ေဟာက္တတ္သူမ်ားအတြက္ ေလ့လာခ်က္

0
367

photo credit:

လူေတြအားလံုးအေနႏွင့္ တစ္ေန႔တာပင္ပန္းသမွ်အခ်ိန္ေတြကို ညဘက္ အိပ္စက္နားခ်ိန္မွသာ ပင္ပန္းႏြမ္းနယ္သမွ်ကိုေျဖေဖ်ာက္အိပ္စက္ရတဲ့အခ်ိန္ေလးေတြဟာ လူတစ္ေယာက္အတြက္ အလြန္အေရးႀကီးတဲ့အခ်ိန္ေလးျဖစ္တယ္ဆိုတာေတာ့အားလံုး လက္ခံႏိုင္ၾကမယ္လို႔ထင္ပါတယ္။  အဲဒီလို အိပ္စက္ျခင္းဟာ အေရးႀကီးတဲ့အခ်ိန္မွာ ေကာင္းမြန္စြာအိပ္ေပ်ာ္ဖို႔နဲ႔ သက္ေသာင့္သက္သာရွိဖို႔ကလည္း ပို၍အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္တယ္ဆိုတာကို သိရပါတယ္။

photo credit: HealthAndWelolBeingTips

ေကာင္းမြန္တဲ့အိပ္စက္ျခင္းဟာ က်န္းမာေရးအတြက္အလြန္အေရးပါၿပီး ဦးေႏွာက္၊ ႏွလံုး၊ ၾကြက္သား၊ အသည္း၊ အဆုတ္ စတဲ့ေနရာေတြအပါအ၀င္ ခႏၶာကိုယ္အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားအတြက္ အနားေပးၿပီးပ်က္စီးသြားတဲ့ဆဲလ္ေတြကိုျပန္လည္ျပဳျပင္ျခင္းလုပ္ေဆာင္မႈမ်ားကို လုပ္ရတဲ့အခ်ိန္တစ္ခုျဖစ္တယ္လို႔သိရပါတယ္။ အဲဒီလိုေကာင္းမြန္စြာအိပ္ေပ်ာ္ပါမွ ေနာက္တစ္ေန႔ႏိုးလာတဲ့အခ်ိန္မ်ားမွာအားအင္ျပည့္စြာႏွင့္ လန္းဆန္းတက္ၾကြစြာ အလုပ္မ်ားကိုဆက္လက္လုပ္ကိုင္ႏိုင္ဖို႔အတြက္စူးစိုက္ႏိုင္မႈအားနည္းျခင္းမ်ားမျဖစ္ေစဘဲ တစ္ေန႔တာအတြက္ အဆင္ေျပေစႏိုင္မွာျဖစ္ပါတယ္။

တခ်ိဳ႕ဆိုရင္ တစ္ေနကုန္ ပင္ပန္းႏြမ္းနယ္သမွ်ဟာလည္း အိပ္ေပ်ာ္ခ်ိန္မ်ားမွာ ေကာင္းစြာမအိပ္စက္ရဘဲ ေဟာက္တတ္တာေၾကာင့္ မိမိရဲ႕ အိပ္စက္အနားယူျခင္းအခ်ိန္ေတြကို ပ်က္စီးေစကာ က်န္းမာေရးကိုလည္း ပို၍ထိခိုက္ႏိုင္ေစတယ္လို႔သိရပါတယ္။ တစ္ရက္အိပ္ေရးပ်က္ပါက ေခါင္းမၾကည္လင္ျခင္း၊ ေခါင္းအံုေခါင္းခဲေနတတ္ျခင္းႏွင့္ စိတ္မၾကည္မလင္ျဖစ္ေနတတ္မႈမ်ားေၾကာင့္ မိမိရဲ႕ လုပ္ငန္းခြင္မွ မ်ားစြာအေႏွာင့္အယွက္မ်ားျဖစ္ေစမွာျဖစ္ပါတယ္။ အဲဒီလိုေဟာက္တတ္တဲ့သူေတြကေတာ့ အ၀လြန္တဲ့သူမ်ား၊ ေသြးတိုးေရာဂါရွိေနသူမ်ား၊ ဆီးခ်ိဳေရာဂါရွိေနသူမ်ား၊ အသက္ႀကီးပိုင္းမ်ားတြင္ျဖစ္တတ္ေပမယ့္လည္း၊ တခ်ိဳ႕ ေမးရိုးတိုသူ၊ လည္ပင္းတိုသူ၊ ႏွလံုးစက္တပ္ထားသူမ်ားမွာ ပို၍ေဟာက္တတ္တာကိုေတြ႕ရေၾကာင္းသိရပါတယ္။

ဒီလိုမ်ိဳးေဟာက္တတ္တာဟာ အိပ္ေပ်ာ္ေနစဥ္မွာ အသက္ရႈလမ္းေၾကာင္းပံုမမွန္ေတာ့တဲ့အတြက္ေၾကာင့္ျဖစ္တတ္ေၾကာင္းနဲ႔၀တဲ့သူမ်ားမွာေတာ့ အဆီတစ္ရႈးမ်ားစုပံုျခင္းေၾကာင့္လည္ပင္းတြင္ ေနရာက်ပ္ကာအသက္ရႈေလျပြန္မ်ားပိတ္သြားတာေၾကာင့္ ၀သူမ်ားဟာ ပိန္သူမ်ားထက္ပို၍ေဟာက္တတ္တယ္လို႔သိရပါတယ္။ အဲဒီလိုေဟာက္တတ္တဲ့သူမ်ားအေနနဲ႔ အသက္ရႈလမ္းေၾကာင္းပိတ္ဆို႔၍ အသက္ရႈရပ္သြားတာမ်ိဳးဟာ တစ္နာရီတြင္း အႀကိမ္ ၃၀ ခန္႔ထက္ပို၍ ပိတ္ဆို႔ေနလွ်င္ဆိုးရြားတဲ့အဆင့္ကိုေရာက္ရွိေနတယ္လို႔သတ္မွတ္တာမို႔ ေနာက္ဆက္တြဲျဖစ္လာမယ့္ျပသနာမ်ားကိုလည္း မလြဲမေသြခံစားရမွာျဖစ္တဲ့အျပင္ အိပ္ေပ်ာ္ေနေပမယ့္ ဦးေႏွာက္လည္း အနားမရတာေၾကာင့္ ပထမဦးစြာ အိပ္ေရးမ၀တဲ့အေရးမွ မိမိကိုယ္တိုင္မသိႏိုင္တဲ့ ဇီ၀ေျပာင္းလဲမႈေတြကိုလည္း ျဖစ္လာေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီလိုေဟာက္တတ္တဲ့ မိတ္ေဆြသူငယ္ခ်င္း၊ ေဆြမ်ိဳးအေပါင္းအသင္းမ်ားအတြက္ သတိျပဳေစခ်င္တာကေတာ့ မိမိအိပ္တတ္တဲ့ အေနအထားကို ေျပာင္းလဲအိပ္ၿပီးအသက္ရႈလမ္းေၾကာင္းကို မပိတ္ဆို႔ဖိုအတြက္ ျပဳျပင္ရပါမယ္။ အဲဒီလိုအေနအထားျပဳျပင္ေျပာင္းလဲလို႔မွ အဆင္မေျပႏိုင္ဘူးဆိုပါက သက္ဆိုင္ရာဆရာ၀န္မ်ားႏွင့္ သြားေရာက္ျပသကုသေပးပါမွျဖစ္ေပၚလာမယ့္ အႏၱရာယ္ေဘးမွကင္းေ၀းမွာအမွန္ျဖစ္တယ္ဆိုတာေလးထင္ျပေပးလိုက္ရပါတယ္။ ေအးခ်မ္းတဲ့ညေလးေတြမွာ ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေနတာဟာ အေကာင္းမြန္ဆံုးအရသာတစ္ခုျဖစ္တယ္ဆိုတာကို ခံစားသိရွိႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

(Unicode Version)

ဟောက်တတ်သူများအတွက် လေ့လာချက်

လူတွေအားလုံးအနေနှင့် တစ်နေ့တာပင်ပန်းသမျှအချိန်တွေကို ညဘက် အိပ်စက်နားချိန်မှသာ ပင်ပန်းနွမ်းနယ်သမျှကိုဖြေဖျောက်အိပ်စက်ရတဲ့အချိန်လေးတွေဟာ လူတစ်ယောက်အတွက် အလွန်အရေးကြီးတဲ့အချိန်လေးဖြစ်တယ်ဆိုတာတော့အားလုံး လက်ခံနိုင်ကြမယ်လို့ထင်ပါတယ်။  အဲဒီလို အိပ်စက်ခြင်းဟာ အရေးကြီးတဲ့အချိန်မှာ ကောင်းမွန်စွာအိပ်ပျော်ဖို့နဲ့ သက်သောင့်သက်သာရှိဖို့ကလည်း ပို၍အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို သိရပါတယ်။

ကောင်းမွန်တဲ့အိပ်စက်ခြင်းဟာကျန်းမာရေးအတွက်အလွန်အရေးပါပြီး ဦးနှောက်၊ နှလုံး၊ ကြွက်သား၊ အသည်း၊ အဆုတ် စတဲ့နေရာတွေအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများအတွက် အနားပေးပြီးပျက်စီးသွားတဲ့ဆဲလ်တွေကိုပြန်လည်ပြုပြင်ခြင်းလုပ်ဆောင်မှုများကို လုပ်ရတဲ့အချိန်တစ်ခုဖြစ်တယ်လို့သိရပါတယ်။ အဲဒီလိုကောင်းမွန်စွာအိပ်ပျော်ပါမှ နောက်တစ်နေ့နိုးလာတဲ့အချိန်များမှာအားအင်ပြည့်စွာနှင့် လန်းဆန်းတက်ကြွစွာ အလုပ်များကိုဆက်လက်လုပ်ကိုင်နိုင်ဖို့အတွက်စူးစိုက်နိုင်မှုအားနည်းခြင်းများမဖြစ်စေဘဲ တစ်နေ့တာအတွက် အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

တချို့ဆိုရင် တစ်နေကုန် ပင်ပန်းနွမ်းနယ်သမျှဟာလည်း အိပ်ပျော်ချိန်များမှာ ကောင်းစွာမအိပ်စက်ရဘဲ ဟောက်တတ်တာကြောင့် မိမိရဲ့ အိပ်စက်အနားယူခြင်းအချိန်တွေကို ပျက်စီးစေကာ ကျန်းမာရေးကိုလည်း ပို၍ထိခိုက်နိုင်စေတယ်လို့သိရပါတယ်။ တစ်ရက်အိပ်ရေးပျက်ပါက ခေါင်းမကြည်လင်ခြင်း၊ ခေါင်းအုံခေါင်းခဲနေတတ်ခြင်းနှင့် စိတ်မကြည်မလင်ဖြစ်နေတတ်မှုများကြောင့် မိမိရဲ့ လုပ်ငန်းခွင်မှ များစွာအနှောင့်အယှက်များဖြစ်စေမှာဖြစ်ပါတယ်။ အဲဒီလိုဟောက်တတ်တဲ့သူတွေကတော့ အဝလွန်တဲ့သူများ၊ သွေးတိုးရောဂါရှိနေသူများ၊ ဆီးချိုရောဂါရှိနေသူများ၊ အသက်ကြီးပိုင်းများတွင်ဖြစ်တတ်ပေမယ့်လည်း၊ တချို့ မေးရိုးတိုသူ၊ လည်ပင်းတိုသူ၊ နှလုံးစက်တပ်ထားသူများမှာ ပို၍ဟောက်တတ်တာကိုတွေ့ရကြောင်းသိရပါတယ်။

ဒီလိုမျိုးဟောက်တတ်တာဟာ အိပ်ပျော်နေစဉ်မှာ အသက်ရှုလမ်းကြောင်းပုံမမှန်တော့တဲ့အတွက်ကြောင့်ဖြစ်တတ်ကြောင်းနဲ့ဝတဲ့သူများမှာတော့ အဆီတစ်ရှုးများစုပုံခြင်းကြောင့်လည်ပင်းတွင် နေရာကျပ်ကာအသက်ရှုလေပြွန်များပိတ်သွားတာကြောင့် ဝသူများဟာ ပိန်သူများထက်ပို၍ဟောက်တတ်တယ်လို့သိရပါတယ်။ အဲဒီလိုဟောက်တတ်တဲ့သူများအနေနဲ့ အသက်ရှုလမ်းကြောင်းပိတ်ဆို့၍ အသက်ရှုရပ်သွားတာမျိုးဟာ တစ်နာရီတွင်း အကြိမ် ၃၀ ခန့်ထက်ပို၍ ပိတ်ဆို့နေလျှင်ဆိုးရွားတဲ့အဆင့်ကိုရောက်ရှိနေတယ်လို့သတ်မှတ်တာမို့ နောက်ဆက်တွဲဖြစ်လာမယ့်ပြသနာများကိုလည်း မလွဲမသွေခံစားရမှာဖြစ်တဲ့အပြင် အိပ်ပျော်နေပေမယ့် ဦးနှောက်လည်း အနားမရတာကြောင့် ပထမဦးစွာ အိပ်ရေးမဝတဲ့အရေးမှ မိမိကိုယ်တိုင်မသိနိုင်တဲ့ ဇီဝပြောင်းလဲမှုတွေကိုလည်း ဖြစ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုဟောက်တတ်တဲ့ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးအပေါင်းအသင်းများအတွက် သတိပြုစေချင်တာကတော့ မိမိအိပ်တတ်တဲ့ အနေအထားကို ပြောင်းလဲအိပ်ပြီးအသက်ရှုလမ်းကြောင်းကို မပိတ်ဆို့ဖိုအတွက် ပြုပြင်ရပါမယ်။ အဲဒီလိုအနေအထားပြုပြင်ပြောင်းလဲလို့မှ အဆင်မပြေနိုင်ဘူးဆိုပါက သက်ဆိုင်ရာဆရာဝန်များနှင့် သွားရောက်ပြသကုသပေးပါမှဖြစ်ပေါ်လာမယ့် အန္တရာယ်ဘေးမှကင်းဝေးမှာအမှန်ဖြစ်တယ်ဆိုတာလေးထင်ပြပေးလိုက်ရပါတယ်။ အေးချမ်းတဲ့ညလေးတွေမှာ နှစ်ခြိုက်စွာအိပ်ပျော်နေတာဟာ အကောင်းမွန်ဆုံးအရသာတစ်ခုဖြစ်တယ်ဆိုတာကို ခံစားသိရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။