
0
150

Photo Credit-Internet


Photo Credit-Internet


Photo Credit-gsmarena


Photo Credit-Internet


Photo Credit-Chinagadgets

(Unicode Version)

Xiaomi Mi Mix 4 မှာ 64MP ကင်မရာပါလာမယ်

Xiaomi ရဲ့အကောင်းစားဖုန်းအမျိုးအစားတစ်ခုဖြစ်တဲ့ Mi Mix Series ဟာခုဆိုရင် စတုတ္ထမျိုးဆက်ကို ရောက်ရှိလာ တော့မှာဖြစ်ပါတယ်။ အဲဒီ Mi Mix 4 မှာတော့ 64MP ကင်မရာပါဝင်လာမှာဖြစ်ပါတယ်။

အဲဒီကင်မရာရဲ့ ဆင်ဆာဟာ Samsung ရဲ့ 64MP ISOCELL Bright GW1 ထက်ပိုကောင်းမယ်လို့ Xiaomi ရဲ့ Product Director ဖြစ်သူ Wang Teng က Weibo လူမှုကွန်ရက်မှာပြောထားပါတယ်။

Xiaomi နဲ့ယှဉ်ပြိုင်နေတဲ့ Realme ကလည်း 64 MP ကင်မရာပါတဲ့ ဖုန်းကို ထုတ်လုပ်နိုင်ဖို့ပြင်ဆင်နေပါတယ်။ Xiaomi ရဲ့ Mi A3 ဖုန်းကတော့ 48 MP ကင်မရာပါဝင်လာမှာဖြစ်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

Mi A3 တင်မကဘဲ Mi A3 Lite လည်းထွက်ရှိလာနိုင်ခြေရှိပါတယ်။ Mi A3 ဟာ Android One ဖုန်းဖြစ်နိုင်ပြီး၊ အနောက်ဘက်ကင်မရာဟာ သုံးလုံးဖြစ်နိုင်ပါတယ်။ အဲဒီဖုန်းရဲ့မော်ဒယ်နံပါတ်ကတော့ M1906F9SH ဖြစ်ပါတယ်။