မိနစ် ၂၀ အားသွင်းတာနဲ့ ၅၀ ရာခိုင်နှုန်းအထိစွမ်းအားရနိုင်မယ့် OnePlus 6T McLaren ဖုန်း

0
144

အသစ်မိတ်ဆက်လိုက်တဲ့ OnePlus 6T McLaren edition မှာ အားသွင်းတဲ့ နည်းပညာအသစ်လို့ဆိုနိုင်တဲ့ Warp Charge ကိုထည့်သွင်းပေးလာခဲ့ပါတယ်။ OnePlus က OnePlus 6T McLaren Ediiton မှာ ပါဝင်တဲ့ Wasp Charge 30 က မိနစ် ၂၀ အားသွင်းရုံဖြင့် ဘက်ထရီ ၅၀ ရာခိုင်နှုန်း ရရှိတဲ့အထိ အားသွင်းမှု မြန်ဆန်ကြောင်း ပြောကြားထားပါတယ်။ fast-charging စံစနစ်တွေဟာ စမတ်ဖုန်းကုမ္ပဏီ တစ်ခုနဲ့တစ်ခုမတူတာကြတာကို တွေ့ရမှာပါ။ လက်ရှိအချိန်မှာတော့ အားသွင်းမြန်ဆန်တဲ့ စံစနစ်တွေထဲမှာ တရုတ်ဖုန်းကုမ္ပဏီတွေက ဦးဆောင်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။

OnePlus 6T McLaren Ediiton မှာ ပါဝင်တဲ့ Wasp Charge ဟာပုံမှန် Fast Charger ထက် အားသွင်းမှု ပိုမိုမြန်ဆန်ပြီး လုံခြုံရေးပိုင်းကိုလည်း အကောင်းဆုံး လုပ်ဆောင်ထားပါတယ်။ ပြောရမယ်ဆိုရင် ဖုန်းအလျှင်အမြန် အားသွင်းမှုကြောင့် ဘက်ထရီပူခြင်း၊ ဖုန်းပူခြင်းမရှိအောင် လုံခြုံမှုအပိုင်း အဆင့်မြင့်မှုများ ပြုလုပ်ကာ အသုံးပြုထားပါတယ်။ OnePlus 6T McLaren Ediiton မှာ OnePlus 6T လိုပဲ ဘက်ထရီ 3700 mAh ပါဝင်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ 6T McLaren Ediiton ရဲ့အားသွင်းနှုန်းကို Galaxy Note9 ဖုန်းနဲ့ Google Pixel 3 XL တို့ရဲ့အားသွင်းနှုန်းနဲ့လည်း နှိုင်းယှဉ်ပြသွားပါတယ်။ 6T McLaren Ediiton ကို Screen Off လုပ်ပြီး အားသွင်းလျှင် ၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းပြည့်ဖို့ မိနစ် ၆၀ သာ အချိန်ယူရမှာပါ။ အဲ့ဒီအချိန်အတိုင်းအတာကိုပဲ Samsung Galaxy Note9 နဲ့ Google Pixel 3 XL တို့ရဲ့အားရရှိမှုက ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်းပဲ ရရှိပါတယ်။

zawgyi




LEAVE A REPLY

Please enter your comment!
Please enter your name here