဘူးေလ။ မွတ္ပံုတင္မိတၱဴေတြကမိတၱဴဆုိင္ေတြမွာသြားကူးလုိက္တာနဲ႔ သူတို႔မွာ ရွိသြားတာဆိုေတာ့ ဒီကိစၥေတြက ဘယ္လိုျဖစ္လာမလဲမသိဘူး။ တကယ္မွတ္ပံုတင္ထားတဲ႔ ကတ္ေတြျဖစ္လာလို႔ မႈခင္းအတြက္ အေထာက္အကူျဖစ္ေကာင္းျဖစ္မယ္၊ ဒါေပမယ့္ တကယ္တမ္းမႈခင္းလုပ္မယ့္သူကေတာ့ သူ႔နာမည္နဲ႔ ဆင္းကတ္ကိုသုံးျပီးလုပ္မွာကိုမဟုတ္ဘူး၊ အျပင္ကေကာက္ရတဲ႔ဟာ ဒါမွမဟုတ္ တျခားတစ္ေယာက္နာမည္နဲ႔ ကတ္ကိုပဲသံုးသြားဦးမွာပါပဲ။

ကိုေက်ာ္ဇင္ထြန္း – Head of PR and Communications ၊ iFlix

ဧျပီလကစျပီး ေအာ္ပေရတာတစ္ခုကို ဆင္းကတ္ ၂ခုဆုိတဲ႔ဟာက ေကာင္းတယ္လို႔ ျမင္ပါတယ္။ လက္ရွိမွာက ဆင္းကတ္ေတြနဲ႔ မူတည္ျပီး ေဒတာ စစ္တမ္းေတြေကာက္ရင္ အဆင္မေျပသလို ၊ ေငြေရးေၾကးေရး ဝန္ေဆာင္မႈေတြ ေပးတဲ႔အခါက်ရင္လည္း အဆင္မေျပျဖစ္မွာေလ။ ဆင္းကတ္ေတြအရမ္းေဖာင္းပြေနရင္လည္း မႈခင္းတစ္ခုခုျဖစ္ျပီဆုိရင္လည္း လိုက္ဖို႔က ခက္တယ္၊ MyTel ကတ္ေတြဆိုရင္လည္း လမ္းေဘးမွာ ၅၀၀ ေလာက္နဲ႔ေရာင္းေနတယ္ ဖုန္းေဘလ္က ၅၀၀ ပါထားသလို အင္တာနက္ေဒတာလည္း 1GB ပါျပီးသားျဖစ္ေနေတာ့ ဒီဟာကိုပဲ ဖြင့္ျပီး အသစ္ဝယ္သံုးတာ တန္တယ္လုိ႔ သံုးေနၾကတဲ႔သူေတြလည္းရွိတယ္။ ဆင္းကတ္ေတြက activated ေတာ့့ျဖစ္တယ္၊ ဒါေပမယ့္ ဆင္းကတ္နဲ႔ပတ္သက္တဲ႔ အခ်က္အလက္ ေကာက္မယ္ဆုိ အမွန္မရေတာ့ဘူး။ လက္ရွိထုတ္ျပန္ခ်က္အရဆုိရင္ အရင္ထုတ္ထားေပးတဲ႔ ဆင္းကတ္ေတြကိုလည္း ဒီတုိင္းေတာ့ မထားေလာက္ပါဘူး။ လူေတြ ဘယ္ဆင္းကတ္အသံုးမ်ားလဲ ၾကည့္မယ္ တယ္လီကြန္းေအာ္ပေရတာေတြကတစ္ဆင့္ သူတို႔ပိတ္မယ့္ဖုန္းကို ဆက္သြယ္လာမယ္လုိ႔ ထင္ပါတယ္။ ဆင္းကတ္မွတ္ပံုတင္ စနစ္တက်လုပ္တာက လုပ္ကိုလုပ္သင့္တာပါ၊ တစ္ခုရွိတာက ကုမၸဏီတစ္ခု ဖြင့္ျပီဆုိရင္ေတာ့ ဖုန္းေတြ အမ်ားၾကီးလိုလာမယ္ေလ၊ အဲဒီအခါမ်ိဳးမွာ ဘယ္လိုလုပ္ေပးမလဲဆုိတာ ရွိတယ္။ ေအာ္ပေရတာေတြဘက္ကေတာ့ ေစ်းကြက္ထဲမွာ သံုးစြဲသူလိုအပ္သေလာက္ အဆင္သင့္ရွိေနဖို႔ သူတို႔ကလည္း ေပးမွာပဲ။ အခုဒီလိုမ်ိဳး ဆင္းကတ္ မွတ္ပံုတင္ေသခ်ာ လုပ္ဖို႔ျဖစ္လာတာက အစတည္းက ေသခ်ာမလုပ္ခဲ႔လို႔လို႔ ျမင္ပါတယ္။ တစ္ခ်ိန္ စေရာင္းကတည္းက စနစ္တက်ျဖန္႔ခဲ႔တာမ်ိဳးမရွိလုိ႔သာ အခုေစ်းကြက္မွာ လူတစ္ေယာက္တည္းက ဆင္းကတ္အမ်ားၾကီး Register လုပ္ျပီး ျပန္ေရာင္းတာေတြရွိေနတယ္လို႔ ျမင္ပါတယ္။ အခုလိုေၾကျငာခ်က္အတိုင္း ေသခ်ာလုပ္လုိက္ျပီဆုိရင္ေတာ့  မႈခင္းေတြအတြက္ေတာ္ေတာ္ေလးကို အဆင္ေျပလာႏိုင္မွာပါ။

ဂုဏ္ရည္ေအးေက်ာ္ – အလွမယ္ Miss International Myanmar ၂၀၁၃

ဂုဏ္ရည္အေနနဲ႔ ဆိုက္ဘာေႏွာက္ယွက္မႈ မၾကံဳခဲ႔ရဖူးေပမယ့္ ၾကံဳဖူးတဲ႔သူေတြ ရွိေနေတာ့ ဆင္းကတ္ေတြက Register သာေသခ်ာလုပ္ထားမယ္ဆုိရင္ ေကာင္းတယ္လို႔ ဂုဏ္ရည္ထင္ပါတယ္။ ဂုဏ္ရည္တို႔ ႏုိင္ငံတကာခရီးေတြဘာေတြသြားတုန္းကဆုိရင္လည္းပတ္စ္ပို႔တစ္ခုဆိုရင္ ဆင္းကတ္တစ္ခုပဲရတာေလ၊ ျပည္တြင္းမွာလည္းအစိုးရသစ္တက္လာတဲ႔အခ်ိန္မွာဆင္းကတ္ေတြကိုေသခ်ာမွတ္ပံုတင္ျပီးမွ သံုးဖို႔ ေျပာခဲ႔ေပမယ့္ ျပန္ျဖန္႔တဲ႔သူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕မွတ္ပံုတင္နဲ႔ပဲ Register လုပ္ထားတာေလ၊ တကယ္တမ္း Crime ေတြျဖစ္လာခ်ိန္က်ေတာ့ ဘယ္သူလုပ္မွန္းမသိေတာ့ဘူးဆိုေတာ့ ျပစ္မႈေတြ ေတာ္ေတာ္မ်ားမ်ား ျဖစ္ခဲ႔တယ္။ အခုကအဲဒီျပႆနာေတြ ေလ်ာ့သြားမယ္လို႔ ဂုဏ္ရည္ထင္ပါတယ္။ ျပီးေတာ့ ေနာက္တစ္ခုရွိတာကေအာ္ပေရတာတစ္ခုကိုဆင္းကတ္ ၂ကတ္။ ဟုတ္ျပီ။ ဒါဆုိရင္ ပိုေနတဲ႔တစ္ခုရွိတယ္ဆုိရင္ ဘယ္တစ္ခုကိုပိတ္မွာလဲ၊ေၾကျငာခ်က္မွာပါတဲ႔ ဧျပီ ၁ရက္မတုိင္ခင္ ဝယ္သံုးထားတဲ႔ ဆင္းကတ္ေတြကိုမပိတ္ဘူးလား၊ ပိတ္မွာလား၊ ပိတ္မယ္ဆုိရင္ေတာ့ ၾကိဳအေၾကာင္းၾကားေပးသင့္တယ္ ထင္တယ္၊ ဘာလို႔လဲဆုိရင္ ဂုဏ္ရည္တုိ႔ကအလုပ္အတြက္ သုံးေနတာေလ၊ ရွိျပီးသားဆင္းကတ္ေတြေပၚမွာလည္း လက္ရွိထုတ္ျပန္ခ်က္က အက်ိဳးသက္ေရာက္ေစခ်င္တယ္၊ လုပ္ႏုိင္ပါ့မလားလို႔လည္း ထင္မိတယ္။ တစ္ကတ္ကို ၅၀၀ ၊ ၁၀၀၀ ေလာက္နဲ႔ လမ္းေဘးမွာ ဝယ္သံုးသူမ်ားကိုနာမည္ဖ်က္ ျပီးရင္ လႊင့္ပစ္တာေတြ ရိွေနတာဆုိေတာ့ ခုလိုေၾကျငာခ်က္အေပၚ ေအာ္ပေရတာေတြကေတာ့ အရမ္းဝမ္းနည္းမွာေပါ့။ သံုးစြဲသူအေနနဲ႔ကေတာ့ ဒါကိုၾကိဳဆိုပါတယ္။ အခုထုတ္ျပန္ခ်က္ထြက္လာေတာ့ ေအာ္ပေရတာေတြကသူတို႔ရဲ႕ ျဖန္႔ခ်ိသူေတြအေပၚ ဘယ္လိုဆက္ၾကပ္မတ္မလဲ၊ အစုိးရကေရာဒီထုတ္ျပန္ခ်က္အတုိင္းေအာ္ပေရတာေတြ လိုက္နာလား ၊ မလိုက္နာလားဘယ္လိုစိစစ္မလဲဆုိတာေတာ့ စိတ္ဝင္စားပါတယ္။ အခုလိုလုပ္လုိက္တဲ႔အတြက္ ဆိုရွယ္မီဒီယာကေန လူတစ္ေယာက္ကိုေပါက္ကရမက္ေဆ့ေတြေပးပို႔တာ ျခိမ္းေျခာက္တာေတြကအစ Trace လုိက္ရတာလြယ္သြားေတာ့မယ္ေလ၊ ဒီစနစ္ကိုသာေသခ်ာလုပ္ႏုိင္ရင္ တာဝန္ယူမႈ တာဝန္ခံမႈရွိတဲ႔ အြန္လိုင္းအသံုးျပဳမႈေတြ ပိုမ်ားလာမယ္လို႔ ထင္ပါတယ္။

 

ကိုသန္႔ညီညီေအာင္ (Social Media Executive)

Operator တစ္​ခုခ်င္​းစီမွာသူ႔ အားသာခ်က္​စီ၊ အားနည္​းခ်က္​စီ​႐ွိၾကလုိ႔ ​သူ႔​ေနရာနဲ႔ သူလုိက္​ၿပီးသုံးစြဲသူ​ေတြက​ေျပာင္​းသုံး​ေနၾကရတာဆိုေတာ့ တစ္ေယာက္ကို ၂ကတ္က ဘယ္လိုျဖစ္လာမလဲေသခ်ာမသိဘူး။  Operator ​ေတြ အားလုံးတစ္​​ေျပးညီေစ်းနဲ႔ လိုင္းေကာင္းေနရင္ေတာ့ တစ္မ်ိဳးေပါ့၊ ျပီးေတာ့ အရင္အေဟာင္းေတြကေရာ ဘယ္လိုလုပ္မွာလဲ အေဟာင္းေတြကိုပါ စိစစ္မယ္ဆုိရင္ေတာ့ ခုဆိုေတာ္ေတာ္မ်ားမ်ားလက္ထဲမွာ ကိုယ္ပိုင္မွတ္ပံုတင္နဲ႔မဟုတ္ဘဲ သံုးေနတဲ့သူက ၈၀%ေလာက္ရွိေနတယ္ေလ။ ေလာေလာဆယ္ေတာ့ ထိန္းခ်ဳပ္ဖို႔မလြယ္ကူေသးဘူးလို႔ ထင္တာပဲ။ ဒီစနစ္က တကယ္တမ္းမွာ ေသခ်ာကိုလုပ္သင့္တာပါ၊ အားသာခ်က္ကေတာ့ အမႈအခင္းေတြနဲ႔  လူတစ္ေယာက္ခ်င္းစီရဲ႕ အခ်က္အလက္ရွာေဖြရာမွာ အားသာတယ္။ အားနည္းခ်က္ကေတာ့လူတိုင္းကိုယ္ပိုင္မွတ္ပံုတင္နဲ႔ သံုးေနၾကတာလားဆိုတာ ဘယ္လိုစီစစ္မလဲဆုိတာပါပဲ။ ေသခ်ာတာတစ္ခုကေတာ့ Operator ေတြဘက္က promotion ေတြ ေကာက္ခံမႈေတြ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳးေနာက္ကို ျပည္သူေတြကလိုက္ၿပီးသံုးေနရတာျဖစ္လို႔ အခုလိုလုပ္လုိက္ရင္ ပိုရႈပ္သြားမလားေပါ့။ အရင္လည္းဒီလိုလုပ္ရမယ္ဆုိျပီးေၾကျငာခဲ႔ေပမယ့္ လိုက္နာမႈ မရွိၾကတဲ႔ အဓိကအားနည္းခ်က္က သံုးစြဲသူေတာ္ေတာ္မ်ားမ်ားကို လံုေလာက္တဲ့ပညာေပးမႈအပိုင္းအားနည္းတာပါ။ ဒါေၾကာင့္ တခ်ိဳ႕ မလုပ္တတ္ မကိုင္တတ္၊ အလုပ္ရႈပ္မခံခ်င္တဲ႔ သံုးစြဲသူေတြအေနနဲ႔ မွတ္ပံုတင္ျပီးသား ဆင္းကတ္ေတြပဲ ဝယ္သံုးျဖစ္တာလို႔ထင္ပါတယ္။

ရဲလင္းလင္းသန္း

(Unicode Version)

လူတစ်ယောက်က အော်ပရေတာတစ်ခုမှာ ဆင်းကတ် ၂ကတ်ပဲ ရမယ်ဆိုတဲ့ စနစ်အပေါ် သူတို့ဘယ်လိုမြင်ကြသလဲ

သက်သေခံကတ်ပြားတစ်ခုအတွက် အော်ပရေတာတစ်ခုဆီမှာ လူတစ်ယောက်ဆင်းကတ် ၂ကတ်ထက် ပိုမပေးတော့ဘူးဆိုတဲ့ ထုတ်ပြန်ချက်လေးတစ်ခုကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်၊ ဒီစနစ်ကို လာမယ့် ၂၀၁၉ ဧပြီလ ၁ရက်နေ့ကနေ စတင်သွားမှာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သုံးစွဲသူတွေရဲ့ အမြင်ဘယ်လိုရှိတယ်ဆိုတာနဲ့ ဒီလူတွေရဲ့အမြင်နဲ့ တစ်ခြား သုံးစွဲသူတွေရဲ့အမြင် ထပ်တူညီမှု ရှိမရှိဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ရအောင်ပါနော်။

ကိုဟိန်းကျော်စွာ

ဆင်းကတ်တွေ လမ်းဘေးမှာရောင်းတယ်ဆိုတာတွေကို ဘာလို့ဝယ်ကြတာလဲဆိုရင် သူတို့က တစ်ကတ်ကို ၁၀၀၀ နဲ့ဖုန်းပြောဖို့ မိနစ်ဘယ်လောက် အင်တာနက်ဘယ်လောက်ပါတယ်ဆိုတော့ Plan ဝယ်သုံးတာထက် သက်သာလို့လို့မြင်မိပါတယ်။ အခုထုတ်လိုက်တဲ့ ထုတ်ပြန်ချက်က အသစ်ဝယ်မယ့်သူတွေကိုပဲ သက်ဆိုင်တယ်ဆိုရင်တော့ ဘယ်ဖြစ်မလဲ ၊ အရင်ဟာတွေကိုပါ လုပ်မှအဆင်ပြေမှာပေါ့။ မဟုတ်ရင်အရင်ကတ်တွေက ဘယ်သူ့နာမည်နဲ့မှတ်ပုံတင်ပြီး ဘယ်သူသုံးနေလဲမှမသိတာ။ ဒီလိုမျိုးဆင်းကတ် စနစ်တကျ မှတ်ပုံတင်ရေးလုပ်ဆောင်မှုက လုပ်သင့်တယ်၊ သူများနိုင်ငံတွေမှာလည်းဒီလိုပဲသုံးရတာဆင်းကတ်တစ်ခုကို ဖြစ်သလိုလွယ်လွယ်ဝယ်လို့မှမရတာ မတော်တဆပျောက်သွားလဲ ဒီကတ်ပဲပြန်ထုတ်သုံးရတာ အမှုခင်းကိစ္စတစ်ခုခုဖြစ်ရင် လိမ်လည်မှုတွေဖြစ်ရင်စုံစမ်းရပိုအဆင်ပြေတာပေါ့ ။ လူတစ်ယောက်တည်းက ဆင်းကတ်တွေအများကြီးမှတ်ပုံတင်ပြီး တစ်ဆင့်ပြန်ရောင်းနေတာတွေက တကယ်ဆို Operator တွေရဲ့အားနည်းချက်ကြောင့်ပေါ့ သူတို့ရောင်းရပြီးရောဆိုပြီး လုပ်လိုက်တဲ့အခါကျတော့ ခုလိုနောက်ကပြန်လုပ်ရတဲ့အခါအခက်ခဲတွေ့တာလို့ မြင်ပါတယ်။

ကိုကိုရဲ – Founder ၊ Ubuntu Myanmar Loco Team

မှတ်ပုံမတင်ဘဲနဲ့ ကိုင်နေတဲ့ ဆင်းကတ်တွေကိုထိထိရောက်ရောက်လုပ်သင့်တယ်။ အော်ပရေတာတစ်ခုမှာ မှတ်ပုံတင်တစ်ခုကိုဆင်းကတ် ၂ကတ်ဆိုတာကတော့ တချို့မှတ်ပုံတင်မရှိသေးတဲ့ ကိုယ့်ကလေးတွေကိုဖုန်းပေးတာမျိုး၊ GPS Tracker တပ်တာမျိုး IOT Devices တွေမှာ သုံးတာမျိုးတွေဆိုရင် ဆင်းကတ်တွေ အများကြီးလိုမှာလေ။ အခုလိုလုပ်လိုက်လို့ လမ်းဘေးမှာ မှတ်ပုံတင်ပြီးသား ရောင်းနေတာတွေ ရပ်သွားမယ်မထင်ဘူး၊ သူတို့မှာ မှတ်ပုံတင်တွေက နည်းအမျိုးမျိုးနဲ့ ရှိနေပြီးသားဆိုတော့ ဆက်ရောင်းနေဦးမယ်လို့ ထင်တယ်။ ဧပြီ ၁ရက်နေ့ စလုပ်မယ့်ဟာကအသစ်တွေကိုပဲလုပ်မယ်။ ဆင်းကတ်အဟောင်းသုံးပြီးသားသူတွေ မပါဘူးဆိုတာမျိုးကတော့ မဖြစ်ဘူးထင်တယ်၊ လုပ်ရင်အကုန်လုပ်သင့်တယ်၊ ပြီးတော့ ဒီလိုမျိုးဆင်းကတ်မှတ်ပုံတင်ကိုအရင်တည်းကသေချာလုပ်ခဲ့ရင် လက်ရှိ ပြဿနာမျိုးတောင် ရှိမှာမဟုတ်ဘူးလေ။ မှတ်ပုံတင်မိတ္တူတွေကမိတ္တူဆိုင်တွေမှာသွားကူးလိုက်တာနဲ့ သူတို့မှာ ရှိသွားတာဆိုတော့ ဒီကိစ္စတွေက ဘယ်လိုဖြစ်လာမလဲမသိဘူး။ တကယ်မှတ်ပုံတင်ထားတဲ့ ကတ်တွေဖြစ်လာလို့ မှုခင်းအတွက် အထောက်အကူဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် တကယ်တမ်းမှုခင်းလုပ်မယ့်သူကတော့ သူ့နာမည်နဲ့ ဆင်းကတ်ကိုသုံးပြီးလုပ်မှာကိုမဟုတ်ဘူး၊ အပြင်ကကောက်ရတဲ့ဟာ ဒါမှမဟုတ် တခြားတစ်ယောက်နာမည်နဲ့ ကတ်ကိုပဲသုံးသွားဦးမှာပါပဲ။

ကိုကျော်ဇင်ထွန်း – Head of PR and Communications ၊ iFlix

ဧပြီလကစပြီး အော်ပရေတာတစ်ခုကို ဆင်းကတ် ၂ခုဆိုတဲ့ဟာက ကောင်းတယ်လို့ မြင်ပါတယ်။ လက်ရှိမှာက ဆင်းကတ်တွေနဲ့ မူတည်ပြီး ဒေတာ စစ်တမ်းတွေကောက်ရင် အဆင်မပြေသလို ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုတွေ ပေးတဲ့အခါကျရင်လည်း အဆင်မပြေဖြစ်မှာလေ။ ဆင်းကတ်တွေအရမ်းဖောင်းပွနေရင်လည်း မှုခင်းတစ်ခုခုဖြစ်ပြီဆိုရင်လည်း လိုက်ဖို့က ခက်တယ်၊ MyTel ကတ်တွေဆိုရင်လည်း လမ်းဘေးမှာ ၅၀၀ လောက်နဲ့ရောင်းနေတယ် ဖုန်းဘေလ်က ၅၀၀ ပါထားသလို အင်တာနက်ဒေတာလည်း 1GB ပါပြီးသားဖြစ်နေတော့ ဒီဟာကိုပဲ ဖွင့်ပြီး အသစ်ဝယ်သုံးတာ တန်တယ်လို့ သုံးနေကြတဲ့သူတွေလည်းရှိတယ်။ ဆင်းကတ်တွေက activated တော့ဖြစ်တယ်၊ ဒါပေမယ့် ဆင်းကတ်နဲ့ပတ်သက်တဲ့ အချက်အလက် ကောက်မယ်ဆို အမှန်မရတော့ဘူး။ လက်ရှိထုတ်ပြန်ချက်အရဆိုရင် အရင်ထုတ်ထားပေးတဲ့ ဆင်းကတ်တွေကိုလည်း ဒီတိုင်းတော့ မထားလောက်ပါဘူး။ လူတွေ ဘယ်ဆင်းကတ်အသုံးများလဲ ကြည့်မယ် တယ်လီကွန်းအော်ပရေတာတွေကတစ်ဆင့် သူတို့ပိတ်မယ့်ဖုန်းကို ဆက်သွယ်လာမယ်လို့ ထင်ပါတယ်။ ဆင်းကတ်မှတ်ပုံတင် စနစ်တကျလုပ်တာက လုပ်ကိုလုပ်သင့်တာပါ၊ တစ်ခုရှိတာက ကုမ္ပဏီတစ်ခု ဖွင့်ပြီဆိုရင်တော့ ဖုန်းတွေ အများကြီးလိုလာမယ်လေ၊ အဲဒီအခါမျိုးမှာ ဘယ်လိုလုပ်ပေးမလဲဆိုတာ ရှိတယ်။ အော်ပရေတာတွေဘက်ကတော့ ဈေးကွက်ထဲမှာ သုံးစွဲသူလိုအပ်သလောက် အဆင်သင့်ရှိနေဖို့ သူတို့ကလည်း ပေးမှာပဲ။ အခုဒီလိုမျိုး ဆင်းကတ် မှတ်ပုံတင်သေချာ လုပ်ဖို့ဖြစ်လာတာက အစတည်းက သေချာမလုပ်ခဲ့လို့လို့ မြင်ပါတယ်။ တစ်ချိန် စရောင်းကတည်းက စနစ်တကျဖြန့်ခဲ့တာမျိုးမရှိလို့သာ အခုဈေးကွက်မှာ လူတစ်ယောက်တည်းက ဆင်းကတ်အများကြီး Register လုပ်ပြီး ပြန်ရောင်းတာတွေရှိနေတယ်လို့ မြင်ပါတယ်။ အခုလိုကြေငြာချက်အတိုင်း သေချာလုပ်လိုက်ပြီဆိုရင်တော့  မှုခင်းတွေအတွက်တော်တော်လေးကို အဆင်ပြေလာနိုင်မှာပါ။

ဂုဏ်ရည်အေးကျော် – အလှမယ် Miss International Myanmar ၂၀၁၃

ဂုဏ်ရည်အနေနဲ့ ဆိုက်ဘာနှောက်ယှက်မှု မကြုံခဲ့ရဖူးပေမယ့် ကြုံဖူးတဲ့သူတွေ ရှိနေတော့ ဆင်းကတ်တွေက Register သာသေချာလုပ်ထားမယ်ဆိုရင် ကောင်းတယ်လို့ ဂုဏ်ရည်ထင်ပါတယ်။ ဂုဏ်ရည်တို့ နိုင်ငံတကာခရီးတွေဘာတွေသွားတုန်းကဆိုရင်လည်းပတ်စ်ပို့တစ်ခုဆိုရင် ဆင်းကတ်တစ်ခုပဲရတာလေ၊ ပြည်တွင်းမှာလည်းအစိုးရသစ်တက်လာတဲ့အချိန်မှာဆင်းကတ်တွေကိုသေချာမှတ်ပုံတင်ပြီးမှ သုံးဖို့ ပြောခဲ့ပေမယ့် ပြန်ဖြန့်တဲ့သူတော်တော်များများက သူတို့ရဲ့မှတ်ပုံတင်နဲ့ပဲ Register လုပ်ထားတာလေ၊ တကယ်တမ်း Crime တွေဖြစ်လာချိန်ကျတော့ ဘယ်သူလုပ်မှန်းမသိတော့ဘူးဆိုတော့ ပြစ်မှုတွေ တော်တော်များများ ဖြစ်ခဲ့တယ်။ အခုကအဲဒီပြဿနာတွေ လျော့သွားမယ်လို့ ဂုဏ်ရည်ထင်ပါတယ်။ ပြီးတော့ နောက်တစ်ခုရှိတာကအော်ပရေတာတစ်ခုကိုဆင်းကတ် ၂ကတ်။ ဟုတ်ပြီ။ ဒါဆိုရင် ပိုနေတဲ့တစ်ခုရှိတယ်ဆိုရင် ဘယ်တစ်ခုကိုပိတ်မှာလဲ၊ကြေငြာချက်မှာပါတဲ့ ဧပြီ ၁ရက်မတိုင်ခင် ဝယ်သုံးထားတဲ့ ဆင်းကတ်တွေကိုမပိတ်ဘူးလား၊ ပိတ်မှာလား၊ ပိတ်မယ်ဆိုရင်တော့ ကြိုအကြောင်းကြားပေးသင့်တယ် ထင်တယ်၊ ဘာလို့လဲဆိုရင် ဂုဏ်ရည်တို့ကအလုပ်အတွက် သုံးနေတာလေ၊ ရှိပြီးသားဆင်းကတ်တွေပေါ်မှာလည်း လက်ရှိထုတ်ပြန်ချက်က အကျိုးသက်ရောက်စေချင်တယ်၊ လုပ်နိုင်ပါ့မလားလို့လည်း ထင်မိတယ်။ တစ်ကတ်ကို ၅၀၀ ၊ ၁၀၀၀ လောက်နဲ့ လမ်းဘေးမှာ ဝယ်သုံးသူများကိုနာမည်ဖျက် ပြီးရင် လွှင့်ပစ်တာတွေ ရှိနေတာဆိုတော့ ခုလိုကြေငြာချက်အပေါ် အော်ပရေတာတွေကတော့ အရမ်းဝမ်းနည်းမှာပေါ့။ သုံးစွဲသူအနေနဲ့ကတော့ ဒါကိုကြိုဆိုပါတယ်။ အခုထုတ်ပြန်ချက်ထွက်လာတော့ အော်ပရေတာတွေကသူတို့ရဲ့ ဖြန့်ချိသူတွေအပေါ် ဘယ်လိုဆက်ကြပ်မတ်မလဲ၊ အစိုးရကရောဒီထုတ်ပြန်ချက်အတိုင်းအော်ပရေတာတွေ လိုက်နာလား ၊ မလိုက်နာလားဘယ်လိုစိစစ်မလဲဆိုတာတော့ စိတ်ဝင်စားပါတယ်။ အခုလိုလုပ်လိုက်တဲ့အတွက် ဆိုရှယ်မီဒီယာကနေ လူတစ်ယောက်ကိုပေါက်ကရမက်ဆေ့တွေပေးပို့တာ ခြိမ်းခြောက်တာတွေကအစ Trace လိုက်ရတာလွယ်သွားတော့မယ်လေ၊ ဒီစနစ်ကိုသာသေချာလုပ်နိုင်ရင် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အွန်လိုင်းအသုံးပြုမှုတွေ ပိုများလာမယ်လို့ ထင်ပါတယ်။

ကိုသန့်ညီညီအောင် (Social Media Executive)

Operator တစ်ခုချင်းစီမှာသူ့ အားသာချက်စီ၊ အားနည်းချက်စီရှိကြလို့ သူ့နေရာနဲ့ သူလိုက်ပြီးသုံးစွဲသူတွေကပြောင်းသုံးနေကြရတာဆိုတော့ တစ်ယောက်ကို ၂ကတ်က ဘယ်လိုဖြစ်လာမလဲသေချာမသိဘူး။  Operator တွေ အားလုံးတစ်ပြေးညီဈေးနဲ့ လိုင်းကောင်းနေရင်တော့ တစ်မျိုးပေါ့၊ ပြီးတော့ အရင်အဟောင်းတွေကရော ဘယ်လိုလုပ်မှာလဲ အဟောင်းတွေကိုပါ စိစစ်မယ်ဆိုရင်တော့ ခုဆိုတော်တော်များများလက်ထဲမှာ ကိုယ်ပိုင်မှတ်ပုံတင်နဲ့မဟုတ်ဘဲ သုံးနေတဲ့သူက ၈၀%လောက်ရှိနေတယ်လေ။ လောလောဆယ်တော့ ထိန်းချုပ်ဖို့မလွယ်ကူသေးဘူးလို့ ထင်တာပဲ။ ဒီစနစ်က တကယ်တမ်းမှာ သေချာကိုလုပ်သင့်တာပါ၊ အားသာချက်ကတော့ အမှုအခင်းတွေနဲ့  လူတစ်ယောက်ချင်းစီရဲ့ အချက်အလက်ရှာဖွေရာမှာ အားသာတယ်။ အားနည်းချက်ကတော့လူတိုင်းကိုယ်ပိုင်မှတ်ပုံတင်နဲ့ သုံးနေကြတာလားဆိုတာ ဘယ်လိုစီစစ်မလဲဆိုတာပါပဲ။ သေချာတာတစ်ခုကတော့ Operator တွေဘက်က promotion တွေ ကောက်ခံမှုတွေ ဝန်ဆောင်မှုအမျိုးမျိုးနောက်ကို ပြည်သူတွေကလိုက်ပြီးသုံးနေရတာဖြစ်လို့ အခုလိုလုပ်လိုက်ရင် ပိုရှုပ်သွားမလားပေါ့။ အရင်လည်းဒီလိုလုပ်ရမယ်ဆိုပြီးကြေငြာခဲ့ပေမယ့် လိုက်နာမှု မရှိကြတဲ့ အဓိကအားနည်းချက်က သုံးစွဲသူတော်တော်များများကို လုံလောက်တဲ့ပညာပေးမှုအပိုင်းအားနည်းတာပါ။ ဒါကြောင့် တချို့ မလုပ်တတ် မကိုင်တတ်၊ အလုပ်ရှုပ်မခံချင်တဲ့ သုံးစွဲသူတွေအနေနဲ့ မှတ်ပုံတင်ပြီးသား ဆင်းကတ်တွေပဲ ဝယ်သုံးဖြစ်တာလို့ထင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here