လြန္ခဲ့တဲ့ ဆယ္ႏွစ္အတြင္းကမၻာကိုေျပာင္းလဲေစခဲ့တဲ့ နည္းပညာ (၇) ခု

0
185

လက္ရွိအခ်ိန္ ကမၻာႀကီးကိုေမာင္းႏွင္ေနတာကနည္းပညာေတြပါ။ ကြၽန္ေတာ္တို႔လူသားေတြဟာ တျဖည္းျဖည္းနဲ႔ နည္းပညာေခတ္ထဲကို ေရာက္မွန္းမသိေရာက္သြားၾကပါၿပီ။ ၿပီးခဲ့တဲ့ဆယ္ႏွစ္အတြင္းမွာ ဒစ္ဂ်စ္တယ္လူေနမႈဘဝကိုေျပာင္းလဲ ေစခဲ့တဲ့နည္းပညာေတြ တစ္ခုၿပီးတစ္ခုေပၚေပါက္ခဲ့ပါတယ္။ အဲဒီထဲကမွ ထင္ရွားခဲ့တဲ့နည္းပညာ (၇) ခုကေတာ့ –

1. Facebook

Mark Zuckerberg နဲ႔ သူငယ္ခ်င္းအေပါင္းအပါေတြက Facebook ကို ၂ဝဝ၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာစတင္ခဲ့ပါတယ္။ အခုအခ်ိန္နာမည္ ေက်ာ္လူသိမ်ားေနတဲ့ Facebook ဆိုတာက နည္းပညာေလာကမွာ ပထမဆံုးလူမႈကြန္ရက္တစ္ခုေတာ့မဟုတ္ ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕တိုးတက္မႈႏႈန္းကအရမ္းကို လ်င္ျမန္ခဲ့ပါတယ္။ အခုဆိုရင္ လူမႈကြန္ရက္ေပၚမွာတစ္ေယာက္နဲ႔ တစ္ေယာက္ နည္းအမ်ိဳးမ်ိဳးနဲ႔ ဆက္သြယ္ႏိုင္တာ၊ ခံစားခ်က္ေတြ မွ်ေဝႏိုင္တာေၾကာင့္ ႀကီးမားက်ယ္ျပန္႔တဲ့လူမႈကမၻာတုႀကီးတစ္ခု ျဖစ္လာတဲ့အျပင္ စီးပြားေရးလုပ္ငန္းေတြအတြက္ ေၾကာ္ျငာေစ်းကြက္ႀကီးတစ္ခုလိုပါျဖစ္ေနပါၿပီ။ သံုးစြဲသူဘီလီယံနဲ႔ခ်ီၿပီးရွိသြားၿပီျဖစ္သလို သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္ဖုိ႔ Facebook အေကာင့္အသစ္ဖြင့္တဲ့သူေတြလည္း အမ်ားအျပားရွိေနတုန္းပါပဲ။

2. YouTube

2005 ခုႏွစ္မွာ YouTube ကို PayPal ဝန္ထမ္းေဟာင္းေတြျဖစ္ၾကတဲ့ Jaweb Karim, Steve Chen နဲ႔ Chad Hurley တို႔က စတင္ခဲ့ပါတယ္။ သူတို႔ဟာ YouTube Website ကို အခ်ိန္ ၆ လေလာက္အကုန္ခံၿပီး ဖန္တီးခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ ကမၻာေပၚမွာအထင္ရွားဆံုးဗီဒီယို ေဝမွ်တဲ့ Website ႀကီးတစ္ခုျဖစ္လာခဲ့ၿပီး Google ကေနေဒၚလာ ၁.၆၅ ဘီလီယံနဲ႔ ဝယ္ယူဖို႔ ကမ္းလွမ္းခံရတဲ့အထိပါပဲ။

YouTube ေပၚကဗီဒီယိုေတြကို ဘယ္သူမဆိုအလြယ္တကူ ၾကည့္႐ႈႏိုင္ေပမယ့္ ဗီဒီယိုေတြကိုအေရအတြက္ အကန္႔ အသတ္မရွိ Upload တင္ခ်င္တယ္ဆိုရင္ေတာ့ Register ျပဳလုပ္ဖို႔လုိအပ္ပါတယ္။ ေဖ်ာ္ေျဖေရး အစီအစဥ္ေတြနဲ႔ ႐ုပ္ရွင္ကားေတြ ကို Website  ေပၚမွာၾကည့္႐ႈႏိုင္ဖို႔အတြက္လည္း YouTube ဟာ CBS, Vevo, BBC နဲ႔ Lions Gate တို႔လို ကုမၸဏီ အေျမာက္ အျမားနဲ႔ သေဘာတူညီမႈစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

3. iPhone

2007 ခုႏွစ္မွာေတာ့ Apple ကုမၸဏီက iPhone ကို နည္းပညာေလာကအတြင္းကိုယူေဆာင္လာပါတယ္။ iPhone ဟာ ထြက္ထြက္ခ်င္းမွာပဲ အားလံုးရဲ႕သေဘာက်ႏွစ္ၿခိဳက္မႈကိုရရွိခဲ့သလို မိုဘိုင္းဖုန္းေလာကကိုလည္း တစ္ဆစ္ခ်ိဳးေျပာင္းလဲေစခဲ့ပါ တယ္။ iPhone မွာေျပာင္ေခ်ာေနတဲ့ ဖန္ထည္ Touch-Screen မ်က္ႏွာျပင္နဲ႔ အတြင္းအျပင္ လွပေက်ာ့ရွင္းတဲ့ ဒီဇိုင္းတို႔ေၾကာင့္ အဲ့ဒီေခတ္တုန္းက ဘယ္ဖုန္းမွ ယွဥ္လို႔မရခဲ့ပါဘူး။ အခုအခ်ိန္အထိလည္း iPhone ဆိုတာနဲ႔ လူတိုင္းႏွစ္သက္ေနတုန္းပါပဲ။

4. Google ရဲ႕ေမာင္းသူမဲ့ကား

၂ဝဝ၈ ခုႏွစ္မွာ Google ဟာေမာင္းသူမဲ့ကားပေရာဂ်က္ကို စတင္ခဲ့ပါတယ္။ Google ဟာ ကမၻာေပၚမွာပထမဆံုး ယာဥ္ ေမာင္းမပါဘဲ ခရီးအကြာအေဝး ၁၄ဝဝဝဝ မိုင္ကိုေမာင္းႏွင္ႏိုင္ခဲ့တဲ့ ကားတစ္စင္းကိုစမ္းသပ္ေအာင္ျမင္ခဲ့ပါတယ္။ သူတို႔စမ္းသပ္ ခဲ့တဲ့ ေမာင္းသူမဲ့ကား Toyota Prius မွာဆိုရင္ ဘရိတ္နဲ႔ လီဗာနင္းျပားေတြမပါသလိုစတီယာရင္လည္းမပါပါဘူး။ ဒီကားရဲ႕ အဓိကရည္ရြယ္ခ်က္က ခရီးသည္ေတြကိုသတ္မွတ္ထားတဲ့ေနရာ တစ္ခုကေနေနာက္တစ္ခုကိုပို႔ေဆာင္ေပးဖို႔ပါပဲ။ Start Button, Emer-gency Stop Button ႏွစ္ခုသာပါဝင္ၿပီး ကားရဲ႕အျမန္ႏႈန္းနဲ႔ ျပင္ပရာသီဥတု အေျခအေနကိုျပမယ့္ Screen ငယ္ေလးတစ္ခုသာပါဝင္ပါတယ္။

ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းကိုသိတဲ့ မွတ္ဥာဏ္စနစ္လည္း ပါဝင္ၿပီးကားေတြ၊ လူေတြကိုမွတ္သားႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။ အမ်ားျပည္သူသံုးသယ္ယူပို႔ေဆာင္ေရးစနစ္ေတြမွာ အစားထိုးဖို႔ေတာ့ အခ်ိန္အနည္းငယ္ေစာင့္ဆိုင္းရပါဦးမယ္။

5. Tesla’s Roadster လွ်ပ္စစ္ကား

၂ဝဝ၈ ခုႏွစ္မွာ Tesla Motors ကုမၸဏီက ကမၻာ့တစ္ဝန္းလံုးကို Tesla Roadster လို႔ေခၚတဲ့လွ်ပ္စစ္ကားေတြ က်ယ္က်ယ္ျပန္႔ျပန္႔ေရာင္းခ်ခဲ့ပါတယ္။

Telsa အတြက္ ေစ်းကြက္ထဲမွာ ႀကီးႀကီးက်ယ္က်ယ္ယွဥ္ၿပိဳင္ရမယ့္သူမရွိခဲ့သလို၂ဝ၁၁ ခုႏွစ္ မတ္လမွာတတိယႏိုင္ငံ ေတြကိုအစီးေရ ၁၆၅ဝ ေရာင္းခ်ေပးႏိုင္ခဲ့ပါတယ္။ Telsa ရဲ႕ လွ်ပ္စစ္ကားေတြဟာအျမန္ႏႈန္း 130 mph သြားႏိုင္သလို ၃.၉ စကၠန္႔အတြင္းမွာအျမန္ႏႈန္း 60 mph အထိေရာက္ေအာင္ ေမာင္းႏိုင္ပါတယ္။ ဓာတ္ဆီကားေတြရဲ႕စြမ္းေဆာင္ရည္ အကုန္လံုး နီးပါးေလာက္ကိုစြမ္းေဆာင္ႏို္င္တဲ့ လွ်ပ္စစ္ကားပါ။ Tesla Motors ဆိုတာက ၂ဝဝ၃ ခုႏွစ္မွ စတင္တည္ေထာင္ခဲ့တဲ့ California အေျခစိုက္ကားကုမၸဏီပါ။

6. iPad

ေနာက္ထပ္နည္းပညာပစၥည္းတစ္ခုကေတာ့ ၂ဝ၁ဝ မွာ Apple က မိတ္ဆက္ေပးလိုက္တဲ့ iPad ပါ။ Tablet ကြန္ပ်ဴတာ တစ္လံုးလို႔ ေျပာႏိုင္သလိုဂိမ္းေဆာ့တာ၊ စာဖတ္တာ၊ ႐ုပ္ရွင္ၾကည့္္တာအပါအဝင္ ကြန္ပ်ဴတာလုပ္ႏိုင္တဲ့အရာေတာ္ေတာ္ မ်ားမ်ားကို လုပ္ႏိုင္ပါတယ္။ သူရဲ႕ အေလးခ်ိန္၊ အရြယ္အစားနဲ႔ ပါးလႊာတဲ့ ဒီဇိုင္းအသြင္အျပင္ေၾကာင့္ ထင္ရွားတဲ့အျပင္ စြမ္း ေဆာင္ရည္မွာလည္း မိုဒယ္ျမင့္စမတ္ဖုန္းေတြအပါအဝင္ လက္ေတာ့ေတြနဲ႔  ေကာင္းေကာင္းႀကီးယွဥ္ႏိုင္ပါတယ္။ Touch Screen Display မွာ Virtual ကီးဘုတ္ ပါဝင္ေပမယ့္ Bluetooth ကီးဘုတ္တပ္သံုးမယ္ဆိုလည္း ရပါတယ္။

7. Android

၂ဝ၁ဝ မွာေပၚေပါက္လာတဲ့ Android ရဲ႕ ႐ိုက္ခတ္မႈကေတာ့ ေတာ္ေတာ္ႀကီးကို ျပင္းထန္ပါတယ္။ ဖုန္းေလာကမွာ ဗိုလ္က်ေနတဲ့ Nokia ရဲ႕ Symbian ေတာင္ ေဘးေရာက္သြားေလာက္ေအာင္ေၾကာက္ဖို႔ ေကာင္းခဲ့ပါတယ္။ အခုအခ်ိန္ဆိုရင္ စမတ္ဖုန္းအားလံုးလိုလိုဟာ Android နဲ႔ ေမာင္းႏွင္ေနၾကပါၿပီ။ (iPhone ေတြေတာ့ မပါဘူးေပါ့။) Google က ဖန္တီးေပးထားတဲ့ Android ေစ်းကြက္ႀကီးေပၚမွာဆိုရင္ application ေပါင္း ႏွစ္သိန္းေလာက္ကိုေဒါင္းလုတ္ဆြဲၿပီးအသံုးျပဳလိို႔ရပါတယ္။ OS က ခြင့္ျပဳထားတဲ့ တျခား Third Party Website ေတြက အသံုးျပဳခ်င္လည္း ရပါတယ္။

မင္းသုခ

(Unicode Version)

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့ နည်းပညာ (၇) ခု

လက်ရှိအချိန် ကမ္ဘာကြီးကိုမောင်းနှင်နေတာကနည်းပညာတွေပါ။ ကျွန်တော်တို့လူသားတွေဟာ တဖြည်းဖြည်းနဲ့ နည်းပညာခေတ်ထဲကို ရောက်မှန်းမသိရောက်သွားကြပါပြီ။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ဒစ်ဂျစ်တယ်လူနေမှုဘဝကိုပြောင်းလဲ စေခဲ့တဲ့နည်းပညာတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီထဲကမှ ထင်ရှားခဲ့တဲ့နည်းပညာ (၇) ခုကတော့ –

1. Facebook
Mark Zuckerberg နဲ့ သူငယ်ချင်းအပေါင်းအပါတွေက Facebook ကို ၂ဝဝ၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာစတင်ခဲ့ပါတယ်။ အခုအချိန်နာမည် ကျော်လူသိများနေတဲ့ Facebook ဆိုတာက နည်းပညာလောကမှာ ပထမဆုံးလူမှုကွန်ရက်တစ်ခုတော့မဟုတ် ပါဘူး။ ဒါပေမယ့် သူ့ရဲ့တိုးတက်မှုနှုန်းကအရမ်းကို လျင်မြန်ခဲ့ပါတယ်။ အခုဆိုရင် လူမှုကွန်ရက်ပေါ်မှာတစ်ယောက်နဲ့ တစ်ယောက် နည်းအမျိုးမျိုးနဲ့ ဆက်သွယ်နိုင်တာ၊ ခံစားချက်တွေ မျှဝေနိုင်တာကြောင့် ကြီးမားကျယ်ပြန့်တဲ့လူမှုကမ္ဘာတုကြီးတစ်ခု ဖြစ်လာတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေအတွက် ကြော်ငြာဈေးကွက်ကြီးတစ်ခုလိုပါဖြစ်နေပါပြီ။ သုံးစွဲသူဘီလီယံနဲ့ချီပြီးရှိသွားပြီဖြစ်သလို သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ Facebook အကောင့်အသစ်ဖွင့်တဲ့သူတွေလည်း အများအပြားရှိနေတုန်းပါပဲ။

2. YouTube
2005 ခုနှစ်မှာ YouTube ကို PayPal ဝန်ထမ်းဟောင်းတွေဖြစ်ကြတဲ့ Jaweb Karim, Steve Chen နဲ့ Chad Hurley တို့က စတင်ခဲ့ပါတယ်။ သူတို့ဟာ YouTube Website ကို အချိန် ၆ လလောက်အကုန်ခံပြီး ဖန်တီးခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကမ္ဘာပေါ်မှာအထင်ရှားဆုံးဗီဒီယို ဝေမျှတဲ့ Website ကြီးတစ်ခုဖြစ်လာခဲ့ပြီး Google ကနေဒေါ်လာ ၁.၆၅ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခံရတဲ့အထိပါပဲ။

YouTube ပေါ်ကဗီဒီယိုတွေကို ဘယ်သူမဆိုအလွယ်တကူ ကြည့်ရှုနိုင်ပေမယ့် ဗီဒီယိုတွေကိုအရေအတွက် အကန့် အသတ်မရှိ Upload တင်ချင်တယ်ဆိုရင်တော့ Register ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ရုပ်ရှင်ကားတွေ ကို Website  ပေါ်မှာကြည့်ရှုနိုင်ဖို့အတွက်လည်း YouTube ဟာ CBS, Vevo, BBC နဲ့ Lions Gate တို့လို ကုမ္ပဏီ အမြောက် အမြားနဲ့ သဘောတူညီမှုစာချုပ်ချုပ်ဆိုထားပါတယ်။

3. iPhone
2007 ခုနှစ်မှာတော့ Apple ကုမ္ပဏီက iPhone ကို နည်းပညာလောကအတွင်းကိုယူဆောင်လာပါတယ်။ iPhone ဟာ ထွက်ထွက်ချင်းမှာပဲ အားလုံးရဲ့သဘောကျနှစ်ခြိုက်မှုကိုရရှိခဲ့သလို မိုဘိုင်းဖုန်းလောကကိုလည်း တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါ တယ်။ iPhone မှာပြောင်ချောနေတဲ့ ဖန်ထည် Touch-Screen မျက်နှာပြင်နဲ့ အတွင်းအပြင် လှပကျော့ရှင်းတဲ့ ဒီဇိုင်းတို့ကြောင့် အဲ့ဒီခေတ်တုန်းက ဘယ်ဖုန်းမှ ယှဉ်လို့မရခဲ့ပါဘူး။ အခုအချိန်အထိလည်း iPhone ဆိုတာနဲ့ လူတိုင်းနှစ်သက်နေတုန်းပါပဲ။

4. Google ရဲ့မောင်းသူမဲ့ကား
၂ဝဝ၈ ခုနှစ်မှာ Google ဟာမောင်းသူမဲ့ကားပရောဂျက်ကို စတင်ခဲ့ပါတယ်။ Google ဟာ ကမ္ဘာပေါ်မှာပထမဆုံး ယာဉ် မောင်းမပါဘဲ ခရီးအကွာအဝေး ၁၄ဝဝဝဝ မိုင်ကိုမောင်းနှင်နိုင်ခဲ့တဲ့ ကားတစ်စင်းကိုစမ်းသပ်အောင်မြင်ခဲ့ပါတယ်။ သူတို့စမ်းသပ် ခဲ့တဲ့ မောင်းသူမဲ့ကား Toyota Prius မှာဆိုရင် ဘရိတ်နဲ့ လီဗာနင်းပြားတွေမပါသလိုစတီယာရင်လည်းမပါပါဘူး။ ဒီကားရဲ့ အဓိကရည်ရွယ်ချက်က ခရီးသည်တွေကိုသတ်မှတ်ထားတဲ့နေရာ တစ်ခုကနေနောက်တစ်ခုကိုပို့ဆောင်ပေးဖို့ပါပဲ။ Start Button, Emer-gency Stop Button နှစ်ခုသာပါဝင်ပြီး ကားရဲ့အမြန်နှုန်းနဲ့ ပြင်ပရာသီဥတု အခြေအနေကိုပြမယ့် Screen ငယ်လေးတစ်ခုသာပါဝင်ပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုသိတဲ့ မှတ်ဉာဏ်စနစ်လည်း ပါဝင်ပြီးကားတွေ၊ လူတွေကိုမှတ်သားနိုင်အောင် ပြုလုပ်ထားပါတယ်။ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်တွေမှာ အစားထိုးဖို့တော့ အချိန်အနည်းငယ်စောင့်ဆိုင်းရပါဦးမယ်။

5. Tesla’s Roadster လျှပ်စစ်ကား
၂ဝဝ၈ ခုနှစ်မှာ Tesla Motors ကုမ္ပဏီက ကမ္ဘာ့တစ်ဝန်းလုံးကို Tesla Roadster လို့ခေါ်တဲ့လျှပ်စစ်ကားတွေ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချခဲ့ပါတယ်။

Telsa အတွက် ဈေးကွက်ထဲမှာ ကြီးကြီးကျယ်ကျယ်ယှဉ်ပြိုင်ရမယ့်သူမရှိခဲ့သလို၂ဝ၁၁ ခုနှစ် မတ်လမှာတတိယနိုင်ငံ တွေကိုအစီးရေ ၁၆၅ဝ ရောင်းချပေးနိုင်ခဲ့ပါတယ်။ Telsa ရဲ့ လျှပ်စစ်ကားတွေဟာအမြန်နှုန်း 130 mph သွားနိုင်သလို ၃.၉ စက္ကန့်အတွင်းမှာအမြန်နှုန်း 60 mph အထိရောက်အောင် မောင်းနိုင်ပါတယ်။ ဓာတ်ဆီကားတွေရဲ့စွမ်းဆောင်ရည် အကုန်လုံး နီးပါးလောက်ကိုစွမ်းဆောင်နိုင်တဲ့ လျှပ်စစ်ကားပါ။ Tesla Motors ဆိုတာက ၂ဝဝ၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့တဲ့ California အခြေစိုက်ကားကုမ္ပဏီပါ။

6. iPad
နောက်ထပ်နည်းပညာပစ္စည်းတစ်ခုကတော့ ၂ဝ၁ဝ မှာ Apple က မိတ်ဆက်ပေးလိုက်တဲ့ iPad ပါ။ Tablet ကွန်ပျူတာ တစ်လုံးလို့ ပြောနိုင်သလိုဂိမ်းဆော့တာ၊ စာဖတ်တာ၊ ရုပ်ရှင်ကြည့််တာအပါအဝင် ကွန်ပျူတာလုပ်နိုင်တဲ့အရာတော်တော် များများကို လုပ်နိုင်ပါတယ်။ သူရဲ့ အလေးချိန်၊ အရွယ်အစားနဲ့ ပါးလွှာတဲ့ ဒီဇိုင်းအသွင်အပြင်ကြောင့် ထင်ရှားတဲ့အပြင် စွမ်း ဆောင်ရည်မှာလည်း မိုဒယ်မြင့်စမတ်ဖုန်းတွေအပါအဝင် လက်တော့တွေနဲ့  ကောင်းကောင်းကြီးယှဉ်နိုင်ပါတယ်။ Touch Screen Display မှာ Virtual ကီးဘုတ် ပါဝင်ပေမယ့် Bluetooth ကီးဘုတ်တပ်သုံးမယ်ဆိုလည်း ရပါတယ်။

7. Android

၂ဝ၁ဝ မှာပေါ်ပေါက်လာတဲ့ Android ရဲ့ ရိုက်ခတ်မှုကတော့ တော်တော်ကြီးကို ပြင်းထန်ပါတယ်။ ဖုန်းလောကမှာ ဗိုလ်ကျနေတဲ့ Nokia ရဲ့ Symbian တောင် ဘေးရောက်သွားလောက်အောင်ကြောက်ဖို့ ကောင်းခဲ့ပါတယ်။ အခုအချိန်ဆိုရင် စမတ်ဖုန်းအားလုံးလိုလိုဟာ Android နဲ့ မောင်းနှင်နေကြပါပြီ။ (iPhone တွေတော့ မပါဘူးပေါ့။) Google က ဖန်တီးပေးထားတဲ့ Android ဈေးကွက်ကြီးပေါ်မှာဆိုရင် application ပေါင်း နှစ်သိန်းလောက်ကိုဒေါင်းလုတ်ဆွဲပြီးအသုံးပြုလို့ရပါတယ်။ OS က ခွင့်ပြုထားတဲ့ တခြား Third Party Website တွေက အသုံးပြုချင်လည်း ရပါတယ်။

မင်းသုခ