
0
474

photo credit: emmalovesweddings.com


photo credit: Media



photo credit: Maharmedia anews


photo credit: Maharmedianews


(Unicode Version)

ချစ်သူတွေ ဘယ်လိုလက်ထပ်ကြလဲ

ချစ်သူတွေပဲ ဘယ်လိုလက်ထပ်ကြလဲဆိုတာကြီးကတော့ တစ်မျိုးကြီးဖြစ်နေမလားထင်မိပါတယ်။ ချစ်ကြတဲ့ သူတိုင်းကတော့ ဘယ်လိုနေ့မျိုးမှာဘာပုံစံလေးနဲ့ ဆောင်ရင်ကောင်းမလဲ တိုင်ပင်ဆွေးနွေးကြတာမျိးတွေအပြင် ဘယ်လိုထူးထူးခြားခြားလေးဖြစ်အောင် အခမ်းအနားကအစ ဘယ်လိုလေးလုပ်ရင် ပိုကောင်းမလဲလို့ အမျိုးစုံ တိုင်ပင်စဉ်းစားကြရင်း နောက်တစ်ပတ်လောက်ဆို ဝါဝင်တော့မှာဖြစ်ပါတယ်။

ဘယ်သူတွေ ဘယ်လိုပဲဆောင်ဆောင် ထူးထူးခြားခြားလေး မင်္ဂလာဆောင်တဲ့ သူတို့ရဲ့ ဓလေ့လေးကို ပြောပြချင်ပါတယ်။ ပုံမှန်ဆောင်ရင် ရိုးရိုးတန်းတန်းပဲဆောင်ကြတယ်ထင်ပါတယ်။ ချစ်သူများနေ့မှာ မင်္ဂလာဆောင်တဲ့ သူတွေကတော့ သူများနဲ့မတူဘဲ တစ်မူကွဲပြားအောင်ဆောင်တာတွေ့ရတော့ အံ့သြစရာကောင်းတဲ့ မင်္ဂလာဆောင်လေးဖြစ်သွားတာပေါ့လို့ ပြောချင်ပါတယ်။

သူတို့ရဲ့ မင်္ဂလာအခမ်းအနားဟာ တကယ့်ကိုထူးဆန်းတဲ့ ပွဲဖြစ်နေတာကိုက အံ့သြရပါတယ်။ ချစ်သူများနေ့ကိုရွေးပြီးတော့ တကယ့်ကိုထူးခြားတဲ့ မင်္ဂလာဆောင်ဖြစ်အောင်ဆောင်ကြတဲ့ သူတွေကလည်း အများကြီးရှိနေပါတယ်။

အဲဒီလိုဆောင်ကြတဲ့အထဲကမှ ထိုင်းနိုင်ငံရဲ့ ချစ်သူများနေ့ မင်္ဂလာဆောင်အခမ်းအနားကတော့ အခေါင်းထဲမှာ နှစ်ယောက်လုံးဝင်လှဲပြီး ဆောင်တာကတစ်မျိုး၊ အခေါင်းထဲဝင်ထိုင်ပြီး ဆောင်တာတစ်မျိုးတို့ကို တွေ့ရမှာဖြစ်ပါတယ်။  သူတို့ရဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပပေးတဲ့သူတွေက ဘုန်းကြီးတွေဖြစ်ပါတယ်။ ချစ်သူတွေဟာ အခေါင်းထဲဝင်ပြီးဘာလို့ဆောင်တာလဲဆိုတာကိုတော့ သူတို့ နှစ်ယောက်အနေနဲ့ သေတစ်ပန်သက်တစ်ဆုံး ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်းသိရပါတယ်။

ဒီလိုမင်္ဂလာဆောင်တွေက ထိုင်းနိုင်ငံမှာ အများဆုံးရှိတယ်လို့သိရပါတယ်။ အဲဒီလို ခထျစ်သူများနေ့မှာ အခေါင်းထဲဝင်ပြီးဆောင်ကြတဲ့သူတွေဟာ တစ်နှစ်ကို ပျှမ်းမျှ ခြောက်ရာကျော်လောက်ရှိကြောင်းလည်းသိရပါတယ်။ ထူးထူးခြားခြားဖြစ်နေတဲ့ ဒီမင်္ဂလာဆောင်အခမ်းအနားလေးတွေက ချစ်သူများလည်းတကယ့်ကို သေတစ်ပန်သက်တစ်ဆုံး ရှိကြရင်တော့ ပိုကောင်းပါတယ်လို့ ပြောချင်ပါတယ်။