ေလယာဥ္လက္မွတ္အေစာင္ေရ ၂သန္းေက်ာ္ကို 0 က်ပ္ျဖင့္ ေရာင္းခ်ေပးမည့္ Vietjet

0
259

မတ္လ ၈ ရက္တြင္က်ေရာက္သည့္ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္အေနျဖင့္ Vietjet ေလေၾကာင္းလိုင္းသည္ ေလယာဥ္လက္မွတ္ အေစာင္ေရေပါင္း ၂ ဒသမ ၄ သန္းကို အထူးေလ်ာ့ေစ်းႏႈန္းျဖစ္သည့္ သုည က်ပ္ျဖင့္ (အခြန္ ႏွင့္ အျခားေပးေဆာင္မည့္အခမ်ား မပါဝင္ဘဲ) ေရာင္းခ်ေပးမည္ဟု သိရပါသည္။

www.vietjetair.com website တြင္ မတ္လ ၆ ရက္မွ ၈ ရက္ထိ ၃ ရက္ၾကာ ေန႔လည္ ၁၂ နာရီခြဲမွ ၂ နာရီခြဲအတြင္း ေရာင္းခ်ေပးသြားမည္ ျဖစ္ပါသည္။

အထူးေစ်းႏႈန္းျဖင့္ ေရာင္းခ်မည့္ ေလယာဥ္လက္မွတ္မ်ားကို ရန္ကုန္-ဟႏြိဳင္းလမ္းေၾကာင္း အပါအဝင္ ျပည္တြင္းျပည္ပ ခရီးစဥ္မ်ားအားလုံးအတြက္ ေန႔လည္ ၁၂ နာရီခြဲမွ ၂ နာရီခြဲ (ျမန္မာစံေတာ္ခ်ိန္)အတြင္း ဝယ္ယူႏိုင္မည္ျဖစ္ပါသည္။ အဆုိပါ အထူးေလ်ာ့ေစ်းႏႈန္းျဖင့္ ေရာင္းခ်သည့္ လက္မွတ္မ်ားသည္ ၂၀၁၉ ခုႏွစ္ မတ္ ရ ရက္မွ ဒီဇင္ဘာ ၃၁ ရက္ အတြင္း ပ်ံသန္းမည့္ ေလယာဥ္မ်ားအတြက္ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

Image result for vietjet

ျမန္မာခရီးသြားဧည့္သည္မ်ားအေနျဖင့္ Vietjet ေလေၾကာင္းလိုင္းႏွင့္အတူ ဟႏိြဳင္းမွတစ္ဆင့္ ဗီယက္နမ္ႏွင့္ အာရွႏိုင္ငံမ်ားတြင္ အပန္းေျဖ ေလ့လာႏိုင္ရန္ လာမည့္ခရီးသြားရာသီမ်ားအတြက္ ႀကိဳတင္လက္မွတ္မ်ား ဝယ္ယူကာ ခရီးစဥ္မ်ားကို စတင္စီစဥ္ႏိုင္ၿပီ ျဖစ္ပါသည္။ အဆိုပါ ေလယာဥ္လက္မွတ္မ်ားကို Vietjet website www.vietjetair.com တြင္လည္းေကာင္း စမတ္ဖုန္းမ်ားမွဆိုလွ်င္ https://m.vietjetair.com အြန္လိုင္းလိပ္စာတြင္လည္းေကာင္း၊ Facebook လူမႈကြန္ရက္ေပၚတြင္ www.facebook.com/vietjetvietnam စာမ်က္ႏွာတြင္ Booking Tab ကို နွိပ္၍ေသာ္လည္းေကာင္း ဝယ္ယူႏိုင္မည္ျဖစ္သည္။

လက္ရွိတြင္ Vietjet ေလေၾကာင္းလိုင္းသည္ ရန္ကုန္-ဟႏြိဳင္း အသြားအျပန္ခရီးစဥ္ကို တစ္ပါတ္လွ်င္ ၅ ရက္ ေျပးဆြဲေပးလ်က္ ရွိပါသည္။ ေန႔စဥ္ ဗီယက္နမ္ျပည္တြင္းခရီးစဥ္ ၃၉ ေၾကာင္း ႏွင့္ ႏိုင္ငံတကာခရီးစဥ္ ၆၆ ေၾကာင္းကို ဝန္ေဆာင္မႈေပးေနသည့္ အာရွ-ပစိဖိတ္ေဒသတြင္ အတတ္ပညာပိုင္း ယံုၾကည္စိတ္ခ်ရမႈ (Technical Reliability Rate) အျမင့္ဆံုး ၉၉.၆၄% ရွိသည့္ ေလေၾကာင္းလိုင္း ျဖစ္ပါသည္။

Image result for vietjet

ထို႔အျပင္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးအသင္း (IATA) ၏ တင္းျပည့္အသင္းဝင္ျဖစ္သည့္ Vietjet သည္ International Air Transport Association (IATA) က စိစစ္ေပးအပ္ေသာ လုပ္ငန္းပိုင္းေဘးကင္းလံုျခံဳမႈ အသိအမွတ္ျပဳလက္မွတ္ Operational Safety Audit (IOSA Certificate) ကိုပါ ရရွိထားၿပီး ကမာၻ႕ေဘးအကင္းဆံုး ၾကယ္ (၇) ပြင့္အဆင့္ကိုလည္း သတ္မွတ္ထားျခင္း ခံထားရပါသည္။

၀ က်ပ္ျဖင့္ စီးနင္းရမည့္ အစီအစဥ္ အေသးစိတ္ကို သိရွိလိုပါက call center ဖုန္းနံပါတ္ 09 789 323 828 သို႔ဆက္သြယ္ႏုိင္မည္ျဖစ္ပါသည္။

ရဲလင္းလင္းသန္း

Image result for vietjet

(Unicode Version)

လေယာဉ်လက်မှတ်အစောင်ရေ ၂သန်းကျော်ကို 0 ကျပ်ဖြင့် ရောင်းချပေးမည့် Vietjet

မတ်လ ၈ ရက်တွင်ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် Vietjet လေကြောင်းလိုင်းသည် လေယာဉ်လက်မှတ် အစောင်ရေပေါင်း ၂ ဒသမ ၄ သန်းကို အထူးလျော့ဈေးနှုန်းဖြစ်သည့် သုည ကျပ်ဖြင့် (အခွန် နှင့် အခြားပေးဆောင်မည့်အခများ မပါဝင်ဘဲ) ရောင်းချပေးမည်ဟု သိရပါသည်။

www.vietjetair.com website တွင် မတ်လ ၆ ရက်မှ ၈ ရက်ထိ ၃ ရက်ကြာ နေ့လည် ၁၂ နာရီခွဲမှ ၂ နာရီခွဲအတွင်း ရောင်းချပေးသွားမည် ဖြစ်ပါသည်။

အထူးဈေးနှုန်းဖြင့် ရောင်းချမည့် လေယာဉ်လက်မှတ်များကို ရန်ကုန်-ဟနွိုင်းလမ်းကြောင်း အပါအဝင် ပြည်တွင်းပြည်ပ ခရီးစဉ်များအားလုံးအတွက် နေ့လည် ၁၂ နာရီခွဲမှ ၂ နာရီခွဲ (မြန်မာစံတော်ချိန်)အတွင်း ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ အဆိုပါ အထူးလျော့ဈေးနှုန်းဖြင့် ရောင်းချသည့် လက်မှတ်များသည် ၂၀၁၉ ခုနှစ် မတ် ရ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အတွင်း ပျံသန်းမည့် လေယာဉ်များအတွက်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာခရီးသွားဧည့်သည်များအနေဖြင့် Vietjet လေကြောင်းလိုင်းနှင့်အတူ ဟနွိုင်းမှတစ်ဆင့် ဗီယက်နမ်နှင့် အာရှနိုင်ငံများတွင် အပန်းဖြေ လေ့လာနိုင်ရန် လာမည့်ခရီးသွားရာသီများအတွက် ကြိုတင်လက်မှတ်များ ဝယ်ယူကာ ခရီးစဉ်များကို စတင်စီစဉ်နိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ လေယာဉ်လက်မှတ်များကို Vietjet website www.vietjetair.com တွင်လည်းကောင်း စမတ်ဖုန်းများမှဆိုလျှင် https://m.vietjetair.com အွန်လိုင်းလိပ်စာတွင်လည်းကောင်း၊ Facebook လူမှုကွန်ရက်ပေါ်တွင် www.facebook.com/vietjetvietnam စာမျက်နှာတွင် Booking Tab ကို နှိပ်၍သော်လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။

လက်ရှိတွင် Vietjet လေကြောင်းလိုင်းသည် ရန်ကုန်-ဟနွိုင်း အသွားအပြန်ခရီးစဉ်ကို တစ်ပါတ်လျှင် ၅ ရက် ပြေးဆွဲပေးလျက် ရှိပါသည်။ နေ့စဉ် ဗီယက်နမ်ပြည်တွင်းခရီးစဉ် ၃၉ ကြောင်း နှင့် နိုင်ငံတကာခရီးစဉ် ၆၆ ကြောင်းကို ဝန်ဆောင်မှုပေးနေသည့် အာရှ-ပစိဖိတ်ဒေသတွင် အတတ်ပညာပိုင်း ယုံကြည်စိတ်ချရမှု (Technical Reliability Rate) အမြင့်ဆုံး ၉၉.၆၄% ရှိသည့် လေကြောင်းလိုင်း ဖြစ်ပါသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) ၏ တင်းပြည့်အသင်းဝင်ဖြစ်သည့် Vietjet သည် International Air Transport Association (IATA) က စိစစ်ပေးအပ်သော လုပ်ငန်းပိုင်းဘေးကင်းလုံခြုံမှု အသိအမှတ်ပြုလက်မှတ် Operational Safety Audit (IOSA Certificate) ကိုပါ ရရှိထားပြီး ကမ္ဘာ့ဘေးအကင်းဆုံး ကြယ် (၇) ပွင့်အဆင့်ကိုလည်း သတ်မှတ်ထားခြင်း ခံထားရပါသည်။

၀ ကျပ်ဖြင့် စီးနင်းရမည့် အစီအစဉ် အသေးစိတ်ကို သိရှိလိုပါက call center ဖုန်းနံပါတ် 09 789 323 828 သို့ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here