အိပ္နည္းမွန္က သြားရည္မက်

0
336

အိပ္စက္အနားယူၾကတာခ်င္းတူေပမယ့္လည္း နည္းမွန္လမ္းမွန္မျဖစ္တဲ့အခါမ်ိဳးမွာေတာ့ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္လာရာမွ နိုးလာတဲ့အခါ မိမိ၏ ေခါင္းအံုးေပၚမွာ သြားရည္မ်ားက်ေနတတ္တဲ့ အျဖစ္မ်ိဳးၾကံဳဖူးတဲ့သူေတြမ်ားရွိေနခဲ့ရင္ေတာ့ အဲဒီလိုအျဖစ္မ်ိဳးေတြ မျဖစ္ေစဖို႔မက်ေအာင္ေရွာင္ရွားႏိုင္တဲ့ နည္းလမ္းမ်ားထဲမွ ပံုစံေျပာင္းအိပ္စက္နည္းကို လိုက္နာေစခ်င္ပါတယ္။ မိမိအေနနဲ႔ ေစာင္းအိပ္လို႔က်တတ္တယ္ဆိုရင္ေတာ့ သြားရည္က်တာနည္းေစေအာင္ ပက္လက္အေနအထားကိုေျပာင္းၿပီးအိပ္ေစခ်င္ပါတယ္။

ဒါ့အျပင္ ေခါင္းအံုးျမင့္ျမင့္နဲ႔အိပ္တာကလည္း သြားရည္မက်ေအာင္ထိန္းေပးႏိုင္ပါတယ္။ ႏွာေစးေပ်ာက္ေစးေသာက္၍လည္း သက္သာေစႏိုင္ပါတယ္။ ႏွာေစးတဲ့အခါမ်ိဳးမွာအသက္ရႈရတာဟာ ပါးစပ္နဲ႔ရႈရတာမ်ားတဲ့အတြက္ သြားရည္က်တတ္ပါတယ္။ အဲဒီလိုမွမဟုတ္ဘဲ အာရံုေၾကာစနစ္မေကာင္း တဲ့အတြက္လည္းသြားရည္မႏိုင္တာမ်ိဳးျဖစ္တတ္တဲ့အတြက္ လိုအပ္တဲ့ေဆးမ်ားေသာက္သံုးကုသဖို႔ သက္ဆိုင္ရာဆရာ၀န္နဲ႔တိုင္ပင္ေဆြးေႏြးၿပီးမွသံုးစြဲသင့္ပါတယ္။

လူ႔ခႏၶာကိုယ္ဟာ တစ္ရက္ကို တံေတြးတစ္လီတာေက်ာ္ထုတ္လုပ္တာျဖစ္တဲ့အတြက္ တံေတြးဂလင္းကေန ထုတ္လုပ္လိုက္တဲ့ တံေတြးကို ျပန္လည္မ်ိဳခ်ၿပီး၊ေသြးေၾကာမွတစ္ဆင့္ ျပန္လည္လည္ပတ္တဲ့ေနရာမွာ မမ်ိဳခ်ႏိုင္ေတာ့ဘဲ ခံတြင္းထဲမွာစုထားတဲ့တံေတြးမ်ားဟာ အျပင္ကိုက်လာတာျဖစ္ပါတယ္။  အိပ္ေနခ်ိန္မ်ားမွာ ခႏၶာကိုယ္ၾကြက္သားမ်ားဟာ ေျပေလ်ာ့ေနကာပါးစပ္လည္းဟေနတတ္ပါတယ္။ အိပ္နည္းမွန္လွ်င္တံေထြးအျပင္မက်ေစဘဲ နည္းမမွန္ပါက ပါးစပ္ဟအိပ္ေပ်ာ္ေနတာမို႔ သြားရည္မ်ားက်ေစတာျဖစ္ပါတယ္။ ဒါေတြျဖစ္တာဟာ ေရာဂါလို႔ေျပာဖို႔မလိုပါဘူး။ ဒါေၾကာင့္ အိပ္နည္းမွန္ကန္စြာအိပ္တတ္ဖို႔နဲ႔ ေရာဂါမဟုတ္တဲ့အတြက္လည္းေၾကာက္စရာမလိုပါဘူးဆိုတာေလး တင္ျပေပးလိုက္ပါတယ္။

(Unicode Version)

အိပ်နည်းမှန်က သွားရည်မကျ

အိပ်စက်အနားယူကြတာချင်းတူပေမယ့်လည်း နည်းမှန်လမ်းမှန်မဖြစ်တဲ့အခါမျိုးမှာတော့ နှစ်ခြိုက်စွာအိပ်ပျော်လာရာမှ နိုးလာတဲ့အခါ မိမိ၏ ခေါင်းအုံးပေါ်မှာ သွားရည်များကျနေတတ်တဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေများရှိနေခဲ့ရင်တော့ အဲဒီလိုအဖြစ်မျိုးတွေ မဖြစ်စေဖို့မကျအောင်ရှောင်ရှားနိုင်တဲ့ နည်းလမ်းများထဲမှ ပုံစံပြောင်းအိပ်စက်နည်းကို လိုက်နာစေချင်ပါတယ်။ မိမိအနေနဲ့ စောင်းအိပ်လို့ကျတတ်တယ်ဆိုရင်တော့ သွားရည်ကျတာနည်းစေအောင် ပက်လက်အနေအထားကိုပြောင်းပြီးအိပ်စေချင်ပါတယ်။

ဒါ့အပြင် ခေါင်းအုံးမြင့်မြင့်နဲ့အိပ်တာကလည်း သွားရည်မကျအောင်ထိန်းပေးနိုင်ပါတယ်။ နှာစေးပျောက်စေးသောက်၍လည်း သက်သာစေနိုင်ပါတယ်။ နှာစေးတဲ့အခါမျိုးမှာအသက်ရှုရတာဟာ ပါးစပ်နဲ့ရှုရတာများတဲ့အတွက် သွားရည်ကျတတ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အာရုံကြောစနစ်မကောင်း တဲ့အတွက်လည်းသွားရည်မနိုင်တာမျိုးဖြစ်တတ်တဲ့အတွက် လိုအပ်တဲ့ဆေးများသောက်သုံးကုသဖို့ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသုံးစွဲသင့်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ တစ်ရက်ကို တံတွေးတစ်လီတာကျော်ထုတ်လုပ်တာဖြစ်တဲ့အတွက် တံတွေးဂလင်းကနေ ထုတ်လုပ်လိုက်တဲ့ တံတွေးကို ပြန်လည်မျိုချပြီး၊သွေးကြောမှတစ်ဆင့် ပြန်လည်လည်ပတ်တဲ့နေရာမှာ မမျိုချနိုင်တော့ဘဲ ခံတွင်းထဲမှာစုထားတဲ့တံတွေးများဟာ အပြင်ကိုကျလာတာဖြစ်ပါတယ်။  အိပ်နေချိန်များမှာ ခန္ဓာကိုယ်ကြွက်သားများဟာ ပြေလျော့နေကာပါးစပ်လည်းဟနေတတ်ပါတယ်။ အိပ်နည်းမှန်လျှင်တံထွေးအပြင်မကျစေဘဲ နည်းမမှန်ပါက ပါးစပ်ဟအိပ်ပျော်နေတာမို့ သွားရည်များကျစေတာဖြစ်ပါတယ်။ ဒါတွေဖြစ်တာဟာ ရောဂါလို့ပြောဖို့မလိုပါဘူး။ ဒါကြောင့် အိပ်နည်းမှန်ကန်စွာအိပ်တတ်ဖို့နဲ့ ရောဂါမဟုတ်တဲ့အတွက်လည်းကြောက်စရာမလိုပါဘူးဆိုတာလေး တင်ပြပေးလိုက်ပါတယ်။