Xiaomi က ၁၅၀ လက်မ Projector ကို Walmart မှာ ရောင်းချ

0
121

Xiaomi က ၁၅၀ လက်မ Projector ကို Walmart ကနေရောင်းချပေးလိုက်ပါတယ်။ ဒေါ်လာ ၂၀၀၀ တန်ကြေးရှိတဲ့ အတွက်ဈေးနှုန်း မြင့်မားပါတယ်။ Full HD ပုံရိပ်များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ သူ့အတွက် Remote Control ကို ထုတ်လုပ်ပေးထားပြီး Google Assistant ကို ဆင့်ခေါ်နိုင်ပါတယ်။ HDMI 2.0 Port ၃ ခု၊ USB Port ၂ ခု ၊ Wi-Fi၊ Bluetooth များ ပါပါတယ်။ စပီကာ ၄ လုံးပါပြီး Dolby Audio ကို ထောက်ပံ့ပါတယ်။ အမေရိကန်မှာ 4K Version ကို ရောင်းချဖို့ အစီအစဉ် မရှိသေးဘူးလို့ Xiaomi က ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here