ပထမဦးဆံုးအႀကိမ္ေျမာက္ ရန္ကုန္ ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၆ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္

0
108

MSP CAT ၊ ျမန္မာႏိုင္ငံ စက္ဘီးအားကစားအဖြဲ႔ခ်ဳပ္ (MCF) ႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတို႔ ႀကီးမွဴးက်င္းပသည့္ ပထမဦးဆံုး အႀကိမ္ေျမာက္ ရန္ကုန္ ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ မတ္လ ၁၆ ရက္၊ စေနေန႔၊ နံနက္ ၇ နာရီမွ ေန႔လယ္ ၁၂ နာရီအထိ က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ စက္ဘီးၿပိဳင္ပြဲအမ်ိဳးအစား ၆ မ်ိဳး က်င္းပျပဳလုပ္သြားမည္ ျဖစ္ၿပီး ႏိုင္ငံ့လက္ေရြးစင္အဆင့္ႏွင့္ ဝါသနာရွင္အဆင့္ စက္ဘီးအားကစားသမား (၂၀၀) ေက်ာ္ခန္႔ ပါဝင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ပါသည္။ (၁.၃) ကီလိုမီတာရွိေသာ ၿပိဳင္ပြဲလမ္းေၾကာင္းကို လွည္းတန္းလမ္းဆံု မီးပြိဳင့္မွ အင္းလ်ားလမ္း မီးပိြဳင့္အၾကား၊ တကၠသိုလ္ရိပ္သာလမ္းတစ္ေလ်ာက္တြင္ က်င္းပရန္ သတ္မွတ္ထားပါသည္။

ရန္ကုန္ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲကို ျပည္တြင္း စက္ဘီးအားကစားသမားမ်ား ၿပိဳင္ပြဲအေတြ႔အၾကံဳရရွိေစရန္ အထူး ရည္ရြယ္က်င္းပျခင္း ျဖစ္ပါသည္။ ကြင္းပတ္ စက္ဘီးစီးၿပိဳင္ပြဲ (သို႔) ကြင္းတြင္းၿပိဳင္ပြဲ ဆိုသည္မွာ ၿမိဳ႕တြင္း လမ္းမမ်ား ေပၚတြင္ သတ္မွတ္ထားေသာ ၿပိဳင္ပြဲလမ္းေၾကာင္းအတြင္း တစ္ပတ္ၿပီးတစ္ပတ္ တာတိုစီးနင္းယွဥ္ၿပိဳင္ရေသာ စက္ဘီးစီးၿပိဳင္ပြဲတစ္မ်ိဳး ျဖစ္ပါသည္။ ၿပိဳင္ပြဲဝင္မ်ားမွ ၿပိဳင္ကြင္းလမ္းေပၚရိွ လမ္းအေကြ႕အေကာက္မ်ားအလိုက္  ေကြ႕ေရွာင္စီးနင္းျခင္း၊ အမွတ္ရရိွရန္ အေျဖာင့္လမ္းမ်ားတြင္ တစ္နာရီ ၅၅ ကီလိုမီတာႏႈန္းအထိ အရွိန္ကုန္တင္ စီးနင္းျခင္းမ်ားကို အပတ္ေရ အႀကိမ္မ်ားစြာ ျပဳလုပ္ ယွဥ္ၿပိဳင္သြားရမည္ ျဖစ္သည္။

ရန္ကုန္ ကြင္းပတ္စက္ဘီးစီးၿပိဳင္ပြဲသို႔ လာေရာက္ၾကည့္ရႈအားေပးသူမ်ား ၿပိဳင္ပြဲကိုၾကည့္ရႈရင္း စားေသာက္ဖြယ္ရာမ်ား သံုးေဆာင္အားေပးႏိုင္ရန္ Race Village ေနရာတစ္ခုကို တကၠသိုလ္ေဆးရံုေရွ႕တြင္ ထားရိွေပးသြားမည္ ျဖစ္သည္။ ၿပိဳင္ပြဲက်င္းပေနစဥ္အခ်ိန္အတြင္း Race Village တြင္ ဟဲေလး၊ အိမ့္ခ်စ္၊ အိုင္းရင္းဇင္မာျမင့္၊ ပိုးမီ စသည့္ နာမည္ေက်ာ္ အႏုပညာရွင္မ်ား၏ သီဆိုေဖ်ာ္ေျဖမႈမ်ားျဖင့္ တင္ဆက္သြားမည္ ျဖစ္ပါသည္။

ကြင္းပတ္ စက္ဘီးစီးၿပိဳင္ပြဲ (သို႔) ကြင္းတြင္းၿပိဳင္ပြဲ ဆိုသည္မွာ ၿမိဳ႕တြင္း လမ္းမမ်ားေပၚတြင္ သတ္မွတ္ထားေသာ ၿပိဳင္ပြဲလမ္းေၾကာင္းအတြင္း တစ္ပတ္ၿပီးတစ္ပတ္ တာတို စီးနင္းယွဥ္ၿပိဳင္ရေသာ စက္ဘီးစီးၿပိဳင္ပြဲတစ္မ်ိဳး ျဖစ္ပါသည္။ ၿပိဳင္ပြဲဝင္မ်ားမွ ၿပိဳင္ကြင္းလမ္းေပၚရိွ လမ္းအေကြ႕အေကာက္မ်ားအလိုက္ ေကြ႕ေရွာင္စီးနင္းျခင္း၊ အမွတ္ရရိွရန္ အေျဖာင့္လမ္းမ်ားတြင္ တစ္နာရီ ၅၅ ကီလိုမီတာႏႈန္းအထိ အရွိန္ကုန္တင္ စီးနင္းျခင္းမ်ားကို အပတ္ေရ အႀကိမ္မ်ားစြာ ျပဳလုပ္ ယွဥ္ၿပိဳင္သြားရမည္ ျဖစ္သည္။

ၿပိဳင္ပြဲ အမ်ိဳးအစားတစ္ခုစီတြင္ ယွဥ္ၿပိဳင္ရမည့္ စုစုေပါင္း အပတ္ေရ ၿပီးဆံုးသည္အထိ စီးနင္းႏိုင္သည့္ အရင္ဆံုး ပန္းဝင္သူ (၅) ဦးမွာ ဆုရရွိမည္ျဖစ္ျပီး ေငြက်ပ္ ၅ေသာင္းမွ ေငြက်ပ္ ၅သိန္းအထိ ျပိဳင္ပြဲအလိုက္ ဆုခ်ီးျမွင့္သြားမည္ဟု သိရသည္။

ရဲလင္းလင္းသန္း

(Unicode Version)

ပထမဦးဆုံးအကြိမ်မြောက် ရန်ကုန် ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည်

MSP CAT ၊ မြန်မာနိုင်ငံ စက်ဘီးအားကစားအဖွဲ့ချုပ် (MCF) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ကြီးမှူးကျင်းပသည့် ပထမဦးဆုံး အကြိမ်မြောက် ရန်ကုန် ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်၊ စနေနေ့၊ နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် စက်ဘီးပြိုင်ပွဲအမျိုးအစား ၆ မျိုး ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံ့လက်ရွေးစင်အဆင့်နှင့် ဝါသနာရှင်အဆင့် စက်ဘီးအားကစားသမား (၂၀၀) ကျော်ခန့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ (၁.၃) ကီလိုမီတာရှိသော ပြိုင်ပွဲလမ်းကြောင်းကို လှည်းတန်းလမ်းဆုံ မီးပွိုင့်မှ အင်းလျားလမ်း မီးပွိုင့်အကြား၊ တက္ကသိုလ်ရိပ်သာလမ်းတစ်လျောက်တွင် ကျင်းပရန် သတ်မှတ်ထားပါသည်။

ရန်ကုန်ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲကို ပြည်တွင်း စက်ဘီးအားကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရရှိစေရန် အထူး ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။ ကွင်းပတ် စက်ဘီးစီးပြိုင်ပွဲ (သို့) ကွင်းတွင်းပြိုင်ပွဲ ဆိုသည်မှာ မြို့တွင်း လမ်းမများ ပေါ်တွင် သတ်မှတ်ထားသော ပြိုင်ပွဲလမ်းကြောင်းအတွင်း တစ်ပတ်ပြီးတစ်ပတ် တာတိုစီးနင်းယှဉ်ပြိုင်ရသော စက်ဘီးစီးပြိုင်ပွဲတစ်မျိုး ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များမှ ပြိုင်ကွင်းလမ်းပေါ်ရှိ လမ်းအကွေ့အကောက်များအလိုက်  ကွေ့ရှောင်စီးနင်းခြင်း၊ အမှတ်ရရှိရန် အဖြောင့်လမ်းများတွင် တစ်နာရီ ၅၅ ကီလိုမီတာနှုန်းအထိ အရှိန်ကုန်တင် စီးနင်းခြင်းများကို အပတ်ရေ အကြိမ်များစွာ ပြုလုပ် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

ရန်ကုန် ကွင်းပတ်စက်ဘီးစီးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးသူများ ပြိုင်ပွဲကိုကြည့်ရှုရင်း စားသောက်ဖွယ်ရာများ သုံးဆောင်အားပေးနိုင်ရန် Race Village နေရာတစ်ခုကို တက္ကသိုလ်ဆေးရုံရှေ့တွင် ထားရှိပေးသွားမည် ဖြစ်သည်။ ပြိုင်ပွဲကျင်းပနေစဉ်အချိန်အတွင်း Race Village တွင် ဟဲလေး၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ ပိုးမီ စသည့် နာမည်ကျော် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် တင်ဆက်သွားမည် ဖြစ်ပါသည်။

ကွင်းပတ် စက်ဘီးစီးပြိုင်ပွဲ (သို့) ကွင်းတွင်းပြိုင်ပွဲ ဆိုသည်မှာ မြို့တွင်း လမ်းမများပေါ်တွင် သတ်မှတ်ထားသော ပြိုင်ပွဲလမ်းကြောင်းအတွင်း တစ်ပတ်ပြီးတစ်ပတ် တာတို စီးနင်းယှဉ်ပြိုင်ရသော စက်ဘီးစီးပြိုင်ပွဲတစ်မျိုး ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များမှ ပြိုင်ကွင်းလမ်းပေါ်ရှိ လမ်းအကွေ့အကောက်များအလိုက် ကွေ့ရှောင်စီးနင်းခြင်း၊ အမှတ်ရရှိရန် အဖြောင့်လမ်းများတွင် တစ်နာရီ ၅၅ ကီလိုမီတာနှုန်းအထိ အရှိန်ကုန်တင် စီးနင်းခြင်းများကို အပတ်ရေ အကြိမ်များစွာ ပြုလုပ် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

ပြိုင်ပွဲ အမျိုးအစားတစ်ခုစီတွင် ယှဉ်ပြိုင်ရမည့် စုစုပေါင်း အပတ်ရေ ပြီးဆုံးသည်အထိ စီးနင်းနိုင်သည့် အရင်ဆုံး ပန်းဝင်သူ (၅) ဦးမှာ ဆုရရှိမည်ဖြစ်ပြီး ငွေကျပ် ၅သောင်းမှ ငွေကျပ် ၅သိန်းအထိ ပြိုင်ပွဲအလိုက် ဆုချီးမြှင့်သွားမည်ဟု သိရသည်။

ရဲလင်းလင်းသန်း

LEAVE A REPLY

Please enter your comment!
Please enter your name here