လူတစ္ေယာက္က ေအာ္ပေရတာတစ္ခုမွာ ဆင္းကတ္ ၂ကတ္ပဲ ရမယ္ဆုိတဲ႔ စနစ္အေပၚ သူတို႔ဘယ္လိုျမင္ၾကသလဲ

0
292

သက္ေသခံကတ္ျပားတစ္ခုအတြက္ ေအာ္ပေရတာတစ္ခုဆီမွာ လူတစ္ေယာက္ဆင္းကတ္ ၂ကတ္ထက္ ပိုမေပးေတာ့ဘူးဆိုတဲ႔ ထုတ္ျပန္ခ်က္ေလးတစ္ခုကို ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္လုိက္ပါတယ္၊ ဒီစနစ္ကို လာမယ့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၁ ရက္ေန႔ကေန စတင္သြားမွာလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ျပီး သံုးစြဲသူေတြရဲ႕ အျမင္ဘယ္လုိရွိတယ္ဆိုတာနဲ႔ ဒီလူေတြရဲ႕အျမင္နဲ႔ တစ္ျခား သံုးစြဲသူေတြရဲ႕အျမင္ ထပ္တူညီမႈ ရွိမရွိဆုိတာကို တစ္ခ်က္ေလာက္ ၾကည့္လိုက္ရေအာင္ပါေနာ္။

ကိုအဲလက္စ္ – CEO (The pink sun content firm)

ဧျပီလကစျပီး လူတစ္ေယာက္ ေအာ္ပေရတာတစ္ခုအတြက္  ဆင္းကတ္ ၂ကတ္ပဲ ရေတာ့မယ္ ဆိုတာက Business ဘက္က ၾကည့္ရင္ေတာ့ အခုအရမ္းတက္ေနၿပီး telecom ေတြက proud ျဖစ္ျဖစ္ျပေနတဲ့ sim card အေရာင္းျပတဲ့ နံပါတ္ေတြနည္းသြားမယ္၊ တကယ့္ growth ကို ျမင္ရမယ္လို႔ ထင္တယ္။ အခုေၾကျငာခ်က္အရဆုိရင္ ဧၿပီ ၁ ရက္ေန႔ ေနာက္ပိုင္း register လုပ္တဲ့ Sim card အသစ္ေတြကိုပိတ္မယ္ပဲ ၾကားတာ။ အရင္က sim card ေတြေတာ့ မထိေလာက္ဘူးဗ်။အခု market က device ၂ခုထက္ပိုသံုးတဲ့သူေတြ အမ်ားႀကီးဆိုေတာ့ Data-Only Simနဲ႔ e-Simေတြပါထုတ္ေပးဖုိ႔လိုအပ္ေနၿပီလို႔ေတာ့ ျမင္ပါတယ္။ Singapore မွာလည္းတစ္ေယာက္ကို 3 sim card ပဲအမ်ားဆံုးသံုးခြင့္ေပးတာဆိုေတာ့ သိပ္ေတာ့ အားနည္းခ်က္ မ်ားမ်ားစားစားမျမင္မိဘူးဗ်။ ဘယ္ေလာက္ျမန္ျမန္ အသားက်မလဲပဲေစာင့္ၾကည့္ရမွာပါ။ ကြ်န္ေတာ္ကေတာ့ market is always right ပဲ။ business ကလည္းရသလိုေရာင္းမွာပဲေလ။ ဒါက regulator ေတြ ဘက္ကေန ၾကပ္မတ္ရတာမ်ိဳးလို႔ ျမင္ပါတယ္။ စည္းကမ္းမလိုက္နာရင္ warning letter ထက္ပိုတဲ့ ျပစ္ဒဏ္ေပးဖို႔ လိုတယ္ေတာ့ ျမင္ပါတယ္။ ျပီးေတာ့ ဒီလိုလုပ္လုိက္လို႔ Crime rate ကိုေလွ်ာ့ခ်ေပးႏိုင္ မေပးႏိုင္ဆိုတာကေတာ့  ရဲ႒ာနနဲ႔ ဆသည ဘယ္ေလာက္ အတြဲညီသလဲဆိုတာနဲ႔ ေနာက္တစ္ခုက Organized crime လား၊ အလစ္သုတ္တာမ်ိဳးလားဆိုတာပါ။ Crime လုပ္ပါတယ္ဆိုရင္ေတာ့ register လုပ္ထားတဲ့ sim card နဲ႔ေတာ့ မလုပ္ေလာက္ဘူးလို႔ ထင္တာပဲဗ်။ လူတစ္ေယာက္တည္းက ဆင္းကတ္ေတြအမ်ားၾကီးမွတ္ပံုတင္ျပီး တစ္ဆင့္ျပန္ေရာင္းေနတာေတြက Register လုပ္ဖို႔ ခက္လို႔ ၾကာလို႔ အဲဒါကိုအျမတ္ထုတ္ၿပီး စီးပြားေရးသမားေတြက ပိုက္ဆံရွာတယ္လုိ႔ျမင္တာပဲ။ register လုပ္ႏိုင္တဲ့ နည္းလမ္းေတြကို အခုထက္ပိုၿပီးလူေတြ နားလည္လြယ္မယ့္ နီးစပ္မယ့္ ပံုစံေတြ ေျပာင္းလဲလိုက္မယ္ ၿပီးရင္ Public Education ကို ႏိုင္ႏိုင္ေပးမယ္ ဆိုရင္ ပိုေကာင္းမွာပါ။ ေနာက္ျပီး အခုလိုRegulation လုပ္ရံုနဲ႔ေတာ့ ရမွာမဟုတ္ဘူး။ Public Education လုပ္ရဦးမယ္ေတာ့ ျမင္ပါတယ္။

ကိုေအာင္မြန္ခ်မ္း – Operation Director ၊  Tech Khit Marketing Solutions

တကယ္က ဒီစနစ္ကအစတည္းက ႀကိဳတင္စဥ္းစားၿပီးလုပ္ထားသင့္တဲ့ system လို႔ျမင္တယ္၊ အခုလိုေအာ္ပေရတာတစ္ခုမွာဆင္းကတ္ ၂ကတ္ဆုိတာမ်ိဳးလုပ္ရင္ နည္းပညာသမားေတြ အတြက္က် အဆင္မေျပေလာက္ဘူး။ အိမ္ကwifi router ေတြ android TV box ေတြ ဘာညာေတြမွာထည့္ခ်င္လာရင္ ဘယ္လိုလုပ္မလည္း ၊ အခုလုပ္လုိက္တာကတကယ့္အျပင္ကအေျခအေနကိုမသိဘဲထလုပ္တာမ်ိဳး ျဖစ္ေနတယ္။ Security reason အရေျပာရရင္ေတာ့ ဆင္းကတ္ေတြ ေစ်းကြက္ထဲမွာသူမ်ားနာမည္နဲ႔ ဝယ္သံုးေနတဲ႔ ကိစၥကိုထိန္းခ်ဳပ္တာေတာ့ လုပ္ကိုလုပ္ရမယ္၊ လုပ္သင့္တယ္၊ ဒါေပမယ့္ အေရအတြက္ကို ခ်ဳပ္တာထက္ ဆင္းကတ္ပိုင္ရွင္ ဘယ္သူလည္းသိရမွ ပိုေကာင္းမယ္လို႔ ျမင္ပါတယ္။

ကိုဘိုဘိုဇင္ – Nagani Community ၏  Founder

ကၽြန္ေတာ့္အျမင္အရဆုိရင္ အခုလက္ရွိမိုဘုိင္းေအာ္ပေရတာေတြမွာရွိေနတဲ႔  data base ကိုအစိုးရကျပန္ျပီး one copy ယူထားမယ္၊ ပူးေပါင္းလုပ္မယ္ ဆုိတာမ်ိဳးက ပိုအေရးၾကီးတယ္ထင္တယ္၊ ၂၀၁၅ အစမွာ ႏိုင္ငံျခားက ျပန္လာျပီးဖုန္းကိုင္ခ်င္ေတာ့ မွတ္ပံုတင္မရွိခဲ႔လို႔ ကၽြန္ေတာ့အေဖမွတ္ပံုတင္နဲ႔ ဝယ္သံုးရတာမ်ိဳးရွိတယ္၊ အခုဆို IOT ဆိုတာ ရွိလာျပီဆုိေတာ့ Devices ေတြလည္းအမ်ားၾကီးသံုး ဆင္းကတ္ေတြလည္း အမ်ားၾကီး လိုလာေတာ့မွာေလ။ ထိန္းခ်ဳပ္တယ္ဆုိတာ System အရပဲေကာင္းတယ္၊ ဥပေဒနဲ႔ ထိန္းခ်ဳပ္တာမ်ိဳးက ခဏပဲ ေရရွည္က် မလိုက္နာေတာ့ျပန္ဘူးဆိုရင္ အလကားပဲေလ။ အစိုးရအေနနဲ႔က ေအာ္ပေရတာေတြကိုမွတ္ပံုတင္နဲ႔ပဲ Register လုပ္ဖို႔ေျပာရမယ္၊ user ေတြကိုဆင္းကတ္နဲ႔ ပတ္သက္တဲ႔ သီးသန္႔ Portal ေလးေတြလုပ္ေပးထားရမယ္၊ ဆင္းကတ္ေပ်ာက္သြားရင္ user က အဲဒီေပၚတယ္ကေနပဲခ်က္ခ်င္း Disable လုပ္လုိ႔ရရမယ္။ စင္ကာပူမွာလူတစ္ေယာက္ ဆင္းကတ္ ၃ကတ္ထက္ ပိုမသံုးရဘူးဆိုတာက Postpaid ေတြရွိလို႔ေလ၊ ကၽြန္ေတာ္တို႔ႏုိင္ငံလို Pre-paid ကိုပဲသံုးတဲ႔ႏုိင္ငံမွာက် အေရအတြက္ ကန္႔သတ္မႈကတစ္မ်ိဳးေတာ့ျဖစ္လိမ့္မယ္။ အခုတုိင္းဆုိရင္ CCTV သံုးတာတို႔၊ နာရီမွာသံုးတာတို႔ ကေလးေတြအတြက္ လံုျခံဳေရးပစၥည္းေတြမွာ သံုးတဲ႔အပိုင္းမွာ နည္းနည္းအဆင္မေျပျဖစ္လိမ့္မယ္။ ခက္တာကလူၾကီးေတြကေအာ္ပေရတာေတြကိုမေျပာရဲေတာ့ ျပည္သူေတြဘက္ကိုပဲ Pressure လာေပးသလိုျဖစ္ေနတာ။ မဟုတ္တာလုပ္တဲ႔သူေတြကိုမလိုက္ႏိုင္လို႔ မေျဖရွင္းႏိုင္လို႔ ေကာင္းရာေကာင္းေၾကာင္းသံုးေနတဲ႔သူေတြကိုပါ လာထိခုိက္ေစမယ့္ ဥပေဒထုတ္တာမ်ိဳးကေတာ့ အဆင္မေျပပါဘူး။ ေအာ္ပေရတာေတြဆုိရင္ Investor ေတြအျပိဳင္ရွာခ်င္၊ မာကက္တင္းေတြအတင္းလုပ္ခ်င္ေတာ့ သူတုိ႔ဆင္းကတ္ေတြကိုအတင္းထိုးေရာင္းေနတာေလ၊ ေအာ္ပေရတာေတြ ေအာက္လမ္းနည္းနဲ႔ မလႊတ္ေပးပဲဒီကိစၥေတြျဖစ္မလာဘူးေလ။ ကၽြန္ေတာ္တုိ႔ကိုယ္တုိင္ ပံုမွန္ Register လုပ္တဲ႔နည္းအတုိင္းလုပ္တာပဲေလ၊ အဆင္မွမေျပခဲ႔ၾကတာ၊ ဆင္းကတ္နဲ႔ တကယ္အလုပ္လုပ္မယ့္သူေတြ တကယ္ကိုမွတ္ပံုတင္အစစ္နဲ႔ သံုးမယ့္သူေတြ Register လုပ္တာၾကေတာ့ ခက္ခဲလိုက္တာ။ အျပင္မွာက်ေတာ့ မွတ္ပံုတင္ျပီးသားဆင္းကတ္ေတြကေဒတာနဲ႔ အသံေတာင္ပါေသးေစ်းလည္းေပါမွေပါ၊ ဒီေတာ့ အဲဒီကပဲဝယ္ျပီေပါ့၊ ျပည္တြင္းမွာက ဥပေဒေတြက လုိက္နာတဲ႔သူအတြက္ အရမ္းခက္ျပီးမလိုက္နာတဲ႔သူအတြက္ အရမ္းေကာင္းေနေတာ့ ဘယ္သူကလိုက္နာခ်င္ေတာ့မလဲ။ ဆင္းကတ္ေတြ Register လုပ္တာကို ၁၀၀% အားေပးတယ္၊ ေအာ္ပေရတာေတြဆီကရလာမယ့္ ေဒတာကိုလည္း ျပည္ထဲေရးနဲ႔ အစိုးရသက္ဆုိင္ရာဌာနေတြမွာ ဒီအခ်က္အလက္ေတြ ရွိရမယ္။ Data base နဲ႔ သက္ဆုိင္တဲ႔ Portal ေတြ လုပ္ထားရမယ္။ အခုကဘာျဖစ္လဲဆုိဆင္းကတ္ေတြမွတ္ပံုတင္ ဟုတ္ျပီဘာဆက္ျဖစ္လဲဆိုဘာမွဆက္မျဖစ္ဘူး၊ ဟာသလိုပဲ။ မႈခင္းေတြအတြက္အေထာက္အကူျဖစ္ဖို႔ ဆင္းကတ္ေတြ Register လုပ္ခုိင္းတယ္၊ တကယ္လည္းအမႈျဖစ္ေရာဘာမွဆက္မျဖစ္လာေတာ့ဘူး။ အဲဒါကထုတ္ထားတဲ႔ ဥပေဒေပၚမွာဆုေပးဒဏ္ေပးမရွိလို႔ေလ။ ဥပေဒဆုိတာထုတ္ရံုတင္မဟုတ္ဘူး Follow up ဆိုတာရွိမွ အဆင္ေျပမယ္လို႔ ထင္ပါတယ္။

ကိုမ်ိဳးေက်ာ္ဇံ – freelance digital marketer

တိတိက်က် ပလန္ ဆြဲထားတာမ်ိဳးမရွိရင္ေတာ့ အရင္တစ္ေခါက္ကလိုပဲစစျခင္း ၂ ပတ္ ၃ ပတ္ေလာက္ေတာ့ သက္ေသခံလက္မွတ္ေတြနဲ႔ ေရာင္းၾကေပမယ့္ တစ္လ ႏွစ္လ ၾကာရင္ေတာ့ ဒံုရင္းအတိုင္း ျပန္ျဖစ္သြားမွာပဲေလ။ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လမွာစနစ္တက် မွတ္ပံုတင္ရမယ္ လုပ္ေပမယ့္လည္းအခုလိုလမ္ေဘးမွာေရာင္းတာေတြ ျဖစ္ကုန္တာဆိုေတာ့ ေအာ္ပေရတာေတြကိုအစိုးရအေနနဲ႔ ၾကပ္ၾကပ္မတ္မတ္ မကိုင္တြယ္လို႔ အခုလိုလမ္းေဘးမွာေရာင္းတာေတြ ျဖစ္ကုန္တာေပါ့။ ျပည္သူကေတာ့ အလုပ္မရွဳပ္ အလြယ္တကူဝယ္လို႔ရတဲ့ေနရာဆိုဝယ္မွာပဲ။  ထုတ္ျပန္ခ်က္ထဲမွာေတာ့ ေလးလပိုင္း က စၿပီးဝယ္ယူမွတ္ပံုတင္ရာတြင္ဆိုၿပီးေရးထားေတာ့ အရင္ကဟာေတြကေတာ့ ဘာမွ မလုပ္ဘူးဆိုတဲ့သေဘာသက္ေရာက္ေနတာပဲ။ အရင္ကဟာေတြကိုေကာဘယ္လိုၾကပ္မတ္ စီစစ္မလဲဆိုတာေတာ့ မသိဘူး။  စနစ္တက် မွတ္ပံုတင္တဲ့ စနစ္ကsimcardမွာမွ မဟုတ္ဘူး … ကားေတြ အိမ္ျခံေျမေတြ စသျဖင့္ တစ္ျခားနယ္ပယ္ေတြ မွာ ပါ ရွိသင့္ လုပ္သင့္တာမ်ိဳးပါ။ ဒါေပမယ့္ ေဒတာေတြကိုဘယ္လိုစနစ္တက် မွန္မွန္ကန္ကန္ ေကာက္မလဲသိမ္းဆည္းမလဲ ျပန္လည္အသံုးျပဳမလဲဆိုတာက ကၽြမ္းက်င္တဲ့ ပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီးမွ လုပ္သင့္တာမ်ိဳးပါ။ ျပည္သူေတြရဲ႕ data ေတြကိုဘယ္ေလာက္လံုျခံဳမႈေပးႏိုင္မလဲေပါ့။ ဥပမာ – ကားနံပတ္ ရိုက္ထည့္ရင္ စစ္ေပးတဲ့ app ေတြလိုမ်ိဳး ျပည္သူေတြရဲ႕ ေဒတာေတြ က်ိဳးေပါက္ၿပီးထြက္လာတာမ်ိဳးေတြ ျဖစ္ရင္ ဘယ္လိုလုပ္မလဲဘယ္လိုအေရးယူမလဲ။ မႈခင္းအတြက္ အေထာက္အကူျဖစ္ေစလားဆိုရင္ေတာ့ ေဒတာေတြ တကယ္တိတိက်က် ေကာက္ထားႏိုင္ရင္ေတာ့ အေထာက္အကူျဖစ္ေစတယ္ပဲေျပာရမွာေပါ့။ အစိုးရနဲ႔ ေအာ္ပေရတာေတြ ၾကားထဲမွာဘယ္လိုကိစၥမ်ိဳးေတြဆိုရင္ေတာ့ ေအာ္ပေရတာဘက္ကေနသံုးစြဲသူရဲ႕ အခ်က္အလက္ေတြ ေပးမယ္ ဆိုၿပီးတိတိက်က်သတ္မွတ္ထားၾကတာမ်ိဳးရွိၾကမွာပါ။ အားနည္းခ်က္လို႔ေျပာရင္ေတာ့ေအာ္ပေရတာေတြရဲ႕ အျပစ္ပဲေပါ့။ အစိုးရက 2016 ထဲကညႊန္ၾကားခ်က္ထုတ္ထားေပမယ့္ သူတို႔အေနနဲ႔ ဂရုမစိုက္ပဲ sale target ျပည့္ဖို႔ပဲ အာရံုစိုက္ၿပီး မ်ားမ်ားေရာင္းထြက္ရင္ ၿပီးေရာလုပ္ေနၾကလို႔ အခုလိုထပ္ျဖစ္လာတာေလ၊ အစိုးရအေနနဲ႔လည္း 2016 ထဲကေအာ္ပေရတာေတြကိုတင္းတင္းၾကပ္ၾကပ္ ကိုင္တြယ္ခဲ့ရင္ အခုလိုမ်ိဳး ထုတ္ျပန္ခ်က္ေတြေတာင္ ထပ္ၿပီးထုတ္ျပန္စရာမလိုပါဘူး။

ရဲလင္းလင္းသန္း

(Unicode Version)

လူတစ်ယောက်က အော်ပရေတာတစ်ခုမှာ ဆင်းကတ် ၂ကတ်ပဲ ရမယ်ဆိုတဲ့ စနစ်အပေါ် သူတို့ဘယ်လိုမြင်ကြသလဲ

သက်သေခံကတ်ပြားတစ်ခုအတွက် အော်ပရေတာတစ်ခုဆီမှာ လူတစ်ယောက်ဆင်းကတ် ၂ကတ်ထက် ပိုမပေးတော့ဘူးဆိုတဲ့ ထုတ်ပြန်ချက်လေးတစ်ခုကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်၊ ဒီစနစ်ကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ စတင်သွားမှာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သုံးစွဲသူတွေရဲ့ အမြင်ဘယ်လိုရှိတယ်ဆိုတာနဲ့ ဒီလူတွေရဲ့အမြင်နဲ့ တစ်ခြား သုံးစွဲသူတွေရဲ့အမြင် ထပ်တူညီမှု ရှိမရှိဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ရအောင်ပါနော်။

ကိုအဲလက်စ် – CEO (The pink sun content firm)

ဧပြီလကစပြီး လူတစ်ယောက် အော်ပရေတာတစ်ခုအတွက်  ဆင်းကတ် ၂ကတ်ပဲ ရတော့မယ် ဆိုတာက Business ဘက်က ကြည့်ရင်တော့ အခုအရမ်းတက်နေပြီး telecom တွေက proud ဖြစ်ဖြစ်ပြနေတဲ့ sim card အရောင်းပြတဲ့ နံပါတ်တွေနည်းသွားမယ်၊ တကယ့် growth ကို မြင်ရမယ်လို့ ထင်တယ်။ အခုကြေငြာချက်အရဆိုရင် ဧပြီ ၁ရက်နေ့ နောက်ပိုင်း register လုပ်တဲ့ Sim card အသစ်တွေကိုပိတ်မယ်ပဲ ကြားတာ။ အရင်က sim card တွေတော့ မထိလောက်ဘူးဗျ။အခု market က device ၂ခုထက်ပိုသုံးတဲ့သူတွေ အများကြီးဆိုတော့ Data-Only Simနဲ့ e-Simတွေပါထုတ်ပေးဖို့လိုအပ်နေပြီလို့တော့ မြင်ပါတယ်။ Singapore မှာလည်းတစ်ယောက်ကို 3 sim card ပဲအများဆုံးသုံးခွင့်ပေးတာဆိုတော့ သိပ်တော့ အားနည်းချက် များများစားစားမမြင်မိဘူးဗျ။ ဘယ်လောက်မြန်မြန် အသားကျမလဲပဲစောင့်ကြည့်ရမှာပါ။ ကျွန်တော်ကတော့ market is always right ပဲ။ business ကလည်းရသလိုရောင်းမှာပဲလေ။ ဒါက regulator တွေ ဘက်ကနေ ကြပ်မတ်ရတာမျိုးလို့ မြင်ပါတယ်။ စည်းကမ်းမလိုက်နာရင် warning letter ထက်ပိုတဲ့ ပြစ်ဒဏ်ပေးဖို့ လိုတယ်တော့ မြင်ပါတယ်။ ပြီးတော့ ဒီလိုလုပ်လိုက်လို့ Crime rate ကိုလျှော့ချပေးနိုင် မပေးနိုင်ဆိုတာကတော့  ရဲဋ္ဌာနနဲ့ ဆသည ဘယ်လောက် အတွဲညီသလဲဆိုတာနဲ့ နောက်တစ်ခုက Organized crime လား၊ အလစ်သုတ်တာမျိုးလားဆိုတာပါ။ Crime လုပ်ပါတယ်ဆိုရင်တော့ register လုပ်ထားတဲ့ sim card နဲ့တော့ မလုပ်လောက်ဘူးလို့ ထင်တာပဲဗျ။ လူတစ်ယောက်တည်းက ဆင်းကတ်တွေအများကြီးမှတ်ပုံတင်ပြီး တစ်ဆင့်ပြန်ရောင်းနေတာတွေက Register လုပ်ဖို့ ခက်လို့ ကြာလို့ အဲဒါကိုအမြတ်ထုတ်ပြီး စီးပွားရေးသမားတွေက ပိုက်ဆံရှာတယ်လို့မြင်တာပဲ။ register လုပ်နိုင်တဲ့ နည်းလမ်းတွေကို အခုထက်ပိုပြီးလူတွေ နားလည်လွယ်မယ့် နီးစပ်မယ့် ပုံစံတွေ ပြောင်းလဲလိုက်မယ် ပြီးရင် Public Education ကို နိုင်နိုင်ပေးမယ် ဆိုရင် ပိုကောင်းမှာပါ။
နောက်ပြီးအခုလိုRegulation လုပ်ရုံနဲ့တော့ ရမှာမဟုတ်ဘူး။ Public Education လုပ်ရဦးမယ်တော့ မြင်ပါတယ်။

ကိုအောင်မွန်ချမ်း – Operation Director ၊  Tech Khit Marketing Solutions

တကယ်က ဒီစနစ်ကအစတည်းက ကြိုတင်စဉ်းစားပြီးလုပ်ထားသင့်တဲ့ system လို့မြင်တယ်၊ အခုလိုအော်ပရေတာတစ်ခုမှာဆင်းကတ် ၂ကတ်ဆိုတာမျိုးလုပ်ရင် နည်းပညာသမားတွေ အတွက်ကျ အဆင်မပြေလောက်ဘူး။ အိမ်ကwifi router တွေ android TV box တွေ ဘာညာတွေမှာထည့်ချင်လာရင် ဘယ်လိုလုပ်မလည်း ၊ အခုလုပ်လိုက်တာကတကယ့်အပြင်ကအခြေအနေကိုမသိဘဲထလုပ်တာမျိုး ဖြစ်နေတယ်။ Security reason အရပြောရရင်တော့ ဆင်းကတ်တွေ ဈေးကွက်ထဲမှာသူများနာမည်နဲ့ ဝယ်သုံးနေတဲ့ ကိစ္စကိုထိန်းချုပ်တာတော့ လုပ်ကိုလုပ်ရမယ်၊ လုပ်သင့်တယ်၊ ဒါပေမယ့် အရေအတွက်ကို ချုပ်တာထက် ဆင်းကတ်ပိုင်ရှင် ဘယ်သူလည်းသိရမှ ပိုကောင်းမယ်လို့ မြင်ပါတယ်။

ကိုဘိုဘိုဇင် – Nagani Community ၏  Founder

ကျွန်တော့်အမြင်အရဆိုရင် အခုလက်ရှိမိုဘိုင်းအော်ပရေတာတွေမှာရှိနေတဲ့  data base ကိုအစိုးရကပြန်ပြီး one copy ယူထားမယ်၊ ပူးပေါင်းလုပ်မယ် ဆိုတာမျိုးက ပိုအရေးကြီးတယ်ထင်တယ်၊ ၂၀၁၅ အစမှာ နိုင်ငံခြားက ပြန်လာပြီးဖုန်းကိုင်ချင်တော့ မှတ်ပုံတင်မရှိခဲ့လို့ ကျွန်တော့အဖေမှတ်ပုံတင်နဲ့ ဝယ်သုံးရတာမျိုးရှိတယ်၊ အခုဆို IOT ဆိုတာ ရှိလာပြီဆိုတော့ Devices တွေလည်းအများကြီးသုံး ဆင်းကတ်တွေလည်း အများကြီး လိုလာတော့မှာလေ။ ထိန်းချုပ်တယ်ဆိုတာ System အရပဲကောင်းတယ်၊ ဥပဒေနဲ့ ထိန်းချုပ်တာမျိုးက ခဏပဲ ရေရှည်ကျ မလိုက်နာတော့ပြန်ဘူးဆိုရင် အလကားပဲလေ။ အစိုးရအနေနဲ့က အော်ပရေတာတွေကိုမှတ်ပုံတင်နဲ့ပဲ Register လုပ်ဖို့ပြောရမယ်၊ user တွေကိုဆင်းကတ်နဲ့ ပတ်သက်တဲ့ သီးသန့် Portal လေးတွေလုပ်ပေးထားရမယ်၊ ဆင်းကတ်ပျောက်သွားရင် user က အဲဒီပေါ်တယ်ကနေပဲချက်ချင်း Disable လုပ်လို့ရရမယ်။ စင်ကာပူမှာလူတစ်ယောက် ဆင်းကတ် ၃ကတ်ထက် ပိုမသုံးရဘူးဆိုတာက Postpaid တွေရှိလို့လေ၊ ကျွန်တော်တို့နိုင်ငံလို Pre-paid ကိုပဲသုံးတဲ့နိုင်ငံမှာကျ အရေအတွက် ကန့်သတ်မှုကတစ်မျိုးတော့ဖြစ်လိမ့်မယ်။ အခုတိုင်းဆိုရင် CCTV သုံးတာတို့၊ နာရီမှာသုံးတာတို့ ကလေးတွေအတွက် လုံခြုံရေးပစ္စည်းတွေမှာ သုံးတဲ့အပိုင်းမှာ နည်းနည်းအဆင်မပြေဖြစ်လိမ့်မယ်။ ခက်တာကလူကြီးတွေကအော်ပရေတာတွေကိုမပြောရဲတော့ ပြည်သူတွေဘက်ကိုပဲ Pressure လာပေးသလိုဖြစ်နေတာ။ မဟုတ်တာလုပ်တဲ့သူတွေကိုမလိုက်နိုင်လို့ မဖြေရှင်းနိုင်လို့ ကောင်းရာကောင်းကြောင်းသုံးနေတဲ့သူတွေကိုပါ လာထိခိုက်စေမယ့် ဥပဒေထုတ်တာမျိုးကတော့ အဆင်မပြေပါဘူး။ အော်ပရေတာတွေဆိုရင် Investor တွေအပြိုင်ရှာချင်၊ မာကက်တင်းတွေအတင်းလုပ်ချင်တော့ သူတို့ဆင်းကတ်တွေကိုအတင်းထိုးရောင်းနေတာလေ၊ အော်ပရေတာတွေ အောက်လမ်းနည်းနဲ့ မလွှတ်ပေးပဲဒီကိစ္စတွေဖြစ်မလာဘူးလေ။ ကျွန်တော်တို့ကိုယ်တိုင် ပုံမှန် Register လုပ်တဲ့နည်းအတိုင်းလုပ်တာပဲလေ၊ အဆင်မှမပြေခဲ့ကြတာ၊ ဆင်းကတ်နဲ့ တကယ်အလုပ်လုပ်မယ့်သူတွေ တကယ်ကိုမှတ်ပုံတင်အစစ်နဲ့ သုံးမယ့်သူတွေ Register လုပ်တာကြတော့ ခက်ခဲလိုက်တာ။ အပြင်မှာကျတော့ မှတ်ပုံတင်ပြီးသားဆင်းကတ်တွေကဒေတာနဲ့ အသံတောင်ပါသေးဈေးလည်းပေါမှပေါ၊ ဒီတော့ အဲဒီကပဲဝယ်ပြီပေါ့၊ ပြည်တွင်းမှာက ဥပဒေတွေက လိုက်နာတဲ့သူအတွက် အရမ်းခက်ပြီးမလိုက်နာတဲ့သူအတွက် အရမ်းကောင်းနေတော့ ဘယ်သူကလိုက်နာချင်တော့မလဲ။ ဆင်းကတ်တွေ Register လုပ်တာကို ၁၀၀% အားပေးတယ်၊ အော်ပရေတာတွေဆီကရလာမယ့် ဒေတာကိုလည်း ပြည်ထဲရေးနဲ့ အစိုးရသက်ဆိုင်ရာဌာနတွေမှာ ဒီအချက်အလက်တွေ ရှိရမယ်။ Data base နဲ့ သက်ဆိုင်တဲ့ Portal တွေ လုပ်ထားရမယ်။ အခုကဘာဖြစ်လဲဆိုဆင်းကတ်တွေမှတ်ပုံတင် ဟုတ်ပြီဘာဆက်ဖြစ်လဲဆိုဘာမှဆက်မဖြစ်ဘူး၊ ဟာသလိုပဲ။ မှုခင်းတွေအတွက်အထောက်အကူဖြစ်ဖို့ ဆင်းကတ်တွေ Register လုပ်ခိုင်းတယ်၊ တကယ်လည်းအမှုဖြစ်ရောဘာမှဆက်မဖြစ်လာတော့ဘူး။ အဲဒါကထုတ်ထားတဲ့ ဥပဒေပေါ်မှာဆုပေးဒဏ်ပေးမရှိလို့လေ။ ဥပဒေဆိုတာထုတ်ရုံတင်မဟုတ်ဘူး Follow up ဆိုတာရှိမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။

ကိုမျိုးကျော်ဇံ – freelance digital marketer

တိတိကျကျ ပလန် ဆွဲထားတာမျိုးမရှိရင်တော့ အရင်တစ်ခေါက်ကလိုပဲစစခြင်း ၂ ပတ် ၃ ပတ်လောက်တော့ သက်သေခံလက်မှတ်တွေနဲ့ ရောင်းကြပေမယ့် တစ်လ နှစ်လ ကြာရင်တော့ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားမှာပဲလေ။ ၂၀၁၆ ခုနှစ် သြဂုတ်လမှာစနစ်တကျ မှတ်ပုံတင်ရမယ် လုပ်ပေမယ့်လည်းအခုလိုလမ်ဘေးမှာရောင်းတာတွေ ဖြစ်ကုန်တာဆိုတော့ အော်ပရေတာတွေကိုအစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် မကိုင်တွယ်လို့ အခုလိုလမ်းဘေးမှာရောင်းတာတွေ ဖြစ်ကုန်တာပေါ့။ ပြည်သူကတော့ အလုပ်မရှုပ် အလွယ်တကူဝယ်လို့ရတဲ့နေရာဆိုဝယ်မှာပဲ။  ထုတ်ပြန်ချက်ထဲမှာတော့ လေးလပိုင်း က စပြီးဝယ်ယူမှတ်ပုံတင်ရာတွင်ဆိုပြီးရေးထားတော့ အရင်ကဟာတွေကတော့ ဘာမှ မလုပ်ဘူးဆိုတဲ့သဘောသက်ရောက်နေတာပဲ။ အရင်ကဟာတွေကိုကောဘယ်လိုကြပ်မတ် စီစစ်မလဲဆိုတာတော့ မသိဘူး။  စနစ်တကျ မှတ်ပုံတင်တဲ့ စနစ်ကsimcardမှာမှ မဟုတ်ဘူး … ကားတွေ အိမ်ခြံမြေတွေ စသဖြင့် တစ်ခြားနယ်ပယ်တွေ မှာ ပါ ရှိသင့် လုပ်သင့်တာမျိုးပါ။ ဒါပေမယ့် ဒေတာတွေကိုဘယ်လိုစနစ်တကျ မှန်မှန်ကန်ကန် ကောက်မလဲသိမ်းဆည်းမလဲ ပြန်လည်အသုံးပြုမလဲဆိုတာက ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်သင့်တာမျိုးပါ။ ပြည်သူတွေရဲ့ data တွေကိုဘယ်လောက်လုံခြုံမှုပေးနိုင်မလဲပေါ့။ ဥပမာ – ကားနံပတ် ရိုက်ထည့်ရင် စစ်ပေးတဲ့ app တွေလိုမျိုး ပြည်သူတွေရဲ့ ဒေတာတွေ ကျိုးပေါက်ပြီးထွက်လာတာမျိုးတွေ ဖြစ်ရင် ဘယ်လိုလုပ်မလဲဘယ်လိုအရေးယူမလဲ။ မှုခင်းအတွက် အထောက်အကူဖြစ်စေလားဆိုရင်တော့ ဒေတာတွေ တကယ်တိတိကျကျ ကောက်ထားနိုင်ရင်တော့ အထောက်အကူဖြစ်စေတယ်ပဲပြောရမှာပေါ့။ အစိုးရနဲ့ အော်ပရေတာတွေ ကြားထဲမှာဘယ်လိုကိစ္စမျိုးတွေဆိုရင်တော့ အော်ပရေတာဘက်ကနေသုံးစွဲသူရဲ့ အချက်အလက်တွေ ပေးမယ် ဆိုပြီးတိတိကျကျသတ်မှတ်ထားကြတာမျိုးရှိကြမှာပါ။ အားနည်းချက်လို့ပြောရင်တော့အော်ပရေတာတွေရဲ့ အပြစ်ပဲပေါ့။ အစိုးရက 2016 ထဲကညွှန်ကြားချက်ထုတ်ထားပေမယ့် သူတို့အနေနဲ့ ဂရုမစိုက်ပဲ sale target ပြည့်ဖို့ပဲ အာရုံစိုက်ပြီး များများရောင်းထွက်ရင် ပြီးရောလုပ်နေကြလို့ အခုလိုထပ်ဖြစ်လာတာလေ၊ အစိုးရအနေနဲ့လည်း 2016 ထဲကအော်ပရေတာတွေကိုတင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့ရင် အခုလိုမျိုး ထုတ်ပြန်ချက်တွေတောင် ထပ်ပြီးထုတ်ပြန်စရာမလိုပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here