အရြယ္ေသးၿပီး ေစ်းသက္သာတဲ့ Home smart စပီကာကိုထုတ္ဖုိ႔ျပင္ဆင္ေနတဲ့ Samsung

0
142

Samsung ဟာ သြဂုတ်လတုန်းက Galaxy Note9 နှင့်အတူ Galaxy Home စမတ်စပီကာကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Samsung Galaxy Home စမတ်စပီကာကို ကြေညာလာခဲ့တာ ငါးလတိုင်တိုင် ရှိပြီဖြစ်ပေမယ့် ယခုတိုင် ဈေးကွက်မှာ ရောင်းချခြင်း မရှိသေးပါဘူး။ သူ့မှာ ဆမ်ဆောင်း ကိုယ်တိုင် ဖန်တီးထားတဲ့ Bixby Digital Assistant ထည့်သွင်းထားပါတယ်။ အခုတော့ ကုမ္ပဏီအနေနဲ့ နောက်ထပ် Home smart စပီကာကိုထုတ်ဖို့ပြင်ဆင်နေပါပြီ။

Image result for Samsung Galaxy Home

မူလ Galaxy Home ရဲ့ မော်ဒယ်နံပါတ်က SM-V510 ဖြစ်ပြီး အခုအသစ်ထုတ်ဖို့ပြင်ဆင်နေတဲ့ Home smart စပီကာရဲ့ မော်ဒယ်နံပါတ်က SM-V310 ဖြစ်ပါတယ်။ Samsung SM-V310 က V510 ထက် ဈေးနှုန်းသက်သာပြီး အရွယ်အစားလည်း သေးငယ်တဲ့ စမတ်စပီကာ ဖြစ်လာမယ်လို့ သိရပါတယ်။ မူလ Galaxy Home မှာတော့ စပီကာ ခြောက်လုံး၊ Subwoofer တစ်လုံးနဲ့ မိုက်ကရိုဖုန်း ရှစ်လုံး ထည့်သွင်းထားပါတယ်။

Image result for Samsung Galaxy Home

ဈေးသက်သာတဲ့ စမတ်စပီကာမှာတော့ တန်ဖိုးကြီး Galaxy Home များလောက်တော့ Specification များက မကောင်းနိုင်ပါဘူး။ Samsung အနေနဲ့ ဈေးသက်သာတဲ့ Galaxy Home ကို ဇန်နဝါရီလမှာ ကျင်းပမယ့် CES 2019 မှာ ပြသလာနိုင်ပါတယ်။ “Hey Bixby “ Voice Command ဖြင့် သူ့ကို ဆင့်ခေါ်နိုင်ပြီး အလုပ်များ ခိုင်းနိုင်ပါတယ်။ Bixby ဟာ Amazon Alexa, Google Assistant , Apple Siri တို့ကို ယှဉ်ပြိုင်မှာပါ။

zawgyi

Samsung ဟာ ၾသဂုတ္လတုန္းက Galaxy Note9 ႏွင့္အတူ Galaxy Home စမတ္စပီကာကုိလည္း မိတ္ဆက္ခဲ့ပါတယ္။ Samsung Galaxy Home စမတ္စပီကာကို ေၾကညာလာခဲ့တာ ငါးလတိုင္တိုင္ ရွိၿပီျဖစ္ေပမယ့္ ယခုတိုင္ ေစ်းကြက္မွာ ေရာင္းခ်ျခင္း မရွိေသးပါဘူး။ သူ႔မွာ ဆမ္ေဆာင္း ကိုယ္တိုင္ ဖန္တီးထားတဲ့ Bixby Digital Assistant ထည့္သြင္းထားပါတယ္။ အခုေတာ့ ကုမၸဏီအေနနဲ႔ ေနာက္ထပ္ Home smart စပီကာကိုထုတ္ဖုိ႔ျပင္ဆင္ေနပါၿပီ။

မူလ Galaxy Home ရဲ႕ ေမာ္ဒယ္နံပါတ္က SM-V510 ျဖစ္ၿပီး အခုအသစ္ထုတ္ဖုိ႔ျပင္ဆင္ေနတဲ့ Home smart စပီကာရဲ႕ ေမာ္ဒယ္နံပါတ္က SM-V310 ျဖစ္ပါတယ္။ Samsung SM-V310 က V510 ထက္ ေစ်းႏႈန္းသက္သာၿပီး အရြယ္အစားလည္း ေသးငယ္တဲ့ စမတ္စပီကာ ျဖစ္လာမယ္လို႔ သိရပါတယ္။ မူလ Galaxy Home မွာေတာ့ စပီကာ ေျခာက္လံုး၊ Subwoofer တစ္လံုးနဲ႔ မိုက္ကရိုဖုန္း ရွစ္လံုး ထည့္သြင္းထားပါတယ္။

ေစ်းသက္သာတဲ့ စမတ္စပီကာမွာေတာ့ တန္ဖိုးႀကီး Galaxy Home မ်ားေလာက္ေတာ့ Specification မ်ားက မေကာင္းႏုိင္ပါဘူး။ Samsung အေနနဲ႔ ေစ်းသက္သာတဲ့ Galaxy Home ကုိ ဇန္န၀ါရီလမွာ က်င္းပမယ့္ CES 2019 မွာ ျပသလာႏုိင္ပါတယ္။ “Hey Bixby “ Voice Command ျဖင့္ သူ႔ကို ဆင့္ေခၚႏုိင္ၿပီး အလုပ္မ်ား ခုိင္းနိုင္ပါတယ္။ Bixby ဟာ Amazon Alexa, Google Assistant , Apple Siri တို႔ကို ယွဥ္ၿပိဳင္မွာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here