Vivo မွ S စီးရီးအသစ္၏ ပထမဆံုးပြဲဦးထြက္ S1 စမတ္ဖုန္းအသစ္ကိုျမန္မာႏိုင္ငံ ေစ်းကြက္တြင္ စတင္မိတ္ဆက္

0
98

Vivo Myanmar ၏ 32 MP AI Selfie Camera ႏွင့္ AI Triple Rear Camera တုိ႔ ပါဝင္သည့္ S စီးရီး၏ ပထမဆုံး ပြဲဦးထြက္ S1 အား မိတ္ဆက္ပြဲ အခမ္းအနားကို ရန္ကုန္ျမိဳ႕၊ ျပည္သူ႔ရင္ျပင္ အတြင္းရွိ The Yangon Restaurant ၌ ယေန႔ (ဇူလုိင္လ ၂၆ ရက္ေန႔) က က်င္းပျပဳလုပ္ခဲ့သည္။

Vivo Myanmar ၏ Product Manager ျဖစ္သူ Mr. Kelvin က “Vivo အေနနဲ႔ ပံုစံဒီဇိုင္းပိုင္း၊ နည္းပညာပိုင္းနဲ႔ စြမ္းေဆာင္ရည္ပိုင္းမ်ားမွာ ထိပ္တန္းအဆင့္ရွိတဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ေရာင္းခ်လ်က္ရွိပါတယ္။ ယေန႔ မိတ္ဆက္ေပး လိုက္တဲ့ Vivo S1 စမတ္ဖုန္း ဟာဆုိရင္ လူငယ္ေတြအၾကား မွင္သက္သြားမယ့္ စြဲမက္ဖြယ္ရာ ပံုစံဒီဇိုင္း၊ AI အသံုးျပဳ စြမ္းရည္ျမင့္ 32MP Selfie Camera ႏွင့္ အဆင့္ျမင့္ဆုံး Sony IMX 499 Sensor ကို အသံုးျပဳထားတဲ့ Triple Rear Camera စနစ္၊ မ်က္ႏွာျပင္ေအာက္ လက္ေဗြလုံျခံဳေရးစနစ္မ်ား ထည့္သြင္းပါရွိျပီး Flagship စမတ္ဖုန္း တစ္ခုအလား ထင္မွတ္မွားေစျပီး စတိုင္က်လြန္းတဲ့ ဖုန္း သြင္ျပင္တုိ႔နဲ႔ ဖန္တီးထုတ္လုပ္ထားပါတယ္။” ဟု Vivo S1 အေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။

Vivo S1 စမတ္ဖုန္းအသစ္သည္ အသံုးျပဳသူမ်ား၏ စတိုင္က်သည့္ ပံုပန္း သြင္ျပင္ကုိ အေထာက္အကူျပဳႏုိင္ရန္ Vivo ဒီဇိုင္နာမ်ားမွ အဆင့္ျမင့္ Flagship 2.5D effect ကုိထည့္သြင္းေပးထားသည့္အတြက္ လက္ထဲက လြတ္မက်သြားဘဲ ကုိင္တြယ္ရလြယ္ကူေစပါသည္။ ထုိ႔အျပင္ Vivo S1 ၏ မ်က္ႏွာျပင္ေအာက္ လက္ေဗြ လုံျခံဳေရးစနစ္ (In-display Fingerprint) ဟာဆုိရင္လည္း ျပိဳင္ဖက္စမတ္ဖုန္းမ်ား၏ လက္ေဗြလုံျခံဳေရး စနစ္မ်ားထက္ ၃ ဆ ပိုမုိျမန္ဆန္ပါသည္။

AI စနစ္သံုး 32 MP ပံုထြက္ႏႈန္း ရွိျပီး သြင္း/ထုတ္ ျပဳလုပ္ႏိုင္သည့္ Elevating Front Camera တပ္ဆင္ေပး ထားၿပီး၊ အေနာက္ဘက္တြင္ AI စနစ္သံုး စြမ္းရည္ျမင့္ 16MP + 8MP + 2MP တုိ႔ တပ္ဆင္ေပးထားသည့္ Triple Rear Camera စနစ္သည္ ရိုက္ကူးသည့္ ဓာတ္ပံုမ်ား၏ အရည္အေသြး ပိုမိုေကာင္းမြန္ေစႏိုင္ရုံသာမက 16MP ပင္မ ကင္မရာဟာ Aperture 1.78 နဲ႔ Large pixel 1.12 micron ဆိုဒ္ရွိတဲ့ Sony IMX499 Sensor နဲ႔ ျပဳလုပ္ ထားလုိ႔ ပတ္၀န္းက်င္တြင္ အလင္းနည္းေနခ်ိန္မွာပင္ ထူးျခားလွပသည့္ ဓါတ္ပံုမ်ားကို ရိုက္ကူးရရွိႏိုင္မွာ ျဖစ္သလုိ AI သံုး ျမင္ကြင္းက်ယ္ Super Wide Angel ရိုက္ကူးမႈစနစ္လည္း ပါရွိတာေၾကာင့္ ၁၂၀ ဒီဂရီ ျမင္ကြင္းက်ယ္ ဓါတ္ပံုမ်ားကို အမိအရ ရိုက္ကူးႏိုင္မည္ ျဖစ္ပါသည္။

Vivo S1 စမတ္ဖုန္းမ်ားကို Skyline Blue ႏွင့္ Diamond Black စသည္ျဖင့္ စတိုင္က်သည့္ စြဲမက္ဖြယ္ရာ အေရာင္မ်ားျဖင့္ ထုတ္လုပ္ထားပါသည္။ Vivo S1 ရဲ႕ ဘက္ထရီကေတာ့ 4500 mAh အား ရွိတာေၾကာင့္ တစ္ေနကုန္ အသံုးခံမွာ ျဖစ္ျပီး အျမန္အားသြင္းစနစ္လည္း ပါရွိပါသည္။ ဒါ့အျပင္ Funtouch OS 9.0 ရဲ႕ အသစ္စက္စက္ UI ဒီဇိုင္းကလည္း အသံုးျပဳရလြယ္ကူလွပါသည္။ Vivo S1 စမတ္ဖုန္းမ်ားတြင္ 6 GB RAM + 128 GB Storage ထည့္သြင္းေပးထားျပီး လာမည့္ ၾသဂုတ္လ (၃) ရက္ေန႔မွ စတင္ျပီး က်ပ္ (၄၂၉,၈၀၀) ႏႈန္းနဲ႔ ေရာင္းခ်ေပးသြားမည္ ျဖစ္သည္။  Customer မ်ားအေနနဲ႔ ဇူလိုင္လ (၂၇) ရက္ေန႔မွ ၾသဂုတ္လ (၂) ရက္ေန႔အတြင္း ၾကိဳတင္ေအာ္ဒါ မွာယူပါက ေက်ာပိုးအိတ္တစ္လုံး လက္ေဆာင္ ရရွိမည္ျဖစ္ပါသည္။

(Unicode Version)

Vivo မှ S စီးရီးအသစ်၏ ပထမဆုံးပွဲဦးထွက် S1 စမတ်ဖုန်းအသစ်ကိုမြန်မာနိုင်ငံ ဈေးကွက်တွင် စတင်မိတ်ဆက်

Vivo Myanmar ၏ 32 MP AI Selfie Camera နှင့် AI Triple Rear Camera တို့ ပါဝင်သည့် S စီးရီး၏ ပထမဆုံး ပွဲဦးထွက် S1 အား မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် အတွင်းရှိ The Yangon Restaurant ၌ ယနေ့ (ဇူလိုင်လ ၂၆ ရက်နေ့) က ကျင်းပပြုလုပ်ခဲ့သည်။

Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin က “Vivo အနေနဲ့ ပုံစံဒီဇိုင်းပိုင်း၊ နည်းပညာပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းများမှာ ထိပ်တန်းအဆင့်ရှိတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ယနေ့ မိတ်ဆက်ပေး လိုက်တဲ့ Vivo S1 စမတ်ဖုန်း ဟာဆိုရင် လူငယ်တွေအကြား မှင်သက်သွားမယ့် စွဲမက်ဖွယ်ရာ ပုံစံဒီဇိုင်း၊ AI အသုံးပြု စွမ်းရည်မြင့် 32MP Selfie Camera နှင့် အဆင့်မြင့်ဆုံး Sony IMX 499 Sensor ကို အသုံးပြုထားတဲ့ Triple Rear Camera စနစ်၊ မျက်နှာပြင်အောက် လက်ဗွေလုံခြုံရေးစနစ်များ ထည့်သွင်းပါရှိပြီး Flagship စမတ်ဖုန်း တစ်ခုအလား ထင်မှတ်မှားစေပြီး စတိုင်ကျလွန်းတဲ့ ဖုန်း သွင်ပြင်တို့နဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။” ဟု Vivo S1 အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

Vivo S1 စမတ်ဖုန်းအသစ်သည် အသုံးပြုသူများ၏ စတိုင်ကျသည့် ပုံပန်း သွင်ပြင်ကို အထောက်အကူပြုနိုင်ရန် Vivo ဒီဇိုင်နာများမှ အဆင့်မြင့် Flagship 2.5D effect ကိုထည့်သွင်းပေးထားသည့်အတွက် လက်ထဲက လွတ်မကျသွားဘဲ ကိုင်တွယ်ရလွယ်ကူစေပါသည်။ ထို့အပြင် Vivo S1 ၏ မျက်နှာပြင်အောက် လက်ဗွေ လုံခြုံရေးစနစ် (In-display Fingerprint) ဟာဆိုရင်လည်း ပြိုင်ဖက်စမတ်ဖုန်းများ၏ လက်ဗွေလုံခြုံရေး စနစ်များထက် ၃ ဆ ပိုမိုမြန်ဆန် ပါသည်။

AI စနစ်သုံး 32 MP ပုံထွက်နှုန်း ရှိပြီး သွင်း/ထုတ် ပြုလုပ်နိုင်သည့် Elevating Front Camera တပ်ဆင်ပေး ထားပြီး၊ အနောက်ဘက်တွင် AI စနစ်သုံး စွမ်းရည်မြင့် 16MP + 8MP + 2MP တို့ တပ်ဆင်ပေးထားသည့် Triple Rear Camera စနစ်သည် ရိုက်ကူးသည့် ဓာတ်ပုံများ၏ အရည်အသွေး ပိုမိုကောင်းမွန်စေနိုင်ရုံသာမက 16MP ပင်မ ကင်မရာဟာ Aperture 1.78 နဲ့ Large pixel 1.12 micron ဆိုဒ်ရှိတဲ့ Sony IMX499 Sensor နဲ့ ပြုလုပ်ထားလို့ ပတ်ဝန်းကျင်တွင် အလင်းနည်းနေချိန်မှာပင် ထူးခြားလှပသည့် ဓါတ်ပုံများကို ရိုက်ကူးရရှိနိုင်မှာ ဖြစ်သလို AI သုံး မြင်ကွင်းကျယ် Super Wide Angel ရိုက်ကူးမှုစနစ်လည်း ပါရှိတာကြောင့် ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံ များကို အမိအရ ရိုက်ကူးနိုင်မည် ဖြစ်ပါသည်။

Vivo S1 စမတ်ဖုန်းများကို Skyline Blue နှင့် Diamond Black စသည်ဖြင့် စတိုင်ကျသည့် စွဲမက်ဖွယ်ရာ အရောင်များဖြင့် ထုတ်လုပ်ထားပါသည်။ Vivo S1 ရဲ့ ဘက်ထရီကတော့ 4500 mAh အား ရှိတာကြောင့် တစ်နေကုန် အသုံးခံမှာ ဖြစ်ပြီး အမြန်အားသွင်းစနစ်လည်း ပါရှိပါသည်။ ဒါ့အပြင် Funtouch OS 9.0 ရဲ့ အသစ်စက်စက် UI ဒီဇိုင်းကလည်း အသုံးပြုရလွယ်ကူလှပါသည်။ Vivo S1 စမတ်ဖုန်းများတွင် 6 GB RAM + 128 GB Storage ထည့်သွင်းပေးထားပြီး လာမည့် သြဂုတ်လ (၃) ရက်နေ့မှ စတင်ပြီး ကျပ် (၄၂၉,၈၀၀) နှုန်းနဲ့ ရောင်းချပေးသွားမည် ဖြစ်သည်။ Customer များအနေနဲ့ ဇူလိုင်လ (၂၇) ရက်နေ့မှ သြဂုတ်လ (၂) ရက်နေ့အတွင်း ကြိုတင်အော်ဒါမှာယူပါက ကျောပိုးအိတ်တစ်လုံး လက်ဆောင် ရရှိမည်ဖြစ်ပါသည်။