Tom Boy နဲ႔ႀကိဳက္တယ္ဆုိၿပီး ေဝဖန္ခံရသလို ဂဏန္းဟင္းေရာင္းလို႔ ဂဏန္းမလို႔လည္း ေခၚခံေနရတယ္ဆုိတဲ႔ Tik Tok Queen ေမနႏၵႏွင့္ ေတြ႕ဆံုျခင္း

0
1298

My Crab ဆုိတဲ႔ အြန္လိုင္း ဂဏန္းဟင္းလုိက္ပို႔တဲ႔ ဆုိင္ေလးကေတာ့ လက္ရွိအျပင္မွာ ျဖစ္တည္လာခဲ႔ပါျပီ၊ ဒီဆိုင္ေလးမွာရႏုိင္တဲ႔ အုန္းေမႊးလံုးနဲ႔ ဂဏန္းခ်ဥ္စပ္ဟင္းေတြက တကယ့္ကိုနာမည္ႀကီးတဲ႔ အစားအစာေတြလို႔ ဆိုရမွာပါ။ ဆုိင္ပိုင္ရွင္ေလးကေတာ့ ေမာ္ဒယ္လ္လည္း လုပ္တဲ့ေမနႏၵ ဆိုတဲ႔ မိန္းကေလးေပါ့၊ သူေလးက ဆိုင္ကို လူလည္း သိေအာင္၊ စားေနက်ေဖာက္သည္ေတြကိုလည္း ဂဏန္းဟင္းေလး မဲေဖာက္ေပးခ်င္တာေၾကာင့္ Give away ေလးေတြပံုမွန္လိုေပးေနခဲ႔တာပါ၊ တစ္ေန႔မထင္မွတ္ဘဲ သူမေပးတဲ႔ Give away နဲ႔ ပတ္သက္ၿပီး စာအေရးအသားမွားသြားတာေၾကာင့္ ျပိဳင္ပြဲဝင္သူေတြနဲ႔ Page ၾကားမွာ နားလည္မႈေတြလြဲ ျပႆ     နာေတြတက္ခဲ႔ရတာျဖစ္ပါတယ္။ ဒီကိစၥေၾကာင့္ပဲ ဆိုင္နဲ႔ ေမနႏၵကို လူပိုသိသြားတာေပါ့လို႔လည္း သူမက ေျပာခဲ႔ပါေသးတယ္။ ဒီျပႆ     နာနဲ႔ ပတ္သက္ၿပီးအားလံုးကို ေတာင္းပန္ခဲ႔ပါတယ္လို႔လည္း ဆုိပါတယ္။ လက္ရွိမွာ Tom Boy နဲ႔ ခ်စ္သူျဖစ္ေနတာေၾကာင့္ LGBT ေတြကိုလည္း စာနာနားလည္ေပးျဖစ္တယ္ဆုိတဲ႔ သူမက ဂဏန္းဟင္းေရာင္းလို႔ ဂဏန္းမ၊ ဂဏန္းသည္လို႔လည္း ေခၚခံေနရေပမယ့္ ေစ်းေရာင္းတာက ေကာင္းေရာင္းေကာင္းဝယ္လုပ္တာျဖစ္လို႔ သူမရွက္ပါဘူးတဲ႔။ သူမက Tik Tok မွာလည္း Queen လို႔ သတ္မွတ္ခံထားရျပီး ဒီလို သတ္မွတ္ၾကသူေတြရွိေနတာကိုလည္း ဘာကိစၥနဲ႔ Tik Tok Queen ျဖစ္ရတာလဲဆုိတဲ့ ေဝဖန္မႈေတြ ခံရေသးတာပါ။ ကဲ ဒီလို ထူးထူးျခားျခား ျဖစ္ရပ္ေလးေတြနဲ႔ ျပည့္စံုေနတဲ႔ My Crab ဆုိင္ရဲ႕ပိုင္ရွင္ေလး ေမနႏၵနဲ႔ ေတြ႔ဆံုေမးျမန္းျဖစ္ခဲ႔တာေလးေတြကို တစ္ခ်က္ေလာက္ ၾကည့္လိုက္ရေအာင္ပါေနာ္။

ညီမေလးက ဂဏန္းဆုိင္ေလးကို အြန္လုိင္းအေနနဲ႔ စခဲ့တယ္။ အဲဒီကေန အခုလို ဆိုင္ခန္းေလးတစ္ခန္း ျဖစ္လာခဲ႔တဲ႔အထိ လုပ္ျဖစ္ခဲ႔တာေလးေတြကို ေျပာျပေပးပါဦး။

ညီမ အသက္ ၁၉ ႏွစ္၊ ၁၀ တန္းေအာင္အၿပီးမွာ ေမာ္ဒယ္လ္ စလုပ္တယ္၊ အဲဒီမွာ Facebook Follower နည္းနည္းရလာေတာ့ ဂဏန္းေလးေတြကို Home made လုပ္ၿပီး အြန္လိုင္းကေန ေရာင္းၾကည့္တယ္၊ အဲဒီမွာ My Crab ဆိုတဲ႔ အြန္လိုင္းဂဏန္းဆုိင္ေလး နာမည္ႀကီးသြားတယ္။ ရန္ကုန္မွာအျပင္ မႏၱေလးမွာလည္း ေတာင္းဆုိတဲ႔ေဖာက္သည္ေတြရွိလာတယ္။ မႏၱေလးကိုေတာ့ တစ္လကို ၂ ခါေလာက္သြားျပီး အဲဒီမွာ ကိုယ္တုိင္သြားခ်က္ျပီး ေရာင္းေပးျဖစ္တယ္။ အဲဒီကေနမွ ေနာက္ပိုင္း BKK Night Market ေတြေပၚလာေတာ့ ဘန္ေကာက္ညေစ်းေတြမွာ ဝင္ဝင္ေရာင္းျဖစ္တယ္၊ လူလည္းပိုသိလာၿပီဆုိေတာ့ ဆုိင္ေလးဖြင့္မယ္ဆုိၿပီး အလံု၊ ငုဝါလမ္းနဲ႔ အလံုလမ္းေထာင့္မွာ ၂၀၁၈ လလယ္ေလာက္မွာ ညီမရဲ႔ အစ္မနဲ႔ေပါင္းၿပီး ဖြင့္ျဖစ္ခဲ႔တာပါ။

ဂဏန္းကို ကိုယ္တုိင္ခ်က္တာလား။

ဂဏန္းခ်က္တာက ညီမရဲ႕အစ္မခ်က္တာပါ။ သူက ဂဏန္းခ်က္တာ ကၽြမ္းတယ္ေလ၊ ေနာက္ပို္င္း ေအာ္ဒါမ်ားလာတဲ႔အခါက်ေတာ့ စာဖိုမွဴ းသပ္သပ္ေခၚလိုက္တယ္။ အခုကေတာ့ စာဖိုမွဴ းကပဲ ခ်က္ပါတယ္။

ညီမေလးရဲ႕အုန္းေမႊးလံုးအႀကီးႀကီးကလည္း အြန္လိုင္းမွာ နာမည္ႀကီးလုိက္ေသးတယ္ေနာ္။ အလံုမွာ ဆုိင္ဖြင့္ျဖစ္မွ အုန္းေမႊးလံုးစေရာင္းျဖစ္တာလား။

ဟုတ္တယ္၊ အလံု၊ ငုဝါလမ္းက ဆုိင္စဖြင့္ျဖစ္မွ အုန္းေမႊးလံုးတို႔ ဒိန္ခ်ဥ္တုိ႔၊ ဒိန္ခဲတို႔ ၾကက္အူေခ်ာင္း အစပ္ေၾကာ္တို႔ စေရာင္းျဖစ္တာပါ။ လက္ရွိမွာလည္း မီႏူးေတြထပ္ထပ္တိုးေရာင္းေပးေနတယ္၊ အရမ္းႀကီး ဝုန္းဒိုင္းဆုိၿပီး တိုးတာမ်ိဳးထက္ ေဖာက္သည္ေတြအႀကံေပးလာတဲ႔ မီႏူးေလးေတြကို တစ္ခုၿပီးတစ္ခု တုိးသြားတာမ်ိဳးပါ။

ဂဏန္းနဲ႔ နာမည္ႀကီးလာတာဆုိေတာ့ ဂဏန္းဟင္းနဲ႔ပတ္သက္ၿပီး ထပ္တုိးခ်ဲ႔မယ့္ မီႏူးေတြ ရွိေသးလား။

ရွိတယ္။ အခုဆုိရင္ ဂဏန္း ၂ မ်ိဳး ထပ္ခ်ဲ႔ထားတယ္၊ ကခ်င္ဂဏန္းေပါင္းနဲ႔ ဂဏန္း မဆလာခ်က္ပါ။ ညီမတို႔ဆုိ္င္ကေတာ့ အကုန္လံုး Home Made ျဖစ္တာက အားသာခ်က္လို႔ေျပာရမွာပါ။ လတ္လတ္ဆတ္ဆတ္ျဖစ္တာကို လူေတြက ပိုသေဘာက်ၾကပါတယ္။

Tik Tok ေၾကာင့္ နာမည္ႀကီးလာတယ္ဆုိတာဟုတ္လား။

အရင္တုန္းကေတာ့ Tik Tok မရွိေသးဘူးေလ။ အခုေနာက္ပုိင္း Tik Tok နာမည္ႀကီးလာေတာ့ အဲဒါေလး ေဆာ့ျဖစ္တယ္၊ အဲဒီမွာ မထင္မွတ္ဘဲ ညီမတင္တဲ႔ အကေလးေတြ ပို႔စ္ေလးေတြ ေပါက္သြားေတာ့ ဆုိင္ကိုလည္း လူပိုသိလာတယ္၊ ညီမကိုလည္း လူပိုသိလာတာေပါ့။ ဒါေပမယ့္ Tik Tok ထက္စာရင္ မွတ္မွတ္ရရတစ္ခုကေတာ့ ညီမက ဂဏန္းမဲေဖာက္ေပးၿပီးေတာ့ တကယ္လည္း မေပးဘူးဆိုတဲ႔ ျပႆ     နာတက္လုိုက္တာေလးက အြန္လုိင္းမွာ ျပန္႔သြားၿပီး ညီမကို လူေတာ္ေတာ္ ပိုသိသြားၾကတယ္လို႔ ထင္တယ္။

ဂဏန္းမေပးဘူးဆိုတဲ့ ျပႆ     နာက ဘယ္ကေန ဘယ္လိုစျဖစ္သြားတယ္လို႔ ထင္လဲ၊ ဆုိင္ဘက္က အမွားရွိသြားတာလား။

ဟုတ္တယ္။ ဂဏန္းဟင္း Give away ေပးတဲ႔ ပို႔စ္မွာ ဆုိင္ဘက္ကေတာ့ Caption ေရးတာ နည္းနည္းမွားသြားတာပါ၊ တခ်ိဳ႕လူေတြကေတာ့ ဖတ္တတ္တယ္၊ တစ္ခ်ိဳ႔ကက်ေတာ့ အယူအဆေလး နည္းနည္းလြဲသြားတယ္။ အဲဒီမွာ ေပးမယ့္ လူဦးေရစာရင္း နားလည္မႈလြဲသြားတာကို သိလုိက္ေပမယ့္ အြန္လိုင္းမွာ Boost လုပ္လုိက္တာက ျပင္လုိ႔မရတာနဲ႔ မျပင္ဘဲ ဒီတုိင္းထားလိုက္ရာကေန သြားမယ္၊ စားမယ္ ထဲမွာ ျပန္႔သြားတယ္။ ၿပီးေတာ့ မဲမေဖာက္ေပးဘူး၊ ကတိမတည္ဘူး ဆိုၿပီး ဝိုင္းေျပာၾကေတာ့တာပါပဲ။ အဲဒီတုုန္းက မဲမေဖာက္ေပးတာေတာ့ မဟုတ္ပါဘူး၊ မဲကေတာ့ ေဖာက္ေပးတယ္။ ဂဏန္းဟင္းကို အစကေပးမယ္လို႔ ေျပာတာက ၅ ေယာက္ေပးမယ္လို႔ ေျပာထားတယ္၊ ဒါေပမယ့္ ၇ ေယာက္ေပးလုိက္ပါတယ္။ အုန္းေမႊးလံုးကေတာ့ အလံုး ၂၀ ေဖာက္ေပးတာ၊ အုန္းေမႊးလံုးကိုေတာ့ လာမယူတဲ႔လူလည္း ရွိတယ္။ တခ်ိဳ႕မဲေပါက္တဲ႔သူက နယ္ဘက္ကဆုိေတာ့ေလ၊ ဒါေပမယ့္ သူတို႔ေတြကို ရန္ကုန္ေရာက္ရင္လာစားပါလို႔ ေျပာထားပါတယ္။

ညီမေလးအေနနဲ႔ ဆုိင္က Give away ေပးတဲ့ ဂဏန္းဟင္းကိစၥမွာ လိမ္တယ္၊ ေျပာထားတဲ့ ေၾကျငာထားတဲ႔အတုိင္း တကယ္မေပးဘူးဘာညာ ေျပာခံရေတာ့ ဒီဘက္လုပ္ငန္းပိုင္းမွာ ထိခုိက္တာေတြ ရွိေသးလား။

ဒါကေတာ့ ညီမတို႔လည္း ျပန္ေတာင္းပန္ထားတယ္၊ Page ကိုင္တဲ႔ Admin ကတစ္ေယာက္၊ ပစၥည္းပို႔တဲ႔ သူက တစ္ေယာက္ဆုိေတာ့ စိတ္ေတာ့နည္းနည္းရႈပ္ရတာေပါ့၊ ေျပာခံရတာနဲ႔ပတ္သက္ၿပီး Page မွာ အႏူးအညြတ္ေတာင္းပန္ထားတယ္၊ ဒါေပမယ့္ သူတို႔ေျပာတာက Customer ေတြကို ဆက္ဆံတဲ႔ပံုစံကို မၾကိဳက္ဘူးေပါ့၊ Page မွာ ျပန္ထားတဲ့ Reply ေတြဆုိတာကလည္း ဒီတုိင္း စေနာက္ၿပီးေတာ့ ေျပာထားတာပါ။ အဲဒါကိုလည္း ျပန္ေတာင္းပန္ထားပါတယ္။ အမ်ားစုကေတာ့ ေျပလည္သြားပါတယ္။ မေျပလည္တာက ၿပိဳင္ပြဲဝင္ခဲ့တဲ့သူေတြဘက္ကေပါ့၊ ဂ်င္းထည့္တယ္၊ ဂ်င္းထည့္တယ္ ဆုိၿပီး ေျပာေနၾကတာ။ ေနာက္ဆံုးဘယ္ေလာက္ထိေတာင္ ျဖစ္သြားလဲဆုိရင္ ညီမကို ဂဏန္းမလို႔ ေခၚၾကတယ္။ ဂဏန္းသည္ ဂဏန္းမ အဲနာမည္ေလးေတာ့ တြင္သြားတယ္။ အဲလိုေျပာခံရေပမယ့္ ညီမဘက္ကေတာ့ ဘာမွမျဖစ္ပါဘူး။ ကိုယ္နာမည္မၾကီးခင္ကတည္းက ဒီဂဏန္းကို စေရာင္းေနတာဆိုေတာ့ ဂဏန္းသည္၊ ဂဏန္းမ ဆုိလည္း ဒါက ခ်စ္စရာေကာင္းတဲ႔ နာမည္ေလးပဲလို႔ ခံယူပါတယ္။

အြန္လုိင္းမွာက ကိုယ္လုပ္လိုက္တဲ့ ေရးလုိက္တဲ့ စာေတြပံုေတြ၊ လုပ္ရပ္တစ္ခုက ဒီလုိျပႆ     နာအႀကီးႀကီးအထိ ျဖစ္လာေတာ့ ဒါကို ေနာက္ပို္င္း ပိုသတိထားမိလာတာမ်ိဳး ရွိလား။

ဟုတ္၊ ပိုၿပီးသတိထားမိလာတယ္၊ အစ္မ၊ အြန္လုိင္းမွာက ျပႆ     နာရယ္လို႔ ရွိလာရင္ ေျဖရွင္းေတာ့လည္း ေျဖရွင္းတယ္ဆုိျပီးျဖစ္တယ္၊ မေျဖရွင္းေတာ့လည္း မေျဖရွင္းဘူးဆိုၿပီး အျပစ္တင္ၾကတယ္ေလ။ အခုေနာက္ပိုင္းေတာ့ Post တစ္ခုခု တင္တာပဲ ျဖစ္ျဖစ္ Give away ေပးတာပဲ ျဖစ္ျဖစ္ စာကိုေသခ်ာျပန္စစ္ၿပီးမွပဲ တင္ခုိင္းတယ္၊ သင္ခန္းစာလည္း ရသြားတာေပါ့။ ေနာက္ၿပီး လာေျပာတဲ႔သူေတြကို အရင္ကဆုိ ဘာျဖစ္တယ္၊ ညာျဖစ္တယ္၊ Reply ေတြ ျပန္ေနေသးတယ္၊ အခုကေတာ့ သိသြားၿပီ။ ေျပာခ်င္တဲ႔သူေတြက ကိုယ္ေကာင္းတာလုပ္လည္း ေျပာမွာပဲ၊ မေကာင္းတာလုပ္လည္း ေျပာမွာပဲဆိုေတာ့ အခုေနာက္ပိုင္း ဘာမွကို ျပန္မေျပာျဖစ္ေတာ့ဘူး။ ကိုယ္လုပ္စရာရွိတာပဲ လုပ္ေတာ့တယ္။ အရင္လည္း ဂဏန္းဟင္းကို Give away ခဏခဏ ေပးျဖစ္တယ္၊ ဒါေပမယ့္ တစ္ခါမွ ျပႆ     နာမတက္ဖူးဘူး။ အခုေနာက္ဆံုးတစ္ခါေပးမွပဲ ျပႆ     နာတက္ေတာ့တာပဲ။

ညီမေလးအေနနဲ႔ အခုျပႆ     နာေၾကာင့္ ဂဏန္းဟင္းကို Give Away ေပးဖို႔ ေနာက္ထပ္ မလုပ္ရဲတာမ်ိဳးေရာ ျဖစ္သြားေသးလား။

မလုပ္ခ်င္ေတာ့တာ အစ္မ၊ ဆုိင္အတြက္လည္းေကာင္းမယ္။ ေဖာက္သည္ေတြကိုလည္း ေပးခ်င္တာေၾကာင့္ Give away ေလးေတြလုပ္ျဖစ္တာပါ၊ ေနာက္ပိုင္းက်ရင္ေတာ့ မလုပ္ျဖစ္ဖို႔ေတာ့ ပိုမ်ားတယ္။ ဆိုင္ကိုလည္း ဒီလို Give away ေတြ မလုပ္ခုိင္းေတာ့ဘူး။ ျပႆ     နာေတြထပ္ျဖစ္မွာစိုးလို႔ရယ္၊ ဒီတုိင္း ေအးေဆးေဆးေဆးေလးပဲ ေရာင္းခ်င္တာေၾကာင့္ရယ္ပါ။

Page ကိုလူသိေအာင္ တမင္ ျပႆ     နာလုပ္တယ္လို႔ ေဝဖန္ၾကတာကေရာ။

အဲဒၾါကေတာ့ ကိုယ္က အၿမဲေပးေနၾကဆုိေတာ့ အခုေနာက္ဆံုး ျပႆ     နာျဖစ္တဲ႔ Give away ကိုလည္း သူတုိ႔ကေတာ့ သိတယ္၊ ဒါဟာေပးေနၾကအတုိင္းပဲ ေပးတယ္ဆုိတာကို တခ်ိဳ႕မသိလို႔ ေရးလာတာေတြကိုေတာ့ ဒီတုိင္းပဲထားလိုက္ေတာ့တယ္၊ ဘာလို႔လည္းဆုိေတာ့ Give away ေပးတာ ၇ ခုျပည့္သြားပါၿပီဆုိၿပီး ျပန္ရွင္းျပရင္ ဆဲဆုိသြားၾကတာဆုိေတာ့ေလ။

ညီမေလးဒီလိုမ်ိဳးဆုိင္ဘက္မွာေရာ အႏုပညာမွာေရာ ေအာင္ျမင္လာေအာင္ပံ႔ပိုးေပးၾကတဲ႔သူေတြ ရွိေသးလား။

ရွိတယ္၊ အရင္တုန္းကေတာ့ သိပ္မလုပ္တတ္ေသးေတာ့ ေခါင္းစားရတဲ႔ ကိစၥေတြ အမ်ားႀကီးပဲ၊ စီးပြားေရးနဲ႔ အႏုပညာကို ႏွစ္ဖက္ခြလုပ္ေတာ့ ပိုဆုိးတယ္။ စီးပြားေရးမွာဆိုရင္ အြန္လိုင္းကေန အလွကုန္ေရာင္းတယ္၊ ဂဏန္းေရာင္းတယ္၊ အခုဆုိ ဆိုင္ေလးဖြင့္တယ္ေလ။ ေနာက္ကြယ္ကေန ကူညီေပးေနတာကေတာ့ အစ္မနဲ႔ အေမပါ။ သူတို႔က ဆံုးရံႈးသြားလည္း ဘာမွမျဖစ္ဘူး၊ ဆက္ႀကိဳးစားဖို႔ အားေပးတယ္။ ခုအေျခအေနထိေရာက္လာတာကလည္း တြန္းပို႔ေပးတဲ႔ အစ္မရယ္၊ အေမ၊ အေဖတို႔ ေက်းဇူးပါ။

အလွကုန္ေတြကို အြန္လုိင္းေရွာ႔ပင္း အေနနဲ႔ေရာင္းျဖစ္တာကိုေရာ ဆက္ခ်ဲ႔ေနေသးလား။

အလွကုန္ေတြကို အြန္လိုင္းေရွာ့လုပ္တာက  ဒီဆုိင္မဖြင့္ခင္ေလးမွာေပါ့။ ညီမက ေစ်းေရာင္းရတာ ဝါသနာပါတယ္။

ေမာ္ဒယ္လ္လည္းလုပ္ ေစ်းလည္းေရာင္းတယ္ဆုိေတာ့ ဒီအတြက္ ေဝဖန္ခံရတာမ်ိဳးေရာရွိလား။

ကိုယ္တုိင္က ေစ်းလည္းေရာင္းတယ္၊ ေမာ္ဒယ္လ္ေလာကထဲမွာလည္း လုပ္ေနတာဆုိေတာ့ ေမနႏၵက အြန္လိုင္းေရွာ့ လုပ္ေနတာေလ ဆုိၿပီး ႏွိမ္ေျပာေျပာၾကတာမ်ိဳး ရွိတယ္။ ညီမကေတာ့ ဒါကို မရွက္ပါဘူး။ ရိုးရိုးသားသားနဲ႔ စီးပြားရွာေနတာေလ၊ အလွကုန္မွာဆိုရင္ ထုိင္းဘက္က နာမည္ရၿပီးသား Brand ေတြျပန္ေရာင္းတယ္၊ အရမ္းဆုိးက်ိဳးျဖစ္တဲ႔ ပစၥည္းမ်ိဳး မေရာင္းဘူး။ အားေပးတဲ့ Customer ေတြလည္း မ်ားတယ္။ ညီမက ေစ်းေရာင္းရတာကို ဝါသနာပါေနတာ။ အရင္တည္းက ဂဏန္းဟင္းေတြကို ေရာင္းလာေတာ့ အခု အလွကုန္အြန္လုိင္းေရွာ့ လုပ္ရတာကိုလည္း မရွက္ပါဘူး။ ဒီကရတဲ႔ ပို္က္ဆံကို အေမ၊ အေဖကိုေပးႏိုင္တယ္၊ ကိုယ္ႀကိဳက္တာေလးေတြ ျပန္ဝယ္ႏိုင္တယ္ေလ။ ႏွိမ္တ႔ဲလူကေတာ့ ႏွိမ္မွာပါပဲ၊ ကိုယ့္အလုပ္ကိုပဲ ကိုယ္ဆက္လုပ္ေနလိုက္ပါတယ္။

Tik Tok Queen လို႔နာမည္ႀကီးတာကေရာ။

Tik Tok ကို စေဆာ့ျဖစ္တာက ၂၀၁၆ ေလာက္ကျဖစ္မယ္၊ ညီမက အကဝါသနာပါေတာ့ ကလိုက္ Facebook ေပၚတင္လုိက္ Like နဲ႔ share ေတြ မ်ားလာလိုက္ အဲလိုကေန အခုေနာက္ပိုင္းပိုမ်ားလာတာေပါ့။ လူသိမ်ားတာက အကဗီဒီယိုေလးေတြနဲ႔ ကိုသားစစ္ရဲ႕ ေအာ္တဲ႔အသံလုိက္လုပ္ထားတာေလးမွာ လူသိမ်ားသြားပါတယ္။ ဒါေပမယ့္ ဒါကလည္း လူတစ္ခ်ိဳ႔ကပဲ Tik Tok Queen လို႔ တင္စားၿပီးေျပာေနၾကတာပါ။ အဲဒါကိုလည္း နင္ကဘာကိစၥ Tik Tok Queen ျဖစ္ရမွာလည္း ဆုိၿပီး ေဝဖန္ၾကတာေတြလည္း ၾကံဳရပါတယ္။

Tik Tok ေၾကာင့္ အႏုပညာအလုပ္ေတြ ပိုလုပ္လာရတာမ်ိဳး ရွိလား။

အခုေနာက္ပိုင္း ၂၀၁၈ ေလာက္မွာ ေၾကာ္ျငာေလးေတြ ပိုရလာတယ္။ Tik Tok နဲ႔ လူသိသြားတယ္လို႔လည္း ေျပာလို႔ရတာေပါ့၊ Tik Tok မွာလည္း ေၾကာ္ျငာလာကမ္းလွမ္းရင္ လက္ခံတယ္။ သူတို႔ေျပာျပတဲ႔ ေၾကာ္ျငာကျဖစ္ႏုိင္တယ္၊ အဆင္ေျပတယ္ဆုိ ရုိက္ေပးတယ္၊ အဆင္မေျပတဲ႔ဟာကိုေတာ့ ျငင္းလုိက္ပါတယ္။ ညီမက Tik Tok ကို ဝါသနာပါလို႔ ေဆာ့တာေလ၊ Tik Tok နဲ႔ စီးပြားေရးလုပ္တယ္ေျပာမွာစိုးလို႔ သိပ္ေတာ့ ဒါကို စီးပြားေရးဆန္ဆန္မလုပ္ျဖစ္ဘူး။ ဟိုတစ္ေန႔ကဆိုရင္ ေကာ္ဖီေၾကာ္ျငာေလးရိုက္ထားတယ္။

ငယ္ငယ္တုန္းက အျဖစ္ခ်င္ဆံုးအရာရယ္လို႔ ရွိခဲ႔ေသးလား။

ငယ္ငယ္တုန္းကေတာ့ မင္းသမီးျဖစ္ခ်င္တယ္၊ ဒါေပမယ့္ ႀကီးလာေတာ့ စီးပြားေရးဘက္ကို ပိုၿပီး ဦးစားေပးျဖစ္လာတယ္။ မင္းသမီးကက်ေတာ့ ညီမက သရုပ္ေဆာင္တာအားနည္းတယ္။ ဓာတ္ပံုရိုက္တဲ႔အပိုင္း ပိုအားသာတယ္ဆုိေတာ့ ႏွစ္ခုကို မွ်လုပ္သြားမယ္လို႔ စဥ္းစားထားတယ္။

မင္းသမီးျဖစ္ရင္ ဆုိင္ဆက္ဖြင့္ဦးမွာလား။

ဆုိင္နဲ႔ အလွကုန္ကိုေတာ့ လက္မလႊတ္ပါဘူး။ ေနာက္ၿပီး ဆုိင္ကိုလည္း ထပ္ခ်ဲ႔သြားဖို႔ရွိတယ္။ လက္ရွိဆုိင္ေနရာက က်ဥ္းလည္း က်ဥ္းတယ္ေလ။ ဒီဆုိင္ကေတာ့ ပါဆယ္ယူမယ္၊ Delivery ပို႔မယ္ ဒီေလာက္ပဲ မွန္းထားတာပါ။

စားေနၾကေဖာက္သည္ေတြကေရာ ဘယ္လိုအၾကံေပးၾကလဲ။

လာစားေနၾကေဖာက္သည္ေတြက အရသာကိုေတာ့ ေကာင္းတယ္လို႔ ေျပာၾကတယ္၊ မီႏူးေလးနည္းေနလို႔ ထပ္ျဖည့္ေပးပါလို႔ေတာ့ ေျပာၾကပါတယ္။

အခုလုပ္ေနတဲ႔ စီးပြားေရးန႔ဲမတူတဲ႔ ေနာက္ထပ္တစ္ခု ခ်ဲ႔ခြင့္ရမယ္ဆုိရင္ ဘာကိုလုပ္ခ်င္တာပါလဲ။

ညီမအက်ီဆုိင္ဖြင့္ခ်င္တယ္၊ လုပ္ဖို႔ေတာ့ လ်ာထားတယ္၊ အခုေတာ့မဟုတ္ေသးဘူး၊ ကိုယ့္ဘာသာကိုယ္ ဒီဇုိင္းဆြဲၿပီး ေရာင္းခ်င္တယ္။

ဆိုင္မွာအေရာင္းရဆံုးက ဘာျဖစ္မလဲ။

ဂဏန္းနဲ႔ အုန္းေမႊးလံုးပါ။ အုန္းေမႊြးလံုးက ေႏြရာသီဆိုရင္ တစ္ရက္ကို အလံုး ၁၀၀ ေလာက္ေရာင္းရတယ္။ ေဆာင္းရာသိီဆိုရင္ေတာ့တစ္ရက္ကို ၅၀ ၊ ၆၀ ေပါ့။ တစ္ခါတစ္ေလက်ရင္မႏိုင္ဘူး။ အြန္လုိင္းကေန အုန္းေမႊးလံုးမွာတာက်ေတာ့ လမ္းမွာေပ်ာ္သြားမွာစိုးလို႔ ေသခ်ာလုပ္ေပးရတာဆုိေတာ့ တစ္ခါမွာရင္အနည္းဆံုး ၁၀ လံုးေလာက္မွ ပို႔တာပါ။ ညီမဆုိင္စဖြင့္တည္းက Delivery ကိုလည္း ကိုယ္တုိင္ပဲ လုပ္ပါတယ္။

ညီမေလးဆုိင္ကို ေစ်းနည္းနည္းႀကီးတယ္လို႔ ေဝဖန္ၾကတာကေရာ။

ရွိတာေပါ့အစ္မ။ ညီမတို႔လည္း ဆုိင္ငွားခတို႔၊ မီးဖိုးတို႔ ရွိေတာ့ ေစ်းကေတာ့ ဒီလိုပဲ ယူရတယ္။ Customer ေတြကေတာ့ ေစ်းမ်ားတယ္ဘာညာေတာ့ ေျပာၾကတယ္။

ညီမေလးက ကိုယ္တုိင္လည္း LGBT လို႔ခံယူထားတယ္၊ LGBT ေတြကိုလည္း Support လုပ္ေနတာဆုိေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပေပးပါဦး။

ညီမေလးသူငယ္ခ်င္း ေတာ္ေတာ္မ်ားမ်ားက LGBT အဖြဲ႔အစည္းေတြမွာ ဝင္ထားၾကတာဆိုေတာ့ ညီမလည္း LGBT ပြဲေတာ္ေတာ္မ်ားမ်ား ဝင္ကူျဖစ္တယ္။ ကိုယ္တုိင္ကလည္း LGBT ပဲ ဆုိေတာ့ေလ။

LGBT နဲ႔ ပတ္သက္ျပီး ဘယ္လိုျမင္ပါသလဲ။

တခ်ိဳ႕ကၾကေတာ့ေလ မဟုတ္ပဲနဲ႔ မိန္းကေလးခ်င္းႀကိဳက္တယ္။ ေယာက္က်ားေလးခ်င္းႀကိဳက္တယ္ဆုိၿပီး ဟန္လုပ္ၾကတဲ႔သူေတြ ရွိတယ္။ အဲဒီလိုလူေတြေၾကာင့္ လက္ရွိျပည္တြင္းမွာ LGBT ကို ပိုျပီး လူေတြတစ္မ်ိဳးျမင္ေစတယ္လို႔ ထင္တယ္။ ညီမဆိုရင္လည္း ကိုယ္တုိင္က မိန္းကေလးခ်င္းႀကိဳက္ေနတာပါဆိုၿပီး ခ်ျပထားေတာ့ ကြန္မန္႔ေတြမွာဆိုရင္ အရမ္းေျပာခံရတယ္။ အဆုိးဆံုးက Gay ေတြကို ပိုေျပာၾကတယ္ေလ။ အဲဒါမ်ိဳးေတြျမင္ရရင္ စိတ္ထဲမေကာင္းဘူး။

ျမန္မာႏုိင္ငံမွာ LGBT ေတြအတြက္ ပံုမွန္သြားလာလႈပ္ရွားဖို႔ အဆင္ေျပလာၿပီလို႔ ျမင္မိလား။

အခုေနာက္ပိုင္းေတာ့ အရမ္းကို ေပၚတင္တြဲလာလုပ္လာတာေတြမ်ားပါတယ္။ ဒါေပမယ့္ သိတဲ႔တုိင္းပဲေလ ဒီႏုိင္ငံမွာက ဒါကိုသိပ္ေတာ့ လက္မခံေသးဘူး၊ ကဲ႔ရဲ႔မႈေတြ ရွိေနပါေသးတယ္။

ညီမေလးက မိန္းကေလးခ်င္းတြဲေနတဲ႔သူဆိုတာသိသိခ်င္း မိဘေတြနဲ႔ ပတ္ဝန္းက်င္က ကန္႔ကြက္တာ၊ ကဲ႔ရဲ႕တာမ်ိဳးေတြ ခံခဲ႔ရေသးလား။

ဟုတ္၊ ရွိတယ္၊ အေမအေဖဆိုရင္ အခုေနာက္ပို္င္းမၾကိဳက္ေတာ့ဘူးေလ၊ အရင္တုန္းကေတာ့ ေက်ာင္းပဲတက္ေနတယ္၊ အလုပ္လည္း မရွိေသးဘူးဆုိေတာ့ တြဲေနတာကို ဘာမွမေျပာဘူး၊ အခုက်ေတာ့ သိပ္မႀကိဳက္ဘူး၊ ညီမအရင္တြဲေနတဲ႔တစ္ေယာက္က ျပတ္သြားတာၾကာၿပီ။ အခုတြဲေနတဲ႔ Tom Boy ကေတာ့ ၂လေလာက္ပဲ ရွိပါေသးတယ္။

တခ်ိဳ႕က မိန္းကေလးခ်င္း၊ ေယာက္်ားေလးခ်င္း ႀကိဳက္တာေပမယ့္ တစ္ခ်ိန္ၾကေတာ့ မိဘေၾကာင့္၊ ပတ္ဝန္းက်င္ေၾကာင့္ ပံုမွန္သဘာဝအတိုင္း အိမ္ေထာင္ျပဳၾကတာေတြ ေတြ႔ရတယ္၊ အဲဒါကေရာ ဘယ္လိုေၾကာင့္ပါလဲ။

အခ်ိန္တန္ရင္ေတာ့ ပံုမွန္အိမ္ေထာင္တစ္ခု တည္ေဆာက္ရမယ္ဆုိတာ ဟုတ္ပါတယ္၊ ဒါကေတာ့ သဘာဝႀကီးကို လြန္ဆန္လို႔မရဘူးေလ၊ အဲဒီအခ်ိန္ၾကမွ အဲဒီအခ်ိန္အေနအထားအရ လုပ္ရမွာေပါ့၊ လက္ရွိကေတာ့ ေယာက်္ားေလးေတြကို သိပ္ျပီး စိတ္မဝင္စားဘူး၊ စီးပြားေရးလုပ္ေတာ့ ပိုၿပီး သိလာတယ္၊ ဘာက အေရးပါတယ္၊ ဘာကအေရးမပါဘူးဆုိတာသိလာေတာ့ ကိုယ့္အတြက္ စီးပြားေရးက ပထမျဖစ္လာတယ္။ အခ်စ္က ဒုတိယေပါ့။

မိန္းကေလးခ်င္း၊ ေယာက္်ားေလးခ်င္း ႀကိဳက္တယ္၊ တြဲတယ္ ဆုိတဲ႔ အေနအထားမွာ ဘယ္လိုနားလည္မႈေတြက အဓိကက်လဲ။

သူ႔ဘက္ကျဖစ္တည္မႈကို ညီမနားလည္ေပးတယ္၊ ညီမျဖစ္တည္မႈကိုလည္း သူနားလည္ေပးတယ္၊ ညီမဘာလုပ္ေနတယ္၊ သူဘာလုပ္ေနတယ္ဆုိတာမွာ တစ္ေယာက္ကိုတစ္ေယာက္ ယံုၾကည္ေပးတယ္၊ ယံုၾကည္ထားေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္တာဘာညာေတြ မရွိေတာ့ဘူး။ ပြင့္ပြင့္လင္းလင္းပဲ ဆက္ဆံၾကေတာ့ ညီမရဲ႕ လက္ရွိ RS က ေအးခ်မ္းတယ္လို႔ ျမင္ပါတယ္။

ညီမေလးရဲ႕အေကာင့္မွာ ညီမေလးရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေဝဖန္ထားတာမ်ိဳးေလးေတြ ေတြ႔ရေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ေရာ စိတ္ထဲဘယ္လိုျဖစ္မိလဲ။

အရင္တုန္းကေတာ့ စိတ္ထဲတစ္မ်ိဳးျဖစ္တယ္၊ အခုေနာက္ပိုင္းကေတာ့ ဘယ္လိုမွကို မေနေတာ့ဘူးအစ္မ။ ဒါက သဘာဝကို လြန္ဆန္ထားတာေလ၊ ကိုယ့္ရဲ႕ေရြးခ်ယ္မႈလည္း ျဖစ္တယ္ဆုိေတာ့ ကိုယ္ေပ်ာ္ရင္ၿပီးတာပဲလို႔ ခံယူထားလုိက္ပါတယ္။

LGBT အုပ္စုေတြထဲမွာ သြားလာျဖစ္ေနေတာ့ သူတို႔ေတြမွာေရာ ဘာအခက္အခဲေတြရွိတယ္လို႔ ၾကားရလဲ။

အခက္အခဲေတြ ဘာေတြၾကားရတယ္၊ ေဝဖန္တာေတြ၊ ရံႈ႕ခ်တာေတြ၊ အေျခာက္ေတြဆုိၿပီး ေလွာင္ခ်င္တာ ေတြ႔ရတယ္။ ဒါကလည္း ကိုယ့္ဘဝနဲ႔ကိုယ္၊ ကုိယ့္အခ်စ္နဲ႔ကိုယ္ ေပ်ာ္ေနတာျဖစ္တဲ႔အတြက္ ခ်စ္စရာေကာင္းပါတယ္၊ ခ်စ္တတ္တဲ႔မ်က္လံုးနဲ႔ၾကည့္ေပးေစခ်င္ပါတယ္။ ညီမလည္း အခု မိန္းကေလးခ်င္းတြဲေနတာေလ၊ ညီမတြဲေနတဲ႔သူဆုိရင္ မိန္းကေလးခႏၶာကိုယ္နဲ႔ ေယာက္က်ားစိတ္ေပါက္ေနတဲ႔သူ၊ Tom Boy ေပါ့။ ညီမစိတ္ကၾကေတာ့ ညီမလိုလူခ်င္း၊ မိန္းကေလးပံုစံတူခ်င္း သေဘာက်တာမဟုတ္ဘူး၊ ညီမက Tom Boy ကိုသေဘာက်တယ္၊ သူ႔ရဲ႕ ျဖစ္တည္မႈကို သေဘာက်တယ္။ LGBT ေတြမွာမွ အမ်ိဳးမ်ိဳးရွိတယ္ေလ။ ညီမၾကေတာ့ မင္းသားေခ်ာေခ်ာေလးေတြ႔လည္း ဟယ္…ေခ်ာလိုက္တာေပါ့၊ Tom Boy ေခ်ာေခ်ာေလးေတြေတြ႔ရင္လည္း စိတ္ထဲ ခ်စ္စရာေကာင္းတယ္ေပါ့၊ ေျပာရရင္ ႏွစ္စိတ္ေပါ့၊ ေယာက္်ားေလးကိုလည္း ခ်စ္တယ္၊ မိန္းကေလးခ်င္းလည္း ခ်စ္တယ္ျဖစ္သြားတာေပါ့။

မိန္းကေလးခ်င္းတြဲေနတယ္လို႔ ဝန္ခံထားေတာ့ အလုပ္လုပ္တဲ႔အခါ ထိခုိက္မႈေတြဘာေတြရွိေသးလား။

အရင္တုန္းကေတာ့ရွိတယ္၊ အခုေနာက္ပိုင္းမရွိေတာ့ဘူး။ Facebook ကလူေတြေဝဖန္တာကေတာ့ ဒီလိုပဲ သူမ်ားအေပၚ ရိုင္းရိုင္းစိုင္းစိုင္း ေျပာတတ္တ႔ဲသူတခ်ိဳ႕ရွိေနတယ္ဆုိတာကိုပဲ လက္ခံေပးထားလိုက္ပါတယ္။

ဆယ္လီျဖစ္မွ ေစ်းေရာင္းတယ္ဆုိၿပီးေျပာၾကတာကေရာ။

ဟုတ္တယ္တစ္ခ်ိဳ႔ေျပာတာရွိတယ္၊ ဒါေပမယ့္ သူတို႔ဒါက ေသခ်ာမသိလို႔ေျပာၾကတာေလ၊ ညီမက အခုလိုမျဖစ္လာခင္တည္းက ေစ်းေရာင္းခဲ႔တဲ႔သူပါ။ ကိုယ္တစ္ခ်ိန္ အနစ္နာခံခဲ႔ ပင္ပန္းခဲ႔တာကို သူတို႔မျမင္လို႔ လက္ရွိနဲ႔ပဲ ေကာက္ခ်က္ခ်ေျပာၾကတာပါ။ အြန္လိုင္းေရွာ့လုပ္တာ ဘာျဖစ္လဲ ဒါရွက္စရာမဟုတ္ဘူးေလ၊ အြန္လိုင္းမွာ အက်ိဳးမရွိဘဲ တစ္ေနကုန္ ရွိေနတာကမွ အခ်ိန္ကုန္တယ္လို႔ ျမင္ပါတယ္။ ညီမဆိုရင္အြန္လိုင္းကို အက်ိဳးရွိေအာင္အသံုးခ်ႏိုင္လို႔ အခုလို လမ္းတစ္ဝက္ေလာက္ေတာ့ ေရာက္လာျပီး ဆက္ျပီး အမ်ားၾကီးၾကိဳးစားသြားဖို႔ရွိပါေသးတယ္။ တစ္ျခားသူေတြအေနနဲ႔လည္း အြန္လိုင္းဆုိတာကို အက်ိဳးရွိေအာင္အသံုးခ်ႏုိင္မယ္ဆုိရင္ ဒါက စီးပြားေရးတစ္ခုလုပ္ႏုိင္တဲ႔အထိ ျဖစ္လာမယ္ဆုိတာေလး ေျပာခ်င္ပါတယ္။

အခုလိုေျဖေပးတာ ေက်းဇူးတင္ပါတယ္။

ရဲလင္းလင္းသန္း

(Unicode Version)

My Crab ဆိုတဲ့ အွန်လိုင်း ဂဏန်းဟင်းလိုက်ပို့တဲ့ ဆိုင်လေးကတော့ လက်ရှိအပြင်မှာ ဖြစ်တည်လာခဲ့ပါပြီ၊ ဒီဆိုင်လေးမှာရနိုင်တဲ့ အုန်းမွှေးလုံးနဲ့ ဂဏန်းချဉ်စပ်ဟင်းတွေက တကယ့်ကိုနာမည်ကြီးတဲ့ အစားအစာတွေလို့ ဆိုရမှာပါ။ ဆိုင်ပိုင်ရှင်လေးကတော့ မော်ဒယ်လ်လည်း လုပ်တဲ့မေနန္ဒ ဆိုတဲ့ မိန်းကလေးပေါ့၊ သူလေးက ဆိုင်ကို လူလည်း သိအောင်၊ စားနေကျဖောက်သည်တွေကိုလည်း ဂဏန်းဟင်းလေး မဲဖောက်ပေးချင်တာကြောင့် Give away လေးတွေပုံမှန်လိုပေးနေခဲ့တာပါ၊ တစ်နေ့မထင်မှတ်ဘဲ သူမပေးတဲ့ Give away နဲ့ ပတ်သက်ပြီး စာအရေးအသားမှားသွားတာကြောင့် ပြိုင်ပွဲဝင်သူတွေနဲ့ Page ကြားမှာ နားလည်မှုတွေလွဲ ပြဿ     နာတွေတက်ခဲ့ရတာဖြစ်ပါတယ်။ ဒီကိစ္စကြောင့်ပဲ ဆိုင်နဲ့ မေနန္ဒကို လူပိုသိသွားတာပေါ့လို့လည်း သူမက ပြောခဲ့ပါသေးတယ်။ ဒီပြဿ     နာနဲ့ ပတ်သက်ပြီးအားလုံးကို တောင်းပန်ခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ Tom Boy နဲ့ ချစ်သူဖြစ်နေတာကြောင့် LGBT တွေကိုလည်း စာနာနားလည်ပေးဖြစ်တယ်ဆိုတဲ့ သူမက ဂဏန်းဟင်းရောင်းလို့ ဂဏန်းမ၊ ဂဏန်းသည်လို့လည်း ခေါ်ခံနေရပေမယ့် ဈေးရောင်းတာက ကောင်းရောင်းကောင်းဝယ်လုပ်တာဖြစ်လို့ သူမရှက်ပါဘူးတဲ့။ သူမက Tik Tok မှာလည်း Queen လို့ သတ်မှတ်ခံထားရပြီး ဒီလို သတ်မှတ်ကြသူတွေရှိနေတာကိုလည်း ဘာကိစ္စနဲ့ Tik Tok Queen ဖြစ်ရတာလဲဆိုတဲ့ ဝေဖန်မှုတွေ ခံရသေးတာပါ။ ကဲ ဒီလို ထူးထူးခြားခြား ဖြစ်ရပ်လေးတွေနဲ့ ပြည့်စုံနေတဲ့ My Crab ဆိုင်ရဲ့ပိုင်ရှင်လေး မေနန္ဒနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာလေးတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်ပါနော်။

ညီမလေးက ဂဏန်းဆိုင်လေးကို အွန်လိုင်းအနေနဲ့ စခဲ့တယ်။ အဲဒီကနေ အခုလို ဆိုင်ခန်းလေးတစ်ခန်း ဖြစ်လာခဲ့တဲ့အထိ လုပ်ဖြစ်ခဲ့တာလေးတွေကို ပြောပြပေးပါဦး။

ညီမ အသက် ၁၉ နှစ်၊ ၁၀ တန်းအောင်အပြီးမှာ မော်ဒယ်လ် စလုပ်တယ်၊ အဲဒီမှာ Facebook Follower နည်းနည်းရလာတော့ ဂဏန်းလေးတွေကို Home made လုပ်ပြီး အွန်လိုင်းကနေ ရောင်းကြည့်တယ်၊ အဲဒီမှာ My Crab ဆိုတဲ့ အွန်လိုင်းဂဏန်းဆိုင်လေး နာမည်ကြီးသွားတယ်။ ရန်ကုန်မှာအပြင် မန္တလေးမှာလည်း တောင်းဆိုတဲ့ဖောက်သည်တွေရှိလာတယ်။ မန္တလေးကိုတော့ တစ်လကို ၂ ခါလောက်သွားပြီး အဲဒီမှာ ကိုယ်တိုင်သွားချက်ပြီး ရောင်းပေးဖြစ်တယ်။ အဲဒီကနေမှ နောက်ပိုင်း BKK Night Market တွေပေါ်လာတော့ ဘန်ကောက်ညဈေးတွေမှာ ဝင်ဝင်ရောင်းဖြစ်တယ်၊ လူလည်းပိုသိလာပြီဆိုတော့ ဆိုင်လေးဖွင့်မယ်ဆိုပြီး အလုံ၊ ငုဝါလမ်းနဲ့ အလုံလမ်းထောင့်မှာ ၂၀၁၈ လလယ်လောက်မှာ ညီမရဲ့ အစ်မနဲ့ပေါင်းပြီး ဖွင့်ဖြစ်ခဲ့တာပါ။

ဂဏန်းကို ကိုယ်တိုင်ချက်တာလား။

ဂဏန်းချက်တာက ညီမရဲ့အစ်မချက်တာပါ။ သူက ဂဏန်းချက်တာ ကျွမ်းတယ်လေ၊ နောက်ပိုင်း အော်ဒါများလာတဲ့အခါကျတော့ စာဖိုမှူ းသပ်သပ်ခေါ်လိုက်တယ်။ အခုကတော့ စာဖိုမှူ းကပဲ ချက်ပါတယ်။

ညီမလေးရဲ့အုန်းမွှေးလုံးအကြီးကြီးကလည်း အွန်လိုင်းမှာ နာမည်ကြီးလိုက်သေးတယ်နော်။ အလုံမှာ ဆိုင်ဖွင့်ဖြစ်မှ အုန်းမွှေးလုံးစရောင်းဖြစ်တာလား။

ဟုတ်တယ်၊ အလုံ၊ ငုဝါလမ်းက ဆိုင်စဖွင့်ဖြစ်မှ အုန်းမွှေးလုံးတို့ ဒိန်ချဉ်တို့၊ ဒိန်ခဲတို့ ကြက်အူချောင်း အစပ်ကြော်တို့ စရောင်းဖြစ်တာပါ။ လက်ရှိမှာလည်း မီနူးတွေထပ်ထပ်တိုးရောင်းပေးနေတယ်၊ အရမ်းကြီး ဝုန်းဒိုင်းဆိုပြီး တိုးတာမျိုးထက် ဖောက်သည်တွေအကြံပေးလာတဲ့ မီနူးလေးတွေကို တစ်ခုပြီးတစ်ခု တိုးသွားတာမျိုးပါ။

ဂဏန်းနဲ့ နာမည်ကြီးလာတာဆိုတော့ ဂဏန်းဟင်းနဲ့ပတ်သက်ပြီး ထပ်တိုးချဲ့မယ့် မီနူးတွေ ရှိသေးလား။

ရှိတယ်။ အခုဆိုရင် ဂဏန်း ၂ မျိုး ထပ်ချဲ့ထားတယ်၊ ကချင်ဂဏန်းပေါင်းနဲ့ ဂဏန်း မဆလာချက်ပါ။ ညီမတို့ဆိုင်ကတော့ အကုန်လုံး Home Made ဖြစ်တာက အားသာချက်လို့ပြောရမှာပါ။ လတ်လတ်ဆတ်ဆတ်ဖြစ်တာကို လူတွေက ပိုသဘောကျကြပါတယ်။

Tik Tok ကြောင့် နာမည်ကြီးလာတယ်ဆိုတာဟုတ်လား။

အရင်တုန်းကတော့ Tik Tok မရှိသေးဘူးလေ။ အခုနောက်ပိုင်း Tik Tok နာမည်ကြီးလာတော့ အဲဒါလေး ဆော့ဖြစ်တယ်၊ အဲဒီမှာ မထင်မှတ်ဘဲ ညီမတင်တဲ့ အကလေးတွေ ပို့စ်လေးတွေ ပေါက်သွားတော့ ဆိုင်ကိုလည်း လူပိုသိလာတယ်၊ ညီမကိုလည်း လူပိုသိလာတာပေါ့။ ဒါပေမယ့် Tik Tok ထက်စာရင် မှတ်မှတ်ရရတစ်ခုကတော့ ညီမက ဂဏန်းမဲဖောက်ပေးပြီးတော့ တကယ်လည်း မပေးဘူးဆိုတဲ့ ပြဿ     နာတက်လိုက်တာလေးက အွန်လိုင်းမှာ ပြန့်သွားပြီး ညီမကို လူတော်တော် ပိုသိသွားကြတယ်လို့ ထင်တယ်။

ဂဏန်းမပေးဘူးဆိုတဲ့ ပြဿ     နာက ဘယ်ကနေ ဘယ်လိုစဖြစ်သွားတယ်လို့ ထင်လဲ၊ ဆိုင်ဘက်က အမှားရှိသွားတာလား။

ဟုတ်တယ်။ ဂဏန်းဟင်း Give away ပေးတဲ့ ပို့စ်မှာ ဆိုင်ဘက်ကတော့ Caption ရေးတာ နည်းနည်းမှားသွားတာပါ၊ တချို့လူတွေကတော့ ဖတ်တတ်တယ်၊ တစ်ချို့ကကျတော့ အယူအဆလေး နည်းနည်းလွဲသွားတယ်။ အဲဒီမှာ ပေးမယ့် လူဦးရေစာရင်း နားလည်မှုလွဲသွားတာကို သိလိုက်ပေမယ့် အွန်လိုင်းမှာ Boost လုပ်လိုက်တာက ပြင်လို့မရတာနဲ့ မပြင်ဘဲ ဒီတိုင်းထားလိုက်ရာကနေ သွားမယ်၊ စားမယ် ထဲမှာ ပြန့်သွားတယ်။ ပြီးတော့ မဲမဖောက်ပေးဘူး၊ ကတိမတည်ဘူး ဆိုပြီး ဝိုင်းပြောကြတော့တာပါပဲ။ အဲဒီတုန်းက မဲမဖောက်ပေးတာတော့ မဟုတ်ပါဘူး၊ မဲကတော့ ဖောက်ပေးတယ်။ ဂဏန်းဟင်းကို အစကပေးမယ်လို့ ပြောတာက ၅ ယောက်ပေးမယ်လို့ ပြောထားတယ်၊ ဒါပေမယ့် ၇ ယောက်ပေးလိုက်ပါတယ်။ အုန်းမွှေးလုံးကတော့ အလုံး ၂၀ ဖောက်ပေးတာ၊ အုန်းမွှေးလုံးကိုတော့ လာမယူတဲ့လူလည်း ရှိတယ်။ တချို့မဲပေါက်တဲ့သူက နယ်ဘက်ကဆိုတော့လေ၊ ဒါပေမယ့် သူတို့တွေကို ရန်ကုန်ရောက်ရင်လာစားပါလို့ ပြောထားပါတယ်။

ညီမလေးအနေနဲ့ ဆိုင်က Give away ပေးတဲ့ ဂဏန်းဟင်းကိစ္စမှာ လိမ်တယ်၊ ပြောထားတဲ့ ကြေငြာထားတဲ့အတိုင်း တကယ်မပေးဘူးဘာညာ ပြောခံရတော့ ဒီဘက်လုပ်ငန်းပိုင်းမှာ ထိခိုက်တာတွေ ရှိသေးလား။

ဒါကတော့ ညီမတို့လည်း ပြန်တောင်းပန်ထားတယ်၊ Page ကိုင်တဲ့ Admin ကတစ်ယောက်၊ ပစ္စည်းပို့တဲ့ သူက တစ်ယောက်ဆိုတော့ စိတ်တော့နည်းနည်းရှုပ်ရတာပေါ့၊ ပြောခံရတာနဲ့ပတ်သက်ပြီး Page မှာ အနူးအညွတ်တောင်းပန်ထားတယ်၊ ဒါပေမယ့် သူတို့ပြောတာက Customer တွေကို ဆက်ဆံတဲ့ပုံစံကို မကြိုက်ဘူးပေါ့၊ Page မှာ ပြန်ထားတဲ့ Reply တွေဆိုတာကလည်း ဒီတိုင်း စနောက်ပြီးတော့ ပြောထားတာပါ။ အဲဒါကိုလည်း ပြန်တောင်းပန်ထားပါတယ်။ အများစုကတော့ ပြေလည်သွားပါတယ်။ မပြေလည်တာက ပြိုင်ပွဲဝင်ခဲ့တဲ့သူတွေဘက်ကပေါ့၊ ဂျင်းထည့်တယ်၊ ဂျင်းထည့်တယ် ဆိုပြီး ပြောနေကြတာ။ နောက်ဆုံးဘယ်လောက်ထိတောင် ဖြစ်သွားလဲဆိုရင် ညီမကို ဂဏန်းမလို့ ခေါ်ကြတယ်။ ဂဏန်းသည် ဂဏန်းမ အဲနာမည်လေးတော့ တွင်သွားတယ်။ အဲလိုပြောခံရပေမယ့် ညီမဘက်ကတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ်နာမည်မကြီးခင်ကတည်းက ဒီဂဏန်းကို စရောင်းနေတာဆိုတော့ ဂဏန်းသည်၊ ဂဏန်းမ ဆိုလည်း ဒါက ချစ်စရာကောင်းတဲ့ နာမည်လေးပဲလို့ ခံယူပါတယ်။

အွန်လိုင်းမှာက ကိုယ်လုပ်လိုက်တဲ့ ရေးလိုက်တဲ့ စာတွေပုံတွေ၊ လုပ်ရပ်တစ်ခုက ဒီလိုပြဿ     နာအကြီးကြီးအထိ ဖြစ်လာတော့ ဒါကို နောက်ပိုင်း ပိုသတိထားမိလာတာမျိုး ရှိလား။

ဟုတ်၊ ပိုပြီးသတိထားမိလာတယ်၊ အစ်မ၊ အွန်လိုင်းမှာက ပြဿ     နာရယ်လို့ ရှိလာရင် ဖြေရှင်းတော့လည်း ဖြေရှင်းတယ်ဆိုပြီးဖြစ်တယ်၊ မဖြေရှင်းတော့လည်း မဖြေရှင်းဘူးဆိုပြီး အပြစ်တင်ကြတယ်လေ။ အခုနောက်ပိုင်းတော့ Post တစ်ခုခု တင်တာပဲ ဖြစ်ဖြစ် Give away ပေးတာပဲ ဖြစ်ဖြစ် စာကိုသေချာပြန်စစ်ပြီးမှပဲ တင်ခိုင်းတယ်၊ သင်ခန်းစာလည်း ရသွားတာပေါ့။ နောက်ပြီး လာပြောတဲ့သူတွေကို အရင်ကဆို ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ Reply တွေ ပြန်နေသေးတယ်၊ အခုကတော့ သိသွားပြီ။ ပြောချင်တဲ့သူတွေက ကိုယ်ကောင်းတာလုပ်လည်း ပြောမှာပဲ၊ မကောင်းတာလုပ်လည်း ပြောမှာပဲဆိုတော့ အခုနောက်ပိုင်း ဘာမှကို ပြန်မပြောဖြစ်တော့ဘူး။ ကိုယ်လုပ်စရာရှိတာပဲ လုပ်တော့တယ်။ အရင်လည်း ဂဏန်းဟင်းကို Give away ခဏခဏ ပေးဖြစ်တယ်၊ ဒါပေမယ့် တစ်ခါမှ ပြဿ     နာမတက်ဖူးဘူး။ အခုနောက်ဆုံးတစ်ခါပေးမှပဲ ပြဿ     နာတက်တော့တာပဲ။

ညီမလေးအနေနဲ့ အခုပြဿ     နာကြောင့် ဂဏန်းဟင်းကို Give Away ပေးဖို့ နောက်ထပ် မလုပ်ရဲတာမျိုးရော ဖြစ်သွားသေးလား။

မလုပ်ချင်တော့တာ အစ်မ၊ ဆိုင်အတွက်လည်းကောင်းမယ်။ ဖောက်သည်တွေကိုလည်း ပေးချင်တာကြောင့် Give away လေးတွေလုပ်ဖြစ်တာပါ၊ နောက်ပိုင်းကျရင်တော့ မလုပ်ဖြစ်ဖို့တော့ ပိုများတယ်။ ဆိုင်ကိုလည်း ဒီလို Give away တွေ မလုပ်ခိုင်းတော့ဘူး။ ပြဿ     နာတွေထပ်ဖြစ်မှာစိုးလို့ရယ်၊ ဒီတိုင်း အေးဆေးဆေးဆေးလေးပဲ ရောင်းချင်တာကြောင့်ရယ်ပါ။

Page ကိုလူသိအောင် တမင် ပြဿ     နာလုပ်တယ်လို့ ဝေဖန်ကြတာကရော။

အဲဒြါကတော့ ကိုယ်က အမြဲပေးနေကြဆိုတော့ အခုနောက်ဆုံး ပြဿ     နာဖြစ်တဲ့ Give away ကိုလည်း သူတို့ကတော့ သိတယ်၊ ဒါဟာပေးနေကြအတိုင်းပဲ ပေးတယ်ဆိုတာကို တချို့မသိလို့ ရေးလာတာတွေကိုတော့ ဒီတိုင်းပဲထားလိုက်တော့တယ်၊ ဘာလို့လည်းဆိုတော့ Give away ပေးတာ ၇ ခုပြည့်သွားပါပြီဆိုပြီး ပြန်ရှင်းပြရင် ဆဲဆိုသွားကြတာဆိုတော့လေ။

ညီမလေးဒီလိုမျိုးဆိုင်ဘက်မှာရော အနုပညာမှာရော အောင်မြင်လာအောင်ပံ့ပိုးပေးကြတဲ့သူတွေ ရှိသေးလား။

ရှိတယ်၊ အရင်တုန်းကတော့ သိပ်မလုပ်တတ်သေးတော့ ခေါင်းစားရတဲ့ ကိစ္စတွေ အများကြီးပဲ၊ စီးပွားရေးနဲ့ အနုပညာကို နှစ်ဖက်ခွလုပ်တော့ ပိုဆိုးတယ်။ စီးပွားရေးမှာဆိုရင် အွန်လိုင်းကနေ အလှကုန်ရောင်းတယ်၊ ဂဏန်းရောင်းတယ်၊ အခုဆို ဆိုင်လေးဖွင့်တယ်လေ။ နောက်ကွယ်ကနေ ကူညီပေးနေတာကတော့ အစ်မနဲ့ အမေပါ။ သူတို့က ဆုံးရှုံးသွားလည်း ဘာမှမဖြစ်ဘူး၊ ဆက်ကြိုးစားဖို့ အားပေးတယ်။ ခုအခြေအနေထိရောက်လာတာကလည်း တွန်းပို့ပေးတဲ့ အစ်မရယ်၊ အမေ၊ အဖေတို့ ကျေးဇူးပါ။

အလှကုန်တွေကို အွန်လိုင်းရှော့ပင်း အနေနဲ့ရောင်းဖြစ်တာကိုရော ဆက်ချဲ့နေသေးလား။

အလှကုန်တွေကို အွန်လိုင်းရှော့လုပ်တာက  ဒီဆိုင်မဖွင့်ခင်လေးမှာပေါ့။ ညီမက ဈေးရောင်းရတာ ဝါသနာပါတယ်။

မော်ဒယ်လ်လည်းလုပ် ဈေးလည်းရောင်းတယ်ဆိုတော့ ဒီအတွက် ဝေဖန်ခံရတာမျိုးရောရှိလား။

ကိုယ်တိုင်က ဈေးလည်းရောင်းတယ်၊ မော်ဒယ်လ်လောကထဲမှာလည်း လုပ်နေတာဆိုတော့ မေနန္ဒက အွန်လိုင်းရှော့ လုပ်နေတာလေ ဆိုပြီး နှိမ်ပြောပြောကြတာမျိုး ရှိတယ်။ ညီမကတော့ ဒါကို မရှက်ပါဘူး။ ရိုးရိုးသားသားနဲ့ စီးပွားရှာနေတာလေ၊ အလှကုန်မှာဆိုရင် ထိုင်းဘက်က နာမည်ရပြီးသား Brand တွေပြန်ရောင်းတယ်၊ အရမ်းဆိုးကျိုးဖြစ်တဲ့ ပစ္စည်းမျိုး မရောင်းဘူး။ အားပေးတဲ့ Customer တွေလည်း များတယ်။ ညီမက ဈေးရောင်းရတာကို ဝါသနာပါနေတာ။ အရင်တည်းက ဂဏန်းဟင်းတွေကို ရောင်းလာတော့ အခု အလှကုန်အွန်လိုင်းရှော့ လုပ်ရတာကိုလည်း မရှက်ပါဘူး။ ဒီကရတဲ့ ပိုက်ဆံကို အမေ၊ အဖေကိုပေးနိုင်တယ်၊ ကိုယ်ကြိုက်တာလေးတွေ ပြန်ဝယ်နိုင်တယ်လေ။ နှိမ်တဲ့လူကတော့ နှိမ်မှာပါပဲ၊ ကိုယ့်အလုပ်ကိုပဲ ကိုယ်ဆက်လုပ်နေလိုက်ပါတယ်။

Tik Tok Queen လို့နာမည်ကြီးတာကရော။

Tik Tok ကို စဆော့ဖြစ်တာက ၂၀၁၆ လောက်ကဖြစ်မယ်၊ ညီမက အကဝါသနာပါတော့ ကလိုက် Facebook ပေါ်တင်လိုက် Like နဲ့ share တွေ များလာလိုက် အဲလိုကနေ အခုနောက်ပိုင်းပိုများလာတာပေါ့။ လူသိများတာက အကဗီဒီယိုလေးတွေနဲ့ ကိုသားစစ်ရဲ့ အော်တဲ့အသံလိုက်လုပ်ထားတာလေးမှာ လူသိများသွားပါတယ်။ ဒါပေမယ့် ဒါကလည်း လူတစ်ချို့ကပဲ Tik Tok Queen လို့ တင်စားပြီးပြောနေကြတာပါ။ အဲဒါကိုလည်း နင်ကဘာကိစ္စ Tik Tok Queen ဖြစ်ရမှာလည်း ဆိုပြီး ဝေဖန်ကြတာတွေလည်း ကြုံရပါတယ်။

Tik Tok ကြောင့် အနုပညာအလုပ်တွေ ပိုလုပ်လာရတာမျိုး ရှိလား။

အခုနောက်ပိုင်း ၂၀၁၈ လောက်မှာ ကြော်ငြာလေးတွေ ပိုရလာတယ်။ Tik Tok နဲ့ လူသိသွားတယ်လို့လည်း ပြောလို့ရတာပေါ့၊ Tik Tok မှာလည်း ကြော်ငြာလာကမ်းလှမ်းရင် လက်ခံတယ်။ သူတို့ပြောပြတဲ့ ကြော်ငြာကဖြစ်နိုင်တယ်၊ အဆင်ပြေတယ်ဆို ရိုက်ပေးတယ်၊ အဆင်မပြေတဲ့ဟာကိုတော့ ငြင်းလိုက်ပါတယ်။ ညီမက Tik Tok ကို ဝါသနာပါလို့ ဆော့တာလေ၊ Tik Tok နဲ့ စီးပွားရေးလုပ်တယ်ပြောမှာစိုးလို့ သိပ်တော့ ဒါကို စီးပွားရေးဆန်ဆန်မလုပ်ဖြစ်ဘူး။ ဟိုတစ်နေ့ကဆိုရင် ကော်ဖီကြော်ငြာလေးရိုက်ထားတယ်။

ငယ်ငယ်တုန်းက အဖြစ်ချင်ဆုံးအရာရယ်လို့ ရှိခဲ့သေးလား။

ငယ်ငယ်တုန်းကတော့ မင်းသမီးဖြစ်ချင်တယ်၊ ဒါပေမယ့် ကြီးလာတော့ စီးပွားရေးဘက်ကို ပိုပြီး ဦးစားပေးဖြစ်လာတယ်။ မင်းသမီးကကျတော့ ညီမက သရုပ်ဆောင်တာအားနည်းတယ်။ ဓာတ်ပုံရိုက်တဲ့အပိုင်း ပိုအားသာတယ်ဆိုတော့ နှစ်ခုကို မျှလုပ်သွားမယ်လို့ စဉ်းစားထားတယ်။

မင်းသမီးဖြစ်ရင် ဆိုင်ဆက်ဖွင့်ဦးမှာလား။

ဆိုင်နဲ့ အလှကုန်ကိုတော့ လက်မလွှတ်ပါဘူး။ နောက်ပြီး ဆိုင်ကိုလည်း ထပ်ချဲ့သွားဖို့ရှိတယ်။ လက်ရှိဆိုင်နေရာက ကျဉ်းလည်း ကျဉ်းတယ်လေ။ ဒီဆိုင်ကတော့ ပါဆယ်ယူမယ်၊ Delivery ပို့မယ် ဒီလောက်ပဲ မှန်းထားတာပါ။

စားနေကြဖောက်သည်တွေကရော ဘယ်လိုအကြံပေးကြလဲ။

လာစားနေကြဖောက်သည်တွေက အရသာကိုတော့ ကောင်းတယ်လို့ ပြောကြတယ်၊ မီနူးလေးနည်းနေလို့ ထပ်ဖြည့်ပေးပါလို့တော့ ပြောကြပါတယ်။

အခုလုပ်နေတဲ့ စီးပွားရေးနဲ့မတူတဲ့ နောက်ထပ်တစ်ခု ချဲ့ခွင့်ရမယ်ဆိုရင် ဘာကိုလုပ်ချင်တာပါလဲ။

ညီမအကျီဆိုင်ဖွင့်ချင်တယ်၊ လုပ်ဖို့တော့ လျာထားတယ်၊ အခုတော့မဟုတ်သေးဘူး၊ ကိုယ့်ဘာသာကိုယ် ဒီဇိုင်းဆွဲပြီး ရောင်းချင်တယ်။

ဆိုင်မှာအရောင်းရဆုံးက ဘာဖြစ်မလဲ။

ဂဏန်းနဲ့ အုန်းမွှေးလုံးပါ။ အုန်းမွှွေးလုံးက နွေရာသီဆိုရင် တစ်ရက်ကို အလုံး ၁၀၀ လောက်ရောင်းရတယ်။ ဆောင်းရာသီဆိုရင်တော့တစ်ရက်ကို ၅၀ ၊ ၆၀ ပေါ့။ တစ်ခါတစ်လေကျရင်မနိုင်ဘူး။ အွန်လိုင်းကနေ အုန်းမွှေးလုံးမှာတာကျတော့ လမ်းမှာပျော်သွားမှာစိုးလို့ သေချာလုပ်ပေးရတာဆိုတော့ တစ်ခါမှာရင်အနည်းဆုံး ၁၀ လုံးလောက်မှ ပို့တာပါ။ ညီမဆိုင်စဖွင့်တည်းက Delivery ကိုလည်း ကိုယ်တိုင်ပဲ လုပ်ပါတယ်။

ညီမလေးဆိုင်ကို ဈေးနည်းနည်းကြီးတယ်လို့ ဝေဖန်ကြတာကရော။

ရှိတာပေါ့အစ်မ။ ညီမတို့လည်း ဆိုင်ငှားခတို့၊ မီးဖိုးတို့ ရှိတော့ ဈေးကတော့ ဒီလိုပဲ ယူရတယ်။ Customer တွေကတော့ ဈေးများတယ်ဘာညာတော့ ပြောကြတယ်။

ညီမလေးက ကိုယ်တိုင်လည်း LGBT လို့ခံယူထားတယ်၊ LGBT တွေကိုလည်း Support လုပ်နေတာဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ညီမလေးသူငယ်ချင်း တော်တော်များများက LGBT အဖွဲ့အစည်းတွေမှာ ဝင်ထားကြတာဆိုတော့ ညီမလည်း LGBT ပွဲတော်တော်များများ ဝင်ကူဖြစ်တယ်။ ကိုယ်တိုင်ကလည်း LGBT ပဲ ဆိုတော့လေ။

LGBT နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

တချို့ကကြတော့လေ မဟုတ်ပဲနဲ့ မိန်းကလေးချင်းကြိုက်တယ်။ ယောက်ကျားလေးချင်းကြိုက်တယ်ဆိုပြီး ဟန်လုပ်ကြတဲ့သူတွေ ရှိတယ်။ အဲဒီလိုလူတွေကြောင့် လက်ရှိပြည်တွင်းမှာ LGBT ကို ပိုပြီး လူတွေတစ်မျိုးမြင်စေတယ်လို့ ထင်တယ်။ ညီမဆိုရင်လည်း ကိုယ်တိုင်က မိန်းကလေးချင်းကြိုက်နေတာပါဆိုပြီး ချပြထားတော့ ကွန်မန့်တွေမှာဆိုရင် အရမ်းပြောခံရတယ်။ အဆိုးဆုံးက Gay တွေကို ပိုပြောကြတယ်လေ။ အဲဒါမျိုးတွေမြင်ရရင် စိတ်ထဲမကောင်းဘူး။

မြန်မာနိုင်ငံမှာ LGBT တွေအတွက် ပုံမှန်သွားလာလှုပ်ရှားဖို့ အဆင်ပြေလာပြီလို့ မြင်မိလား။

အခုနောက်ပိုင်းတော့ အရမ်းကို ပေါ်တင်တွဲလာလုပ်လာတာတွေများပါတယ်။ ဒါပေမယ့် သိတဲ့တိုင်းပဲလေ ဒီနိုင်ငံမှာက ဒါကိုသိပ်တော့ လက်မခံသေးဘူး၊ ကဲ့ရဲ့မှုတွေ ရှိနေပါသေးတယ်။

ညီမလေးက မိန်းကလေးချင်းတွဲနေတဲ့သူဆိုတာသိသိချင်း မိဘတွေနဲ့ ပတ်ဝန်းကျင်က ကန့်ကွက်တာ၊ ကဲ့ရဲ့တာမျိုးတွေ ခံခဲ့ရသေးလား။

ဟုတ်၊ ရှိတယ်၊ အမေအဖေဆိုရင် အခုနောက်ပိုင်းမကြိုက်တော့ဘူးလေ၊ အရင်တုန်းကတော့ ကျောင်းပဲတက်နေတယ်၊ အလုပ်လည်း မရှိသေးဘူးဆိုတော့ တွဲနေတာကို ဘာမှမပြောဘူး၊ အခုကျတော့ သိပ်မကြိုက်ဘူး၊ ညီမအရင်တွဲနေတဲ့တစ်ယောက်က ပြတ်သွားတာကြာပြီ။ အခုတွဲနေတဲ့ Tom Boy ကတော့ ၂လလောက်ပဲ ရှိပါသေးတယ်။

တချို့က မိန်းကလေးချင်း၊ ယောက်ျားလေးချင်း ကြိုက်တာပေမယ့် တစ်ချိန်ကြတော့ မိဘကြောင့်၊ ပတ်ဝန်းကျင်ကြောင့် ပုံမှန်သဘာဝအတိုင်း အိမ်ထောင်ပြုကြတာတွေ တွေ့ရတယ်၊ အဲဒါကရော ဘယ်လိုကြောင့်ပါလဲ။

အချိန်တန်ရင်တော့ ပုံမှန်အိမ်ထောင်တစ်ခု တည်ဆောက်ရမယ်ဆိုတာ ဟုတ်ပါတယ်၊ ဒါကတော့ သဘာဝကြီးကို လွန်ဆန်လို့မရဘူးလေ၊ အဲဒီအချိန်ကြမှ အဲဒီအချိန်အနေအထားအရ လုပ်ရမှာပေါ့၊ လက်ရှိကတော့ ယောကျ်ားလေးတွေကို သိပ်ပြီး စိတ်မဝင်စားဘူး၊ စီးပွားရေးလုပ်တော့ ပိုပြီး သိလာတယ်၊ ဘာက အရေးပါတယ်၊ ဘာကအရေးမပါဘူးဆိုတာသိလာတော့ ကိုယ့်အတွက် စီးပွားရေးက ပထမဖြစ်လာတယ်။ အချစ်က ဒုတိယပေါ့။

မိန်းကလေးချင်း၊ ယောက်ျားလေးချင်း ကြိုက်တယ်၊ တွဲတယ် ဆိုတဲ့ အနေအထားမှာ ဘယ်လိုနားလည်မှုတွေက အဓိကကျလဲ။

သူ့ဘက်ကဖြစ်တည်မှုကို ညီမနားလည်ပေးတယ်၊ ညီမဖြစ်တည်မှုကိုလည်း သူနားလည်ပေးတယ်၊ ညီမဘာလုပ်နေတယ်၊ သူဘာလုပ်နေတယ်ဆိုတာမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပေးတယ်၊ ယုံကြည်ထားတော့ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာဘာညာတွေ မရှိတော့ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံကြတော့ ညီမရဲ့ လက်ရှိ RS က အေးချမ်းတယ်လို့ မြင်ပါတယ်။

ညီမလေးရဲ့အကောင့်မှာ ညီမလေးရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ဝေဖန်ထားတာမျိုးလေးတွေ တွေ့ရတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော စိတ်ထဲဘယ်လိုဖြစ်မိလဲ။

အရင်တုန်းကတော့ စိတ်ထဲတစ်မျိုးဖြစ်တယ်၊ အခုနောက်ပိုင်းကတော့ ဘယ်လိုမှကို မနေတော့ဘူးအစ်မ။ ဒါက သဘာဝကို လွန်ဆန်ထားတာလေ၊ ကိုယ့်ရဲ့ရွေးချယ်မှုလည်း ဖြစ်တယ်ဆိုတော့ ကိုယ်ပျော်ရင်ပြီးတာပဲလို့ ခံယူထားလိုက်ပါတယ်။

LGBT အုပ်စုတွေထဲမှာ သွားလာဖြစ်နေတော့ သူတို့တွေမှာရော ဘာအခက်အခဲတွေရှိတယ်လို့ ကြားရလဲ။

အခက်အခဲတွေ ဘာတွေကြားရတယ်၊ ဝေဖန်တာတွေ၊ ရှုံ့ချတာတွေ၊ အခြောက်တွေဆိုပြီး လှောင်ချင်တာ တွေ့ရတယ်။ ဒါကလည်း ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်အချစ်နဲ့ကိုယ် ပျော်နေတာဖြစ်တဲ့အတွက် ချစ်စရာကောင်းပါတယ်၊ ချစ်တတ်တဲ့မျက်လုံးနဲ့ကြည့်ပေးစေချင်ပါတယ်။ ညီမလည်း အခု မိန်းကလေးချင်းတွဲနေတာလေ၊ ညီမတွဲနေတဲ့သူဆိုရင် မိန်းကလေးခန္ဓာကိုယ်နဲ့ ယောက်ကျားစိတ်ပေါက်နေတဲ့သူ၊ Tom Boy ပေါ့။ ညီမစိတ်ကကြတော့ ညီမလိုလူချင်း၊ မိန်းကလေးပုံစံတူချင်း သဘောကျတာမဟုတ်ဘူး၊ ညီမက Tom Boy ကိုသဘောကျတယ်၊ သူ့ရဲ့ ဖြစ်တည်မှုကို သဘောကျတယ်။ LGBT တွေမှာမှ အမျိုးမျိုးရှိတယ်လေ။ ညီမကြတော့ မင်းသားချောချောလေးတွေ့လည်း ဟယ်…ချောလိုက်တာပေါ့၊ Tom Boy ချောချောလေးတွေတွေ့ရင်လည်း စိတ်ထဲ ချစ်စရာကောင်းတယ်ပေါ့၊ ပြောရရင် နှစ်စိတ်ပေါ့၊ ယောက်ျားလေးကိုလည်း ချစ်တယ်၊ မိန်းကလေးချင်းလည်း ချစ်တယ်ဖြစ်သွားတာပေါ့။

မိန်းကလေးချင်းတွဲနေတယ်လို့ ဝန်ခံထားတော့ အလုပ်လုပ်တဲ့အခါ ထိခိုက်မှုတွေဘာတွေရှိသေးလား။

အရင်တုန်းကတော့ရှိတယ်၊ အခုနောက်ပိုင်းမရှိတော့ဘူး။ Facebook ကလူတွေဝေဖန်တာကတော့ ဒီလိုပဲ သူများအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်တဲ့သူတချို့ရှိနေတယ်ဆိုတာကိုပဲ လက်ခံပေးထားလိုက်ပါတယ်။

ဆယ်လီဖြစ်မှ ဈေးရောင်းတယ်ဆိုပြီးပြောကြတာကရော။

ဟုတ်တယ်တစ်ချို့ပြောတာရှိတယ်၊ ဒါပေမယ့် သူတို့ဒါက သေချာမသိလို့ပြောကြတာလေ၊ ညီမက အခုလိုမဖြစ်လာခင်တည်းက ဈေးရောင်းခဲ့တဲ့သူပါ။ ကိုယ်တစ်ချိန် အနစ်နာခံခဲ့ ပင်ပန်းခဲ့တာကို သူတို့မမြင်လို့ လက်ရှိနဲ့ပဲ ကောက်ချက်ချပြောကြတာပါ။ အွန်လိုင်းရှော့လုပ်တာ ဘာဖြစ်လဲ ဒါရှက်စရာမဟုတ်ဘူးလေ၊ အွန်လိုင်းမှာ အကျိုးမရှိဘဲ တစ်နေကုန် ရှိနေတာကမှ အချိန်ကုန်တယ်လို့ မြင်ပါတယ်။ ညီမဆိုရင်အွန်လိုင်းကို အကျိုးရှိအောင်အသုံးချနိုင်လို့ အခုလို လမ်းတစ်ဝက်လောက်တော့ ရောက်လာပြီး ဆက်ပြီး အများကြီးကြိုးစားသွားဖို့ရှိပါသေးတယ်။ တစ်ခြားသူတွေအနေနဲ့လည်း အွန်လိုင်းဆိုတာကို အကျိုးရှိအောင်အသုံးချနိုင်မယ်ဆိုရင် ဒါက စီးပွားရေးတစ်ခုလုပ်နိုင်တဲ့အထိ ဖြစ်လာမယ်ဆိုတာလေး ပြောချင်ပါတယ်။

အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here