Xiaomi Mi 9 Transparent Edition တြင္ 7P f/1.47 အသုံးျပဳလာ

0
564

လတ္တေလာ စမတ္ဖုန္းသတင္းအမ်ားစုမွာေတာ့ Samsung Galaxy S10 ကလႊမ္းမုိးထားပါတယ္။ မေန႔တုန္းကေတာ့ Xiaomi ဟာ Mi 9 နဲ႔ Mi 9SE ကုိေၾကာျငာခဲ့ပါတယ္။ Xiaomi က ေၾကညာခဲ့တဲ့ စမတ္ဖုန္းေတြထဲမွာ Mi 9 Transparent Edition လည္း ပါ၀င္ပါတယ္။ ယင္းဖုန္းကုိ တ႐ုတ္ေစ်းကြက္မွာပဲ ေရာင္းခ်သြားမွာ ျဖစ္တယ္လုိ႔သိရပါတယ္။

Xiaomi Mi 9 Transparent Edition မွာ RAM12GB ႏွင့္ Storage 256GB ပါ၀င္တဲ့အျပင္  ေက်ာဘက္မွာ မွန္သံုးထားၿပီး အတြင္းကုိ ေဖာက္ျမင္ရတဲ့ ဒီဇုိင္းမ်ဳိး သုံးးထားပါတယ္။ အတြင္းမွာ တကယ္တမ္း သံုးထားတဲ့ စနစ္ကုိ ျမင္ေတြ႕ရေတာ့ မဟုတ္ပါဘူး။ ဒီဖုန္းနဲ႔ Mi 9 တို႔အၾကားမွာ ဒီဇုိင္း၊ RAM ႏွင့္ Storage အျပင္ အျခား ႀကီးမားတဲ့ ကြာျခားခ်က္လည္း ရွိပါေသးတယ္။Xiaomi Mi 9 Transparent Edition မွာ ပံုမွန္ Mi 9 ထက္ ထူးျခားလာမယ့္အခ်က္ကေတာ့ အထူးစပါယ္ရွယ္ကင္မရာပါ၀င္လာတာ ျဖစ္ပါတယ္။ f/1.47 ႏွင့္ 7P Lens ပါ၀င္တာ ျဖစ္ပါတယ္။ 7P က 7 Optical Elements ကုိ ေျပာတာပါ။

လက္ရွိ စမတ္ဖုန္းေစ်းကြက္မွ စမတ္ဖုန္းမ်ားမွာ 5P (သုိ႔မဟုတ္) 6P ပဲ သံုးေနၾကတာ ျဖစ္ၿပီး Xiaomi က အျခားသူမ်ားထက္ ဆန္းသစ္ဖန္တီးကာ 7P သံုးလာမွာ ျဖစ္ပါတယ္။ 7P f/1.47 ကုိ ေက်ာဘက္ကင္မရာသံုးလံုးမွ ဘယ္ Camera Sensor မွာ သံုးလာမလဲဆိုတာကုိေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ အဓိကကင္မရာျဖစ္တဲ့ 48MP Sony IMX586 Sensor သံုးလာမယ္လို႔ေတာ့ ယူဆရပါတယ္။ Xiaomi Mi 9 Transparent Edition ရဲ႕ေစ်းႏႈန္းက ေဒၚလာ ၅၉၅ ျဖစ္ပါတယ္။ ဒီဖုန္းကို တ႐ုတ္ျပင္ပ အျခားေစ်းကြက္မ်ားမွာလည္း ဂလိုဘယ္ဗားရွင္းအေနျဖင့္ ေရာင္းခ်လာဖုိ႔ အားလံုးက ေမွ်ာ္လင့္ေနၾကပါတယ္။

Image result for xiaomi mi 9

(Unicode Version)

Xiaomi Mi 9 Transparent Edition တွင် 7P f/1.47 အသုံးပြုလာ

လတ်တလော စမတ်ဖုန်းသတင်းအများစုမှာတော့ Samsung Galaxy S10 ကလွှမ်းမိုးထားပါတယ်။ မနေ့တုန်းကတော့ Xiaomi ဟာ Mi 9 နဲ့ Mi 9SE ကိုကြောငြာခဲ့ပါတယ်။ Xiaomi က ကြေညာခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ Mi 9 Transparent Edition လည်း ပါဝင်ပါတယ်။ ယင်းဖုန်းကို တရုတ်ဈေးကွက်မှာပဲ ရောင်းချသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Xiaomi Mi 9 Transparent Edition မှာ RAM12GB နှင့် Storage 256GB ပါဝင်တဲ့အပြင်  ကျောဘက်မှာ မှန်သုံးထားပြီး အတွင်းကို ဖောက်မြင်ရတဲ့ ဒီဇိုင်းမျိုး သုံးးထားပါတယ်။ အတွင်းမှာ တကယ်တမ်း သုံးထားတဲ့ စနစ်ကို မြင်တွေ့ရတော့ မဟုတ်ပါဘူး။ ဒီဖုန်းနဲ့ Mi 9 တို့အကြားမှာ ဒီဇိုင်း၊ RAM နှင့် Storage အပြင် အခြား ကြီးမားတဲ့ ကွာခြားချက်လည်း ရှိပါသေးတယ်။Xiaomi Mi 9 Transparent Edition မှာ ပုံမှန် Mi 9 ထက် ထူးခြားလာမယ့်အချက်ကတော့ အထူးစပါယ်ရှယ်ကင်မရာပါဝင်လာတာ ဖြစ်ပါတယ်။ f/1.47 နှင့် 7P Lens ပါဝင်တာ ဖြစ်ပါတယ်။ 7P က 7 Optical Elements ကို ပြောတာပါ။ လက်ရှိ စမတ်ဖုန်းဈေးကွက်မှ စမတ်ဖုန်းများမှာ 5P (သို့မဟုတ်) 6P ပဲ သုံးနေကြတာ ဖြစ်ပြီး Xiaomi က အခြားသူများထက် ဆန်းသစ်ဖန်တီးကာ 7P သုံးလာမှာ ဖြစ်ပါတယ်။ 7P f/1.47 ကို ကျောဘက်ကင်မရာသုံးလုံးမှ ဘယ် Camera Sensor မှာ သုံးလာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အဓိကကင်မရာဖြစ်တဲ့ 48MP Sony IMX586 Sensor သုံးလာမယ်လို့တော့ ယူဆရပါတယ်။ Xiaomi Mi 9 Transparent Edition ရဲ့ဈေးနှုန်းက ဒေါ်လာ ၅၉၅ ဖြစ်ပါတယ်။ ဒီဖုန်းကို တရုတ်ပြင်ပ အခြားဈေးကွက်များမှာလည်း ဂလိုဘယ်ဗားရှင်းအနေဖြင့် ရောင်းချလာဖို့ အားလုံးက မျှော်လင့်နေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here