သင့္ဖုန္းက သင့္ကို ဖ်ားနာေစၿပီလား

0
215

သင့္ဖုန္းက သင့္ကိုနာဖ်ားေစဖို႔ တစ္စိတ္တစ္ပိုင္းအားျဖင့္ တြန္းအားေပးေနတယ္ဆိုရင္ သင္ယံုႏုိင္ပါ့မလား။ ဆန္းၾကယ္ တယ္ေနာ္။ ဒါေပမယ့္ သုေတသနျပဳလုပ္ခ်က္တခ်ိဳ႕မွာေတာ့ မိမိတို႕ကိုယ္ပိုင္ကိုင္တြယ္ေနတဲ့ဖုန္းေတြဟာ ဖုန္းကိုင္ေဆာင္သူ ေတြကို နာမက်န္းျဖစ္ေစတဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိေနတယ္လို႔ အတိအလင္းဆိုၾကပါတယ္။ အေၾကာင္းအရင္းကေတာ့ ဖုန္းေတြဟာမျမင္ႏုိင္တဲ့ အညစ္အေၾကးေတြနဲ႔ ေပပြေနၾကလုိ႔ပါတဲ့။

အမွတ္တမဲ့အားျဖင့္ဆိုရင္ လူတိုင္းနီးပါးဟာ မိမိတို႔ကိုင္တြယ္ေနၾကတဲ့လက္ကိုင္ဖုန္းေတြကို လွလွပပျဖစ္ေအာင္ တန္ဆာဆင္ၾက၊ ျခယ္သတတ္ၾကပါတယ္။ Cover ဒီဇိုင္းဆန္းဆန္းေလးေတြ၊ Screen Guard ေကာင္းေကာင္းေတြသံုးၿပီး အေပၚယံအလွအပေတြကို စိတ္ႀကိဳက္ျပင္ဆင္တတ္ၾကတာကလူ႕သဘာ၀ပါပဲ။ တခ်ိဳ႕ေတြဆို ေက်ာက္မ်က္ရတနာေတြနဲ႔ေတာင္ စီျခယ္ၾကပါေသးတယ္။

ဒါေပမယ့္ လန္ဒန္တကၠသိုလ္ကတည္ေထာင္ထားတဲ့ ကြင္းစ္ေမရီ အေျခစိုက္လန္ဒန္တစ္ကိုယ္ေရသန္႔ရွင္းေရးႏွင့္ အပူပိုင္းေဒသေဆး၀ါးေလ့လာေရးေက်ာင္း (London School of Hygiene and Tropical Medicine) က ေလ့လာခ်က္ေတြ အရဆိုရင္ ဖုန္း ၆ လံုးမွာ ၁ လံုး ဟာ မသန္႔ရွင္းတဲ့အညစ္အေၾကးေတြ ကပ္ၿငိေနတယ္လို႔ဆိုပါတယ္။ ဆိုလိုတာက ကမၻာေပၚမွာ ရွိတဲ့ ဖုန္းအားလံုးရဲ႕ ၁၆%မွာ ေရာဂါပိုးမ်ိဳးစံု ကပ္ၿငိႏိုင္တဲ့ အညစ္အေၾကးေတြ ကပ္တြယ္ေနတယ္ဆိုတဲ့သေဘာ။

ဒါဟာျဖစ္ႏုိင္ပါ့မလား။ အိမ္သာက်င္းထဲ ဖုန္းျပဳတ္က်ေနတာမွ မဟုတ္တာလို႔ လူတခ်ိဳ႕က ေစာဒကတက္ခ်င္တက္ၾက ပါလိမ့္မယ္။ ဒါေပမယ့္ ယေန႔ကမၻာေပၚကလူအမ်ားစုကေတာ့ အိမ္သာ၀င္တုိင္းဖုန္းကိုပါ တစ္ပါတည္း ယူေဆာင္သြားတတ္ၾက ပါတယ္။ ခ်စ္သူရည္းစားနဲ႔ခ်ိန္းၿပီးဆုိလည္း ဖုန္းပါတယ္။ သူငယ္ခ်င္းေတြနဲ႔ စားၾကေသာက္ၾကတဲ့အခါလည္း  ဖုန္းပါတယ္။ စာသင္ခန္းထဲဆိုလည္း ဖုန္းတကိုင္ကိုင္၊ အိမ္မွာမိသားစုနဲ႔ ထမင္းစားၾကတဲ့အခါလည္း ဖုန္းေလးကေဘးနားမွာ။ ကုန္ကုန္ေျပာ ရရင္ လူတစ္ေယာက္ဟာ တစ္ေန႔ကိုပ်မ္းမွ်ဖုန္းကို အႀကိမ္ အေရအတြက္ ၂၆၀၀ ၀န္းက်င္ ထိေတြ႕မိတတ္ပါတယ္။ အဲဒီလုိေနရာ မ်ိဳးစုံကုိယူသြားေလ့ရွိၿပီး အၿမဲတမ္းနီးပါး ထိေတြ႕ေနရတဲ့ဖုန္းကုိ အိမ္သာခန္းထဲကိုလည္း ယူသြားတတ္ၾကေတာ့ အညစ္အေၾကး ေတြ ကပ္ၿငိတာမဆန္းလွပါဘူး။ အိမ္သာထဲကို ဖုန္းယူသြားတာက က်န္းမာေရး ႐ႈေထာင့္ကေနၾကည့္ရင္ အလြန္အင္မတန္ကို ဆိုးရြားလွတဲ့ အေလ့အထတစ္ခုျဖစ္ပါတယ္။

စစ္တမ္းေတြအရေတာ့ ၾသစေတးလ်ႏုိင္ငံမွာ အိမ္သာတက္ရင္း ဖုန္းသုံးတဲ့ႏႈန္းက ၄၁ရာခုိင္ႏႈန္း၊ အေမရိကန္မွာဆုိ ၇၅ ရာခုိင္ႏႈန္းအထိရွိေနၿပီးေတာ့ ျမန္မာႏုိင္ငံမွာလည္း အဲဒီႏႈန္းထားထက္ မနိမ့္ဘူး လုိ႔ခန္႔မွန္းလို႔ရႏိုင္ပါတယ္။ အိမ္သာတက္ေန တုန္းမွာ ဖုန္းနဲ႔ Facebook သုံးတယ္၊ Chatting ထုိင္တယ္၊ Email  ပုိ႔တယ္၊ ဗီဒီယုိၾကည့္တယ္ စသျဖင့္ေပါ့။ သိထားရမွာက အိမ္သာထဲမွာဆုိရင္ ေရေတြ၊ ေလမႈန္ေတြက ဖုန္း Cover ေတြထဲမွာ ခုိေအာင္းေနႏိုင္တယ္။ ၿပီးေတာ့လည္း ဖုန္း Cover အမ်ားစုက ရာဘာ ဒါမွမဟုတ္ ဆီလီကြန္သားေတြနဲ႔ ျပဳလုပ္ထားတတ္တာမို႔ ဘက္တီးရီးယားေတြအတြက္ နတ္ဘုံနတ္နန္း တစ္ခုလိုျဖစ္ေနတတ္တာကိုလည္း မေမ့သင့္ပါဘူး။

လန္ဒန္တစ္ကိုယ္ေရသန္႔ရွင္းေရးႏွင့္ အပူပိုင္းေဒသ ေဆး၀ါးေလ့လာေရးေက်ာင္းရဲ႕ေလ့လာခ်က္အရေတာ့ အိမ္သာ တက္ၿပီးတိုင္း လက္ကိုေဆးေၾကာတယ္လို႔ ေျဖဆိုသူ ၉၅%  ရွိပါတယ္။ ဘယ္ေလာက္ပမာဏက လိမ္ေျပာတယ္ဆိုတာ မသိႏုိင္ဘူးလို႔ အဲစစ္တမ္းမွာကိုက အတိအလင္းေဖာ္ျပထားတယ္။ ေနာက္ၿပီး တကယ္လို႔လက္ေဆးတယ္ဆိုရင္ေတာင္မွ ဒီအတုိင္းေရေဆး႐ံုသက္သက္ လုပ္တာလား။ ဆပ္ျပာနဲ႔စင္ၾကယ္ေအာင္ ေဆးတာလားဆိုတဲ့အေပၚမူတည္ၿပီး လက္မွာ အညစ္ အေၾကးကပ္ၿငိမႈ ပမာဏကကြာျခားဦးမွာျဖစ္ပါတယ္။ အဲလိုကပ္ၿငိလာမယ့္ အညစ္အေၾကးေတြဟာ ကိုယ္ကိုင္တြယ္ေနတဲ့ မိုဘိုင္းဖုန္းေတြကိုပါဆက္လက္တြယ္ ၿငိေတာ့မွာကေတာ့ အေသအခ်ာပါပဲ။

ေနာက္ထပ္ေလ့လာခ်က္တစ္ခုျဖစ္တဲ့ Annals of Clinical Microbiology and Antimicrobials ေဆးမွတ္တမ္း ေတြအရက်န္းမာေရး၀န္ထမ္း ၉၅% ရဲ႕မိုဘုိင္းဖုန္းေတြမွာ ေရာဂါပိုးဘက္တီးရီယားေတြ ကပ္ၿငိေနၿပီးေတာ့ အဲထဲကမွ တခ်ိဳ႕က ေရာဂါကူးစက္ဖို႔ အလားအလာရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။ အရီဇိုးနားတကၠသိုလ္က သုေတသနပညာရွင္ေတြရဲ႕ သုေတသနျပဳလုပ္ခ်က္ေတြမွာေတာ့ လူေတြကိုင္ေဆာင္အသံုးျပဳေနတဲ့ မိုဘုိင္းဖုန္းေတြမွာကပ္ၿငိေနႏုိင္တဲ့ ဘက္တီးရီးယား ပိုးမႊားပမာဏဟာ အိမ္သာေရကမုတ္ထဲက ဘက္တီးရီးယား ပမာဏထက္ ၁၀ ဆ ပိုမ်ားတယ္လို႔ ေဖာ္ျပထားပါတယ္။

အိမ္သာထဲက ဆယ္မြန္နီလာဘက္တီးရီးယား (Salmonella) ၊ အီကုိလီဘက္တီးရီးယား (E.coli) ၊ ရွီဂယ္လာ ဘက္တီးရီးယား (Shigella) နဲ႔ ကန္ပုိင္လုိဘတ္စ္တာဘက္တီးရီးယား (Campylobacter) ပုိးေတြကလူေတြကုိ ဖ်ားနာေစတယ္။ ေနာက္ထပ္ဂတ္စ္ထ႐ုိ (Gastro) နဲ႔ စတပ္ (Staph) ဗုိင္းရပ္ပုိးေတြကလည္း ဖုန္းမွာအလြယ္တကူ ကပ္ၿငိႏုိင္ဆံုး ဘက္တီးရီးယား ေတြျဖစ္ပါတယ္။ အိမ္သာေရခ်ိဳးခန္း၀င္ျခင္း အမႈေၾကာင့္ အျပင္လူေတြက တျခားနည္းလမ္းေတြပံုသဏၭာန္ အမ်ိဳးမ်ိဳးနဲ႔လည္း ဖုန္းေတြကိုညစ္ပတ္ေစပါေသးတယ္။

ေနာက္ၿပီးေတာ့ လူေတြက အစာစားေနခ်ိန္ေတြမွာလည္း ဖုန္းလာလုိ႔ ေကာက္ကုိင္တာပဲျဖစ္ျဖစ္၊ Facebook ဖြင့္ၾကည့္တာပဲျဖစ္ျဖစ္ အေၾကာင္းတစ္ခုခုေၾကာင့္ ဖုန္းကုိေတာ့သုံးျဖစ္ပါတယ္။ အဲဒီမွာပဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိဖုန္းမွာ ကပ္ၿငိပါလာတဲ့ ဗုိင္းရပ္ေတြ၊ ဘက္တီးရီးယားေတြက ပါးစပ္နဲ႔အစာထဲကေနတစ္ဆင့္ ၀မ္းဗုိက္ထဲကုိ ၀င္ကုန္တာပါပဲ။ ဘာေတြ ျဖစ္လာမလဲဆုိရင္ လူဟာပ်ိဳ႕အန္လာတယ္၊ ဖ်ားနာလာတယ္၊ ၀မ္းပ်က္၀မ္းေလွ်ာျဖစ္႐ုံမက ဗုိက္နာတာေတြလည္း ျဖစ္လာတတ္ပါတယ္။

ဒါ့အျပင္ တုပ္ေကြးလိုေရာဂါပိုးမ်ိဳးေတြက ဖုန္းမ်က္ႏွာျပင္ေပၚမွာ ၂၄ နာရီအထိရွင္သန္ႏုိင္တာေၾကာင့္ တုပ္ေကြးရာသီ ေတြမွာ တုပ္ေကြးျဖစ္ႏိုင္ေျခက သာမန္ထက္ အဆေပါင္းမ်ားစြာပိုေနပါတယ္။ ခုေနာက္ပိုင္းႏွစ္ေတြမွာ ကမၻာတစ္၀န္း တုပ္ေကြးေရာဂါကပ္ေဘး မၾကာခဏသင့္ေနတာဟာ ဖုန္းအသံုးျပဳမႈဆုိင္ရာအမူအက်င့္ဆိုးေတြရဲ႕ အက်ိဳးဆက္ေတြေၾကာင့္ လည္း ပါ၀င္ေနတယ္လို႔ ပညာရွင္ေတြက ယူဆထားၾကပါတယ္။

ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ အိမ္သာထဲ ဖုန္းယူမသြားျဖစ္ေအာင္ သတိထားရမွာျဖစ္ၿပီးေတာ့ အစာစားေနတုန္းမွာဖုန္းမေျပာမိ၊ မသုံးမိေစဖုိ႔လည္း ဂ႐ုစုိက္သင့္ပါတယ္။ ဒီလိုမွမဟုတ္ရရင္ေတာ့ ဖုန္းေတြကို ပံုမွန္သန္႔ရွင္းေရးလုပ္ေပးေနသင့္ပါတယ္။ ဒါဟာ နည္းလမ္းတက်ေတာ့ မဟုတ္ေပမယ့္ က်န္းမာေရးထိခုိက္ႏုိင္ေျခကိုေတာ့ အတုိင္းအတာ တစ္ခုအားျဖင့္ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါေၾကာင့္လည္း ဖုန္းေတြကို ႐ုပ္ပိုင္းဆုိင္ရာအရ သန္႔ရွင္းေရးလုပ္ေပးသင့္တယ္လို႔ ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြက အႀကံျပဳ ၾကတာျဖစ္ပါတယ္။

စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြရဲ႕ အႀကံျပဳခ်က္ေတြအရ alcohol-based sanitizer ေတြ၊ household cleaner ေတြ၊ Microfiber cleaning cloths ေတြ ဒါမွမဟုတ္ (ေရစိုခံဖုန္းေတြမွာ)ေရကို အသံုးျပဳၿပီး ကိုယ့္ဖုန္းကို သန္႔ရွင္းေပးလုိ႔ရ တယ္လုိ႔ ဆိုပါတယ္။ ဒါေပမယ့္ ဒါေတြဟာ ဖုန္မႈန္႔ေတြကိုပဲ သန္႔ရွင္းေပးႏုိင္တာကိုေတာ့ မေမ့သင့္ပါဘူး။ ဘယ္လိုသန္႔ရွင္းေရး ေတြ လုပ္ေနပါေစ ဖုန္းကိုအိမ္သာတက္ခ်ိန္နဲ႔ အစာစားခ်ိန္တုိင္းမွာ အနားမွာထားေနရင္ေတာ့ ကူးစက္ေရာဂါေတြ ျဖစ္လာႏုိင္ေျခ က ေလ်ာ့က်သြားမွာမဟုတ္ဘူးလို႔ ေအာ္လန္ဒိုက်န္းမာေရးဌာနက ပါေမာကၡ JaminBrahmbhatt က အႀကံျပဳထားပါတယ္။

မိုဘုိင္းဆက္သြယ္ေရးစနစ္ ဖြံ႕ၿဖိဳးမႈေနာက္က်ခဲ့တာေၾကာင့္ မၾကာေသးခင္ကမွ စမတ္ဖုန္းေတြ တိုးပြားလာခဲ့တဲ့ ျမန္မာျပည္မွာ ဖုန္းအသံုးျပဳမႈနဲ႔ က်န္းမာေရးအက်ိဳးသက္ေရာက္မႈေတြ၊ အေလ့အထပိုင္းဆုိင္ရာေတြကို စနစ္တက် ေလ့လာသုေတသန ျပဳမႈေတြ နည္းပါးေနပါေသးတယ္။ ေသခ်ာေလလ့ာစစ္တမ္းထုတ္ၾကမယ္ဆိုရင္ ျမန္မာျပည္မွာလည္း မွားယြင္းေနတဲ့ ဖုန္း အသံုးျပဳမႈ အေလ့အထေတြကို ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။

လက္ရွိမိုဘုိင္းဖုန္းအသံုးျပဳသူေတြဟာ မိမိတို႔ကိုယ္တုိင္ မွားယြင္းတဲ့ အသံုးျပဳမႈေတြ နားလည္မႈလြဲမွားမႈေတြေၾကာင့္ ဒီလိုအေလ့အထဆိုးေတြကိုလုပ္မိေနရင္ေတာ့ ရပ္တန္႔ဖိုလိုအပ္လာေနပါၿပီ။ ဒီလုိမွမဟုတ္ရင္ေတာ့ အညစ္အေၾကးေတြ ကပ္ၿငိ ေနႏိုင္တဲ့ သင္တို႔ရဲ႕ဖုန္းေတြက တစ္ခ်ိန္ခ်ိန္မွာ သင္တို႔ကို နာမက်န္းျဖစ္ေအာင္ လုပ္လာပါလိမ့္မယ္။

ေမာင္မုိးဇြန္

(Unicode Version)

သင့်ဖုန်းက သင့်ကို ဖျားနာစေပြီလား

သင့်ဖုန်းက သင့်ကိုနာဖျားစေဖို့ တစ်စိတ်တစ်ပိုင်းအားဖြင့် တွန်းအားပေးနေတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား။ ဆန်းကြယ် တယ်နော်။ ဒါပေမယ့် သုတေသနပြုလုပ်ချက်တချို့မှာတော့ မိမိတို့ကိုယ်ပိုင်ကိုင်တွယ်နေတဲ့ဖုန်းတွေဟာ ဖုန်းကိုင်ဆောင်သူ တွေကို နာမကျန်းဖြစ်စေတဲ့အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ အတိအလင်းဆိုကြပါတယ်။ အကြောင်းအရင်းကတော့ ဖုန်းတွေဟာမမြင်နိုင်တဲ့ အညစ်အကြေးတွေနဲ့ ပေပွနေကြလို့ပါတဲ့။

အမှတ်တမဲ့အားဖြင့်ဆိုရင် လူတိုင်းနီးပါးဟာ မိမိတို့ကိုင်တွယ်နေကြတဲ့လက်ကိုင်ဖုန်းတွေကို လှလှပပဖြစ်အောင် တန်ဆာဆင်ကြ၊ ခြယ်သတတ်ကြပါတယ်။ Cover ဒီဇိုင်းဆန်းဆန်းလေးတွေ၊ Screen Guard ကောင်းကောင်းတွေသုံးပြီး အပေါ်ယံအလှအပတွေကို စိတ်ကြိုက်ပြင်ဆင်တတ်ကြတာကလူ့သဘာဝပါပဲ။ တချို့တွေဆို ကျောက်မျက်ရတနာတွေနဲ့တောင် စီခြယ်ကြပါသေးတယ်။

ဒါပေမယ့် လန်ဒန်တက္ကသိုလ်ကတည်ထောင်ထားတဲ့ ကွင်းစ်မေရီ အခြေစိုက်လန်ဒန်တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အပူပိုင်းဒေသဆေးဝါးလေ့လာရေးကျောင်း (London School of Hygiene and Tropical Medicine) က လေ့လာချက်တွေ အရဆိုရင် ဖုန်း ၆ လုံးမှာ ၁ လုံး ဟာ မသန့်ရှင်းတဲ့အညစ်အကြေးတွေ ကပ်ငြိနေတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ကမ္ဘာပေါ်မှာ ရှိတဲ့ ဖုန်းအားလုံးရဲ့ ၁၆%မှာ ရောဂါပိုးမျိုးစုံ ကပ်ငြိနိုင်တဲ့ အညစ်အကြေးတွေ ကပ်တွယ်နေတယ်ဆိုတဲ့သဘော။

ဒါဟာဖြစ်နိုင်ပါ့မလား။ အိမ်သာကျင်းထဲ ဖုန်းပြုတ်ကျနေတာမှ မဟုတ်တာလို့ လူတချို့က စောဒကတက်ချင်တက်ကြ ပါလိမ့်မယ်။ ဒါပေမယ့် ယနေ့ကမ္ဘာပေါ်ကလူအများစုကတော့ အိမ်သာဝင်တိုင်းဖုန်းကိုပါ တစ်ပါတည်း ယူဆောင်သွားတတ်ကြ ပါတယ်။ ချစ်သူရည်းစားနဲ့ချိန်းပြီးဆိုလည်း ဖုန်းပါတယ်။ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြတဲ့အခါလည်း  ဖုန်းပါတယ်။ စာသင်ခန်းထဲဆိုလည်း ဖုန်းတကိုင်ကိုင်၊ အိမ်မှာမိသားစုနဲ့ ထမင်းစားကြတဲ့အခါလည်း ဖုန်းလေးကဘေးနားမှာ။ ကုန်ကုန်ပြော ရရင် လူတစ်ယောက်ဟာ တစ်နေ့ကိုပျမ်းမျှဖုန်းကို အကြိမ် အရေအတွက် ၂၆၀၀ ဝန်းကျင် ထိတွေ့မိတတ်ပါတယ်။ အဲဒီလိုနေရာ မျိုးစုံကိုယူသွားလေ့ရှိပြီး အမြဲတမ်းနီးပါး ထိတွေ့နေရတဲ့ဖုန်းကို အိမ်သာခန်းထဲကိုလည်း ယူသွားတတ်ကြတော့ အညစ်အကြေး တွေ ကပ်ငြိတာမဆန်းလှပါဘူး။ အိမ်သာထဲကို ဖုန်းယူသွားတာက ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင် အလွန်အင်မတန်ကို ဆိုးရွားလှတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။

စစ်တမ်းတွေအရတော့ သြစတေးလျနိုင်ငံမှာ အိမ်သာတက်ရင်း ဖုန်းသုံးတဲ့နှုန်းက ၄၁ရာခိုင်နှုန်း၊ အမေရိကန်မှာဆို ၇၅ ရာခိုင်နှုန်းအထိရှိနေပြီးတော့ မြန်မာနိုင်ငံမှာလည်း အဲဒီနှုန်းထားထက် မနိမ့်ဘူး လို့ခန့်မှန်းလို့ရနိုင်ပါတယ်။ အိမ်သာတက်နေ တုန်းမှာ ဖုန်းနဲ့ Facebook သုံးတယ်၊ Chatting ထိုင်တယ်၊ Email  ပို့တယ်၊ ဗီဒီယိုကြည့်တယ် စသဖြင့်ပေါ့။ သိထားရမှာက အိမ်သာထဲမှာဆိုရင် ရေတွေ၊ လေမှုန်တွေက ဖုန်း Cover တွေထဲမှာ ခိုအောင်းနေနိုင်တယ်။ ပြီးတော့လည်း ဖုန်း Cover အများစုက ရာဘာ ဒါမှမဟုတ် ဆီလီကွန်သားတွေနဲ့ ပြုလုပ်ထားတတ်တာမို့ ဘက်တီးရီးယားတွေအတွက် နတ်ဘုံနတ်နန်း တစ်ခုလိုဖြစ်နေတတ်တာကိုလည်း မမေ့သင့်ပါဘူး။

လန်ဒန်တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အပူပိုင်းဒေသ ဆေးဝါးလေ့လာရေးကျောင်းရဲ့လေ့လာချက်အရတော့ အိမ်သာ တက်ပြီးတိုင်း လက်ကိုဆေးကြောတယ်လို့ ဖြေဆိုသူ ၉၅%  ရှိပါတယ်။ ဘယ်လောက်ပမာဏက လိမ်ပြောတယ်ဆိုတာ မသိနိုင်ဘူးလို့ အဲစစ်တမ်းမှာကိုက အတိအလင်းဖော်ပြထားတယ်။ နောက်ပြီး တကယ်လို့လက်ဆေးတယ်ဆိုရင်တောင်မှ ဒီအတိုင်းရေဆေးရုံသက်သက် လုပ်တာလား။ ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးတာလားဆိုတဲ့အပေါ်မူတည်ပြီး လက်မှာ အညစ် အကြေးကပ်ငြိမှု ပမာဏကကွာခြားဦးမှာဖြစ်ပါတယ်။ အဲလိုကပ်ငြိလာမယ့် အညစ်အကြေးတွေဟာ ကိုယ်ကိုင်တွယ်နေတဲ့ မိုဘိုင်းဖုန်းတွေကိုပါဆက်လက်တွယ် ငြိတော့မှာကတော့ အသေအချာပါပဲ။

နောက်ထပ်လေ့လာချက်တစ်ခုဖြစ်တဲ့ Annals of Clinical Microbiology and Antimicrobials ဆေးမှတ်တမ်း တွေအရကျန်းမာရေးဝန်ထမ်း ၉၅% ရဲ့မိုဘိုင်းဖုန်းတွေမှာ ရောဂါပိုးဘက်တီးရီယားတွေ ကပ်ငြိနေပြီးတော့ အဲထဲကမှ တချို့က ရောဂါကူးစက်ဖို့ အလားအလာရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အရီဇိုးနားတက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ သုတေသနပြုလုပ်ချက်တွေမှာတော့ လူတွေကိုင်ဆောင်အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေမှာကပ်ငြိနေနိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားပမာဏဟာ အိမ်သာရေကမုတ်ထဲက ဘက်တီးရီးယား ပမာဏထက် ၁၀ ဆ ပိုများတယ်လို့ ဖော်ပြထားပါတယ်။

အိမ်သာထဲက ဆယ်မွန်နီလာဘက်တီးရီးယား (Salmonella) ၊ အီကိုလီဘက်တီးရီးယား (E.coli) ၊ ရှီဂယ်လာ ဘက်တီးရီးယား (Shigella) နဲ့ ကန်ပိုင်လိုဘတ်စ်တာဘက်တီးရီးယား (Campylobacter) ပိုးတွေကလူတွေကို ဖျားနာစေတယ်။ နောက်ထပ်ဂတ်စ်ထရို (Gastro) နဲ့ စတပ် (Staph) ဗိုင်းရပ်ပိုးတွေကလည်း ဖုန်းမှာအလွယ်တကူ ကပ်ငြိနိုင်ဆုံး ဘက်တီးရီးယား တွေဖြစ်ပါတယ်။ အိမ်သာရေချိုးခန်းဝင်ခြင်း အမှုကြောင့် အပြင်လူတွေက တခြားနည်းလမ်းတွေပုံသဏ္ဌာန် အမျိုးမျိုးနဲ့လည်း ဖုန်းတွေကိုညစ်ပတ်စေပါသေးတယ်။

နောက်ပြီးတော့ လူတွေက အစာစားနေချိန်တွေမှာလည်း ဖုန်းလာလို့ ကောက်ကိုင်တာပဲဖြစ်ဖြစ်၊ Facebook ဖွင့်ကြည့်တာပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် ဖုန်းကိုတော့သုံးဖြစ်ပါတယ်။ အဲဒီမှာပဲ အကြောင်းအမျိုးမျိုးကြောင့် မိမိဖုန်းမှာ ကပ်ငြိပါလာတဲ့ ဗိုင်းရပ်တွေ၊ ဘက်တီးရီးယားတွေက ပါးစပ်နဲ့အစာထဲကနေတစ်ဆင့် ဝမ်းဗိုက်ထဲကို ဝင်ကုန်တာပါပဲ။ ဘာတွေ ဖြစ်လာမလဲဆိုရင် လူဟာပျို့အန်လာတယ်၊ ဖျားနာလာတယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ရုံမက ဗိုက်နာတာတွေလည်း ဖြစ်လာတတ်ပါတယ်။

ဒါ့အပြင် တုပ်ကွေးလိုရောဂါပိုးမျိုးတွေက ဖုန်းမျက်နှာပြင်ပေါ်မှာ ၂၄ နာရီအထိရှင်သန်နိုင်တာကြောင့် တုပ်ကွေးရာသီ တွေမှာ တုပ်ကွေးဖြစ်နိုင်ခြေက သာမန်ထက် အဆပေါင်းများစွာပိုနေပါတယ်။ ခုနောက်ပိုင်းနှစ်တွေမှာ ကမ္ဘာတစ်ဝန်း တုပ်ကွေးရောဂါကပ်ဘေး မကြာခဏသင့်နေတာဟာ ဖုန်းအသုံးပြုမှုဆိုင်ရာအမူအကျင့်ဆိုးတွေရဲ့ အကျိုးဆက်တွေကြောင့် လည်း ပါဝင်နေတယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် အိမ်သာထဲ ဖုန်းယူမသွားဖြစ်အောင် သတိထားရမှာဖြစ်ပြီးတော့ အစာစားနေတုန်းမှာဖုန်းမပြောမိ၊ မသုံးမိစေဖို့လည်း ဂရုစိုက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရရင်တော့ ဖုန်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးနေသင့်ပါတယ်။ ဒါဟာ နည်းလမ်းတကျတော့ မဟုတ်ပေမယ့် ကျန်းမာရေးထိခိုက်နိုင်ခြေကိုတော့ အတိုင်းအတာ တစ်ခုအားဖြင့် လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဖုန်းတွေကို ရုပ်ပိုင်းဆိုင်ရာအရ သန့်ရှင်းရေးလုပ်ပေးသင့်တယ်လို့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အကြံပြု ကြတာဖြစ်ပါတယ်။

စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ အကြံပြုချက်တွေအရ alcohol-based sanitizer တွေ၊ household cleaner တွေ၊ Microfiber cleaning cloths တွေ ဒါမှမဟုတ် (ရေစိုခံဖုန်းတွေမှာ)ရေကို အသုံးပြုပြီး ကိုယ့်ဖုန်းကို သန့်ရှင်းပေးလို့ရ တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဖုန်မှုန့်တွေကိုပဲ သန့်ရှင်းပေးနိုင်တာကိုတော့ မမေ့သင့်ပါဘူး။ ဘယ်လိုသန့်ရှင်းရေး တွေ လုပ်နေပါစေ ဖုန်းကိုအိမ်သာတက်ချိန်နဲ့ အစာစားချိန်တိုင်းမှာ အနားမှာထားနေရင်တော့ ကူးစက်ရောဂါတွေ ဖြစ်လာနိုင်ခြေ က လျော့ကျသွားမှာမဟုတ်ဘူးလို့ အော်လန်ဒိုကျန်းမာရေးဌာနက ပါမောက္ခ JaminBrahmbhatt က အကြံပြုထားပါတယ်။

မိုဘိုင်းဆက်သွယ်ရေးစနစ် ဖွံ့ဖြိုးမှုနောက်ကျခဲ့တာကြောင့် မကြာသေးခင်ကမှ စမတ်ဖုန်းတွေ တိုးပွားလာခဲ့တဲ့ မြန်မာပြည်မှာ ဖုန်းအသုံးပြုမှုနဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှုတွေ၊ အလေ့အထပိုင်းဆိုင်ရာတွေကို စနစ်တကျ လေ့လာသုတေသန ပြုမှုတွေ နည်းပါးနေပါသေးတယ်။ သေချာလေလ့ာစစ်တမ်းထုတ်ကြမယ်ဆိုရင် မြန်မာပြည်မှာလည်း မှားယွင်းနေတဲ့ ဖုန်း အသုံးပြုမှု အလေ့အထတွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

လက်ရှိမိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ မိမိတို့ကိုယ်တိုင် မှားယွင်းတဲ့ အသုံးပြုမှုတွေ နားလည်မှုလွဲမှားမှုတွေကြောင့် ဒီလိုအလေ့အထဆိုးတွေကိုလုပ်မိနေရင်တော့ ရပ်တန့်ဖိုလိုအပ်လာနေပါပြီ။ ဒီလိုမှမဟုတ်ရင်တော့ အညစ်အကြေးတွေ ကပ်ငြိ နေနိုင်တဲ့ သင်တို့ရဲ့ဖုန်းတွေက တစ်ချိန်ချိန်မှာ သင်တို့ကို နာမကျန်းဖြစ်အောင် လုပ်လာပါလိမ့်မယ်။

မောင်မိုးဇွန်